အိမ်မြေဂရန်ရဲ့ ပရိယာယ် ရောင်းဘူးဝယ်ဘူးမှ သိမယ်
အိမ်မြေဂရန်ရဲ့ ပရိယာယ် ရောင်းဘူးဝယ်ဘူးမှ သိမယ် - Property Knowledge in Myanmar from iMyanmarHouse.com
28 Sep 2020 1:57 pm တွင် တင်ခဲ့သည်
767 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
"မျက်နှာသိ ငါပိမဝယ်နဲ့" ဆိုတဲ့ ဆိုရိုးစကားတစ်ခုကို ကျွန်ငယ်စဉ်ကပင် မိဘဘိုးဘွားများက မကြာခဏ ခိုင်းနှိုင်းအသုံးပြုလေ့ရှိတာကို ကြားရလေ့ရှိပါတယ် ။ ရင်းနှီးတဲ့ဆိုင်များမှာ ပစ္စည်းတစ်ခုခုဝယ်ခိုင်း၍ အဝယ်မှားသွားခဲ့ရင် ဒါမှမဟုတ် ဈေးကြီးသွားခဲ့ရင် ပြန်လဲပေးပါလို့ သွားပြောလိုက်ရင် စိတ်ဆိုးသွားတာမျိုး စိတ်ကောက်သွားတာမျိုး ၊ ခံရလေ့ရှိပါတယ်။
ထိုအတူပါဘဲ မျက်နှာချင်းရင်းနှီးနေတဲ့ ကုန်စုံဆိုင်က ငပိဝယ်ခဲ့ပါတယ်။ ငပိကအမျိုးအစားမကောင်းတာတို့ လောက်ကောင်တွယ်နေတဲ့ငပိ ဖြစ်နေခဲ့ရင် ပြန်လဲပေးဖို့ပြောတဲ့အခါ ခင်မင်မှုပျက်၊ မိတ်ဆွေပျက်သွားတာကြုံရတဲ့အတွက် " မျက်နှာသိငပိမဝယ်နဲ့ " စကားနဲ့ ဥပမာပေးတတ်ကြပါတယ်။
စီးပွားဖြစ်ဖို့မှန် အကြိုက်ဆုံး (၆) ဂဏန်း
ွှအဲဒီဥပမာလိုပါဘဲ ကိုစံလွင်မောင်တယောက်၊ တောင်ဥက္ကမြို့နယ်မှာ ၄၀ x ၆၀ မြေနှင့်အိမ်ဝယ်တဲ့အခါသူနဲ့ လူမျိုးတူ၊ ဘာသာတူ ဦးလေးကြီးဆီက ဝယ်ဖို့ဈေးစကားပြောကြပါတယ်။ ဝယ်တဲ့မြေကွက် နံပါတ်ကို ဂဏန်ပေါင်းကြည့်တဲ့အခါမှာ (၆) ဂဏန်ရပါတယ်။ ဒီနံပါတ်ဟာ သူတို့လူမျိုးဓလေ့ထုံးအရ အကျိုးပေးတယ်၊ စီးပွားရေးတိုးတက်လို့ အယုံအကြည့်ရှိကြပါတယ်။ ဒါကြောင့်လည်း ဒီမြေကွက်ကိုဝယ်ချင်တဲ့ ဆန္ဒကသူ့ကို တိုက်တွန်းနေပါတယ်။
နောက်ဆုံးဈေးညှိကြရင်း ရောင်းသူဘက်ကမရောင်းတော့ဘူးလိုလို ပြောလာတဲ့အခါမှာဈေးပိုပေးရင်းက ဈေးတည့်သွားတဲ့အခါမှာ သိန်း (၃၀၀၀) တန်တဲ့မြေကွက်ဟာ သိန်း (၃၆၀၀) ပေးပြီးဝယ်လိုက်မိသွားတော့တယ်။ ဘာဘဲဖြစ်ဖြစ်လေ နေရာနဲ့မြေကွက်က အဓိကဘဲလို့ တွေးမိပြီး စံလွင်မောင်စိတ်ထဲမှာ စိတ်မကောင်းမဖြစ်သေးဘူး ငါရွေးတာ မှန်တယ်လို့ဘဲ ယုံကြည်နေဆဲဘဲ။
အဲ…… တကယ်ဝယ်ဖို့ရှေ့နေခေါ်လာပြီး စာရွက်စာတမ်းတွေ စစ်ကြည့်တဲ့အခါမှာဘဲ စိတ်ညစ်စရာကကြုံတော့တာဘဲ ရောင်းသူဦးလေးကြီးပြောတုန်းက (၂၀ ၆၀) ဂရန်မြေ (၂)ကွက်တွဲး အမည်ပေါက်ပြီးသာ ဘာမှအရှုပ်အရှင်းမရှိဘူးဆိုတော့ ယုံကြည်တာပေါ့။ စရန်ပေးစာချုပ်ဖို့ ရှေ့နေက စာရွက်စာတမ်းတွေယူကြည့်တဲ့အခါမှာ ရောင်းသူပြောသလို မဟုတ်တော့ဘဲ ဂရန်အမည်ပေါက်ဖြစ်သော်လည်း ရှင်းရှင်းလင်းလင်းမဟုတ်တာတွေ့လာရတယ်။ * ပထမဂရန်စာအုပ်တစ်အုပ်ကြည့်လိုက်တော့ ရောင်သူနဲ့အမည်ပေါက်နေတာမှန်သော်လည်း တရားစွဲပြီးအနိုင်ရကာ အနိုင်ဒီဂရီနှဲ့ အမည်ပြောင်းထားတဲ့ဂရန်ဖြစ်နေတယ်။ ဂရန်အမည်ပေါက်ထံက အရင်က စာချုပ်နဲ့ဝယ်ထားတယ်။ sp ကိုယ်စာလှယ်လွှဲစာမယူခဲ့မိဘူး အဲဒီ့ဂရန်အမည်ပေါက်က ကိုယ်စာလှယ်လွှဲစာလုပ်မပေးနိုင်ဘူးဆိုတာနဲ့ အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုပေးစေလိုမှုနဲ့ တရားစွဲးပြီးမှ ရောင်းသူအမည်ပြောင်းထားတဲ့ ဂရန်စာအုပ်ဖြစ်နေတယ်။အင်း…. ဒါကပထမဂရန်ကိစ္စ။
ဒုတိယဂရန်စာအုပ်၊ အမည်ပေါက်မဟုတ်၊ ခပ်ရှုပ်ရှုပ်
* ဒုတိယဂရန်စာအုပ်ကိုကြည့်လိုက်ပြန်တော့ ရောင်းသူအမည်ပေါက်မဟုတ်ပြန်ဘူး၊ ဂရန်အမည်ပေါက်အမည်နာမည်က ဦးဆာမိ တဲ့ သေသွားတာသုံးနှစ်ရှိပြီး အဲဒီမြေကွက်ကိုလည်း အရပ်ကတိစာချုပ်နဲ့ဘဲ ဝယ်ထားမိခဲ့တာဖြစ်နေပြန်တယ်။ ဒီတစ်ခါတော့ တရားမစွဲချင်တော့ဘူး။
ဂရန်အမည်ပေါက်သူရဲ့ ဇနီးကိုရှာပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပေးတဲ့ပုံစံမျိုးလုပ်လိုက်တယ်။ ကျန်ရစ်သူ ဇနီးဖြစ်သူက အမွေဆက်ခံပိုင်ဆိုင်ကြောင်းလုပ်ပြီးတာနဲ့ အဲဒီဇနီးဖြစ်သူထံက အထွေထွေကိုယ်စာလှယ်လွှဲစာယူလိုက်မယ်။ ပြီးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်မယ်။ အဲ့ဒီစာချုပ်ရမှ မြို့တော်စည်ပင်မှာအမည်ပြောင်းလိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရောင်းသူက စီစဉ်နေတဲ့သူများ အမည်ပေါက်ဂရန်မြေကွက်ကြီး ဖြစ်နေတယ်။
အဲ့ဒ်ီမြေကွက်က ပိုင်ဆိုင်ကြောင်း စာချုပ်ဖို့နဲ့ ပြန်ရောင်းဖို့အတွက် ရန်ကုန်မြို့တော်ခန်းမမှာ မြေပုံမြေရာဇဝင်(၂)မျိုး မြေပုံကူးရတယ်လေ။အဲဒီမြေပုံ (၂) မျိုးထုတ်လို့ရ ပြီသိတာနဲ့ ဂရန်အမည်ပေါက်နဲ့ ဇနီးကို လိုက်ထုတ်ပေးပါပြောတော့ အဲ့အမျိုးသမီးက သူ့ကိုလိုက်ပါဆောင်ရွက်ခ ငွေးကြေးပေးတာ နည်းတယ်ဆိုပြီး အတွေ့မခံဘဲ ရှောင်တိန်းနေတယ်လို့ ရောင်းသူကပြောပါတယ်။
အစကကြိုမသိခဲ့လို့၊ အခုတော့နောင်တရနေပါပြီ
ဒီလိုကိစ္စတွေရောင်းသူထံက သိရတော့၊ လူမျိုးချင်းလဲတူစကားလည်းတူတဲ့ ဦးလေးရဲ့ စကားကိုယုံကြည်အားကိုးမိတယ် စံလွင်မောင်တယောက်ဂရန်အမည်ပေါက် မြေဆိုရင် အလိမ်အညာမခံရဘူး၊ အရှုပ်အရှင်းကင်းတယ်။နောင်ရေးစိတ်အေးရတယ်ဆိုတဲ့ စိတ်ကူးနဲ့ အလောတကြီးဆုံးဖြတ်ချက်ချမိတဲ့အမှားကြောင့် မမျှော်လင့်ဘဲ အရှုပ်အထုတ်ကြီးကို ဝယ်မိပါပကောလို့ နောင်တအကြိမ်ကြိမ်ရမိပါတော့တယ်။
ဒါကြောင့် လူမျိုးချင်းတူလို့၊စကားချင်းတူလို့မြေကွက်နံပါတ်ကြိုက်လို့ ဝယ်သည်ဖြစ်ပါစေ။ မြေကွက်ဝယ်မယ်ဆိုရင် ကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်များနဲ့သာ တိုင်ပင်ဆွေးနွေးပြီး ဝယ်သင့်ပါကြောင်း သင်ခန်းစာတစ်ခုရလိုက်ပါတော့တယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service