မြေဝယ်တာ အလွယ်ထင်ခဲ့မိလို့ နောက်မှသိရတဲ့ သောကတွေ

မြေဝယ်တာ အလွယ်ထင်ခဲ့မိလို့ နောက်မှသိရတဲ့ သောကတွေ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2020 1:47 pm တွင် တင်ခဲ့သည်
13305 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဟိုတနေ့က အသိမိတ်ဆွေအသစ်တစ်ဦး ကျွန်တော့်ထံ ဖုန်းဆက်လာပါတယ်။ ယခင်က တိုက်ခန်းအဝယ်စာချုပ်တစ်ခု လိုက်ချုပ်ပေးဖူးတဲ့ မိတ်ဆွေက ညျွန်းလိုက်တာပါ။

ကိစ္စကတော့ အပြီးအပိုင် အရောင်းအဝယ်စာချုပ်ပေးဖို့ပါ။ စရန်ပေးစာချုပ်ပေးစဉ်က ရှေ့နေမခေါ်ဘဲ အပြီးအပိုင်၊ အရောင်းအဝယ်စာချုပ်တဲ့နေ့ရောက်မှ စာချုပ်ပေးဖို့ ပြောလာတော့ နည်းနည်းတော့ အံ့သြနေပါတယ်။

ငါနဲ့ "စရန်ပေးစာချုပ်စဉ်က ဒီအတိုင်းပွဲစားနဲ့ပဲ ချုပ်လိုက်တာလား " လို့ မေးကြည့်မိတယ်။ "မဟုတ်ဘူး ဆရာကောင်းရေ....စရန်ပေးစာချုပ်စဉ်က ပွဲစားခေါ်ပေးတဲ့ ရှေ့နေနဲ့ စာချုပ်တာပဲ" လို့ ရှင်းပြပါတယ်။

"ဟင်း......ဒါဆိုရင် အဲ့ဒီရှေ့နေက မအားလို့လား " လို့ ထပ်ပြီးစပ်စုကြည့်လိုက်ပါတယ်။ "မဟုတ်ဘူးရှင့်.........အဲ့ဒီရှေ့နေကို မခေါ်ချင်တော့လို့ပါ။" ဆိုပြီး စကားစကို ဖြတ်လိုက်ပါတယ်။

မြေအကြောင်း သိပ်မသိ၊ နေရာကြိုက်လို့ ဝယ်မိ

ပြီးမှ အကြောင်းစုံကို ခုလိုရှင်းပြပါတယ်။ "ကျွန်မက မြောက်ဒဂုံ၊ (၃၅)ရပ်ကွက်မှာ (၂၀ x ၆၀) မြေကွက် ဝယ်ဖို့ သွားကြည့်တဲ့အခါ အဆင်ပြေသွားပါတယ်။ ဈေးကလည်း သိန်း ၃၅၀ ဆိုတော့ တစ်နိုင်တစ်ပိုင် ဝယ်လိုက်မယ်လို့ နယ်မှာရောက်နေတဲ့ ယောက်ျားနဲ့ တိုင်ပင်ပြီး စရန်ပေး၊ ငွေပေးဖို့ လုပ်ကြတာပေါ့။ မြေကွက်ကြိုက်လို့သာ ဝယ်ချင်တာ၊ မြေအကြောင်း ကျွန်မကသိပ်နားမလည်ဘူး ၊ ပွဲစားတွေက တိုက်တွန်းတာန်ဲ့ဖြစ်သွားတာ။

အဲ့ဒါ.....ရှေ့နေနဲ့ စာချုပ်လိုက်ရတော့ ပိုပြီး ခိုင်မာမယ်လို့ ယုံကြည်တာနဲ့ ရှေ့နေငှားပေးဖို့ ပြောတော့ ၊ အသက်(၃၀)လောက်ရှိတဲ့ ရှေ့နေအမျိုးသမီးတစ်ဦးကို ဖုန်းဆက်ပေးတာနဲ့ မကြာမီရောက်လာတယ်။ ရှေ့နေရောက်လာတာနဲ့ စာရွက်စာတမ်းတွေ စစ်ဆေးပြီး စရန်ငွေချဖို့ ပြင်ဆင်တာပေါ့။ စာချုပ်အဆက်တွေများလို့ ကျွန်မကတော့ နားမလည်ဘူး။ ရှေ့နေအမျိုးသမီးက ok အဆင်ပြေတယ် ၊ ဝယ်လို့ရတယ်ပြောတာနဲ့ စရန်ငွေ သိန်း (၁၀၀) လောက်ပေးခဲ့မိတယ်။"

ကျန်ငွေကိုတော့ သတင်းစာမှာ ကြော်ငြာပါပြီး (၂)ပတ်ပြည့်တဲ့နေ့မှာ ချေဖို့ နှစ်ဘက်စာချုပ်ပြီး ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ စည်ပင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ညီမနဲ့ မြောက်ဒဂုံမှာ မြေကွက် ဝယ်လိုက်တဲ့အကြောင်း ဖုန်းဆက်ပြီးပြောလိုက်တယ်။ အဲ့ဒီမှာ ညီမဖြစ်သူက ပြာပြာသလဲနဲ့ "ဘယ်ရှေ့နေဲ့ ဝယ်တာလဲ၊ ဂရန်လား၊ ပါမစ်လား၊ ပိုင်ရှင်စာချုပ်တွေက ဘယ်နှစ်ဦးပြောင်းသွားပြီလဲ " စသဖြင့် မေးမြန်းတော့တာပဲ။ ကျွန်မလည်း ဖြစ်စဉ်အားလုံးကို ရှင်းပြလိုက်တယ်။

ဒီမှာတင်ပဲ ညီမဖြစ်သူက စိုးရိမ်ကြီးပြီး ငါတို့မိသားစုရဲ့ ရှေ့နေ ဦးကောင်းဖေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အတင်းတိုက်တွန်းတာနဲ့ ဆရာနဲ့ဖုန်းဆက်ဖြစ်တာပါလို့ အကျယ်တဝင့်ရှင်းပြပါတယ်။

ဝယ်သူ မခင်ယုမေရဲ့ စကားကို နားထောင်ပြီးတာနဲ့ "ဒါဆိုရင် ညီမဝယ်ခဲ့တဲ့ မြေကွက်ရဲ့ ပိုင်ဆိုင်မှု အစပ်အဆက်စာရွက်တွေ viber က ပို့ပေးပါဦးလို့ " မှာလိုက်ရတယ်။

ဖုန်းချသွားပြီး မကြာခင်မှာပဲ စာချုပ်(၇)စုံနဲ့ ဂရန်မိတ္တူ တစ်စုံ ပို့လာပါတယ်။ စာချုပ်အဆက်အစပ်တွေများတာကြောင့် သတင်းစာကြော်ငြာထားလား မေးကြည့်တော့ ကြော်ငြာထားကြောင်း သိရလို့ နည်းနည်းတော့ စိတ်အေးသွားတယ်၊ စာချုပ်အဆက်အစပ်တွေကတော့ မှန်ပါတယ်။ ဂရန်မိတ္တူ ဝယ်ရမှာဆိုတော့ ရန်ကုန်မြို့တော်စည်ပင် မြို့မြေစာရင်းမှာ ပြေးစစ်ကြည့်ရသေးတယ်။ အမည်ပေါက်မှန်ပြီး ကန့်ကွက်ချက်မရှိလို့ တော်ပါသေးရဲ့

ဂရန်မြေကွက် ရောင်းသူတာဝန်

ဒါနဲ့ ရောင်းသူဘက်က လုပ်ပေးရမယ့်တာဝန်တွေဖြစ်တဲ့ "အရောင်းအဝယ် စာချုပ်ချုပ်ပေးရန်၊ အရောင်းအဝယ်မြေပုံကူးပေးဖို့ ပြောပြီးပြီလား၊ အရောင်းမြေပုံရတဲ့နေ့မှ ကျန်ငွေပေးချေမယ်၊ ပြီးရင် ရောင်းသူက ဂရန်အမည်ပေါက် ခေါ်လာပြီး မိမိဝယ်ထားတဲ့ ခေါင်းရင်ခြမ်းမြေကွက်တစ်ဝက်(၂၀ x ၆၀) နဲ့ ပတ်သက်ပြီး မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာကို ရန်ကုန်မြို့တော် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လွှဲပေးဖို့ ပြောထားပြီလား " စသဖြင့် မခင်မေကို မေးလိုက်တဲ့အခါမှာ "အဲ့ဒီလိုတော့ သူတို့မပြောဘူး၊ အပြီးငွေချေတဲ့နေ့ကျရင် နောက်ဆုံး အရပ်ကတိစာချုပ်ကိုင်ထားသူ ပိုင်ရှင်က စာချုပ်ရုံးမှာ အထွေထွေကိုယ်စားလှယ် လွှဲစာ လွှဲပေးမယ်လို့တော့ ကတိပေးထားတယ်။"

"ဟင်...ဒါဆို မြေပုံ ကူးပေးဖို့ ဂရန်မူရင်း အမည်ပေါက်က စာချုပ်လာပြီး ကိုယ်စားလှယ်စာ လွှဲပေးဖို့ ပြောကြည့်ပါလား" လို့ ပြောခိုင်းတော့ "ဂရန်အမည်ပေါက်က သေသွားပြီလို့ သိရပါတယ်။ ဒါကြောင့် ရောင်းသူကိုယ်တိုင်က အထွေထွေကိုယ်စားလှယ်လွှဲစာပေးတာ"လို့ ပြောပါတယ်။ "ဟိုက်....ဒုက္ခပါပဲ မခင်ယုမေရယ်၊ ဂရန်အမည်ပေါက်မဟုတ်ဘဲ အဆင့်ဆင့်အရပ်ကတိစာချုပ်နဲ့ ဝယ်ထားသူတွေရဲ့ ကိုယ်စားလှယ်လွှဲစာက ဒီဂရန် အမည်ပြောင်းဖို့ ကိစ္စမှာ ဘာမှ အသုံးပြုလို့ မရဘူးလေ "

အပြီးစာချုပ်တဲ့နေ့မှာတော့ ကျွန်တော်လည်း ကြံရာမရဖြစ်ပြီး ဂရန်အမည်ပေါက်မဟုတ်သော်လည်း ရောင်းသူထံက သက်သေခံ အထောက်အထားတစ်ခုရရင် မဆိုးပါဘူးလေ ရတာယူထားမှပဲဆိုပြီး မှတ်ပုံတင် General Power ပဲ ယူထားလိုက်ရတော့တယ်။

နောက်ဆက်တွဲလုပ်ရမယ့် အချက်တွေ ဝယ်သူ အခက်ပွေ

နောက်မှပဲ..ဂရန်အမည်ပေါက်သူရဲ့ ဇနီး/သားသမီးတွေ ရှာပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပြီး အမည်ပြောင်း ကိစ္စလုပ်ရတော့မှာပဲ လို့ တွေးမိပြီး ကျန်ငွေပေးချေတဲ့ စာချုပ်ချုပ်ပြီး ငွေချေလိုက်ရပါတယ်။

တကယ်တော့ စရန်ပေးစာချုပ်စဉ်တည်းက အခုပြောတဲ့ ဂရန်အမည်ပေါက် သေရင် သူ့ရဲ့ ဇနီး၊ သား၊ သမီးမိသားစုရှာပြီး ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပြီး ရောင်းသူထံက ပါဝါယူပြီး ရောင်းသူကိုယ်စား အရောင်းအဝယ်စာချုပ်ချုပ်ခိုင်းရတော့မှာ ဖြစ်ပါတော့တယ်။

အဲ့ဒီလုပ်ဖို့ အခုတော့ ဂရန်အမည်ပေါက်သူရဲ့ ဇနီး၊ သား၊ သမီး တွေ ရှာမရခဲ့ရင် ၊ စာချုပ်အဆင့်ဆင့်နဲ့ ရောင်းခဲ့တဲ့ သူတွေရယ်၊ အခုရောင်းသူရယ်၊ ပေါင်းပြီး မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး၊ တို့မှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပေးစေလိုမှု နဲ့ တရားစွဲပြီး အမည်ပြောင်းရမှာဖြစ်ပါတယ်။

မြေကွက်ဝယ်မယ့်စာဖတ်သူများ ကြိုတင်သတိရှိကြပါစေ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမဝယ္တာ အလြယ္ထင္ခဲ႔မိလို႔ ေနာက္မွသိရတဲ႔ ေသာကေတြ

ဟုိတေန႔က အသိမိတ္ေဆြအသစ္တစ္ဦး ကၽြန္ေတာ့္ထံ ဖုန္းဆက္လာပါတယ္။ ယခင္က တုိက္ခန္းအဝယ္စာခ်ဳပ္တစ္ခု လိုက္ခ်ဳပ္ေပးဖူးတဲ႔ မိတ္ေဆြက ညၽြန္းလိုက္တာပါ။

ကိစၥကေတာ့ အၿပီးအပုိင္ အေရာင္းအဝယ္စာခ်ဳပ္ေပးဖုိ႔ပါ။ စရန္ေပးစာခ်ဳပ္ေပးစဥ္က ေရွ႕ေနမေခၚဘဲ အၿပီးအပုိင္၊ အေရာင္းအဝယ္စာခ်ုပ္တဲ႔ေန႔ေရာက္မွ စာခ်ဳပ္ေပးဖို႔ ေျပာလာေတာ့ နည္းနည္းေတာ့ အံ့ၾသေနပါတယ္။

ငါနဲ႔ "စရန္ေပးစာခ်ဳပ္စဥ္က ဒီအတုိင္းပြဲစားနဲ႔ပဲ ခ်ဳပ္လိုက္တာလား " လို႔ ေမးၾကည့္မိတယ္။ "မဟုတ္ဘူး ဆရာေကာင္းေရ....စရန္ေပးစာခ်ဳပ္စဥ္က ပြဲစားေခၚေပးတဲ႔ ေရွ႕ေနနဲ႔ စာခ်ဳပ္တာပဲ" လို႔ ရွင္းျပပါတယ္။

"ဟင္း......ဒါဆုိရင္ အဲ႔ဒီေရွ႕ေနက မအားလို႔လား " လို႔ ထပ္ၿပီးစပ္စုၾကည့္လုိက္ပါတယ္။ "မဟုတ္ဘူးရွင့္.........အဲ႔ဒီေရွ႕ေနကုိ မေခၚခ်င္ေတာ့လို႔ပါ။" ဆုိၿပီး စကားစကုိ ျဖတ္လိုက္ပါတယ္။

ေျမအေၾကာင္း သိပ္မသိ၊ ေနရာႀကိဳက္လို႔ ဝယ္မိ

ၿပီးမွ အေၾကာင္းစံုကို ခုလိုရွင္းျပပါတယ္။ "ကၽြန္မက ေျမာက္ဒဂံု၊ (၃၅)ရပ္ကြက္မွာ (၂၀ x ၆၀) ေျမကြက္ ဝယ္ဖို႔ သြားၾကည့္တဲ႔အခါ အဆင္ေျပသြားပါတယ္။ ေဈးကလည္း သိန္း ၃၅၀ ဆုိေတာ့ တစ္ႏိုင္တစ္ပိုင္ ဝယ္လုိက္မယ္လို႔ နယ္မွာေရာက္ေနတဲ႔ ေယာက်္ားနဲ႔ တုိင္ပင္ၿပီး စရန္ေပး၊ ေငြေပးဖို႔ လုပ္ၾကတာေပါ့။ ေျမကြက္ႀကိဳက္လို႔သာ ဝယ္ခ်င္တာ၊ ေျမအေၾကာင္း ကၽြန္မကသိပ္နားမလည္ဘူး ၊ ပြဲစားေတြက တုိက္တြန္းတာနဲ႔ ္ျဖစ္သြားတာ။

အဲ႔ဒါ.....ေရွ႕ေနနဲ႔ စာခ်ဳပ္လိုက္ရေတာ့ ပုိၿပီး ခုိင္မာမယ္လို႔ ယံုၾကည္တာနဲ႔ ေရွ႕ေနငွားေပးဖို႔ ေျပာေတာ့ ၊ အသက္(၃၀)ေလာက္ရွိတဲ႔ ေရွ႕ေနအမ်ိဳးသမီးတစ္ဦးကုိ ဖုန္းဆက္ေပးတာနဲ႔ မၾကာမီေရာက္လာတယ္။ ေရွ႕ေနေရာက္လာတာနဲ႔ စာရြက္စာတမ္းေတြ စစ္ေဆးၿပီး စရန္ေငြခ်ဖို႔ ျပင္ဆင္တာေပါ့။ စာခ်ဳပ္အဆက္ေတြမ်ားလို႔ ကၽြန္မကေတာ့ နားမလည္ဘူး။ ေရွ႕ေနအမ်ိဳးသမီးက ok အဆင္ေျပတယ္ ၊ ဝယ္လို႔ရတယ္ေျပာတာနဲ႔ စရန္ေငြ သိန္း (၁၀၀) ေလာက္ေပးခဲ႔မိတယ္။"

က်န္ေငြကိုေတာ့ သတင္းစာမွာ ေၾကာ္ျငာပါၿပီး (၂)ပတ္ျပည့္တဲ႔ေန႔မွာ ေခ်ဖို႔ ႏွစ္ဘက္စာခ်ဳပ္ၿပီး ျပန္လာခဲ႔ပါတယ္။ အိမ္ေရာက္ေတာ့ စည္ပင္မွာ တာဝန္ထမ္းေဆာင္ေနတဲ႔ ညီမနဲ႔ ေျမာက္ဒဂံုမွာ ေျမကြက္ ဝယ္လိုက္တဲ႔အေၾကာင္း ဖုန္းဆက္ၿပီးေျပာလုိက္တယ္။ အဲ႔ဒီမွာ ညီမျဖစ္သူက ျပာျပာသလဲနဲ႔ "ဘယ္ေရွ႕ေနဲ႔ ဝယ္တာလဲ၊ ဂရန္လား၊ ပါမစ္လား၊ ပုိင္ရွင္စာခ်ဳပ္ေတြက ဘယ္ႏွစ္ဦးေျပာင္းသြားၿပီလဲ " စသျဖင့္ ေမးျမန္းေတာ့တာပဲ။ ကၽြန္မလည္း ျဖစ္စဥ္အားလံုးကို ရွင္းျပလိုက္တယ္။

ဒီမွာတင္ပဲ ညီမျဖစ္သူက စိုးရိမ္ႀကီးၿပီး ငါတုိ႔မိသားစုရဲ႕ ေရွ႕ေန ဦးေကာင္းေဖနဲ႔ တုိင္ပင္ေဆြးေႏြးဖို႔ အတင္းတုိက္တြန္းတာနဲ႔ ဆရာနဲ႔ဖုန္းဆက္ျဖစ္တာပါလို႔ အက်ယ္တဝင့္ရွင္းျပပါတယ္။

ဝယ္သူ မခင္ယုေမရဲ႕ စကားကို နားေထာင္ၿပီးတာနဲ႔ "ဒါဆုိရင္ ညီမဝယ္ခဲ႔တဲ႔ ေျမကြက္ရဲ႕ ပိုင္ဆုိင္မႈ အစပ္အဆက္စာရြက္ေတြ viber က ပို႔ေပးပါဦးလို႔ " မွာလိုက္ရတယ္။

ဖုန္းခ်သြားၿပီး မၾကာခင္မွာပဲ စာခ်ဳပ္(၇)စံုနဲ႔ ဂရန္မိတၱဴ တစ္စံု ပို႔လာပါတယ္။ စာခ်ဳပ္အဆက္အစပ္ေတြမ်ားတာေၾကာင့္ သတင္းစာေၾကာ္ျငာထားလား ေမးၾကည့္ေတာ့ ေၾကာ္ျငာထားေၾကာင္း သိရလို႔ နည္းနည္းေတာ့ စိတ္ေအးသြားတယ္၊ စာခ်ဳပ္အဆက္အစပ္ေတြကေတာ့ မွန္ပါတယ္။ ဂရန္မိတၱဴ ဝယ္ရမွာဆုိေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ ၿမိဳ႕ေျမစာရင္းမွာ ေျပးစစ္ၾကည့္ရေသးတယ္။ အမည္ေပါက္မွန္ၿပီး ကန္႔ကြက္ခ်က္မရွိလို႔ ေတာ္ပါေသးရဲ႕

ဂရန္ေျမကြက္ ေရာင္းသူတာဝန္

ဒါနဲ႔ ေရာင္းသူဘက္က လုပ္ေပးရမယ့္တာဝန္ေတြျဖစ္တဲ႔ "အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ေပးရန္၊ အေရာင္းအဝယ္ေျမပံုကူးေပးဖို႔ ေျပာၿပီးၿပီလား၊ အေရာင္းေျမပံုရတဲ႔ေန႔မွ က်န္ေငြေပးေခ်မယ္၊ ၿပီးရင္ ေရာင္းသူက ဂရန္အမည္ေပါက္ ေခၚလာၿပီး မိမိဝယ္ထားတဲ႔ ေခါင္းရင္ျခမ္းေျမကြက္တစ္ဝက္(၂၀ x ၆၀) နဲ႔ ပတ္သက္ၿပီး မွတ္ပံုတင္အထူးကိုယ္စားလွယ္လႊဲစာကုိ ရန္ကုန္ၿမိဳ႕ေတာ္ စာခ်ဳပ္စာတမ္း မွတ္ပံုတင္ရုံးမွာ လႊဲေပးဖို႔ ေျပာထားၿပီလား " စသျဖင့္ မခင္ေမကို ေမးလိုက္တဲ႔အခါမွာ "အဲ႔ဒီလိုေတာ့ သူတို႔မေျပာဘူး၊ အၿပီးေငြေခ်တဲ႔ေန႔က်ရင္ ေနာက္ဆံုး အရပ္ကတိစာခ်ဳပ္ကိုင္ထားသူ ပုိင္ရွင္က စာခ်ဳပ္ရံုးမွာ အေထြေထြကိုယ္စားလွယ္ လႊဲစာ လႊဲေပးမယ္လို႔ေတာ့ ကတိေပးထားတယ္။"

"ဟင္...ဒါဆို ေျမပံု ကူးေပးဖို႔ ဂရန္မူရင္း အမည္ေပါက္က စာခ်ဳပ္လာၿပီး ကိုယ္စားလွယ္စာ လႊဲေပးဖို႔ ေျပာၾကည့္ပါလား" လို႔ ေျပာခုိင္းေတ့ာ "ဂရန္အမည္ေပါက္က ေသသြားၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ ေရာင္းသူကိုယ္တုိင္က အေထြေထြကိုယ္စားလွယ္လႊဲစာေပးတာ"လို႔ ေျပာပါတယ္။ "ဟုိက္....ဒုကၡပါပဲ မခင္ယုေမရယ္၊ ဂရန္အမည္ေပါက္မဟုတ္ဘဲ အဆင့္ဆင့္အရပ္ကတိစာခ်ဳပ္နဲ႔ ဝယ္ထားသူေတြရဲ႕ ကိုယ္စားလွယ္လႊဲစာက ဒီဂရန္ အမည္ေျပာင္းဖုိ႔ ကိစၥမွာ ဘာမွ အသံုးျပဳလို႔ မရဘူးေလ "

အၿပီးစာခ်ဳပ္တဲ႔ေန႔မွာေတာ့ ကၽြန္ေတာ္လည္း ႀကံရာမရျဖစ္ၿပီး ဂရန္အမည္ေပါက္မဟုတ္ေသာ္လည္း ေရာင္းသူထံက သက္ေသခံ အေထာက္အထားတစ္ခုရရင္ မဆိုးပါဘူးေလ ရတာယူထားမွပဲဆုိၿပီး မွတ္ပံုတင္ General Power ပဲ ယူထားလိုက္ရေတာ့တယ္။

ေနာက္ဆက္တြဲလုပ္ရမယ့္ အခ်က္ေတြ ဝယ္သူ အခက္ေပြ

ေနာက္မွပဲ..ဂရန္အမည္ေပါက္သူရဲ႕ ဇနီး/သားသမီးေတြ ရွာၿပီး အေမြဆက္ခံပိုင္ဆုိင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ၿပီး အမည္ေျပာင္း ကိစၥလုပ္ရေတာ့မွာပဲ လို႔ ေတြးမိၿပီး က်န္ေငြေပးေခ်တဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး ေငြေခ်လိုက္ရပါတယ္။

တကယ္ေတာ့ စရန္ေပးစာခ်ဳပ္စဥ္တည္းက အခုေျပာတဲ႔ ဂရန္အမည္ေပါက္ ေသရင္ သူ႔ရဲ႕ ဇနီး၊ သား၊ သမီးမိသားစုရွာၿပီး ပိုင္ဆုိင္ေၾကာင္း စာခ်ဳပ္ခ်ဳပ္ၿပီး ေရာင္းသူထံက ပါဝါယူၿပီး ေရာင္းသူကိုယ္စား အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ခုိင္းရေတာ့မွာ ျဖစ္ပါေတာ့တယ္။

အဲ႔ဒီလုပ္ဖို႔ အခုေတာ့ ဂရန္အမည္ေပါက္သူရဲ႕ ဇနီး၊ သား၊ သမီး ေတြ ရွာမရခဲ႔ရင္ ၊ စာခ်ဳပ္အဆင့္ဆင့္နဲ႔ ေရာင္းခဲ႔တဲ႔ သူေတြရယ္၊ အခုေရာင္းသူရယ္၊ ေပါင္းၿပီး ၿမိဳ႕နယ္တရားရံုး၊ ခရိုင္တရားရံုး၊ တုိ႔မွာ အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပံုတင္ ခ်ဳပ္ဆုိေပးေစလိုမႈ နဲ႔ တရားစြဲၿပီး အမည္ေျပာင္းရမွာျဖစ္ပါတယ္။

ေျမကြက္ဝယ္မယ့္စာဖတ္သူမ်ား ႀကိဳတင္သတိရွိၾကပါေစ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service