Stay at Home လုပ်ရတဲ့အချိန် အိမ်တွင်းမှာ မဖြစ်မနေ လိုက်နာဖို့ လိုအပ်တဲ့ အချက်များ

Stay at Home လုပ်ရတဲ့အချိန် အိမ်တွင်းမှာ မဖြစ်မနေ လိုက်နာဖို့ လိုအပ်တဲ့ အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
22 Sep 2020 2:27 pm တွင် တင်ခဲ့သည်
4400 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်မှာနေတယ်ဆိုတာ လွယ်တယ်လို့ ထင်ရပေမယ့်လည်း အိမ်မှာ နေပျော်စေဖို့လည်း လိုအပ်နေပါတယ်။ မိသားစုတွေမှာ အဆင်ပြေတဲ့သူတွေ ရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိသားစုတွင်း ပြဿနာတွေ နည်းလေလေ အိမ်မှာ ပိုပြီး အဆင်ပြေလေ ဖြစ်ပါတယ်။ ဒါကြောင့် Stay at Home လုပ်ရတဲ့ အချိန်မှာ မိသားစုအတွင်းမှာ အခုလို အချက်တွေကို သတိထားလိုက်နာပေးရမှာ ဖြစ်ပါတယ်။

(၁) စကား မများပါနဲ့

များသောအားဖြင့်က ဇနီးမောင်နှံတွေမှာ မိန်းကလေးတွေက စကား ပိုများပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ မိန်းကလေးတွေရဲ့ ပူဆာတာ၊ ပြစ်တင်တာ၊ ဟိန်းဟောက်တာ စတာတွေက ယောင်္ကျားလေး သဘာဝအနေနဲ့ သည်းခံလေ့ရှိတဲ့ အရာဆိုပေမယ့် အကြိမ်ရေများလေ စိတ်ညစ်ရလေ့ရှိတဲ့ အရာ ဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ အနေနဲ့ အိမ်မှာရန်ဖြစ်တာတွေ နည်းအောင်သို့ အတူနေတဲ့သူတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် သတိပေးရမယ့် အချက်ပဲ ဖြစ်ပါတယ်။

(၂) ရန်ဖြစ်မှုနှုန်းကို လျှော့ချပါ

မိသားစုဆိုတာ အမြဲ ပျော်ရွှင်ပြေလည်ကြတာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှုတွေနဲ့ အမြင်မကြည်မှုတွေလည်း ရှိနေတတ်ပါတယ်။ အိမ်မှာ အတူတူ အပြင်မထွက်ရဘဲ နေရတဲ့ အခိုက်အတန့်မှာတော့ စကားများမယ့် အခြေအနေနဲ့ ရန်ဖြစ်ပြီး ပြစ်တင်လွန်းတာမျိုး မဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။ ရန်ဖြစ်တာက အိမ်တွင်းမှာ တကယ့် အပူတစ်ခုပါပဲ။

(၃) ခွဲခြားဆက်ဆံမှု နည်းပါစေ

ဘယ်လိုပဲ မိသားစု ဖြစ်နေပါစေ၊ မိသားစုတွေမှာ တစ်ယောက်ယောက်ကို ပိုသာပြီး ဂရုစိုက်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒါ ပုံမှန် အခြေအနေမှာတောင် သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အိမ်မှာ နေပြီး အိမ်အတွက် ကြည့်နေတဲ့သူထက် လုပ်ချင်ရာလုပ်ပြီး မိသားစုကို ထည့်ပြီး မတွေးတဲ့သူတွေကို ဂရုစိုက်ပြတာမျိုးက ဒေါသထွက်စရာ အခြေအနေ တစ်ရပ်ပါပဲ။ ဒါ့အပြင် ဆုံးမရမယ့် ကိစ္စရပ်တွေမှာ တစ်ယောက်ယောက်က ဝင်ကာပေးတာကလည်း တကယ့်ကို မဖြစ်သင့်တဲ့ အခြေအနေပါပဲ။ ဒါကြောင့် ဒီလို ခွဲခြားမှုမျိုး မဖြစ်အောင်လည်း ဆင်ခြင်နေထိုင်ရမှာ ဖြစ်ပါတယ်။

(၄) အလိုက်သိပါ

အရင်အချိန်တွေမှာ မိသားစုဝင်တွေက တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်နေထိုင်မှု ပုံစံကိုယ်စီနဲ့ နေထိုင်ကြတယ် ဆိုပေမယ့် Stay at Home ကာလမှာတော့ ဆင်ခြင်ရမှာပါ။ ကိုယ့်အဝတ်တွေကို မသိမ်းဘဲထားတာ၊ မဖြစ်မနေ လိုအပ်တာမဟုတ်ဘဲ အပြင်ထွက်တာ၊ အိမ်ရဲ့ ဝေယျာဝစ္စတွေကို နည်းနည်းတောင် ဝင်မလုပ်ဘဲ ဧည့်သည်လို နေတာမျိုးတွေက ကျန်တဲ့ မိသားစုလို နေထိုင်တဲ့ မိသားစုဝင်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုဝင် အချင်းချင်းလည်း အလိုက်သိဖို့ လိုပါသေးတယ်။

(၅) ကျန်းမာရေးကို ဂရုစိုက်ပါ

အိမ်မှာနေရတယ်ဆိုတဲ့ အခြေအနေက ကျန်းမာရေးအတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ နေရုံ မပြုလုပ်ဘဲ ကျန်းမာဖို့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အစားအသောက်ကိုလည်း ကိုယ်စားချင်တဲ့ အချိန်မှ ထစားတာမျိုးထက် အချိန်မှန် စားတာ လုပ်ရမှာ ဖြစ်သလို အိပ်ချင်တိုင်း အိပ် ထချင်တိုင်း ထ လည်း မနေသင့်ပါဘူး။ ကျန်းမာရေးအတွက် အိပ်ရေး ဝဖို့လည်း လိုပါတယ်နော်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

Credit: AuntyMay

 

[Zawgyi]



(၁) စကား မများပါနဲ့






(၄) အလိုက်သိပါ




 




Credit: AuntyMay

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service