ပိုက်ဆုံ စုဆောင်းနိုင်မည့် နည်းလမ်း(၃)သွယ်

ပိုက်ဆုံ စုဆောင်းနိုင်မည့် နည်းလမ်း(၃)သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
26 Sep 2020 2:15 pm တွင် တင်ခဲ့သည်
1673 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဒီနေ့ခေတ်လူအတော်များများမှာ လစာထုပ်ပြီးတာနဲ့ ရလာတဲ့ လစာထဲက အနည်းအကျဉ်းကို စုချင်ကြတယ်။ ဒါပေမယ့် အမြဲမစုဖြစ်ဘူး။ ဘာဖြစ်လို့လဲ? လက်ထဲရောက်လာတာနဲ့ ပိုက်ဆံတွေက ဆီလိုအပေါက်ရှာပြီး ထွက်ချင်နေကြတယ်။ လက်ထဲမှာ ပိုက်ဆံမမြဲဘူး။ သုံးစရာတွေက အလိုလိုပေါ်လာတယ်။ လကုန်လိုက် လစာထုပ်လိုက်၊ စားသောက်လိုက်နဲ့ သံသရာလည်နေရတယ်။

ယနေ့ခေတ်မှာ ရေရှည်အနာဂါတ်အတွက် မဖြစ်မနေ ပိုက်ဆံစုဖို့ လိုအပ်နေပါပြီ။ ပိုက်ဆံရှိ ချမ်းသာတဲ့လူတွေအတွက် အဆင်ပြေပေမယ့် လခစားဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေ လစာထဲက နည်းနည်းစီစုထားဖို့လိုပါတယ်။ ယနေ့ခေတ်မှာ ငွေစုနိုင်မယ့် နည်းလမ်းတွေကို စာအမျိုးမျိုး ရေးကြသလို ၅၀၊ ၃၀၊ ၂၀ ဆိုတဲ့ နည်းလမ်းတွေကို အများအပြား ဖတ်ဖူးကြပေမယ့် တကယ့်တကယ်တော့ မစုဖြစ်ကြပြန်ပါဘူး။

လခစားဝန်ထမ်းတွေအနေနဲ့ ရုတ်တရက်များ ဖျားနာပြီး ဆေးရုံတတ်ရမယ်ဆိုရင်တော့ လက်ထဲ ဆေးရုံစားရိတ်ဆိုတာ မရှိနိုင်ပါဘူး။ အဲ့အချိန်ကျရင် ကျန်းမာရေးအတွက် ပူရသလို၊ ငွေကြေးအတွက်ပါ ပူရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စုဆောင်းဖို့လိုသလို၊ မိမိရဲ့ ဘဝရှေ့ရေးအတွက်ပါ စုဆောင်းထားဖို့လိုပါတယ်။

ဒီနေ့မှာတော့ မိမိရဲ့ ဝင်ငွေ ထွက်ငွေကို စိစစ်ပြီး မိမိရဲ့ လစာထဲမှာ အနည်းအကျဉ်းကို စုဖို့စဉ်းစားပေမယ့် ဘယ်လိုနေရာတွေမှာ စုထားရမလဲမသိဘူးဆိုသူတွေ၊ စုထားတယ်ဆိုပေမယ့် အလွယ်တကူ ထုပ်သုံးမိသူတွေအတွက် မိမိရဲ့ ပိုက်ဆံတွေ အလွယ်တကူထုပ်မသုံးဖြစ်မယ့်နေရာ(၃)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘဏ်မှာ Fixed Deposit အဖြစ် စုဆောင်းခြင်း

ဘဏ်မှာ မိမိအမည်နဲ့ စာအုပ်ဖွင့်ပြီး စုဆောင်းသင့်ပါတယ်။ လစာထုပ်ပြီးတာနဲ့ ဘဏ်သွားပြီး စုမယ့်ပိုက်ဆံကို မိမိအကောင့်ထဲ ထည့်စုထားသင့်ပါတယ်။ ဘဏ်မှာ စုတဲ့အခါ အလွယ်တကူမထုပ်မိအောင် မိမိနေတဲ့နေရာနဲ့ အနည်းငယ်ဝေးတဲ့ ဘဏ်ကို ရွေးချယ်စေချင်ပါတယ်။ ဒါမှသာ ဘဏ်ကို မကြာခဏ သွားမထုပ်နိုင်မှာဖြစ်သလို ATM Card နဲ့ Mobile Banking တွေမလုပ်ထားဘဲ စာအုပ်သီးသန့်သာလုပ်ထားပါ။ ATM Card လုပ်ထားပါက ဘဏ်သွားစရာမလိုဘဲ အလွယ်တကူ ထုပ်မိနေမှာဖြစ်ပြီး Mobile Banking လုပ်ထားရင်လည်း ဖုန်းဘေ နဲ့ တခြားနေရာတွေကို အလွယ်တကူ သုံးမိနေမှာဖြစ်ပါတယ်။ အဓိကကတော့ လစာရတဲ့ ဘဏ်အမျိုးအစား နဲ့ စုတဲ့ဘဏ် မတူလေ ပိုကောင်းလေပါပဲ။ အတိုးများတဲ့ ဘဏ်ကို ရွေးပါလေ.........

(၂) ရွှေတုံးလေးတွေ ဝယ်စုပါ

စုဆောင်းချင်တဲ့ ငွေလေးကို လက်ထဲမှာ သုံးမိသွားမှာစိုးရင် ရွှေတုံးလေးတွေ ဝယ်စုပါ။ ယနေ့ခေတ်မှာ ရွှေစုတာလည်း ခေတ်စားလာပါပြီ။ ရွှေဆိုင်အတော်အများမှာလည်း ငွေစုနိုင်ဖို့အတွက် နည်းလမ်းတစ်ခုဖြစ်တဲ့ ရွှေတုံးလေးတွေ ရောင်းပေးလာကြပါပြီ။ ငွေသားကိုင်ထားလို့ သုံးမိမှာစိုးရင် ရွှေတုံးဝယ်စုသင့်ပါတယ်။

(၃) အရှုံးမရှိမယ့် နေရာမှာ ရင်းနှီးမြှုပ်နှံပါ

ဒါကတော့ လက်ထဲ ငွေအနည်းငယ်စုမိဘဲ ဘဏ်မှာမစုချင်ဘဲ ရသလောက်လေးနဲ့ တိုးပွားအောင်လုပ်ချင်တဲ့သူတွေအတွက်ပါ။ လက်ထဲက စုဆောင်းမိတာလေးကို ထပ်လည်းတိုးပွားချင်တယ်။ ဘဏ်မှာလည်းမထားချင်ဘူး။ စီးပွားရေးလုပ်ရင်လည်း ရှုံးပြီး စုဆောင်းငွေလေးပါ ကုန်သွားမှာ စိုးရိမ်သူတွေအနေနဲ့ အရှုံးမရှိမယ့်နေရာမှာ ရင်းနှီးမြှုပ်နှံထားဖို့ တိုက်တွန်းချင်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုမလုပ်ရင် သေသေချာချာစဉ်းစားစေချင်ပါတယ်။ ကိုယ်မြှုပ်နှံမယ့်နေရာကိုလည်း သေသေချာချာ လေ့လာပါ။ ခေတ်ကိုကြည့်ပါ။ နောင်တစ်ချိန်မှာ ဘယ်နေရာတွေက တိုးတက်ကောင်းမွန်လာမလဲ၊ ဘယ်လုပ်ငန်းတွေက ရေရှည်အဆင်ပြေမလဲ ဆိုတာ စဉ်းစားပါ၊ တွေးတောပါ။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပါ။ ကိုယ်ကျွမ်းကျင်ပြီဆိုမှ ရင်းနှီးမြှုပ်နှံပါ။

ပိုက်ဆံစုဆောင်းနိုင်မည့် နည်းလမ်းတွေ၊ နေရာတွေသိပြီဆိုရင် သင့်အနေနဲ့ ငွေစစုဖို့ အချိန်တန်ပါပြီ။ မိမိ နဲ့ မိသားစုကျန်းမာရေးအတွက် ငွေစုပါ။ မိမိ နဲ့ မိသားစု အနာဂါတ်အတွက် ငွေစုပါလို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ပိုက္ဆုံ စုေဆာင္းႏိုင္မည့္ နည္းလမ္း(၃)သြယ္

ဒီေန႔ေခတ္လူအေတာ္မ်ားမ်ားမွာ လစာထုပ္ၿပီးတာနဲ႔ ရလာတဲ့ လစာထဲက အနည္းအက်ဥ္းကို စုခ်င္ၾကတယ္။ ဒါေပမယ့္ အၿမဲမစုျဖစ္ဘူး။ ဘာျဖစ္လို႔လဲ? လက္ထဲေရာက္လာတာနဲ႔ ပိုက္ဆံေတြက ဆီလိုအေပါက္႐ွာၿပီး ထြက္ခ်င္ေနၾကတယ္။ လက္ထဲမွာ ပိုက္ဆံမၿမဲဘူး။ သုံးစရာေတြက အလိုလိုေပၚလာတယ္။ လကုန္လိုက္ လစာထုပ္လိုက္၊ စားေသာက္လိုက္နဲ႔ သံသရာလည္ေနရတယ္။

ယေန႔ေခတ္မွာ ေရ႐ွည္အနာဂါတ္အတြက္ မျဖစ္မေန ပိုက္ဆံစုဖို႔ လိုအပ္ေနပါၿပီ။ ပိုက္ဆံ႐ွိ ခ်မ္းသာတဲ့လူေတြအတြက္ အဆင္ေျပေပမယ့္ လခစားဝန္ထမ္းေတြအေနနဲ႔ မျဖစ္မေန လစာထဲက နည္းနည္းစီစုထားဖို႔လိုပါတယ္။ ယေန႔ေခတ္မွာ ေငြစုႏိုင္မယ့္ နည္းလမ္းေတြကို စာအမ်ိဳးမ်ိဳး ေရးၾကသလို ၅၀၊ ၃၀၊ ၂၀ ဆိုတဲ့ နည္းလမ္းေတြကို အမ်ားအျပား ဖတ္ဖူးၾကေပမယ့္ တကယ့္တကယ္ေတာ့ မစုျဖစ္ၾကျပန္ပါဘူး။

လခစားဝန္ထမ္းေတြအေနနဲ႔ ႐ုတ္တရက္မ်ား ဖ်ားနာၿပီး ေဆး႐ုံတတ္ရမယ္ဆိုရင္ေတာ့ လက္ထဲ ေဆး႐ုံစားရိတ္ဆိုတာ မ႐ွိႏိုင္ပါဘူး။ အဲ့အခ်ိန္က်ရင္ က်န္းမာေရးအတြက္ ပူရသလို၊ ေငြေၾကးအတြက္ပါ ပူရႏိုင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးအတြက္ စုေဆာင္းဖို႔လိုသလို၊ မိမိရဲ႕ ဘဝေ႐ွ႕ေရးအတြက္ပါ စုေဆာင္းထားဖို႔လိုပါတယ္။

ဒီေန႔မွာေတာ့ မိမိရဲ႕ ဝင္ေငြ ထြက္ေငြကို စိစစ္ၿပီး မိမိရဲ႕ လစာထဲမွာ အနည္းအက်ဥ္းကို စုဖို႔စဥ္းစားေပမယ့္ ဘယ္လိုေနရာေတြမွာ စုထားရမလဲမသိဘူးဆိုသူေတြ၊ စုထားတယ္ဆိုေပမယ့္ အလြယ္တကူ ထုပ္သုံးမိသူေတြအတြက္ မိမိရဲ႕ ပိုက္ဆံေတြ အလြယ္တကူထုပ္မသုံးျဖစ္မယ့္ေနရာ(၃)မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဘဏ္မွာ Fixed Deposit အျဖစ္ စုေဆာင္းျခင္း

ဘဏ္မွာ မိမိအမည္နဲ႔ စာအုပ္ဖြင့္ၿပီး စုေဆာင္းသင့္ပါတယ္။ လစာထုပ္ၿပီးတာနဲ႔ ဘဏ္သြားၿပီး စုမယ့္ပိုက္ဆံကို မိမိအေကာင့္ထဲ ထည့္စုထားသင့္ပါတယ္။ ဘဏ္မွာ စုတဲ့အခါ အလြယ္တကူမထုပ္မိေအာင္ မိမိေနတဲ့ေနရာနဲ႔ အနည္းငယ္ေဝးတဲ့ ဘဏ္ကို ေ႐ြးခ်ယ္ေစခ်င္ပါတယ္။ ဒါမွသာ ဘဏ္ကို မၾကာခဏ သြားမထုပ္ႏိုင္မွာျဖစ္သလို ATM Card နဲ႔ Mobile Banking ေတြမလုပ္ထားဘဲ စာအုပ္သီးသန္႔သာလုပ္ထားပါ။ ATM Card လုပ္ထားပါက ဘဏ္သြားစရာမလိုဘဲ အလြယ္တကူ ထုပ္မိေနမွာျဖစ္ၿပီး Mobile Banking လုပ္ထားရင္လည္း ဖုန္းေဘ နဲ႔ တျခားေနရာေတြကို အလြယ္တကူ သုံးမိေနမွာျဖစ္ပါတယ္။ အဓိကကေတာ့ လစာရတဲ့ ဘဏ္အမ်ိဳးအစား နဲ႔ စုတဲ့ဘဏ္ မတူေလ ပိုေကာင္းေလပါပဲ။ အတိုးမ်ားတဲ့ ဘဏ္ကို ေ႐ြးပါေလ.........

(၂) ေ႐ႊတုံးေလးေတြ ဝယ္စုပါ

စုေဆာင္းခ်င္တဲ့ ေငြေလးကို လက္ထဲမွာ သုံးမိသြားမွာစိုးရင္ ေ႐ႊတုံးေလးေတြ ဝယ္စုပါ။ ယေန႔ေခတ္မွာ ေ႐ႊစုတာလည္း ေခတ္စားလာပါၿပီ။ ေ႐ႊဆိုင္အေတာ္အမ်ားမွာလည္း ေငြစုႏိုင္ဖို႔အတြက္ နည္းလမ္းတစ္ခုျဖစ္တဲ့ ေ႐ႊတုံးေလးေတြ ေရာင္းေပးလာၾကပါၿပီ။ ေငြသားကိုင္ထားလို႔ သုံးမိမွာစိုးရင္ ေ႐ႊတုံးဝယ္စုသင့္ပါတယ္။

(၃) အ႐ႈံးမ႐ွိမယ့္ ေနရာမွာ ရင္းႏွီးျမႇဳပ္ႏွံပါ

ဒါကေတာ့ လက္ထဲ ေငြအနည္းငယ္စုမိဘဲ ဘဏ္မွာမစုခ်င္ဘဲ ရသေလာက္ေလးနဲ႔ တိုးပြားေအာင္လုပ္ခ်င္တဲ့သူေတြအတြက္ပါ။ လက္ထဲက စုေဆာင္းမိတာေလးကို ထပ္လည္းတိုးပြားခ်င္တယ္။ ဘဏ္မွာလည္းမထားခ်င္ဘူး။ စီးပြားေရးလုပ္ရင္လည္း ႐ႈံးၿပီး စုေဆာင္းေငြေလးပါ ကုန္သြားမွာ စိုးရိမ္သူေတြအေနနဲ႔ အ႐ႈံးမ႐ွိမယ့္ေနရာမွာ ရင္းႏွီးျမႇဳပ္ႏွံထားဖို႔ တိုက္တြန္းခ်င္ပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ရင္ ေသေသခ်ာခ်ာစဥ္းစားေစခ်င္ပါတယ္။ ကိုယ္ျမႇဳပ္ႏွံမယ့္ေနရာကိုလည္း ေသေသခ်ာခ်ာ ေလ့လာပါ။ ေခတ္ကိုၾကည့္ပါ။ ေနာင္တစ္ခ်ိန္မွာ ဘယ္ေနရာေတြက တိုးတက္ေကာင္းမြန္လာမလဲ၊ ဘယ္လုပ္ငန္းေတြက ေရ႐ွည္အဆင္ေျပမလဲ ဆိုတာ စဥ္းစားပါ၊ ေတြးေတာပါ။ ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပါ။ ကိုယ္ကြၽမ္းက်င္ၿပီဆိုမွ ရင္းႏွီးျမႇဳပ္ႏွံပါ။

ပိုက္ဆံစုေဆာင္းႏိုင္မည့္ နည္းလမ္းေတြ၊ ေနရာေတြသိၿပီဆိုရင္ သင့္အေနနဲ႔ ေငြစစုဖို႔ အခ်ိန္တန္ပါၿပီ။ မိမိ နဲ႔ မိသားစုက်န္းမာေရးအတြက္ ေငြစုပါ။ မိမိ နဲ႔ မိသားစု အနာဂါတ္အတြက္ ေငြစုပါလို႔ တိုက္တြန္းအၾကံျပဳလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service