ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသက်ရောက်မှုများ ပိုမိုလျော့ပါးလာသဖြင့် နိုင်ငံတစ်ဝန်း အိမ်ခြံမြေရောင်းအားသည် ဆက်လက်၍ ခိုင်ခိုင်မာမာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း အစိုးရ၏ ယခုနောက်ဆုံးထွက်ရှိထားသည့် စာရင်းအချက်အလက်များအရ သိရသည်။
၂၀၂၀ ပြည့်နှစ် ပထမ ၈ လတာအတွင်း အစိုးရမတည်သော တန်ဖိုးသင့်အိမ်ရာများမှအပ စုစုပေါင်း ယွမ် ၈ ဒသမ ၆၇ ထရီလျံ ကျော် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ထရီလျံ) တန်ဖိုးရှိ နေအိမ်သစ်များကို တရုတ်တွင် ရောင်းချခဲ့ရကြောင်း၊ ယခင်နှစ်ကာလတူထက် ၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက စက်တင်ဘာ ၁၅ တွင် ကြေညာခဲ့သည်။
ဤမြင့်တက်မှုသည် ယခုနှစ်အတွက် ပထမဆုံးရောင်းအားမြင့်တက်မှုပင်ဖြစ်သည်။
ဧရိယာအားဖြင့်မူ တရုတ်နိုင်ငံတစ်ဝန်း ယခုနှစ် ဇန်နဝါရီမှ သြဂုတ်အတွင်း နေအိမ်သစ်ပေါင်း ၈၇၂ သန်း စတုရန်းမီတာရောင်းချခဲ့ရပြီး ယခင်နှစ်ကာလတူအောက် ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
သို့သော်လည်း ၎င်းရောင်းအားဧရိယာကျဆင်းနှုန်းသည် သြဂုတ်မပါသည့် ယခုနှစ် ပထမ ၇ လတာတွင် ယခင်နှစ် ပထမ ၇ လတာအောက် ကျဆင်းခဲ့သည့်ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းထက်စာလျှင် ကျဆင်းသည့်ရာခိုင်နှုန်း နည်းခဲ့ပေသည်။
ရင်းနှီးမြှပ်နှံမှုဘက်တွင်လည်း နိုင်ငံတစ်ဝန်းရှိ အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသည့်ကုမ္ပဏီ) များက ထိုပထမ ၈ လတာအတွင်း အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ယွမ် ၆ ဒသမ ၅၄ ထရီလျံကျော် အသုံးပြုခဲ့ကြသည်။
ယင်းသည် ယခင်နှစ်ကာလတူထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကာ သြဂုတ်မပါသည့် ယခုနှစ် ပထမ ၇ လတာတွင် ယခင်နှစ် ပထမ ၇ လတာထက် မြင့်တက်ခဲ့သည့် ၄ ဒသမ ၁ ရာခိုင်နှုန်းထက်လည်း ပိုမိုမြင့်မားခဲ့ကြောင်း ဗျူရို၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Year-to-date property sales return to growth (SHINE)
[Zawgyi]
တ႐ုတ္အိမ္ျခံေျမေရာင္းအား ယခုႏွစ္အတြင္း ပထမဆံုးအျဖစ္ ျပန္လည္ျမင့္တက္
တ႐ုတ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါသက္ေရာက္မႈမ်ား ပိုမိုေလ်ာ့ပါးလာသျဖင့္ ႏိုင္ငံတစ္ဝန္း အိမ္ျခံေျမေရာင္းအားသည္ ဆက္လက္၍ ခိုင္ခိုင္မာမာ ျပန္လည္ျမင့္တက္လာခဲ့ေၾကာင္း အစိုးရ၏ ယခုေနာက္ဆံုးထြက္ရွိထားသည့္ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၀ ျပည့္ႏွစ္ ပထမ ၈ လတာအတြင္း အစိုးရမတည္ေသာ တန္ဖိုးသင့္အိမ္ရာမ်ားမွအပ စုစုေပါင္း ယြမ္ ၈ ဒသမ ၆၇ ထရီလ်ံ ေက်ာ္ (အေမရိကန္ေဒၚလာ ၁ ဒသမ ၂၇ ထရီလ်ံ) တန္ဖိုးရွိ ေနအိမ္သစ္မ်ားကို တ႐ုတ္တြင္ ေရာင္းခ်ခဲ့ရေၾကာင္း၊ ယခင္ႏွစ္ကာလတူထက္ ၄ ဒသမ ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျခင္းျဖစ္ေၾကာင္း အမ်ဳိးသားစာရင္းအင္းဗ်ဴ႐ိုက စက္တင္ဘာ ၁၅ တြင္ ေၾကညာခဲ့သည္။
ဤျမင့္တက္မႈသည္ ယခုႏွစ္အတြက္ ပထမဆံုးေရာင္းအားျမင့္တက္မႈပင္ျဖစ္သည္။
ဧရိယာအားျဖင့္မူ တ႐ုတ္ႏိုင္ငံတစ္ဝန္း ယခုႏွစ္ ဇန္နဝါရီမွ ၾသဂုတ္အတြင္း ေနအိမ္သစ္ေပါင္း ၈၇၂ သန္း စတုရန္းမီတာေရာင္းခ်ခဲ့ရၿပီး ယခင္ႏွစ္ကာလတူေအာက္ ၂ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။
သို႔ေသာ္လည္း ၎ေရာင္းအားဧရိယာက်ဆင္းႏႈန္းသည္ ၾသဂုတ္မပါသည့္ ယခုႏွစ္ ပထမ ၇ လတာတြင္ ယခင္ႏွစ္ ပထမ ၇ လတာေအာက္ က်ဆင္းခဲ့သည့္ရာခိုင္ႏႈန္း ၅ ရာခိုင္ႏႈန္းထက္စာလွ်င္ က်ဆင္းသည့္ရာခိုင္ႏႈန္း နည္းခဲ့ေပသည္။
ရင္းႏွီးျမႇပ္ႏွံမႈဘက္တြင္လည္း ႏိုင္ငံတစ္ဝန္းရွိ အိမ္ျခံေျမ developer (ေျမယာဝယ္ယူ၍ အေဆာက္အအံုေဆာက္လုပ္ေရာင္းခ်သည့္ကုမၸဏီ) မ်ားက ထိုပထမ ၈ လတာအတြင္း အိမ္ျခံေျမဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ယြမ္ ၆ ဒသမ ၅၄ ထရီလ်ံေက်ာ္ အသံုးျပဳခဲ့ၾကသည္။
ယင္းသည္ ယခင္ႏွစ္ကာလတူထက္ ၅ ဒသမ ၃ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျခင္းျဖစ္ကာ ၾသဂုတ္မပါသည့္ ယခုႏွစ္ ပထမ ၇ လတာတြင္ ယခင္ႏွစ္ ပထမ ၇ လတာထက္ ျမင့္တက္ခဲ့သည့္ ၄ ဒသမ ၁ ရာခိုင္ႏႈန္းထက္လည္း ပိုမိုျမင့္မားခဲ့ေၾကာင္း ဗ်ဴ႐ို၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။
iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Year-to-date property sales return to growth (SHINE)