မိနစ်ပိုင်းအတွင်း အဖြေထုတ်နိုင်သည့် ၅ ဒေါ်လာတန် Covid-19 စမ်းသပ်ကိရိယာများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးမည်

မိနစ်ပိုင်းအတွင်း အဖြေထုတ်နိုင်သည့် ၅ ဒေါ်လာတန် Covid-19 စမ်းသပ်ကိရိယာများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးမည် - Property News in Myanmar from iMyanmarHouse.com
29 Sep 2020 12:15 pm တွင် တင်ခဲ့သည်
6045 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကို ၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း အဖြေထုတ်ပေးနိုင်သည့် စမ်းသပ်ကိရိယာများကို ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးတော့မည် ဖြစ်ရာ ဆင်းရဲသည့်နိုင်ငံ၊ ချမ်းသာသည့်နိုင်ငံ နှစ်ရပ်လုံးတွင် ကပ်ရောဂါကူးစက်မှု နှေးကွေးစေကာ လူထောင်ပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်တော့မည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရန် အရေးကြီးသည့်ဆေးဝါးနှင့် ကာကွယ်ဆေးများ ရရှိရေး ကမ္ဘာလုံးဆိုင်ရာ ပဏာမအောင်မြင်မှုအနေဖြင့် ကုမ္ပဏီ ၂ ခုမှ ထုတ်လုပ်သည့် တန်ဖိုးနည်း antigen အမြန်စစ် ကိရိယာ သန်း ၁၂၀ ကို ဝင်ငွေနည်းပါးသည့်နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများသို့ ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ တစ်ခုလျှင် ၅ ဒေါ်လာ (သို့မဟုတ်) ထို့ထက် နည်းပါးသော ဈေးနှုန်း ဖြစ်ဖွယ်ရှိသည်။

အဆိုပါကိရိယာဖြင့် စမ်းသပ်ပုံမှာ ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်ပုံနှင့် ဆင်တူပြီး အပြာလိုင်း ၂ ခု ပေါ်လျှင် ပေါ့စတစ် (ရောဂါရှိသူ) ဖြစ်သည်။

ကုမ္ပဏီတစ်ခု၏ စမ်းသပ်ကိရိယာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အရေးပေါ်ခွင့်ပြုချက်အနေဖြင့် ခွင့်ပြုထားပြီးဖြစ်ကာ အခြားတစ်ခုမှာလည်း မကြာမီတွင် ခွင့်ပြုချက်ရလာဖွယ်ရှိသည်။

လျင်မြန်၊ လွယ်ကူပြီး ရလဒ်ကောင်းများရှိသည့် အဆိုပါ စမ်းသပ်ကိရိယာများသည် ကျန်းမာရေးဝန်ထမ်းများ အများအပြားကို ကုန်ကျစရိတ် သက်သာစွာဖြင့် စစ်ဆေးပေးနိုင်တော့မည် ဖြစ်သည်။ ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ကျန်းမာရေးဝန်ထမ်းများစွာမှာ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးကြရလျက်ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါးပစ္စည်းများကို စုပေါင်းရန်ပုံငွေဖြင့် ကြိုးပမ်းထုတ်လုပ်ကြရန်နှင့် ရရှိလာပါက သတ်မှတ်ထားသည့် ပမာဏများအတိုင်း ကမ္ဘာ့နိုင်ငံများ ခွဲဝေ ရရှိနိုင်ကြရန်အတွက် Access to Covid tools initiative (ACT accelerator) အမည်ရှိ အစီအစဉ်ကို မတ်လတွင် စတင်ခဲ့ပြီး ချမ်းသာသော ကမ္ဘာ့နိုင်ငံများလည်း ပါဝင်လက်မှတ်ရေးထိုးထားခဲ့ကြသည်။

(မှတ်ချက်- အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံများ လက်မှတ်ရေးထိုးထားခြင်း မရှိချေ။)

အဆိုပါအစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၊ ဥရောပကော်မရှင်၊ ဘီလ်ဂိတ်၏ Gates ဖောင်ဒေးရှင်းနှင့် ပြင်သစ်အစိုးရတို့က ကမကထပြု စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် ချမ်းသာသော နိုင်ငံများလည်း တန်ဖိုးနည်း စမ်းသပ်ကိရိယာမှာ မှာယူနိုင်ခွင့် ရှိသည်။

Gates ဖောင်ဒေးရှင်းနှင့် သဘောတူညီထားချက်အရ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဆေးဝါးပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကို ဝင်ငွေ နည်းပါးသည့်နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများသို့ ရောင်းချပေးမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ကျန်သည့်နိုင်ငံများသို့ ရောင်းချပေးရမည် ဖြစ်သည်။

ဂျာမနီသည် စမ်းသပ်ကိရိယာ သန်း ၂၀ မှာယူထားခဲ့ပြီးဖြစ်ကာ ပြင်သစ်နှင့် ဆွစ်ဇာလန်တို့လည်း အလားတူ မှာယူထားကြသည်။

စမ်းသပ်ကိရိယာတစ်ခုကို တောင်ကိုရီးယား ကုမ္ပဏီ SD BioSensor က ထုတ်လုပ်ပြီး WHO ထံမှ အရေးပေါ်ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်။

အခြား စမ်းသပ်ကိရိယာတစ်မျိုးကိုမူ အမေရိကန် ကုမ္ပဏီ Abbott က ထုတ်လုပ်ပြီး မကြာမီတွင် ခွင့်ပြုချက်ရလာမည်ဟု မျှော်မှန်းရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Covid-19 tests that give results in minutes to be rolled out across world (The Guardian)

 

[Zawgyi]

မိနစ္ပိုင္းအတြင္း အေျဖထုတ္ႏိုင္သည့္ ၅ ေဒၚလာတန္ Covid-19 စမ္းသပ္ကိရိယာမ်ား ကမၻာတစ္ဝန္း ျဖန္႔ျဖဴးမည္

ကိုရိုနာဗိုင္းရပ္စ္ကို ၁၅ မိနစ္မွ မိနစ္ ၃၀ အတြင္း အေျဖထုတ္ေပးႏိုင္သည့္ စမ္းသပ္ကိရိယာမ်ားကို ကမၻာတစ္ဝန္း ျဖန္႔ျဖဴးေတာ့မည္ ျဖစ္ရာ ဆင္းရဲသည့္ႏိုင္ငံ၊ ခ်မ္းသာသည့္ႏိုင္ငံ ႏွစ္ရပ္လံုးတြင္ ကပ္ေရာဂါကူးစက္မႈ ေႏွးေကြးေစကာ လူေထာင္ေပါင္းမ်ားစြာ၏ အသက္ကို ကယ္တင္ႏိုင္ေတာ့မည္ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ကို ရင္ဆိုင္ရန္ အေရးၾကီးသည့္ေဆးဝါးႏွင့္ ကာကြယ္ေဆးမ်ား ရရွိေရး ကမၻာလံုးဆိုင္ရာ ပဏာမေအာင္ျမင္မႈအေနျဖင့္ ကုမၸဏီ ၂ ခုမွ ထုတ္လုပ္သည့္ တန္ဖိုးနည္း antigen အျမန္စစ္ ကိရိယာ သန္း ၁၂၀ ကို ဝင္ေငြနည္းပါးသည့္ႏိုင္ငံမ်ားႏွင့္ ဝင္ေငြ အလယ္အလတ္ရွိေသာ ႏိုင္ငံမ်ားသို႔ ျဖန္႔ျဖဴးသြားမည္ျဖစ္ျပီး ေစ်းႏႈန္းမွာ တစ္ခုလွ်င္ ၅ ေဒၚလာ (သု႔ိမဟုတ္) ထို႔ထက္ နည္းပါးေသာ ေစ်းႏႈန္း ျဖစ္ဖြယ္ရွိသည္။

အဆိုပါကိရိယာျဖင့္ စမ္းသပ္ပံုမွာ ကိုယ္ဝန္ရွိ၊ မရွိ စမ္းသပ္ပံုႏွင့္ ဆင္တူျပီး အျပာလိုင္း ၂ ခု ေပၚလွ်င္ ေပါ့စတစ္ (ေရာဂါရွိသူ) ျဖစ္သည္။

ကုမၸဏီတစ္ခု၏ စမ္းသပ္ကိရိယာကို ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က အေရးေပၚခြင့္ျပဳခ်က္အေနျဖင့္ ခြင့္ျပဳထားျပီးျဖစ္ကာ အျခားတစ္ခုမွာလည္း မၾကာမီတြင္ ခြင့္ျပဳခ်က္ရလာဖြယ္ရွိသည္။

လ်င္ျမန္၊ လြယ္ကူျပီး ရလဒ္ေကာင္းမ်ားရွိသည့္ အဆိုပါ စမ္းသပ္ကိရိယာမ်ားသည္ က်န္းမာေရးဝန္ထမ္းမ်ား အမ်ားအျပားကို ကုန္က်စရိတ္ သက္သာစြာျဖင့္ စစ္ေဆးေပးႏိုင္ေတာ့မည္ ျဖစ္သည္။ ဝင္ေငြနည္းပါးေသာ ႏိုင္ငံမ်ားတြင္ က်န္းမာေရးဝန္ထမ္းမ်ားစြာမွာ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ေသဆံုးၾကရလ်က္ရွိေနသည္။

ကိုရိုနာဗိုင္းရပ္စ္ကာကြယ္၊ ကုသေရးဆိုင္ရာ ေဆးဝါးပစၥည္းမ်ားကို စုေပါင္းရန္ပံုေငြျဖင့္ ၾကိဳးပမ္းထုတ္လုပ္ၾကရန္ႏွင့္ ရရွိလာပါက သတ္မွတ္ထားသည့္ ပမာဏမ်ားအတိုင္း ကမၻာ့ႏိုင္ငံမ်ား ခြဲေဝ ရရွိႏိုင္ၾကရန္အတြက္ Access to Covid tools initiative (ACT accelerator) အမည္ရွိ အစီအစဥ္ကို မတ္လတြင္ စတင္ခဲ့ျပီး ခ်မ္းသာေသာ ကမၻာ့ႏိုင္ငံမ်ားလည္း ပါဝင္လက္မွတ္ေရးထိုးထားခဲ့ၾကသည္။

(မွတ္ခ်က္- အေမရိကန္ျပည္ေထာင္စုႏွင့္ တရုတ္ႏိုင္ငံမ်ား လက္မွတ္ေရးထိုးထားျခင္း မရွိေခ်။)

အဆိုပါအစီအစဥ္ကို ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) ၊ ဥေရာပေကာ္မရွင္၊ ဘီလ္ဂိတ္၏ Gates ေဖာင္ေဒးရွင္းႏွင့္ ျပင္သစ္အစိုးရတို႔က ကမကထျပဳ စတင္ခဲ့ျခင္း ျဖစ္သည္။

ထိုအစီအစဥ္တြင္ ပါဝင္လက္မွတ္ေရးထိုးထားသည့္ ခ်မ္းသာေသာ ႏိုင္ငံမ်ားလည္း တန္ဖိုးနည္း စမ္းသပ္ကိရိယာမွာ မွာယူႏိုင္ခြင့္ ရွိသည္။

Gates ေဖာင္ေဒးရွင္းႏွင့္ သေဘာတူညီထားခ်က္အရ ကိုရိုနာဗိုင္းရပ္စ္ဆုိင္ရာ ေဆးဝါးပစၥည္းမ်ား ထုတ္လုပ္သည့္ ကုမၸဏီမ်ားအေနျဖင့္ ထုတ္လုပ္မႈ၏ ၂၀ ရာခိုင္ႏႈန္းကို ဝင္ေငြ နည္းပါးသည့္ႏိုင္ငံမ်ားႏွင့္ အလယ္အလတ္ဝင္ေငြရွိေသာ ႏိုင္ငံမ်ားသို႔ ေရာင္းခ်ေပးမည္ျဖစ္ျပီး က်န္ ၈၀ ရာခိုင္ႏႈန္းကို က်န္သည့္ႏိုင္ငံမ်ားသို႔ ေရာင္းခ်ေပးရမည္ ျဖစ္သည္။

ဂ်ာမနီသည္ စမ္းသပ္ကိရိယာ သန္း ၂၀ မွာယူထားခဲ့ျပီးျဖစ္ကာ ျပင္သစ္ႏွင့္ ဆြစ္ဇာလန္တို႔လည္း အလားတူ မွာယူထားၾကသည္။

စမ္းသပ္ကိရိယာတစ္ခုကို ေတာင္ကိုရီးယား ကုမၸဏီ SD BioSensor က ထုတ္လုပ္ျပီး WHO ထံမွ အေရးေပၚခြင့္ျပဳခ်က္ ရရွိထားျပီး ျဖစ္သည္။

အျခား စမ္းသပ္ကိရိယာတစ္မ်ဳိးကိုမူ အေမရိကန္ ကုမၸဏီ Abbott က ထုတ္လုပ္ျပီး မၾကာမီတြင္ ခြင့္ျပဳခ်က္ရလာမည္ဟု ေမွ်ာ္မွန္းရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Covid-19 tests that give results in minutes to be rolled out across world (The Guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service