ကန်ထရိုက်တာနဲ့မြေရှင်ကြား အငြင်းပွားနေတဲ့ မြေနဲ့အိမ်ကိုမှ ဝယ်လိုက်သူ

ကန်ထရိုက်တာနဲ့မြေရှင်ကြား အငြင်းပွားနေတဲ့ မြေနဲ့အိမ်ကိုမှ ဝယ်လိုက်သူ - Property Knowledge in Myanmar from iMyanmarHouse.com
28 Sep 2020 5:34 pm တွင် တင်ခဲ့သည်
1111 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အောင်မြင့်ဇော်...ဟာ ရပ်ကွက်အတွင်းမှာ ကုန်စုံဆိုင်ကြီးဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ကြိုးစားမှု လုံးလဝိရိယရှိမှုတို့ကြောင့် အခုဆိုရင် ရောင်းအားကောင်းလာတဲ့အတွက် ငွေပိုငွေလျှံနဲ့ လူစည်ကားတဲ့ ဈေးအနီးမှာ ကုန်စုံဆိုင်သစ်တိုးချဲ့ဖွင့်လှစ်ဖို့အတွက် နေရာအကွက်အကွင်းကျကျမြေနေရာလိုက်ရှာနေတာကြာပါပြီ။

မြေကွက်နဲ့ အိမ်ရောင်းချင်တဲ့သူတွေ အများအပြားရှိပေမယ်လို့ အချို့ကမိမိအိမ်ရှေ့မှာ (အိမ်ရောင်းမည်) ဆိုင်းဘုတ်ချိတ်ထားသူတွေရှိသလို အချို့ကျတော့လည်း မိမိတို့ရဲ့ ဂုဏ်သိက္ခာကျမှာစိုးတဲံအတွက် တိုးတိုးတိတ်တိတ် အိမ်ခြေံမြေအကျိုးဆောင်တွေကို အပ်နှံထားကြတယ်လေ။

တနေ့မှာတော့ အောင်မြင့်ဇော်လည်း တောင်ဒဂုံ အင်းဝအိမ်ရာက အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကို ဝင်စုံစမ်းကြည့်လိုက်တယ်။ စုံးစမ်းတုန်းကတော့ မြေညီထပ် အခန်းတွေဈေးဘယ်လောက်ရှိမလဲလို့ သိရအောင် သွားစုံစမ်းတာပါ။ တကယ်စုံစမ်းတဲ့အခါကျတော့ သူရှာနေတဲ့တောင်ဒဂုံ(၅၆) ဈေးဘေးမှာ ကပ်လျက် ပုဂံလမ်းမပေါ်မှာ မြေနှင့်တိုက်ရောင်းမယ့်နေရာ ရှိတာဆိုတာ သိရတယ်။

ဒီလိုသိလိုက်ရတော့ချက်ခြင်းဘဲ လိုက်ပြပေးဖို့ ပြောလိုက်တဲ့အခါ အိမ်ခြံမြေအကျိုးဆောင်ကလဲ တစ်ခါတည်းလိုက်လာပြီး ရောင်းတဲ့မြေနဲ့အိမ် ကိုပြပါတယ်။ အိမ်ရှင်နဲ့လည်းတွေ့ပေးပါတယ်။ အိမ်ရဲ့အလှည့်ကလည်း အရှေ့ဘက်လှည့်တယ်၊ (၅၆)ဈေးနဲ့လည်း မနီးမဝေးဆိုတော့ ကုန်စုံဆိုင်ဖွင့်ဖို့နေရာကောင်းပါတယ်။ဒါကြောင့်လဲ ပိုပြီးစိတ်ဝင်စားသွားပါတယ်။ အိမ်ရှင်အမျိုးသမီးကြီးကို ရောင်းဈေးမေးကြည့်တဲ့အခါ သိန်း(၁၀၀၀) လို့ ပြောပါတယ်။ဒီလို ဈေးနီးတဲ့လမ်းမကြီးပေါ်မှာ သိန်း (၁၀၀၀) ဆိုတော့ ပိုသဘောကျသွားတာပေါ့ ။ ပြီးတော့ ၄၀x ၆၀ ဂရန်အမည်ပေါက်ကိုယ်တိုင်နေပြီး က်ိုယ်တိုင်ရောင်းတာဖြစ်နေတယ်။ လက်ရှိပေါက်ဈေး သိန်း ၁၅၀၀ ‌လောက်ဈေးခေါ်နိုင်တာကို အခုဒီဈေးနဲ့ဘဲရောင်းမယ်ဆိုတော့ အံ့သြမိတာပေါ့။

ဒါနဲ့ဈေးမဆစ်ရသေးင်္မှီ အိမ်ရဲ့ရာဇဝင်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့ ရောင်းသူရဲ့လက်ထဲမှာ ဂရန်မရှိဘူးဖြစ်နေတယ်။ ၂၀၁၅ ခုနှစ်လောက်က ဒီမြေကွက်ထဲမှာတခြမ်းပေးတခြမ်းယူ ကန်ထရိုက်တ်ိုက်ဆောက်ဖို့ စီစဉ်ခဲ့ကြတယ် (၅)ထပ်တိုက်ဆောက်မယ် ကန်ထရိုက်က မြေရှင်ကိုလက်ရှိအဆောက်အဦး ဖျက်သိမ်းတဲ့အခါ အခြားနေရာမှာရွှေ့ပြောင်းနေထိုင်စရိတ်အပါအဝင် အလိုက်ငွေသိန်း (၆၀) ပေးထားတယ်။

ကန်ထရိုက်တာကလည်း အမြန်ဆောက်မှာဖြစ်တဲ့အတွက် ဂရန်မူရင်းနဲ့ အထူးကိုယ်စာလှယ်လွှဲပေးလိုက်ရတယ်။ ဒါနဲ့ဖျက်မိန့်ရဖို့၊ ဆောက်လုပ်ခွင့်ရဖို့ ကြိုးစားနဲ့တဲ့ကြားထဲက အိမ်ခြံမြေဈေးတွေ အဝယ်မလိုက်တော့သလို တိုက်ခန်းကြိုပွိုင့်ဝယ်မယ့်သူတွေလည်း မရှိတော့ဘူး။ ဒီကြားထဲ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက တခြမ်းပေးတခြမ်းယူ ကန်ထရိုက်ဆောက်တာတွေမှာ အချိန်မှီမအပ်နိုင်တဲ့အပေါ်မှာ မူတည်ပြီး မြေရှင်တွေက ဝိုင်းပြီးတရားစွဲလိုက်တာကိုကြည့်ရင် လူတွေကကန်ထရိုက်တာတွေရဲ့အပေါ်မှာ ယုံကြည့်မှုမရှိတော့ဘူး။ အဲဒီမှာ ကျန်တဲ့အခြားကန်ထရိုက်တာတွေလည်း ကတိမတည်ကြတော့ဘူး။ရှောင်တိမ်းကုန်ကျတော့တာပေါ့။ အဲဒီကတိပျက်ကွက်တဲ့အထဲမှာ အခုအောင်မြင့်ဇော်ဝယ်မယ့် ကန်ထရိုက်တာလည်းအပါအဝင်ပေါ့ ။

မြေရှင်နဲ့ကန်ထရိုက်ချုပ်ဆိုတဲ့ စာချုပ်ထဲမှာလည်း ဒီ(၅)ထပ်တိုက်မဆောက်ဖြစ်ရင် ကန်ထရိုက်ပေးတဲ့ ငွေသိန်း (၆၀) အဆုံးခံမယ့်ဆိုတဲ့ အချက်မပါဘူးအဲဒီတော့ အခုလိုကန်ထရိုက်ဈေးကွက်ပျက်သွားတဲ့အချိန်မှာ မြေရှင်က ဂရန်စာအုပ်ပြန်တောင်းတဲ့အခါ ကန်ထရိုက်တာကသူပေးတဲ့ငွေ သိန်း (၆၀) ပြန်ပေးရင် မြေရှင်ရဲ့ဂရန်ပြန်ပေးမယ်။ ပါဝါပြန်ပေမယ်ဖြစ်ကုန်ရော ။။

အဲဒါနဲ့မြေရှင်ကအခုလိုဈေးလျော့ပြီးရောင်းတယ် မြေနဲ့အိမ်ကို လက်ရောက်ပေးတယ်ဆိုသော်လည်း ဂရန်ကကန်ထရိုက်လက်ထဲမှာဖြစ်နေသောကြောင့် မဝယ်ရဲကြဘူး ရောင်းသူမှာတော့ ဆန့်ငင်ဆန့်ငင်နဲ့ ရောင်းဖို့ဆိုင်လိုက်၊ ပျက်သွားလိုက်ဖြစ်နေတာကို အောင်မြင့်ဇော် သိလိုက်ရတယ်။ အောင်မြင့်ဇော်ကတော့ အင်္ဂလ်ိပ်အခက် ဗမာ့အချက် ဆိုတဲ့ ထုံးနှလုံးမူပြီး ကန်ထရိုက်တာရှာပြီး ပြေလည်အောင်ဖြေရှင်ပြီးဝယ်မယ်လို့ ဆုံးဖြတ်လ်ိုက်တယ်။

ဒါကြောင့် ကန်ထရိုက်တာကို ပေးရမယ့် သိန်း (၆၀) ကိုလျော့ခိုင်းတယ်။ မြေရှင်းကလည်း သူ့အတွက် လူစွမ်းကောင်ဝယ်သူတော့ လာပြီဆိုပြီးတော့ ဈေးလျော့ပေးလိုက်တယ်။ ဒါနဲ့ သိန်းတစ်ထောင်ဆိုတဲ့ မြေနဲ့တိုက်က သိန်း (၉၄၀ )နဲ့ ဈေးတည့်သွားပါတယ်။ အောင်မြင့်ဇော်က ကန်ထရိုက်တာနဲ့သွားတွေ့တယ် ကန်ထရိုက်တာနဲ့ပြေလည်အောင် ညှိနှိုင်းပေးတယ်။ နောက်ဆုံး သိန်း(၆၀) ပြန်ပေးရင် ဂရန်နဲ့ပါဝါပြန်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ရတာနဲ့ စရန်ငွေပေးစာချုပ်ချုုပ်လိုက်တယ်။ ကန်ထရိုက်တာကို သိန်း (၆၀) ခေါ်ပြီးပေးလိုက်တယ်။ သူကလည်း ဂရန်နဲ့ပါဝါမူရင်းတွေပြန်ပေးလာတော့ အားလုံးအဆင်ပြေသွားကြတာပေါ့။

ဒီနောက်မှာတော့ မြေရှင်ကလည်း အသက်(၈၀) ရှိပြီဆိုတော့ သံသရာအတွက် ရိက္ခာထုပ်စရာရှိသေးတာနဲ့ အချိန်မဆွဲတော့ဘဲ အင်းဝအိမ်ရာမှာ မြေညီထပ်တိုက်ခန်းတစ်ခန်းရှာပြီး တွေ့တာနဲ့ အောင်မြင့်ဇော်ကို မြေနဲ့အိမ်ကို အပြီးလွှဲပြောင်းပေးပါတော့တယ်။ အပြီးငွေချေတဲ့နေ့မှာတော့ အရောင်းမြေပုံကူးပေးတာတို့ စာချုပ်ရုံးမှာ ပါဝါလွှဲပေးတာတို့ လိုက်လုပ်ပေးပါတယ်။

တစ်ခါတည်း အိမ်ပြောင်းသွားတယ်။ (၅)နှစ်လောက်ဝယ်သူတွေ လက်လန်ပြီးပြန်သွားကြတဲံ့ မြေနဲ့အိမ်ဟာ အောင်မြင့်ဇော်ရဲ့ ဇွဲရှည်စိတ်သန် သည်းညည်းခံပြီး ကြိုးစားအားထုတ်လိုက်တဲ့အတွက် အခုတော့ဖြင့် ရောင်းသူလည်း ပျော်ရွှင်ဝယ်သူလည်း ရွှင်ပြုံး၊ ပွဲစားလည်း ဘဝင်နှလုံးပီတိဖုံးကြရအထိ အောင်မြင်တဲ့ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်လို့ အစအဆုံးဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေမှာလည်း ဝမ်းသားမဆုံးဖြစ်နေမိပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကန္ထရုိက္တာနဲ႕ေျမရွင္ၾကား အျငင္းပြားေနတဲ့ ေျမနဲ႕အိမ္ကိုမွ ဝယ္လိုက္သူ

ေအာင္ျမင့္ေဇာ္...ဟာ ရပ္ကြက္အတြင္းမွာ ကုန္စံုဆိုင္ၾကီးဖြင့္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ ၾကိဳးစားမႈ လံုးလဝိရိယရွိမႈတို႕ေၾကာင့္ အခုဆိုရင္ ေရာင္းအားေကာင္းလာတဲ့အတြက္ ေငြပိုေငြလွ်ံနဲ႕ လူစည္ကားတဲ့ ေဈးအနီးမွာ ကုန္စံုဆိုင္သစ္တုိးခ်ဲ႔ဖြင့္လွစ္ဖို႕အတြက္ ေနရာအကြက္အကြင္းက်က်ေျမေနရာလိုက္ရွာေနတာၾကာပါျပီ။

ေျမကြက္နဲ႕ အိမ္ေရာင္းခ်င္တဲ့သူေတြ အမ်ားအျပားရွိေပမယ္လို႕ အခ်ိဳ႕ကမိမိအိမ္ေရွ႕မွာ (အိမ္ေရာင္းမည္) ဆိုင္းဘုတ္ခ်ိတ္ထားသူေတြရွိသလို အခ်ိဳ႕က်ေတာ့လည္း မိမိတို႕ရဲ႕ ဂုဏ္သိကၡာက်မွာစိုးတဲံအတြက္ တိုးတိုးတိတ္တိတ္ အိမ္ေျခံေျမအက်ိဳးေဆာင္ေတြကို အပ္နွံထားၾကတယ္ေလ။

တေန႕မွာေတာ့ ေအာင္ျမင့္ေဇာ္လည္း ေတာင္ဒဂံု အင္းဝအိမ္ရာက အိမ္ျခံေျမအက်ိဳးေဆာင္ကုမၸဏီကို ဝင္စံုစမ္းၾကည့္လိုက္တယ္။ စံုးစမ္းတုန္းကေတာ့ ေျမညီထပ္ အခန္းေတြေဈးဘယ္ေလာက္ရွိမလဲလို႕ သိရေအာင္ သြားစံုစမ္းတာပါ။ တကယ္စံုစမ္းတဲ့အခါက်ေတာ့ သူရွာေနတဲ့ေတာင္ဒဂံု(၅၆) ေဈးေဘးမွာ ကပ္လ်က္ ပုဂံလမ္းမေပၚမွာ ေျမနွင့္တိုက္ေရာင္းမယ့္ေနရာ ရွိတာဆိုတာ သိရတယ္။

ဒီလိုသိလိုက္ရေတာ့ခ်က္ျခင္းဘဲ လိုက္ျပေပးဖို႕ ေျပာလိုက္တဲ့အခါ အိမ္ျခံေျမအက်ိဳးေဆာင္ကလဲ တစ္ခါတည္းလိုက္လာျပီး ေရာင္းတဲ့ေျမနဲ႕အိမ္ ကိုျပပါတယ္။ အိမ္ရွင္နဲ႕လည္းေတြ႕ေပးပါတယ္။ အိမ္ရဲ႕အလွည့္ကလည္း အေရွ႕ဘက္လွည့္တယ္၊ (၅၆)ေဈးနဲ႕လည္း မနီးမေဝးဆိုေတာ့ ကုန္စံုဆိုင္ဖြင့္ဖို႕ေနရာေကာင္းပါတယ္။ဒါေၾကာင့္လဲ ပိုျပီးစိတ္ဝင္စားသြားပါတယ္။ အိမ္ရွင္အမ်ိဳးသမီးၾကီးကို ေရာင္းေဈးေမးၾကည့္တဲ့အခါ သိန္း(၁၀၀၀) လို႕ ေျပာပါတယ္။ဒီလို ေဈးနီးတဲ့လမ္းမၾကီးေပၚမွာ သိန္း (၁၀၀၀) ဆိုေတာ့ ပိုသေဘာက်သြားတာေပါ့ ။ ျပီးေတာ့ ၄၀x ၆၀ ဂရန္အမည္ေပါက္ကိုယ္တိုင္ေနျပီး ကို္ယ္တိုင္ေရာင္းတာျဖစ္ေနတယ္။ လက္ရွိေပါက္ေဈး သိန္း ၁၅၀၀ ‌ေလာက္ေဈးေခၚႏိုင္တာကို အခုဒီေဈးနဲ႕ဘဲေရာင္းမယ္ဆိုေတာ့ အံ့ၾသမိတာေပါ့။

ဒါနဲ႕ေဈးမဆစ္ရေသးမွီၤ အိမ္ရဲ႕ရာဇဝင္ကိုေမးၾကည့္လိုက္တဲ့အခါမွာေတာ့ ေရာင္းသူရဲ႕လက္ထဲမွာ ဂရန္မရွိဘူးျဖစ္ေနတယ္။ ၂၀၁၅ ခုနွစ္ေလာက္က ဒီေျမကြက္ထဲမွာတျခမ္းေပးတျခမ္းယူ ကန္ထရုိက္တို္က္ေဆာက္ဖို႕ စီစဥ္ခဲ့ၾကတယ္ (၅)ထပ္တိုက္ေဆာက္မယ္ ကန္ထရုိက္က ေျမရွင္ကိုလက္ရွိအေဆာက္အဦး ဖ်က္သိမ္းတဲ့အခါ အျခားေနရာမွာေရႊ႕ေျပာင္းေနထိုင္စရိတ္အပါအဝင္ အလိုက္ေငြသိန္း (၆၀) ေပးထားတယ္။

ကန္ထရုိက္တာကလည္း အျမန္ေဆာက္မွာျဖစ္တဲ့အတြက္ ဂရန္မူရင္းနဲ႕ အထူးကိုယ္စာလွယ္လႊဲေပးလိုက္ရတယ္။ ဒါနဲ႕ဖ်က္မိန္႕ရဖို႕၊ ေဆာက္လုပ္ခြင့္ရဖို႕ ၾကိဳးစားနဲ႕တဲ့ၾကားထဲက အိမ္ျခံေျမေဈးေတြ အဝယ္မလိုက္ေတာ့သလို တိုက္ခန္းၾကိဳပြိဳင့္ဝယ္မယ့္သူေတြလည္း မရွိေတာ့ဘူး။ ဒီၾကားထဲ ေဆာက္လုပ္ေရးကုမၸဏီၾကီးတစ္ခုက တျခမ္းေပးတျခမ္းယူ ကန္ထရုိက္ေဆာက္တာေတြမွာ အခ်ိန္မွီမအပ္ႏိုင္တဲ့အေပၚမွာ မူတည္ျပီး ေျမရွင္ေတြက ဝိုင္းျပီးတရားစြဲလိုက္တာကိုၾကည့္ရင္ လူေတြကကန္ထရုိက္တာေတြရဲ႕အေပၚမွာ ယံုၾကည့္မႈမရွိေတာ့ဘူး။ အဲဒီမွာ က်န္တဲ့အျခားကန္ထရုိက္တာေတြလည္း ကတိမတည္ၾကေတာ့ဘူး။ေရွာင္တိမ္းကုန္က်ေတာ့တာေပါ့။ အဲဒီကတိပ်က္ကြက္တဲ့အထဲမွာ အခုေအာင္ျမင့္ေဇာ္ဝယ္မယ့္ ကန္ထရုိက္တာလည္းအပါအဝင္ေပါ့ ။

ေျမရွင္နဲ႕ကန္ထရုိက္ခ်ဳပ္ဆိုတဲ့ စာခ်ဳပ္ထဲမွာလည္း ဒီ(၅)ထပ္တိုက္မေဆာက္ျဖစ္ရင္ ကန္ထရုိက္ေပးတဲ့ ေငြသိန္း (၆၀) အဆံုးခံမယ့္ဆိုတဲ့ အခ်က္မပါဘူးအဲဒီေတာ့ အခုလိုကန္ထရုိက္ေဈးကြက္ပ်က္သြားတဲ့အခ်ိန္မွာ ေျမရွင္က ဂရန္စာအုပ္ျပန္ေတာင္းတဲ့အခါ ကန္ထရုိက္တာကသူေပးတဲ့ေငြ သိန္း (၆၀) ျပန္ေပးရင္ ေျမရွင္ရဲ႕ဂရန္ျပန္ေပးမယ္။ ပါဝါျပန္ေပမယ္ျဖစ္ကုန္ေရာ ။။

အဲဒါနဲ႕ေျမရွင္ကအခုလိုေဈးေလ်ာ့ျပီးေရာင္းတယ္ ေျမနဲ႕အိမ္ကို လက္ေရာက္ေပးတယ္ဆိုေသာ္လည္း ဂရန္ကကန္ထရုိက္လက္ထဲမွာျဖစ္ေနေသာေၾကာင့္ မဝယ္ရဲၾကဘူး ေရာင္းသူမွာေတာ့ ဆန္႕ငင္ဆန္႕ငင္နဲ႕ ေရာင္းဖို႕ဆိုင္လိုက္၊ ပ်က္သြားလိုက္ျဖစ္ေနတာကို ေအာင္ျမင့္ေဇာ္ သိလိုက္ရတယ္။ ေအာင္ျမင့္ေဇာ္ကေတာ့ အဂၤလိ္ပ္အခက္ ဗမာ့အခ်က္ ဆိုတဲ့ ထံုးနွလံုးမူျပီး ကန္ထရုိက္တာရွာျပီး ေျပလည္ေအာင္ေျဖရွင္ျပီးဝယ္မယ္လို႕ ဆံုးျဖတ္လို္က္တယ္။

ဒါေၾကာင့္ ကန္ထရုိက္တာကို ေပးရမယ့္ သိန္း (၆၀) ကိုေလ်ာ့ခိုင္းတယ္။ ေျမရွင္းကလည္း သူ႕အတြက္ လူစြမ္းေကာင္ဝယ္သူေတာ့ လာျပီဆိုျပီးေတာ့ ေဈးေလ်ာ့ေပးလိုက္တယ္။ ဒါနဲ႕ သိန္းတစ္ေထာင္ဆိုတဲ့ ေျမနဲ႕တိုက္က သိန္း (၉၄၀ )နဲ႕ ေဈးတည့္သြားပါတယ္။ ေအာင္ျမင့္ေဇာ္က ကန္ထရုိက္တာနဲ႕သြားေတြ႕တယ္ ကန္ထရုိက္တာနဲ႕ေျပလည္ေအာင္ ညွိႏိႈင္းေပးတယ္။ ေနာက္ဆံုး သိန္း(၆၀) ျပန္ေပးရင္ ဂရန္နဲ႕ပါဝါျပန္ေပးမယ္ဆိုတဲ့ သေဘာတူညီခ်က္ရတာနဲ႕ စရန္ေငြေပးစာခ်ဳပ္ခ်ုဳပ္လိုက္တယ္။ ကန္ထရုိက္တာကို သိန္း (၆၀) ေခၚျပီးေပးလိုက္တယ္။ သူကလည္း ဂရန္နဲ႕ပါဝါမူရင္းေတြျပန္ေပးလာေတာ့ အားလံုးအဆင္ေျပသြားၾကတာေပါ့။

ဒီေနာက္မွာေတာ့ ေျမရွင္ကလည္း အသက္(၈၀) ရွိျပီဆိုေတာ့ သံသရာအတြက္ ရိကၡာထုပ္စရာရွိေသးတာနဲ႕ အခ်ိန္မဆြဲေတာ့ဘဲ အင္းဝအိမ္ရာမွာ ေျမညီထပ္တိုက္ခန္းတစ္ခန္းရွာျပီး ေတြ႕တာနဲ႕ ေအာင္ျမင့္ေဇာ္ကို ေျမနဲ႕အိမ္ကို အျပီးလႊဲေျပာင္းေပးပါေတာ့တယ္။ အျပီးေငြေခ်တဲ့ေန႕မွာေတာ့ အေရာင္းေျမပံုကူးေပးတာတို႕ စာခ်ဳပ္ရုံးမွာ ပါဝါလႊဲေပးတာတို႕ လိုက္လုပ္ေပးပါတယ္။

တစ္ခါတည္း အိမ္ေျပာင္းသြားတယ္။ (၅)နွစ္ေလာက္ဝယ္သူေတြ လက္လန္ျပီးျပန္သြားၾကတဲံ့ ေျမနဲ႕အိမ္ဟာ ေအာင္ျမင့္ေဇာ္ရဲ႕ ဇြဲရွည္စိတ္သန္ သည္းညည္းခံျပီး ၾကိဳးစားအားထုတ္လိုက္တဲ့အတြက္ အခုေတာ့ျဖင့္ ေရာင္းသူလည္း ေပ်ာ္ရႊင္ဝယ္သူလည္း ရႊင္ျပံဳး၊ ပြဲစားလည္း ဘဝင္နွလံုးပီတိဖံုးၾကရအထိ ေအာင္ျမင္တဲ့ အိမ္ျခံေျမအေရာင္းအဝယ္ျဖစ္လို႕ အစအဆံုးေဆာင္ရြက္ေပးခဲ့တဲ့ ေရွ႕ေနမွာလည္း ဝမ္းသားမဆံုးျဖစ္ေနမိပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service