ဒုတိယအကြိမ် COVID-19 ရန်ပုံငွေမှ ထုတ်ချေးသည့်လုပ်ငန်း ၁၀၀၀ ကျော်အတွက် ချေးငွေရရှိရေးကြန့်ကြာမည်ဟုဆို

ဒုတိယအကြိမ် COVID-19 ရန်ပုံငွေမှ ထုတ်ချေးသည့်လုပ်ငန်း ၁၀၀၀ ကျော်အတွက် ချေးငွေရရှိရေးကြန့်ကြာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Sep 2020 11:31 am တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒုတိယအကြိမ် COVID-19 ရန်ပုံငွေမှ ထုတ်ချေးသည့်လုပ်ငန်း၁၀၀၀ကျော်အတွက် Stay at Home ကာလဖြစ်၍ ချေးငွေရရန် ကြန့်ကြာနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သည်။

ဒုတိယအကြိမ် COVID-19 ကုစားရေးရန်ပုံငွေထဲက လုပ်ငန်း ၁၀၀၀ကျော်ကို ချေးငွေကျပ် ဘီလီယံ ၂၀ကျော်ခွင့်ပြုပေးလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ချေးငွေထုတ်ယူခွင့်ရရှိသူများကို ကော်မတီ၏ ခွင့်ပြုမိန့် စာရွက် ထုတ်ပေးနိုင်ရေးနှင့် ဘဏ်ချေးငွေထုတ်ပေးနိုင်ရေးတို့အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရမည်ရမည်ဟု ကုန်သည်စက်မူအသင်းချုပ်ကဆိုထားသည်။

ထိုလုပ်ငန်းများ စတင်ဆောင်ရွက်မည့်နေ့ကိုလည်း လုပ်ငန်းရှင်များကို အကြောင်းကြားပေးမည်ဟု အသင်းချုပ်ကဆိုသည်။ ထိုပြင် ကိုဗစ်ကြောင့်လုပ်ငန်းများ နှောင့်နှေးမှုကို နားလည်ပေးရန်လည်း အသင်းချုပ်က မေတ္တာရပ်ခံထားသည်။

ဒုတိယအကြိမ် ငွေချေးမည့် အစီအစဉ်တွင် မွေးမြူရေး၊ စိုက် ပျိုးရေး၊ ရေလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းများက အများဆုံး ချေးငွေ လျှောက်ထားပြီး စီးပွားရေးလုပ် ငန်းပေါင်း ၁၀,၂၀၀ လျှောက်ထားသည့် အနက်မှ အထက်ပါလုပ်ငန်းများကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ချေးငွေအစီအစဉ်တွင် မွေးမြူရေး၊ စိုက်ပျိုး ရေး၊ ရေလုပ်ငန်း၊ အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်လုပ်ငန်းများ၊ နိုင်ငံ ခြားသွင်းကုန်အစားထိုးလုပ်ငန်း များ၊ အလုပ်အကိုင်သင်တန်း ကျောင်းများ ပါဝင်သည်။

ယခုခွင့်ပြုရာတွင်လုပ်ငန်းပေါင်း ၁၀၄၅ ခုကို ကျပ် ဘီလီယံ ၂၀ ဒဿမ ၇၇၇၅ပေးခြင်းဖြစ်သည်။

အစိုးရက ချေးငွေကျပ်ဘီလီယံ ၁၀၀ ကို သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးမည်ဖြစ်သည်။ ဒုတိယအသုတ် ချေးငွေအတွက် ပထမအရစ်ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလီယံ နှင့် တတိယအရစ် ကျပ် ၃၀ ဘီလီယံ အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစား ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းက ဇူလိုင် ၂၃ ရက်က ပြောကြားထားသည်။

အစိုးရမှ ချေးပေးသော ချေးငွေ၏ အတိုးနှုန်းမှာ ၁ ရာခိုင်နှုန်းနှင့် ချေးငွေကာလမှာ ၁ နှစ် သတ်မှတ်ထားပြီး၊ ပထမအကြိမ် COVID 19 ချေးငွေ ရရှိထားပြီးသူများအနေဖြင့် ထပ်မံ လျှောက်ထား၍ မရပေ။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများအပေါ် ကုစား ရေး ချေးငွေထုတ်ပေးရာတွင် မြန်ဆန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိဘဏ် ရှစ်ဘဏ်ဖြစ်သော ကမ္ဘောဇဘဏ် (KBZ)၊ သမဝါယမဘဏ် (CB)၊Myanmar Apex ဘဏ်၊ နေပြည်တော် ဘဏ်၊ ပထမပုဂ္ဂလိက ဘဏ်၊ ဧရာဝတီဘဏ် (AYA)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)နှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဒုတိယအႀကိမ္ COVID-19 ရန္ပုံေငြမွ ထုတ္ေခ်းသည့္လုပ္ငန္း ၁၀၀၀ ေက်ာ္အတြက္ ေခ်းေငြရ႐ွိေရးၾကန္႔ၾကာမည္ဟုဆို

ဒုတိယအႀကိမ္ COVID-19 ရန္ပုံေငြမွ ထုတ္ေခ်းသည့္လုပ္ငန္း၁၀၀၀ေက်ာ္အတြက္ Stay at Home ကာလျဖစ္၍ ေခ်းေငြရရန္ ၾကန္႔ၾကာႏိုင္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္က ထုတ္ျပန္သည္။

ဒုတိယအႀကိမ္ COVID-19 ကုစားေရးရန္ပုံေငြထဲက လုပ္ငန္း ၁၀၀၀ေက်ာ္ကို ေခ်းေငြက်ပ္ ဘီလီယံ ၂၀ေက်ာ္ခြင့္ျပဳေပးလိုက္ေၾကာင္း COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက စက္တင္ဘာ ၂၂ ရက္တြင္ ထုတ္ျပန္ထားသည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္အေနျဖင့္ ေခ်းေငြထုတ္ယူခြင့္ရ႐ွိသူမ်ားကို ေကာ္မတီ၏ ခြင့္ျပဳမိန္႔ စာ႐ြက္ ထုတ္ေပးႏိုင္ေရးႏွင့္ ဘဏ္ေခ်းေငြထုတ္ေပးႏိုင္ေရးတို႔အတြက္ လုပ္ငန္းစဥ္အဆင့္ဆင့္ကို ေဆာင္ရမည္ရမည္ဟု ကုန္သည္စက္မူအသင္းခ်ဳပ္ကဆိုထားသည္။

ထိုလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္မည့္ေန႔ကိုလည္း လုပ္ငန္း႐ွင္မ်ားကို အေၾကာင္းၾကားေပးမည္ဟု အသင္းခ်ဳပ္ကဆိုသည္။ ထိုျပင္ ကိုဗစ္ေၾကာင့္လုပ္ငန္းမ်ား ေႏွာင့္ေႏွးမႈကို နားလည္ေပးရန္လည္း အသင္းခ်ဳပ္က ေမတၱာရပ္ခံထားသည္။

ဒုတိယအႀကိမ္ ေငြေခ်းမည့္ အစီအစဥ္တြင္ ေမြးျမဴေရး၊ စိုက္ပ်ိဳးေရး၊ ေရလုပ္ငန္းႏွင့္ စားေသာက္ကုန္ထုတ္လုပ္ေရး လုပ္ငန္းမ်ားက အမ်ားဆုံး ေခ်းေငြ ေလွ်ာက္ထားၿပီး စီးပြားေရးလုပ္ ငန္းေပါင္း ၁၀,၂၀၀ ေလွ်ာက္ထားသည့္ အနက္မွ အထက္ပါလုပ္ငန္းမ်ားကို ခြင့္ျပဳေပးလိုက္ျခင္းျဖစ္သည္။

ဒုတိယအႀကိမ္ ေခ်းေငြအစီအစဥ္တြင္ ေမြးျမဴေရး၊ စိုက္ပ်ိဳး ေရး၊ ေရလုပ္ငန္း၊ အစားအစာ ထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ ျပည္ပပို႔ကုန္လုပ္ငန္းမ်ား၊ ႏိုင္ငံ ျခားသြင္းကုန္အစားထိုးလုပ္ငန္း မ်ား၊ အလုပ္အကိုင္သင္တန္း ေက်ာင္းမ်ား ပါဝင္သည္။

ယခုခြင့္ျပဳရာတြင္လုပ္ငန္းေပါင္း ၁၀၄၅ ခုကို က်ပ္ ဘီလီယံ ၂၀ ဒႆမ ၇၇၇၅ေပးျခင္းျဖစ္သည္။

အစိုးရက ေခ်းေငြက်ပ္ဘီလီယံ ၁၀၀ ကို သက္သာေသာ အတိုးႏႈန္းျဖင့္ ထုတ္ေခ်းမည္ျဖစ္သည္။ ဒုတိယအသုတ္ ေခ်းေငြအတြက္ ပထမအရစ္က်ပ္ ၃၅ ဘီလီယံ၊ ဒုတိယအရစ္ က်ပ္ ၃၅ ဘီလီယံ ႏွင့္ တတိယအရစ္ က်ပ္ ၃၀ ဘီလီယံ အစီအစဥ္အတိုင္း ခြဲေဝအသုံးျပဳမည္ဟု COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစား ေရး လုပ္ငန္းေကာ္မတီဥကၠ႒ ဦးေသာင္းထြန္းက ဇူလိုင္ ၂၃ ရက္က ေျပာၾကားထားသည္။

အစိုးရမွ ေခ်းေပးေသာ ေခ်းေငြ၏ အတိုးႏႈန္းမွာ ၁ ရာခိုင္ႏႈန္းႏွင့္ ေခ်းေငြကာလမွာ ၁ ႏွစ္ သတ္မွတ္ထားၿပီး၊ ပထမအႀကိမ္ COVID 19 ေခ်းေငြ ရ႐ွိထားၿပီးသူမ်ားအေနျဖင့္ ထပ္မံ ေလွ်ာက္ထား၍ မရေပ။

COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားအေပၚ ကုစား ေရး ေခ်းေငြထုတ္ေပးရာတြင္ ျမန္ဆန္ေစရန္အတြက္ ျမန္မာ့စီးပြားေရးဘဏ္အျပင္ ပုဂၢလိဘဏ္ ႐ွစ္ဘဏ္ျဖစ္ေသာ ကေမ႓ာဇဘဏ္ (KBZ)၊ သမဝါယမဘဏ္ (CB)၊Myanmar Apex ဘဏ္၊ ေနျပည္ေတာ္ ဘဏ္၊ ပထမပုဂၢလိက ဘဏ္၊ ဧရာဝတီဘဏ္ (AYA)၊ အာ႐ွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ (AGD)ႏွင့္ အေသးစား၊ အလတ္စားစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္တို႔က ပူးေပါင္းေဆာင္႐ြက္ေပးမည္ဟု COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီ က ဩဂုတ္ ၁၉ ရက္တြင္ ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service