ရဟန်းဘောင်သို့ ကူးပြောင်းသွားသည့်သူ၏ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

ရဟန်းဘောင်သို့ ကူးပြောင်းသွားသည့်သူ၏ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
28 Sep 2020 2:58 pm တွင် တင်ခဲ့သည်
4122 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စာရေးသူ ရုံးခန်းသို့ ရောက် သည့်အခါ မိတ်ဆွေတစ်ဦးရောက်နှင့်နေပါသည်။

''လာဗျာ။ ဦးတင်မြင့် မတွေ့တာ အတော်ကြာပြီ''

စာရေးသူက နှုတ်ဆက်စကား ပြောလိုက်ပါသည်။

''အိမ် ခြံ မြေ ကိစ္စ ဆွေးနွေးချင်လို့''

''အိမ် မြေ ဝယ်မယ် စိတ်ကူးထားတာရှိလို့လား''

''ဟုတ်တယ်။ သွားကြည့်တော့လည်း အဆင်ပြေတယ်''

''ဘာအခက်အခဲရှိနေလို့လဲ။ ဂရန်မြေပဲလား။ အမည်ပေါက်ကိုယ် တိုင် ရောင်းမှာပဲ မဟုတ်လား''

''ဂရန်မြေဖြစ်ပြီး အမည်ပေါက်က ဖခင်အမည်ပေါက်ဖြစ်နေတယ်။အိမ် အကျိုးဆောင်ပြောတာတော့ ဖခင်ကွယ်လွန်သွားပြီဖြစ်လို့ သားဖြစ်သူက ရောင်းတယ်လို့ ပြောပါတယ်''

''သားသမီး ကျန်ခဲ့တာ ဘယ်နှယောက်ရှိလဲ''

''အစကတော့ အခုရောင်းမယ့် သားတစ်ယောက်တည်းလို့ ပြောတယ်''

''အခုနောက်ပိုင်း ကန့်ကွက်သူ ပေါ်လာလို့လား''

''စရန်ငွေပေးမယ့်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကန့်ကွက်စာတင်ထားတယ်ဆိုပြီး အိမ်အကျိုး ဆောင်အမျိုးသမီး ဖုန်းဆက်လာတယ်''

''သူငယ်ချင်းက သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာသွားမစုံစမ်းဘူးလား''

''သွားစုံစမ်းပါတယ်''

''ထူးခြားချက်က ဘာဖြစ်လာသလဲ''

''သားတစ်ယောက်က ကန့်ကွက်ထားတယ်လို့ ပြောတယ်''

''ဘယ်လိုဖြစ်ပြီး သားတစ်ယောက်က ပေါ်လာပြန်သလဲ''

''ဒီမြေကွက်က မိဘလက်ထက် ပိုင်မြေကွက်ဖြစ်တယ်။ မိခင်ကွယ် လွန်သွားပြီး အခုကန့်ကွက်တဲ့ သားကလည်း အိမ်ထောင်ကျလို့ အိမ်ခွဲနေတယ်။ ဖခင်နဲ့အတူနေ သားက မူလအိမ်ကို ဖျက်ပြီး တိုက်ဆောက် လိုက်တယ်''

''ဒါကြောင့် သူ့အိမ်ဆိုပြီး ရောင်းတဲ့သဘောပေါ့။ ဒါပေမယ့် မြေကွက်က ဖခင်အမည်ပေါက်ဆိုတော့ သားနှစ်ယောက်လုံးက အမွေဆက်ခံခွင့်ရှိတာပဲလေ။ အိမ်တန်ဖိုး သက်သက်ထားပြီး ရောင်းရင်ဖြစ်တာပဲ''

''အင်း-အစကတော့ ဒီလိုပဲ ယူဆမိတာပေါ့။ နောက်ပိုင်းကျမှ ဖခင်ဖြစ်သူက မကွယ်လွန်မီမှာ ရဟန်း ဘောင်ကိုအပြီးကူးပြောင်းသွားတယ်''

''ကွယ်လွန်တော့ ရဟန်းအဖြစ်နဲ့ ပဲကွယ်လွန်တာလား''

''ဟုတ်တယ်။ ရဟန်းအဖြစ်နဲ့ပဲ ကွယ်လွန်သွားတယ်။ အတူနေခဲ့တဲ့သားက ဖခင်အနေနဲ့ ရဟန်းဘောင် အပြီးကူးပြောင်းသွားတာကြောင့် မြေကိုလည်း ပိုင်ဆိုင်ခွင့်မရှိတော့ဘူး။ ဒါကြောင့် သားတွေက အမွေဆက်ခံ ခွင့် မရှိဘူးဆိုပြီးပြောတယ်''

''လက်ရှိ အိမ်ဆောက်နေထိုင်သူက မြေကို လက်ဝယ်ရခွင့်ရှိတဲ့ သဘော ပြောတာဖြစ်မယ်''

''တရားစွဲဆိုတဲ့ အဆင့်မျိုး ရောက်မယ်ဆိုရင် မဝယ်တော့ဘူး ဆုံးဖြတ်ထားတယ် သူငယ်ချင်း''

''ဒီအခြေအနေဆိုရင်တော့ အိမ်ထောင်ခွဲသွားတဲ့ သူက တရားရင်ဆိုင်ချင် ရင်ဆိုင်လာနိုင်တယ်လို့ ပြောရမယ် သူငယ်ချင်း''

''ရဟန်းဘောင်ကို အပြီးကူးပြောင်းသွားရင် သူပိုင်ပစ္စည်းတွေကို စွန့်လွှတ်ရမယ်ဆိုတာ မြန်မာ့ဓလေ့ ထုံးတမ်းမှာရှိတယ်လို့ ပြောတယ်။ အဲဒါဟုတ်ပါသလား''

''မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရဆိုရင်တော့ လင်ယောက်ျားက ရဟန်းဘောင်သို့ ကူးပြောင်းသွားလျှင် လင်ခန်းမယားခန်း အလိုအလျောက် ပြတ်စဲပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ရဟန်းဘောင်သို့ ကူးပြောင်းတယ်ဆိုရာမှာ ဒုလ္လဘရဟန်းမဟုတ်ဘဲ ရဟန်းဘောင်သို့ ကွယ်လွန်သည့်အထိ အပြီးတိုင်ကူးပြောင်းခြင်းကို ဆိုလိုတာဖြစ်တယ်။ တစ်ဆက်တည်း မှာပဲ ရဟန်းဘောင်ဝင်သွားရင် သူပိုင်ပစ္စည်းများကို စွန့်လွှတ်သွားရ တယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ တရားစီ ရင်ထုံးတွေရှိတယ်''

''ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့မြေကွက်က ဖခင်အမည်ပေါက်ဖြစ်ပေမယ့် ရဟန်းဘဝကူးပြောင်းသွား လို့ ဖခင်မပိုင်တော့ဘူးဆိုတဲ့ သဘောလား''

''ဒီနေရာမှာ အဓိပ္ပာယ်လွဲမှား နေကြတာရှိတယ်။ လူတစ်ယောက် ရဟန်းပြုသွားရင် လူအဖြစ်နဲ့ ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းများအပေါ် ပိုင်ဆိုင်ခွင့် မရှိတော့ဘူးဆိုတာတော့ ဥပဒေအရ မှန်ကန်ပါတယ်။ ဒါပေမယ့် ရဟန်းပြုသွားတဲ့သူ ပိုင်ဆိုင်တဲ့ပစ္စည်းကို အမွေဆက်ခံခွင့်မရှိလို့တော့ ဥပဒေက ပိတ်ပင်မထားဘူး''

''ဒါဆိုရင် အမွေဆက်ခံခွင့် ရှိတယ်ပေါ့''

''မှန်ပါတယ်။ လင်ဖြစ်သူ ရဟန်းဘောင်သို့အပြီးကူးပြောင်းသွားတဲ့အတွက် လင်မယားပူးတွဲပိုင် ပစ္စည်းအပေါ် ဇနီးဖြစ်သူက အမွေ ဆက်ခံခွင့်ရှိသွားမှာ ဖြစ်ပါတယ်''

''ဒါဆိုရင် အခုကိစ္စမှာလည်း အိမ်ထောင်ခွဲသားဖြစ်သူက အမွေ ဆက်ခံခွင့်ရှိမှာပေါ့''

''ဟုတ်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြရွှေနှင့် ဦးသာထွန်း၊ ၁၉၉၂ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၁၅ အမှုမှာ ဖခင်ဖြစ်သူရဟန်း ဘောင်သို့ ကူးပြောင်းသွားပြီး ကွယ်လွန်သွားသဖြင့် ရဟန်းဘောင်မဝင်မီ ၎င်းပိုင်ဆိုင်သော ပစ္စည်းများကို သားသမီးတို့က အမွေရခွင့်ရှိသည်လို့ ဆုံးဖြတ်ထားတာတွေ့ရပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း ရဟန်းဘဝနဲ့ ကွယ်လွန်သွားတဲ့ ဖခင်အမည်ပေါက် မြေကွက်ကို ညီအစ် ကိုနှစ်ဦးလုံးက သားအဖြစ် အမွေ ဆက်ခံခွင့်ရှိမှာ ဖြစ်ပါတယ်''

''အိမ်ကတော့ အစ်ကိုဖြစ်သူက ဆောက်ထားတယ်ဆိုတော့ အိမ်တန်ဖိုးနုတ်ပြီး၊ အမွေခွဲဝေရင် ဖြစ်နိုင်တာပေါ့နော်''

''အိမ် မြေ အကျိုးဆောင် အမျိုးသမီးမှတစ်ဆင့် ညှိနှိုင်းလို့ အဆင်ပြေရင်တော့ ဝယ်လိုက်ပါ သူငယ်ချင်း'' ဟု အကြံပေးဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ရဟန္းေဘာင္သို႔ ကူးေျပာင္းသြားသည့္သူ၏ ေျမႏွင့္အိမ္ကို ၀ယ္မည္ဆိုလွ်င္

စာေရးသူ ႐ုံးခန္းသုိ႔ ေရာက္ သည့္အခါ မိတ္ေဆြတစ္ဦးေရာက္ႏွင့္ေနပါသည္။

''လာဗ်ာ။ ဦးတင္ျမင့္ မေတြ႔တာ အေတာ္ၾကာၿပီ''

စာေရးသူက ႏႈတ္ဆက္စကား ေျပာလုိက္ပါသည္။

''အိမ္ ၿခံ ေျမ ကိစၥ ေဆြးေႏြးခ်င္လုိ႔''

''အိမ္ ေျမ ဝယ္မယ္ စိတ္ကူးထားတာရွိလုိ႔လား''

''ဟုတ္တယ္။ သြားၾကည့္ေတာ့လည္း အဆင္ေျပတယ္''

''ဘာအခက္အခဲရွိေနလုိ႔လဲ။ ဂရန္ေျမပဲလား။ အမည္ေပါက္ကုိယ္ တုိင္ ေရာင္းမွာပဲ မဟုတ္လား''

''ဂရန္ေျမျဖစ္ၿပီး အမည္ေပါက္က ဖခင္အမည္ေပါက္ျဖစ္ေနတယ္။အိမ္ အက်ဳိးေဆာင္ေျပာတာေတာ့ ဖခင္ကြယ္လြန္သြားၿပီျဖစ္လုိ႔ သားျဖစ္သူက ေရာင္းတယ္လုိ႔ ေျပာပါတယ္''

''သားသမီး က်န္ခဲ့တာ ဘယ္ႏွေယာက္ရွိလဲ''

''အစကေတာ့ အခုေရာင္းမယ့္ သားတစ္ေယာက္တည္းလုိ႔ ေျပာတယ္''

''အခုေနာက္ပိုင္း ကန္႔ကြက္သူ ေပၚလာလုိ႔လား''

''စရန္ေငြေပးမယ့္ေန႔က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ ကန္႔ကြက္စာတင္ထားတယ္ဆုိၿပီး အိမ္အက်ဳိး ေဆာင္အမ်ဳိးသမီး ဖုန္းဆက္လာတယ္''

''သူငယ္ခ်င္းက သက္ဆုိင္ရာ ရပ္ကြက္႐ုံးမွာသြားမစုံစမ္းဘူးလား''

''သြားစုံစမ္းပါတယ္''

''ထူးျခားခ်က္က ဘာျဖစ္လာသလဲ''

''သားတစ္ေယာက္က ကန္႔ကြက္ထားတယ္လုိ႔ ေျပာတယ္''

''ဘယ္လုိျဖစ္ၿပီး သားတစ္ေယာက္က ေပၚလာျပန္သလဲ''

''ဒီေျမကြက္က မိဘလက္ထက္ ပုိင္ေျမကြက္ျဖစ္တယ္။ မိခင္ကြယ္ လြန္သြားၿပီး အခုကန္႔ကြက္တဲ့ သားကလည္း အိမ္ေထာင္က်လုိ႔ အိမ္ခြဲေနတယ္။ ဖခင္နဲ႔အတူေန သားက မူလအိမ္ကို ဖ်က္ၿပီး တုိက္ေဆာက္ လုိက္တယ္''

''ဒါေၾကာင့္ သူ႔အိမ္ဆုိၿပီး ေရာင္းတဲ့သေဘာေပါ့။ ဒါေပမယ့္ ေျမကြက္က ဖခင္အမည္ေပါက္ဆုိေတာ့ သားႏွစ္ေယာက္လုံးက အေမြဆက္ခံခြင့္ရွိတာပဲေလ။ အိမ္တန္ဖုိး သက္သက္ထားၿပီး ေရာင္းရင္ျဖစ္တာပဲ''

''အင္း-အစကေတာ့ ဒီလုိပဲ ယူဆမိတာေပါ့။ ေနာက္ပိုင္းက်မွ ဖခင္ျဖစ္သူက မကြယ္လြန္မီမွာ ရဟန္း ေဘာင္ကိုအၿပီးကူးေျပာင္းသြားတယ္''

''ကြယ္လြန္ေတာ့ ရဟန္းအျဖစ္နဲ႔ ပဲကြယ္လြန္တာလား''

''ဟုတ္တယ္။ ရဟန္းအျဖစ္နဲ႔ပဲ ကြယ္လြန္သြားတယ္။ အတူေနခဲ့တဲ့သားက ဖခင္အေနနဲ႔ ရဟန္းေဘာင္ အၿပီးကူးေျပာင္းသြားတာေၾကာင့္ ေျမကိုလည္း ပုိင္ဆုိင္ခြင့္မရွိေတာ့ဘူး။ ဒါေၾကာင့္ သားေတြက အေမြဆက္ခံ ခြင့္ မရွိဘူးဆုိၿပီးေျပာတယ္''

''လက္ရွိ အိမ္ေဆာက္ေနထုိင္သူက ေျမကို လက္ဝယ္ရခြင့္ရွိတဲ့ သေဘာ ေျပာတာျဖစ္မယ္''

''တရားစြဲဆုိတဲ့ အဆင့္မ်ဳိး ေရာက္မယ္ဆုိရင္ မဝယ္ေတာ့ဘူး ဆုံးျဖတ္ထားတယ္ သူငယ္ခ်င္း''

''ဒီအေျခအေနဆုိရင္ေတာ့ အိမ္ေထာင္ခြဲသြားတဲ့ သူက တရားရင္ဆုိင္ခ်င္ ရင္ဆုိင္လာႏုိင္တယ္လုိ႔ ေျပာရမယ္ သူငယ္ခ်င္း''

''ရဟန္းေဘာင္ကုိ အၿပီးကူးေျပာင္းသြားရင္ သူပုိင္ပစၥည္းေတြကို စြန္႔လႊတ္ရမယ္ဆိုတာ ျမန္မာ့ဓေလ့ ထုံးတမ္းမွာရွိတယ္လုိ႔ ေျပာတယ္။ အဲဒါဟုတ္ပါသလား''

''ျမန္မာ့ဓေလ့ ထုံးတမ္းဥပေဒအရဆုိရင္ေတာ့ လင္ေယာက်္ားက ရဟန္းေဘာင္သုိ႔ ကူးေျပာင္းသြားလွ်င္ လင္ခန္းမယားခန္း အလုိအေလ်ာက္ ျပတ္စဲၿပီးျဖစ္တယ္လုိ႔ ဆုိပါတယ္။ ရဟန္းေဘာင္သုိ႔ ကူးေျပာင္းတယ္ဆုိရာမွာ ဒုလႅဘရဟန္းမဟုတ္ဘဲ ရဟန္းေဘာင္သုိ႔ ကြယ္လြန္သည့္အထိ အၿပီးတုိင္ကူးေျပာင္းျခင္းကို ဆုိလုိတာျဖစ္တယ္။ တစ္ဆက္တည္း မွာပဲ ရဟန္းေဘာင္ဝင္သြားရင္ သူပုိင္ပစၥည္းမ်ားကုိ စြန္႔လႊတ္သြားရ တယ္ဆုိၿပီး ဆုံးျဖတ္ထားတဲ့ တရားစီ ရင္ထုံးေတြရွိတယ္''

''ဒါဆုိရင္ အခုေရာင္းမယ္ဆုိတဲ့ေျမကြက္က ဖခင္အမည္ေပါက္ျဖစ္ေပမယ့္ ရဟန္းဘဝကူးေျပာင္းသြား လုိ႔ ဖခင္မပိုင္ေတာ့ဘူးဆုိတဲ့ သေဘာလား''

''ဒီေနရာမွာ အဓိပၸာယ္လြဲမွား ေနၾကတာရွိတယ္။ လူတစ္ေယာက္ ရဟန္းျပဳသြားရင္ လူအျဖစ္နဲ႔ ပုိင္ဆုိင္ခဲ့တဲ့ ပစၥည္းမ်ားအေပၚ ပုိင္ဆုိင္ခြင့္ မရွိေတာ့ဘူးဆုိတာေတာ့ ဥပေဒအရ မွန္ကန္ပါတယ္။ ဒါေပမယ့္ ရဟန္းျပဳသြားတဲ့သူ ပုိင္ဆုိင္တဲ့ပစၥည္းကုိ အေမြဆက္ခံခြင့္မရွိလုိ႔ေတာ့ ဥပေဒက ပိတ္ပင္မထားဘူး''

''ဒါဆုိရင္ အေမြဆက္ခံခြင့္ ရွိတယ္ေပါ့''

''မွန္ပါတယ္။ လင္ျဖစ္သူ ရဟန္းေဘာင္သို႔အၿပီးကူးေျပာင္းသြားတဲ့အတြက္ လင္မယားပူးတြဲပုိင္ ပစၥည္းအေပၚ ဇနီးျဖစ္သူက အေမြ ဆက္ခံခြင့္ရွိသြားမွာ ျဖစ္ပါတယ္''

''ဒါဆုိရင္ အခုကိစၥမွာလည္း အိမ္ေထာင္ခြဲသားျဖစ္သူက အေမြ ဆက္ခံခြင့္ရွိမွာေပါ့''

''ဟုတ္ပါတယ္။ သူငယ္ခ်င္းကုိ ရွင္းေအာင္ေျပာရရင္ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးျမေရႊႏွင့္ ဦးသာထြန္း၊ ၁၉၉၂ ခုႏွစ္၊ ျမန္မာ ႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ - ၁၁၅ အမႈမွာ ဖခင္ျဖစ္သူရဟန္း ေဘာင္သို႔ ကူးေျပာင္းသြားၿပီး ကြယ္လြန္သြားသျဖင့္ ရဟန္းေဘာင္မဝင္မီ ၄င္းပုိင္ဆုိင္ေသာ ပစၥည္းမ်ားကုိ သားသမီးတုိ႔က အေမြရခြင့္ရွိသည္လုိ႔ ဆုံးျဖတ္ထားတာေတြ႔ရပါတယ္။ ဒါေၾကာင့္ ယခုကိစၥမွာလည္း ရဟန္းဘဝနဲ႔ ကြယ္လြန္သြားတဲ့ ဖခင္အမည္ေပါက္ ေျမကြက္ကို ညီအစ္ ကုိႏွစ္ဦးလုံးက သားအျဖစ္ အေမြ ဆက္ခံခြင့္ရွိမွာ ျဖစ္ပါတယ္''

''အိမ္ကေတာ့ အစ္ကုိျဖစ္သူက ေဆာက္ထားတယ္ဆုိေတာ့ အိမ္တန္ဖုိးႏုတ္ၿပီး၊ အေမြခြဲေဝရင္ ျဖစ္ႏုိင္တာေပါ့ေနာ္''

''အိမ္ ေျမ အက်ဳိးေဆာင္ အမ်ဳိးသမီးမွတစ္ဆင့္ ညိႇႏႈိင္းလုိ႔ အဆင္ေျပရင္ေတာ့ ဝယ္လုိက္ပါ သူငယ္ခ်င္း'' ဟု အႀကံေပးေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။...
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။...
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
ဧရာမကျောက်တုံးကြီးတွေအောက် ထူးခြားစွာလှပနေတဲ့ စပိန်နိုင်ငံက ဖြူလွှလွှတကိုယ်တော်မြို့လေး Setenil de las Bodegas...
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ
မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်
မီးဖိုချောင်က အနံ့ဆိုးတွေကို ဒါလေးတွေသုံးပြီး ဖယ်ရှားကြမယ်
ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း...
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း...
အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ...
အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆောက်လုပ်ရေး လုပ်ငန်းများ အခမဲ့ လုပ်ဆောင်ပေးသော ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးကို ဒေသခံတို့က ဘုရားသခင် စေလွှတ်လိုက်သူဟု တင်စားချီးကျူးလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
Pan Swal Taw
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service