တရုတ်တွင် Covid-19 ဒုတိယလှိုင်း ရှောင်လွှဲ၍ မရနိုင်အောင် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ ပြောကြား

တရုတ်တွင် Covid-19 ဒုတိယလှိုင်း ရှောင်လွှဲ၍ မရနိုင်အောင် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ ပြောကြား - Property News in Myanmar from iMyanmarHouse.com
22 Sep 2020 1:22 pm တွင် တင်ခဲ့သည်
1486 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့်ဆောင်းရာသီတွင် တရုတ်ပြည်၌ Covid-19 ဒုတိယလှိုင်း ကူးစက်မှုများ ရှောင်လွှဲ၍ မရနိုင်အောင် ပေါ်ပေါက်လာဦးမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးမရမီကာလအထိ နိုင်ငံအတွင်းတွင် ရောဂါကူးစက်ပျံ့ပွားမှုများ ပေါ်ပေါက်နေဦးမည်ဖြစ်ကြောင်း ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားသည်။

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့၊ ဟွာရှန်းဆေးရုံ (Huashan Hospital) ၊ ကူးစက်ရောဂါဌာနညွှန်ကြားရေးမှူး ကျန်းဝမ်ဟောင်က ဘေးအန္တရာယ်ကင်းပြီး အာနိသင်ကောင်းသည့် ကာကွယ်ဆေးထုတ်လုပ်နိုင်လျှင်သော်မျှ အများပြည်သူအားလုံး ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရန် တစ်နှစ်ခန့် ကြာမြင့်ဦးမည်ဖြစ်ကြောင်း ပြောကြားသည်ဟု The Paper သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

“လာမယ့် ဆောင်းတွင်းရောက်ရင် တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ပေါ်လာဦးမလားလို့ ပြည်သူတွေက မေးမြန်းနေကြပါတယ်။ လက်ရှိအားဖြင့် ဥရောပမှာ ဒုတိယလှိုင်းပေါ်ပေါက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒုတိယလှိုင်း ကူးစက်မှုတွေကို ရှောင်လွှဲလို့ မရနိုင်ပါဘူး” ဟု ကျန်းဝမ်ဟောင်က ရှန်ဟိုင်းတွင် ပြုလုပ်သော ဖိုရမ်တစ်ခုတွင် ပြောကြားသည်။

ကပ်ရောဂါကို ထိန်းချုပ်ရန်အတွက် ကာကွယ်ဆေးသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းလည်း ကျန်းဝမ်ဟောင်က ပြောကြားသည်။

“ဒါပေမယ့် ဆေးဝါးထုတ်လုပ်သူတွေအနေနဲ့ ကာကါယ်ဆေးထုတ်လုပ်နိုင်ပြီးနောက် တစ်နှစ်အတွင်း ဈေးကွက်ထဲကို ဖြန့်နိုင်ဖို့ဆိုတာ ခက်ခဲဖွယ်ရာရှိပါတယ်” ဟု ကျန်းဝမ်ဟောင်က ဆိုသည်။

ကာကွယ်ဆေးမဖြန့်ဖြူးနိုင်မီအတွင်း တရုတ်ပြည်ရှိ ပြည်နယ်တိုင်းနှင့် ခရိုင်တိုင်းတွင် အာဏာပိုင်တို့က ကြီးမားသည့် ကူးစက်ပြန့်ပွားမှုများ ပေါ်ပေါက်မလာစေရန်အတွက် ချမှတ်ထားသည့်စည်းမျဉ်းများ လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိနေကြောင်း ကျန်းဝမ်ဟောင်က ပြောကြားသည်။

ကူးစက်မှု ရှိ၊ မရှိကို ဖော်ထုတ်သိရှိနိုင်ရန် ခဲယဉ်းကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မှုမြင့်မားသော်လည်း များစွာသော ကူးစက်ခံရသူတို့မှာ ရောဂါအပြင်းအထန်မခံစားရဘဲ လက္ခဏာမပြကြကြောင်းလည်း ကျန်းဝမ်ဟောင်က ထောက်ပြသည်။

“အကြီးမားဆုံး ပြဿနာက ဒီရောဂါဟာ အလွန်ပြင်းထန်တာမျိုးမဟုတ်ဘဲ ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းလောက်မှာ ရောဂါလက္ခဏာ မပြကြတာပါပဲ။ ဒါက သိပ်ကြောက်ဖို့ကောင်းပါတယ်” ဟု ကျန်းဝမ်ဟောင်က ပြောကြားပြီး သက်ကြီးရွယ်အိုများမှာ အန္တရာယ်အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျန်းဝမ်ဟောင်ပြောကြားခဲ့သည်နှင့်အလားတူ သုံးသပ်သူမှာ တရုတ်ပြည်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိပ်တန်းကျွမ်းကျင် ပညာရှင် ကျုံးနန်ရှန်း (Zhong Nanshan) ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်သည် လာမည့်ဆောင်းတွင်းမှ နွေအထိ တရုတ်ပြည်တွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ပြောကြားခဲ့သည်။

“ကပ်ရောဂါအတွက် ကာကွယ်ဆေးဟာ အခြေခံကျတဲ့ အဖြေပါပဲ။ ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက် အချိန် ၁ နှစ်ကနေ ၂ နှစ်ထိ ကြာမြင့်နိုင်ပါတယ်” ဟု ကျုံးနန်ရှန်းက ပြောကြားကြောင်း Science and Technology Daily သတင်းစာတွင် ဖော်ပြသည်။

သို့သော် တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဗဟို (CCDC) မှ ဇီဝလုံခြုံရေးကျွမ်းကျင်ပညာရှင် အကြီးအကဲ ဝူကွေ့ကျင်း (Wu Guizhen) က တရုတ်ပြည်သူများအတွက် လာမည့် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာတွင် ကာကွယ်ဆေးရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဝူကွေ့ကျင်းက နိုင်ငံပိုင် ရုပ်သံဌာနဖြစ်သော စီစီတီဗွီသို့ ပြောကြားရာတွင် ယခုနှစ်ဧပြီလအတွင်း ကာကွယ်ဆေး စမ်းသပ်မှုတွင် မိမိဆန္ဒအလျောက် စမ်းသပ်ထိုးနှံမှု ခံယူခဲ့ကြောင်း၊ မိမိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း၊ မည်သည့် ဆိုးကျိုးရလဒ်မှ မခံစားရကြောင်း သူမက ပြောကြားသည်။

တရုတ်တစ်နိုင်ငံလုံးတွင် ရောဂါထိန်းချုပ်ထားနိုင်သည့် အနေအထားရှိသော်လည်း ကူးစက်မှုများ မြင့်မားနေသော အိမ်နီးချင်း မြန်မာနိုင်ငံမှ ဗိုင်းရပ်စ်များ ပျံ့နှံ့လာနိုင်မှုကို ကြိုတင်ကာကွယ်ရန်အတွက် တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် စစ်ပွဲကာလ တပ်လှန့်မှု အခြေအနေမျိုးအထိ တပ်လှန့်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus: second wave over winter ‘inevitable’ in China, infectious disease expert says (SCMP)

[Zawgyi]

တရုတ္တြင္ Covid-19 ဒုတိယလႈိင္း ေရွာင္လႊဲ၍ မရႏိုင္ေအာင္ ေပၚေပါက္လာမည္ျဖစ္ေၾကာင္း ကၽြမ္းက်င္ပညာရွင္မ်ား ေျပာၾကား

လာမည့္ေဆာင္းရာသီတြင္ တရုတ္ျပည္၌ Covid-19 ဒုတိယလႈိင္း ကူးစက္မႈမ်ား ေရွာင္လႊဲ၍ မရႏိုင္ေအာင္ ေပၚေပါက္လာဦးမည္ ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးမရမီကာလအထိ ႏိုင္ငံအတြင္းတြင္ ေရာဂါကူးစက္ပ်ံ ႔ပြားမႈမ်ား ေပၚေပါက္ေနဦးမည္ျဖစ္ေၾကာင္း ကူးစက္ေရာဂါ ကၽြမ္းက်င္ပညာရွင္တစ္ဦးက ေျပာၾကားသည္။

တရုတ္ျပည္၊ ရွန္ဟိုင္းျမိဳ ႔၊ ဟြာရွန္းေဆးရံု (Huashan Hospital) ၊ ကူးစက္ေရာဂါဌာနညႊန္ၾကားေရးမွဴး က်န္းဝမ္ေဟာင္က ေဘးအႏၱရာယ္ကင္းျပီး အာနိသင္ေကာင္းသည့္ ကာကြယ္ေဆးထုတ္လုပ္ႏိုင္လွ်င္ေသာ္မွ် အမ်ားျပည္သူအားလံုး က်ယ္က်ယ္ျပန္႔ျပန္႔ ရရွိႏိုင္ရန္ တစ္ႏွစ္ခန္႔ ၾကာျမင့္ဦးမည္ျဖစ္ေၾကာင္း ေျပာၾကားသည္ဟု The Paper သတင္းဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

“လာမယ့္ ေဆာင္းတြင္းေရာက္ရင္ တရုတ္ျပည္မွာ ကိုရိုနာဗိုင္းရပ္စ္ ဒုတိယလိႈင္း ေပၚလာဦးမလားလို႔ ျပည္သူေတြက ေမးျမန္းေနၾကပါတယ္။ လက္ရွိအားျဖင့္ ဥေရာပမွာ ဒုတိယလႈိင္းေပၚေပါက္ေနပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔လည္း ဒုတိယလႈိင္း ကူးစက္မႈေတြကို ေရွာင္လႊဲလို႔ မရႏိုင္ပါဘူး” ဟု က်န္းဝမ္ေဟာင္က ရွန္ဟိုင္းတြင္ ျပဳလုပ္ေသာ ဖိုရမ္တစ္ခုတြင္ ေျပာၾကားသည္။

ကပ္ေရာဂါကို ထိန္းခ်ဳပ္ရန္အတြက္ ကာကြယ္ေဆးသည္သာ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ေၾကာင္းလည္း က်န္းဝမ္ေဟာင္က ေျပာၾကားသည္။

“ဒါေပမယ့္ ေဆးဝါးထုတ္လုပ္သူေတြအေနနဲ႔ ကာကါယ္ေဆးထုတ္လုပ္ႏိုင္ျပီးေနာက္ တစ္ႏွစ္အတြင္း ေစ်းကြက္ထဲကို ျဖန္႔ႏိုင္ဖို႔ဆိုတာ ခက္ခဲဖြယ္ရာရွိပါတယ္” ဟု က်န္းဝမ္ေဟာင္က ဆိုသည္။

ကာကြယ္ေဆးမျဖန္႔ျဖဴးႏိုင္မီအတြင္း တရုတ္ျပည္ရွိ ျပည္နယ္တိုင္းႏွင့္ ခရိုင္တိုင္းတြင္ အာဏာပိုင္တို႔က ၾကီးမားသည့္ ကူးစက္ျပန္႔ပြားမႈမ်ား ေပၚေပါက္မလာေစရန္အတြက္ ခ်မွတ္ထားသည့္စည္းမ်ဥ္းမ်ား လိုက္နာမႈ ရွိ၊ မရွိ စစ္ေဆးလ်က္ရွိေနေၾကာင္း က်န္းဝမ္ေဟာင္က ေျပာၾကားသည္။

ကူးစက္မႈ ရွိ၊ မရွိကို ေဖာ္ထုတ္သိရွိႏိုင္ရန္ ခဲယဥ္းေၾကာင္း၊ ကိုရိုနာဗိုင္းရပ္စ္သည္ ကူးစက္မႈျမင့္မားေသာ္လည္း မ်ားစြာေသာ ကူးစက္ခံရသူတုိ႔မွာ ေရာဂါအျပင္းအထန္မခံစားရဘဲ လကၡဏာမျပၾကေၾကာင္းလည္း က်န္းဝမ္ေဟာင္က ေထာက္ျပသည္။

“အၾကီးမားဆံုး ျပႆနာက ဒီေရာဂါဟာ အလြန္ျပင္းထန္တာမ်ဳိးမဟုတ္ဘဲ ကူးစက္ခံရသူ ၈၀ ရာခိုင္ႏႈန္းေလာက္မွာ ေရာဂါလကၡဏာ မျပၾကတာပါပဲ။ ဒါက သိပ္ေၾကာက္ဖို႔ေကာင္းပါတယ္” ဟု က်န္းဝမ္ေဟာင္က ေျပာၾကားျပီး သက္ၾကီးရြယ္အိုမ်ားမွာ အႏၱရာယ္အမ်ားဆံုးျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

က်န္းဝမ္ေဟာင္ေျပာၾကားခဲ့သည္ႏွင့္အလားတူ သံုးသပ္သူမွာ တရုတ္ျပည္မွ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာ ထိပ္တန္းကၽြမ္းက်င္ ပညာရွင္ က်ံဳးနန္ရွန္း (Zhong Nanshan) ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္သည္ လာမည့္ေဆာင္းတြင္းမွ ေႏြအထိ တရုတ္ျပည္တြင္ ဆက္လက္တည္ရွိေနဦးမည္ျဖစ္ေၾကာင္း ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္းက ေျပာၾကားခဲ့သည္။

“ကပ္ေရာဂါအတြက္ ကာကြယ္ေဆးဟာ အေျခခံက်တဲ့ အေျဖပါပဲ။ ကမၻာ့ႏိုင္ငံေတြ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ လိုပါတယ္။ က်ယ္က်ယ္ျပန္႔ျပန္႔ ကာကြယ္ေဆးထိုးေပးႏိုင္ဖို႔အတြက္ အခ်ိန္ ၁ ႏွစ္ကေန ၂ ႏွစ္ထိ ၾကာျမင့္ႏိုင္ပါတယ္” ဟု က်ံဳးနန္ရွန္းက ေျပာၾကားေၾကာင္း Science and Technology Daily သတင္းစာတြင္ ေဖာ္ျပသည္။

သို႔ေသာ္ တရုတ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဗဟို (CCDC) မွ ဇီဝလံုျခံဳေရးကၽြမ္းက်င္ပညာရွင္ အၾကီးအကဲ ဝူေကြ႔က်င္း (Wu Guizhen) က တရုတ္ျပည္သူမ်ားအတြက္ လာမည့္ ႏိုဝင္ဘာ (သို႔မဟုတ္) ဒီဇင္ဘာတြင္ ကာကြယ္ေဆးရရွိႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ ဝူေကြ႔က်င္းက ႏိုင္ငံပိုင္ ရုပ္သံဌာနျဖစ္ေသာ စီစီတီဗြီသုိ႔ ေျပာၾကားရာတြင္ ယခုႏွစ္ဧျပီလအတြင္း ကာကြယ္ေဆး စမ္းသပ္မႈတြင္ မိမိဆႏၵအေလ်ာက္ စမ္းသပ္ထိုးႏွံမႈ ခံယူခဲ့ေၾကာင္း၊ မိမိတြင္ က်န္းမာေရးအေျခအေန ေကာင္းမြန္ေနေၾကာင္း၊ မည္သည့္ ဆိုးက်ဳိးရလဒ္မွ မခံစားရေၾကာင္း သူမက ေျပာၾကားသည္။

တရုတ္တစ္ႏိုင္ငံလံုးတြင္ ေရာဂါထိန္းခ်ဳပ္ထားႏိုင္သည့္ အေနအထားရွိေသာ္လည္း ကူးစက္မႈမ်ား ျမင့္မားေနေသာ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွ ဗိုင္းရပ္စ္မ်ား ပ်ံ ႔ႏွံ႔လာႏိုင္မႈကို ၾကိဳတင္ကာကြယ္ရန္အတြက္ တရုတ္ျပည္ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္တြင္ စစ္ပြဲကာလ တပ္လွန္႔မႈ အေျခအေနမ်ဳိးအထိ တပ္လွန္႔ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus: second wave over winter ‘inevitable’ in China, infectious disease expert says (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service