Covid-19 ကာကွယ်ဆေးရောင်းချပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရုရှားကို တောင်းဆို

Covid-19 ကာကွယ်ဆေးရောင်းချပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရုရှားကို တောင်းဆို - Property News in Myanmar from iMyanmarHouse.com
27 Sep 2020 11:34 am တွင် တင်ခဲ့သည်
768 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က လာမည့်လတွင် ပြည်သူများကို အလုံးအရင်းကာကွယ်ဆေးထိုးပေးမည်ဟု ကြေညာလိုက်ပြီးနောက် Covid-19 ကာကွယ်ဆေးရောင်းချပေးပါရန် ရုရှားကို တောင်းဆိုလိုက်သည်ဟု ဆိုသည်။

တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ကမ္ဘောဒီးယားဆိုင်ရာ ရုရှားသံအမတ်သစ်နှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြသည်။

ဖေ့စ်ဘုတ်ပို့စ်တွင် ဝန်ကြီးချုပ်ဟွန်ဆန်က ရုရှား၏ ကာကွယ်ဆေးထုတ်လုပ်နေမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။ အဆိုပါ ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ကမ္ဘာကြီးအား အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ဟွန်ဆန်က ရေးသားထားသည်။

ထိုသို့တွေ့ဆုံစဉ်တွင် ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရန်အတွက် ရုရှားမှ Covid-19 ကာကွယ်ဆေး ထောက်ပံ့ပေးပါရန် တောင်းဆိုခဲ့သည်ဟု ဖေ့စ်ဘုတ်ပို့စ်တွင် ဖော်ပြသည်။

ကာကွယ်ဆေးစမ်းသပ်မှုများ ပြုလုပ်နေပြီး ၂ လပင် မကြာသေးသော သြဂုတ်လလယ်ပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားသည် Sputnik V ဟု အမည်ပေးထားသော Covid-19 ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ရုရှားနိုင်ငံအတွင်း အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ရုရှားတွင် လာမည့်လအတွင်း ပြည်သူများကို ကာကွယ်ဆေးထိုးပေးရန် စီစဉ်လျက် ရှိသည်။

သို့သော် အဆိုပါကာကွယ်ဆေး၏ စမ်းသပ်မှုကာလမှာ တိုတောင်းလှသည့်အတွက် ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့် စပ်လျဉ်းပြီး ကျွမ်းကျင်ပညာရှင်အချို့က ရတက်မအေး ဖြစ်နေကြသည်။

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အော်ဗန်ဒိုင်းက ကမ္ဘောဒီးယားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က အသိအမှတ်ပြုကာ အတည်ပြုပေးထားသည့် မည်သည့်နိုင်ငံမှ Covid-19 ကာကွယ်ဆေးမဆိုကိုသာ ရယူသွားမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားခဲ့ဖူးသည်။ ရုရှားသံအမတ်နှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်ဟွန်ဆန်က အတိတ်ကာလက ရုရှားအစိုးရနှင့် ပြည်သူတို့က ကမ္ဘောဒီးယားအပေါ် ကူညီခဲ့ပုံများကို ပြန်ပြောင်းပြောကြားခဲ့သည်။

၁၉၈၀ ပြည့်လွန်ကာလများအတွင်း ပိုပေါ့အစိုးရလက်ထက် ဖြစ်ပေါ်ခဲ့သော အကျပ်အတည်းတွင် ရုရှားက ကူညီခဲ့ပုံကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကမ္ဘောဒီးယားကို တရားဝင်အသိအမှတ်ပြုသည့်နိုင်ငံ အလွန်နည်းပါးသည်။

ကမ္ဘောဒီးယားသည် ငြိမ်းချမ်း၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုလမ်းကြောင်းသို့ ချီတက်ရာတွင် ရုရှား၏ ကူညီခဲ့မှုသည် အဓိကအားတစ်ရပ်ဖြစ်ခဲ့ ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် ရုရှားအကြား ဆက်ဆံရေးကောင်း ရှိခဲ့သည်မှာ ၆၄ နှစ်ရှိပြီဖြစ်ပြီး လာမည့်နှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၆၅ နှစ် ပြည့်မည့်နှစ်လည်းဖြစ်ကြောင်း ဟွန်ဆန်က ထည့်သွင်းပြောကြားသည်။

ကမ္ဘောဒီးယားဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားရာတွင် မိမိ၏ ကမ္ဘောဒီးယား သံတမန်ရေး တာဝန်ထမ်းဆောင်မှုတွင် နှစ်နိုင်ငံ၏ ရှိရင်းစွဲ မိတ်သင်္ဂဟစည်းနှောင်မှုများကို ပိုမိုခိုင်မာလာစေရန် အကောင်းဆုံးကြိုးစားမည်ဖြစ်ကြောင်း ပြောကြားသည်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် လူ့အရင်းအမြစ်၊ စီးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် သံတမန်ရေးတို့အတွက် ကူညီသွားမည်ဟု ကတိပြုခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: PM requests Russia’s Covid vaccine (Phnompenh Post)

 

[Zawgyi]

Covid-19 ကာကြယ္ေဆးေရာင္းခ်ေပးရန္ ကေမၻာဒီးယားဝန္ၾကီးခ်ဳပ္က ရုရွားကို ေတာင္းဆို

ကေမၻာဒီးယားဝန္ၾကီးခ်ဳပ္ ဟြန္ဆန္က လာမည့္လတြင္ ျပည္သူမ်ားကို အလံုးအရင္းကာကြယ္ေဆးထိုးေပးမည္ဟု ေၾကညာလိုက္ျပီးေနာက္ Covid-19 ကာကြယ္ေဆးေရာင္းခ်ေပးပါရန္ ရုရွားကို ေတာင္းဆိုလုိက္သည္ဟု ဆိုသည္။

တာဝန္ထမ္းေဆာင္ရန္ ေရာက္ရွိလာသည့္ ကေမၻာဒီးယားဆိုင္ရာ ရုရွားသံအမတ္သစ္ႏွင့္ ေတြ႔ဆံုရာတြင္ ဝန္ၾကီးခ်ဳပ္က ထိုသို႔ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္ဟု ဝန္ၾကီးခ်ဳပ္၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ ေဖာ္ျပသည္။

ေဖ့စ္ဘုတ္ပို႔စ္တြင္ ဝန္ၾကီးခ်ဳပ္ဟြန္ဆန္က ရုရွား၏ ကာကြယ္ေဆးထုတ္လုပ္ေနမႈအေပၚ ခ်ီးက်ဴးဂုဏ္ျပဳခဲ့သည္။ အဆိုပါ ကာကြယ္ေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ ကမၻာၾကီးအား အေထာက္အကူျပဳလိမ့္မည္ျဖစ္ေၾကာင္း ဟြန္ဆန္က ေရးသားထားသည္။

ထိုသို႔ေတြ႔ဆံုစဥ္တြင္ ဝန္ၾကီးခ်ဳပ္က ကေမၻာဒီးယားႏိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရုရွားမွ Covid-19 ကာကြယ္ေဆး ေထာက္ပံ့ေပးပါရန္ ေတာင္းဆိုခဲ့သည္ဟု ေဖ့စ္ဘုတ္ပို႔စ္တြင္ ေဖာ္ျပသည္။

ကာကြယ္ေဆးစမ္းသပ္မႈမ်ား ျပဳလုပ္ေနျပီး ၂ လပင္ မၾကာေသးေသာ ၾသဂုတ္လလယ္ပိုင္းတြင္ ရုရွားသမၼတ ဗလာဒီမာ ပူတင္က ရုရွားသည္ Sputnik V ဟု အမည္ေပးထားေသာ Covid-19 ကာကြယ္ေဆးကို ထုတ္လုပ္ႏိုင္ခဲ့ျပီျဖစ္ျပီး ရုရွားႏိုင္ငံအတြင္း အသံုးျပဳရန္ ခြင့္ျပဳလိုက္ျပီျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ရုရွားတြင္ လာမည့္လအတြင္း ျပည္သူမ်ားကို ကာကြယ္ေဆးထုိးေပးရန္ စီစဥ္လ်က္ ရွိသည္။

သို႔ေသာ္ အဆိုပါကာကြယ္ေဆး၏ စမ္းသပ္မႈကာလမွာ တိုေတာင္းလွသည့္အတြက္ ကာကြယ္ေဆး၏ ေဘးကင္းမႈႏွင့္ စပ္လ်ဥ္းျပီး ကၽြမ္းက်င္ပညာရွင္အခ်ဳိ ႔က ရတက္မေအး ျဖစ္ေနၾကသည္။

ကေမၻာဒီးယား က်န္းမာေရးဝန္ၾကီးဌာန ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ေအာ္ဗန္ဒိုင္းက ကေမၻာဒီးယားသည္ ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က အသိအမွတ္ျပဳကာ အတည္ျပဳေပးထားသည့္ မည္သည့္ႏိုင္ငံမွ Covid-19 ကာကြယ္ေဆးမဆိုကိုသာ ရယူသြားမည္ျဖစ္ေၾကာင္း အတည္ျပဳထုတ္ျပန္ထားခဲ့ဖူးသည္။ ရုရွားသံအမတ္ႏွင့္ ေတြ႔ဆံုရာတြင္ ဝန္ၾကီးခ်ဳပ္ဟြန္ဆန္က အတိတ္ကာလက ရုရွားအစိုးရႏွင့္ ျပည္သူတို႔က ကေမၻာဒီးယားအေပၚ ကူညီခဲ့ပံုမ်ားကို ျပန္ေျပာင္းေျပာၾကားခဲ့သည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း ပိုေပါ့အစိုးရလက္ထက္ ျဖစ္ေပၚခဲ့ေသာ အက်ပ္အတည္းတြင္ ရုရွားက ကူညီခဲ့ပံုကို ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ထိုစဥ္က ကေမၻာဒီးယားကို တရားဝင္အသိအမွတ္ျပဳသည့္ႏိုင္ငံ အလြန္နည္းပါးသည္။

ကေမၻာဒီးယားသည္ ျငိမ္းခ်မ္း၊ တည္ျငိမ္မႈႏွင့္ ဖြံ႔ျဖိဳးမႈလမ္းေၾကာင္းသို႔ ခ်ီတက္ရာတြင္ ရုရွား၏ ကူညီခဲ့မႈသည္ အဓိကအားတစ္ရပ္ျဖစ္ခဲ့ ေၾကာင္း ဟြန္ဆန္က ေျပာၾကားခဲ့သည္။

ကေမၻာဒီးယားႏွင့္ ရုရွားအၾကား ဆက္ဆံေရးေကာင္း ရွိခဲ့သည္မွာ ၆၄ ႏွစ္ရွိျပီျဖစ္ျပီး လာမည့္ႏွစ္သည္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ၆၅ ႏွစ္ ျပည့္မည့္ႏွစ္လည္းျဖစ္ေၾကာင္း ဟြန္ဆန္က ထည့္သြင္းေျပာၾကားသည္။

ကေမၻာဒီးယားဆိုင္ရာ ရုရွားသံအမတ္ၾကီးက ေျပာၾကားရာတြင္ မိမိ၏ ကေမၻာဒီးယား သံတမန္ေရး တာဝန္ထမ္းေဆာင္မႈတြင္ ႏွစ္ႏိုင္ငံ၏ ရွိရင္းစြဲ မိတ္သဂၤဟစည္းေႏွာင္မႈမ်ားကို ပိုမိုခိုင္မာလာေစရန္ အေကာင္းဆံုးၾကိဳးစားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ႏွစ္ႏိုင္ငံအၾကား ပူးေပါင္းေဆာင္ရြက္မႈ၊ အထူးသျဖင့္ လူ႔အရင္းအျမစ္၊ စီးပြားေရး၊ ယဥ္ေက်းမႈဖလွယ္ျခင္းႏွင့္ သံတမန္ေရးတို႔အတြက္ ကူညီသြားမည္ဟု ကတိျပဳခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: PM requests Russia’s Covid vaccine (Phnompenh Post)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service