ငှားရမ်းခြင်းနှင့်ပတ်သတ်သည့် အိမ်ရှင်၊ အိမ်ငှား ပြသာနာ

ငှားရမ်းခြင်းနှင့်ပတ်သတ်သည့် အိမ်ရှင်၊ အိမ်ငှား ပြသာနာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2020 12:42 pm တွင် တင်ခဲ့သည်
1485 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ရှင်၊ အိမ်ငှားကိစ္စများတွင် နေရာဒေသပေါ်မူတည်၍ အကျုံးဝင်သက်ဆိုင်သည့် ဥပဒေကွဲပြား ပါသည်။ မြို့ပြဒေသနှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀ပြည့်နှစ်၊ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့်အကျုံးမဝင်သောဒေသတွင် ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနှင့်သက်ဆိုင်ပါသည်။

သာမန်အားဖြင့် လအလိုက် (သို့မဟုတ်) နှစ်အလိုက်ငှားရမ်းခြင်းတို့ကို အိမ်ရှင်နှင့်အိမ်ငှားတို့က အိမ်ငှားပဋိညာဉ်စာချုပ်ကိုချုပ်ဆို၍ ဆောင်ရွက်ကြပါသည်။

အိမ်ငှားသေဆုံးသွားပါက သေဆုံးသူ အိမ်ငှား၏တရားဝင်ကိုယ်စားလှယ်မှာ အိမ်ငှားဟု ဥပဒေက အသိအမှတ်ပြုသည်။အိမ်ငှားသေဆုံးသွားပါက အိမ်ငှားနှင့်အတူနေသော အမွေစား၊ အမွေခံတို့သည် ဥပဒေအရ တရားဝင်အိမ်ငှား ဖြစ်သွားပါသည်။

ငှားရမ်းခြင်းကို ရပ်စဲလိုပါက ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ ပုဒ်မ-၁၀၆အရ ငှားရမ်းသူကဖြစ်စေ၊ ငှားယူသူကဖြစ်စေ ငှားရမ်းကာလမကုန်ဆုံးမီ (၁၅)ရက် ကြိုတင်အကြောင်းကြားခြင်းဖြင့် ငှားရမ်းခြင်းကို အဆုံးသတ်နိုင်သည်။ အကြောင်းကြားစာကို စာဖြင့်ရေးသားလျက် ပေးပို့သူကလက်မှတ်ရေးထိုးပြီး အကြောင်းကြားစာကိုလိုက်နာရမည့်သူထံ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးသို့ဖြစ်စေ၊ အငှားချထားသောပစ္စည်း၏ မြင်သာသောနေရာ၌ အကြောင်းကြားစာကိုကပ်ထားခြင်းဖြင့် ပေးပို့နိုင်သည်။

အိမ်ရှင်ရရန်ရှိသော ငှားရမ်းခများအနက် ကာလစည်းကမ်းသတ်ဥပဒေအရ (၃) နစ်ကျော်လွန်သောငှားရမ်းခများကိုတောင်းဆိုခွင့် ဆုံးရှုံးသွားပြီးဖြစ်၍ တောင်းခံနိုင်ခွင့်မရှိပါ။

မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ-၁၂(၁)(ဃ)အရ အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်းပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါသည်။ အိမ်မီးလောင်သွားသော်လည်းအိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို စွန့်လွှတ်ခြင်းမရှိပါက သက်ဆိုင်ရာတို့ကလည်း မီးလောင်မြေကို ပြန်လည်ချထားပေးရာတွင် နေထိုင်ခွင့်ပြုရမည်ဖြစ်ပါသည်။ အိမ်ရှင်က မီးလောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး အိမ်ငှားအား လက်မဲ့ဖြစ်စေရန် ဆောင်ရွက်နိုင်ခွင့်မရှိပါ။

မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ-၁၂(၁)(င)အရ အိမ်ကိုပြန်လည်ဆောက်လုပ်ရန် အကြောင်းပြချက်ပေးပြီး အိမ်ငှားက ဖယ်ရှားပေးရန် တရားရုံးက ဒီကရီချမှတ်ပေးသည့် အမှုတွင် အိမ်ကိုတရားရုံးက သတ်မှတ်ပေးသည့်ကာလအတွင်း အိမ်သစ်ကို အိမ်ရှင်က အပြီးဆောက်လုပ်ရပါမည်။ အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအားပြန်တင်ပေးရပါမည်။ အိမ်ငှားအား ပြန်မတင်ပါက တရားရုံးက ဒီကရီအရ မလွှဲမသွေ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုရမည့်အပြင် ခံဝန်ချုပ်ပယ်ဖျက်မှုအရ ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်က ပေးလျော်စေရမည်ဟု အမိန့်ချမှတ်ရပါမည်။

အိမ်ရှင်အိမ်ငှားစာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု အတိအလင်းပါရှိသည့် ကိစ္စတွင် အိမ်ငှားသည် တစ်ဆင့်ခံ အိမ်ငှားချထားပါက အိမ်ရှင်သည်အိမ်ငှားအပေါ် အိမ်ငှား စာချုပ်ပါ စည်းကမ်းချက်ဖောက်ဖျက်မှုအရ အိမ်ငှားနှင့်လိုမှုစွဲဆိုနိုင်ခွင့်ရှိပါသည်။

ကြွေးကျန်အိမ်ငှားခများရလိုမှုအရ အိမ်ငှားအပေါ်စွဲဆိုသည့် အိမ်ငှားနှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိ သော ငှားရမ်းခကြွေးကျန်များကို အမှုအတွင်းဖြစ်စေ၊ တရားရုံးကသတ်မှတ်ပေးသည့် ကာလအတွင်း အပြေအကျေပေးသွင်းပါက အိမ်ငှားရမ်းအားဖယ်ရှားခြင်းမပြုနိုင်ပါ။

၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၁၅(၁) အရ ဒီကရီအရ အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျပေးဆောင်ခြင်းပြုရန် တရားရုံးတွင် လျှောက်ထားနိုင်ခွင့်ရှိပါသည်။ တရားရုံးကလည်း အရစ်သတ်မှတ်ပေးပြီးပေးသွင်းရမည်ဟု အမိန့်ချမှတ်နိုင်ခွင့်ရှိပါသည်။ တရားရုံးက အရစ်ကျပေးဆပ်ရန် သတ်မှတ်ပေးသည့် အမိန့်ကိုအိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှဖယ်ရှားပေးရန် တရားရုံးကဆောင်ရွက်ပေးရပါမည်။

ငှားရမ်းခြင်းသက်တမ်းကုန်ဆုံးပြီးနောက် အိမ်ငှားကဖယ်ရှားမပေးဘဲ ဆက်လက်နေထိုင်ပါက ကျုးကျော်နေထိုင်သူဟု မသတ်မှတ်နိုင်ပါ။ အချို့အမှုတွင် ငှားရမ်းခြင်းကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှားမပေးသဖြင့် နှစ်ဘက်ညှိနှိုင်းရာ (၆)လ သို့မဟုတ် (၁) နှစ်အခွင့်အမိန့်ဖြင့် နေထိုင်ခွင့်ပြုသည့်ကတိစာချုပ်ကိုချုပ်ဆိုသည့်တိုင်အောင် အိမ်ငှားဟုဆိုရပါမည်။ ထိုသို့ (၆)လ၊ (၁) နှစ် အခွင့်အမိန့်ဖြင့် နေထိုင်ခွင့်ပြုသည့် ကတိစာချုပ်ကို ချုပ်ဆိုသည့်တိုင်အောင် အိမ်ငှားဟုဆိုရပါမည်။ ထိုသို့ (၆)လ၊ (၁)နှစ် အခွင့်အမိန့်ဖြင့် နေထိုင်ခွင့်ပြုပြီးနောက် အိမ်ငှားက ဖယ်ရှားမပေးပါက အခွင့်အမိန့်ဖြင့် ဖယ်ရှားပေးစေလိုမှုမစွဲဆိုနိုင်အိမ်ငှားအားဖယ်ရှားပေးစေလိုမှုသာ စွဲဆိုရမည်ဖြစ်သည်။

အိမ်ငှားအား ဖယ်ရှားပေးစေလိုမှုစွဲဆိုရာတွင် ကာလစည်းကမ်းသတ်ဥပဒေအရ အိမ်ရှင်၊ အိမ်ငှား ဆက်နွယ်မှုပြီးဆုံးသော ငှားရမ်းကာလစေ့လျှောက်သည့်အချိန်မှ (၁၂)နှစ်အတွင်းတရားစွဲဆိုရမည်။ (၁၂)နှစ် ကျော်လွန်ပါက တရားစွဲဆိုပိုင်ခွင့်မရှိတော့ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ငွားရမ္းျခင္းႏွင့္ပတ္သတ္သည့္ အိမ္ရွင္၊ အိမ္ငွား ျပသာနာ

အိမ္ရွင္၊ အိမ္ငွားကိစၥမ်ားတြင္ ေနရာေဒသေပၚမူတည္၍ အက်ံုးဝင္သက္ဆိုင္သည့္ ဥပေဒကြဲျပား ပါသည္။ ၿမိဳ႕ျပေဒသႏွင္႔သက္ဆုိင္ေသာ ေနရာေဒသမွ အိမ္ငွား၊ ေျမငွား ကိစၥရပ္တုိ႔မွာ ၁၉၆၀ျပည့္ႏွစ္၊ ငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒႏွင္႔ အက်ဳံးဝင္သက္ဆုိင္ပါသည္။ ၿမိဳ႕ျပေဒသႏွင္႔အက်ဳံးမဝင္ေသာေဒသတြင္ ငွားရမ္းျခင္းျဖစ္ပါက ပစၥည္းလႊဲေျပာင္းျခင္းဥပေဒႏွင့္သက္ဆုိင္ပါသည္။

သာမန္အားျဖင္႔ လအလုိက္ (သုိ႔မဟုတ္) ႏွစ္အလုိက္ငွားရမ္းျခင္းတုိ႔ကုိ အိမ္ရွင္ႏွင္႔အိမ္ငွားတုိ႔က အိမ္ငွားပဋိညာဥ္စာခ်ဳပ္ကုိခ်ဳပ္ဆုိ၍ ေဆာင္ရြက္ၾကပါသည္။

အိမ္ငွားေသဆုံးသြားပါက ေသဆုံးသူ အိမ္ငွား၏တရားဝင္ကိုယ္စားလွယ္မွာ အိမ္ငွားဟု ဥပေဒက အသိအမွတ္ျပဳသည္။အိမ္ငွားေသဆုံးသြားပါက အိမ္ငွားႏွင္႔အတူေနေသာ အေမြစား၊ အေမြခံတု႔ိသည္ ဥပေဒအရ တရားဝင္အိမ္ငွား ျဖစ္သြားပါသည္။

ငွားရမ္းျခင္းကို ရပ္စဲလိုပါက ပစၥည္းလႊဲေျပာင္းျခင္းအက္ဥပေဒ ပုဒ္မ-၁၀၆အရ ငွားရမ္းသူကျဖစ္ေစ၊ ငွားယူသူကျဖစ္ေစ ငွားရမ္းကာလမကုန္ဆံုးမီ (၁၅)ရက္ ႀကိဳတင္အေၾကာင္းၾကားျခင္းျဖင့္ ငွားရမ္းျခင္းကို အဆံုးသတ္ႏိုင္သည္။ အေၾကာင္းၾကားစာကို စာျဖင့္ေရးသားလ်က္ ေပးပို႔သူကလက္မွတ္ေရးထိုးၿပီး အေၾကာင္းၾကားစာကိုလိုက္နာရမည့္သူထံ စာတိုက္မွျဖစ္ေစ၊ လူကိုယ္တုိင္ျဖစ္ေစ၊ မိသားစုဝင္တစ္ဦးဦးသို႔ျဖစ္ေစ၊ အငွားခ်ထားေသာပစၥည္း၏ ျမင္သာေသာေနရာ၌ အေၾကာင္းၾကားစာကိုကပ္ထားျခင္းျဖင့္ ေပးပို႔ႏိုင္သည္။

အိမ္ရွင္ရရန္ရွိေသာ ငွားရမ္းခမ်ားအနက္ ကာလစည္းကမ္းသတ္ဥပေဒအရ (၃) နစ္ေက်ာ္လြန္ေသာငွားရမ္းခမ်ားကုိေတာင္းဆုိခြင့္ ဆုံးရႈံးသြားၿပီးျဖစ္၍ ေတာင္းခံနုိင္ခြင့္မရွိပါ။

ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒ ပုဒ္မ-၁၂(၁)(ဃ)အရ အိမ္ငွားျခင္းဟု ဆုိရာတြင္ အိမ္ေဆာက္ထားေသာ ေျမႀကီးလည္းပါဝင္သည္ဟု စီရင္ထုံးမ်ားက ညႊန္ျပထားပါသည္။ အိမ္မီးေလာင္သြားေသာ္လည္းအိမ္ငွားက ယင္း၏ အိမ္ငွားအက်ဳိးခံစားခြင္႔ကုိ စြန္႔လႊတ္ျခင္းမရွိပါက သက္ဆုိင္ရာတုိ႔ကလည္း မီးေလာင္ေျမကုိ ျပန္လည္ခ်ထားေပးရာတြင္ ေနထုိင္ခြင္႔ျပဳရမည္ျဖစ္ပါသည္။ အိမ္ရွင္က မီးေလာင္ေျမေပၚတြင္ အိမ္ျပန္ေဆာက္ၿပီး အိမ္ငွားအား လက္မဲ႔ျဖစ္ေစရန္ ေဆာင္ရြက္ႏုိင္ခြင္႔မရွိပါ။

ၿမိဳ႕ျပဆိုင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒ ပုဒ္မ-၁၂(၁)(င)အရ အိမ္ကုိျပန္လည္ေဆာက္လုပ္ရန္ အေၾကာင္းျပခ်က္ေပးၿပီး အိမ္ငွားက ဖယ္ရွားေပးရန္ တရားရုံးက ဒီကရီခ်မွတ္ေပးသည္႔ အမႈတြင္ အိမ္ကုိတရားရုံးက သတ္မွတ္ေပးသည္႔ကာလအတြင္း အိမ္သစ္ကုိ အိမ္ရွင္က အၿပီးေဆာက္လုပ္ရပါမည္။ အိမ္ေဆာက္ၿပီးပါက ခံဝန္ခ်ဳပ္ပါအတုိင္း အိမ္ငွားအားျပန္တင္ေပးရပါမည္။ အိမ္ငွားအား ျပန္မတင္ပါက တရားရုံးက ဒီကရီအရ မလႊဲမေသြ ျပန္လည္ဝင္ေရာက္ ေနထုိင္ခြင္႔ျပဳရမည္႔အျပင္ ခံဝန္ခ်ဳပ္ပယ္ဖ်က္မႈအရ ခံဝန္ခ်ဳပ္ပါ ေငြသားကုိ အိမ္ရွင္က ေပးေလ်ာ္ေစရမည္ဟု အမိန္႔ခ်မွတ္ရပါမည္။

အိမ္ရွင္အိမ္ငွားစာခ်ဳပ္တြင္ တစ္ဆင္႔ခံ အိမ္ငွားခ်ထားခြင္႔ မျပဳဟု အတိအလင္းပါရွိသည္႔ ကိစၥတြင္ အိမ္ငွားသည္ တစ္ဆင္႔ခံ အိမ္ငွားခ်ထားပါက အိမ္ရွင္သည္အိမ္ငွားအေပၚ အိမ္ငွား စာခ်ဳပ္ပါ စည္းကမ္းခ်က္ေဖာက္ဖ်က္မႈအရ အိမ္ငွားႏွင္႔လုိမႈစြဲဆုိႏုိင္ခြင္႔ရွိပါသည္။

ေၾကြးက်န္အိမ္ငွားခမ်ားရလုိမႈအရ အိမ္ငွားအေပၚစြဲဆုိသည္႔ အိမ္ငွားႏွင္လုိမႈတြင္ အိမ္ငွားက ေပးရန္ရွိ ေသာ ငွားရမ္းခေၾကြးက်န္မ်ားကုိ အမႈအတြင္းျဖစ္ေစ၊ တရားရုံးကသတ္မွတ္ေပးသည္႔ ကာလအတြင္း အေျပအေက်ေပးသြင္းပါက အိမ္ငွားရမ္းအားဖယ္ရွားျခင္းမျပဳႏုိင္ပါ။

၁၉၆၀ ျပည္႔ႏွစ္၊ ၿမိဳ႕ျပဆုိင္ရာငွားရမ္းခႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ-၁၅(၁) အရ ဒီကရီအရ အိမ္ငွားက ေပးရန္ရွိေသာ ငွားရမ္းခမ်ားကို အရစ္က်ေပးေဆာင္ျခင္းျပဳရန္ တရားရုံးတြင္ ေလွ်ာက္ထားႏုိင္ခြင္႔ရွိပါသည္။ တရားရုံးကလည္း အရစ္သတ္မွတ္ေပးၿပီးေပးသြင္းရမည္ဟု အမိန္႔ခ်မွတ္ႏုိင္ခြင္႔ရွိပါသည္။ တရားရုံးက အရစ္က်ေပးဆပ္ရန္ သတ္မွတ္ေပးသည္႔ အမိန္႔ကုိအိမ္ငွားက ေဖာက္ဖ်က္ပါက အိမ္မွဖယ္ရွားေပးရန္ တရားရုံးကေဆာင္ရြက္ေပးရပါမည္။

ငွားရမ္းျခင္းသက္တမ္းကုန္ဆုံးၿပီးေနာက္ အိမ္ငွားကဖယ္ရွားမေပးဘဲ ဆက္လက္ေနထုိင္ပါက က်ဳးေက်ာ္ေနထုိင္သူဟု မသတ္မွတ္ႏုိင္ပါ။ အခ်ဳိ႕အမႈတြင္ ငွားရမ္းျခင္းကုန္ဆုံးသျဖင္႔ အိမ္ငွားက ဖယ္ရွားမေပးသျဖင္႔ ႏွစ္ဘက္ညွိႏႈိင္းရာ (၆)လ သုိ႔မဟုတ္ (၁) ႏွစ္အခြင့္အမိန္႔ျဖင့္ ေနထုိင္ခြင့္ျပဳသည္႔ကတိစာခ်ဳပ္ကုိခ်ဳပ္ဆုိသည္႔တုိင္ေအာင္ အိမ္ငွားဟုဆုိရပါမည္။ ထုိသုိ႔ (၆)လ၊ (၁) ႏွစ္ အခြင့္အမိန္႔ျဖင္႔ ေနထုိင္ခြင့္ျပဳသည္႔ ကတိစာခ်ဳပ္ကုိ ခ်ဳပ္ဆုိသည္႔တုိင္ေအာင္ အိမ္ငွားဟုဆုိရပါမည္။ ထုိသုိ႔ (၆)လ၊ (၁)ႏွစ္ အခြင့္အမိန္႔ျဖင့္ ေနထုိင္ခြင္႔ျပဳၿပီးေနာက္ အိမ္ငွားက ဖယ္ရွားမေပးပါက အခြင့္အမိန္႔ျဖင့္ ဖယ္ရွားေပးေစလုိမႈမစြဲဆုိႏုိင္အိမ္ငွားအားဖယ္ရွားေပးေစလုိမႈသာ စြဲဆိုရမည္ျဖစ္သည္။

အိမ္ငွားအား ဖယ္ရွားေပးေစလိုမႈစြဲဆိုရာတြင္ ကာလစည္းကမ္းသတ္ဥပေဒအရ အိမ္ရွင္၊ အိမ္ငွား ဆက္ႏြယ္မႈၿပီးဆံုးေသာ ငွားရမ္းကာလေစ့ေလွ်ာက္သည့္အခ်ိန္မွ (၁၂)ႏွစ္အတြင္းတရားစြဲဆိုရမည္။ (၁၂)ႏွစ္ ေက်ာ္လြန္ပါက တရားစြဲဆိုပိုင္ခြင့္မရွိေတာ့ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service