ကိုယ်ခံအားကောင်းစေဖို့ စားသင့်တဲ့ အစားအစာ(၅)မျိုး
ကိုယ်ခံအားကောင်းစေဖို့ စားသင့်တဲ့ အစားအစာ(၅)မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
26 Sep 2020 12:06 pm တွင် တင်ခဲ့သည်
2254 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ခုဆိုရင် လူအများကြောက်ရွံတုန်လှုပ်နေရတဲ့ Covid-19 ရောဂါက Second Wave အဖြစ်နဲ့ ပြန်လာလို့ ကျွန်တော်တို့ အားလုံး Stay Home နေရပါပြီ။
"ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး"မို့ ကျွန်တော်တို့အားလုံး ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာနေမှ တခြားစီးပွားရေး၊ လူမှုရေးများပါ ပြုလုပ်နိုင်မှာမို့ မိတ်ဆွေများအားလုံး ကျန်းမာအောင်နေကြပါ။ Stay Home ကာလမှာ အားရှိအောင်၊ ကိုယ်ခံအားကောင်းအောင် သင့်တင့်မျှတအောင် စားသောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဒါကြောင့် Stay Home နေရတဲ့ မိတ်ဆွေများအတွက် အိမ်နေရင်း ကိုဗစ်ရောဂါကို ခံနိုင်ရည်ရှိအောင် ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ Stay Home မှာ အစားများများစား၊ များများအိပ်ပြီး ၊ အားရှိအောင်နေကြပါ။
ကိုယ်ခံအားကောင်းအောင် စားပေးသင့်တဲ့ အစားအစာများကတော့ ...........
ပန်းဂေါ်ဖီစိမ်း
တနေ့တာ အစားအစာတွေထဲမှာတော့ အစိမ်းရောင် အသီးအရွက်တွေကို မပါမဖြစ် စားပေးဖို့ လိုပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ Vitamin A ၊ Vitamin C ၊ Vitamin E နဲ့ အမျှင်ဓါတ်တို့ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး ကင်ဆာရောဂါဖြစ်မှုနှုန်းကို လျှော့ချပေးပါတယ်။ နှလုံးကျန်းမာရေး နှင့် အရိုးကျန်းမာရေးတို့အတွက်လည်း အထောက်အကူဖြစ်စေပြီး ပန်းဂေါ်ဖီစိမ်းကို ဟင်းလျှာအဖြစ် စားပေးခြင်းဖြင့် အသားအရေကိုပါ လှပစေနိုင်ပါတယ်။
ငရုတ်ပွ
ငရုတ်ပွသီးဟာ တခြားသံပုရိုသီး၊ သံပုရာသီးတို့ထက် Vitamin C ပိုကြွယ်ဝတာမို့ ကိုယ်ခံအားကိုကောင်းမွန်စေဖို့ အစားသင့်ဆုံး အစားတွေထဲက တစ်ခုဖြစ်ပါတယ်။ ငရုတ်ပွသီးရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို https://www.imyanmarhouse.com/news/read/961886 မှာ ဖော်ပြပေးထားပါတယ်။
ဂျင်း
ဂျင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ ပြောမကုန်နိုင်အောင်ပဲ။ ကိုဗစ်ရောဂါ စဖြစ်တော့ ကျန်းမာရေးဌာနကတောင် ဂျင်း နဲ့ ထန်းလျက် ပြုတ်သောက်ဖို့ တိုက်တွန်းထားပါတယ်။ ဂျင်းဟာ ကိုယ်ခံအားကောင်းစေတဲ့အပြင် ရာသီလာစဉ် နာကျင်ခြင်း၊ ကားမူးခြင်း၊ ပင်လယ်မူးခြင်း ၊ နှာစေး၊ ချောင်းဆိုး၊ ပန်းနာရင်ကျပ် နဲ့ အစာမကြေရောဂါများကိုပါ သက်သာစေနိုင်ပြီး နားကိုက် နဲ့ မျက်စိယားယံခြင်းအတွက်ပါ အသုံးပြုနိုင်ပါတယ်။
ကြက်သွန်ဖြူ
ဟင်းချက်ရာတွင် မပါမဖြစ် ကြက်သွန်ဖြူကတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အံမခမ်းပါပဲ။ ကြက်သွန်ဖြူစားပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတိုးခြင်းကို သက်သာစေခြင်း၊ မျက်စိအားကောင်းခြင်း၊ အရိုးအဆစ်သန်မာစေခြင်း၊ အသည်းအားကောင်းစေခြင်း၊ နှလုံးရောဂါကို သက်သာစေခြင်း၊ အဆိပ်အတောက်များကို သန့်စင်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
ကြက်သွန်ဖြူဟာ ရေတစ်ဖန်ခွက်ရှိရုံနဲ့ အလွယ်တကူ စိုက်ပျိုးလို့ ရတာမို့ ရေဖန်ခွက်ထဲ ထည့်စိုက်ပေးထားပြီး ထွက်လာတဲ့ အညွန့်လေးတွေကို အသုတ်တွေထဲ ထည့်စားနိုင်ပါတယ်။
အချဉ်ဓါတ်ပါသော အသီးများ
ခုလိုအချိန်မှာ Vitamin C ကို များများစားသုံးပေးဖို့ လိုပါပါတယ်။ Vitamin C ဓါတ်ပါတဲ့ သံပုရာသီး၊ သံပုရိုသီး၊ လိမ္မော်သီး စတဲ့ အချဉ်ဓါတ်ပါတဲ့ အသီးတွေကို ခုလိုအချိန်မှာ မဖြစ်မနေစားပေးဖို့လိုပါတယ်။
လိမ္မော်သီးဟာဆိုရင် Vitamin-C ၁၃၀% ပါဝင်ပြီး လိမ္မော်သီးဟာ ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့အပြင် ကင်ဆာ၊ အသည်းရောဂါ နဲ့ ကျောက်ကပ်ရောဂါတို့ကို သက်သာစေနိုင်တာကြောင့် ဒီကာလမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် လိမ္မော်သီးအပါအဝင် အချဉ်ဓါတ်ပါတဲ့ အသီးတွေကို မဖြစ်မနေ စားပေးသင့်ပါတယ်။
ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေကို ဖော်ပြပေးပြီဆိုတော့ ခုလို Stay Home ကာလာမှာ ကိုယ်ခံအားကောင်းစေတဲ့အစားအစာတွေကို စားပေးရင်း တတ်နိုင်သမျှ အိမ်မှာနေပါ။ လိုအပ်မှ အပြင်ထွက်ပါ။ အပြင်ထွက်လျှင် Mask တပ်ပါ၊ မကြာခဏလက်ဆေးပါ။ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ကြပါ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေ၊ အများကြောက်နေရတဲ့ ကိုဗစ်ရောဂါကို အနိုင်တိုက်နိုင်ပါစေလို့ iMyanmarHouse.com မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ပန်းဂေါ်ဖီစိမ်း
ငရုတ်ပွ
ဂျင်း
ကြက်သွန်ဖြူ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service