၂၀၂၀ ပြည့်နှစ်ကုန်အထိ သင် COVID-19 ကာကွယ်ဆေး မထိုးခံရနိုင်သည့် အကြောင်းရင်း (၃) ခု

၂၀၂၀ ပြည့်နှစ်ကုန်အထိ သင် COVID-19 ကာကွယ်ဆေး မထိုးခံရနိုင်သည့် အကြောင်းရင်း (၃) ခု - Property News in Myanmar from iMyanmarHouse.com
22 Sep 2020 12:02 pm တွင် တင်ခဲ့သည်
1268 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယခုနှစ်မကုန်မီ COVID-19 ကာကွယ်ဆေးတစ်မျိုး ထွက်ရှိလာလိမ့်မည်ဟု ကျွန်ုပ်အနေဖြင့် ထင်မိပါသည်။ အမေရိကန်ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားသိပ္ပံ၏ ဝါရင့်ညွှန်ကြားရေးမှူး ဒေါက်တာ အန်သိုနီဖာအူချီကလည်း ယခုနှစ်မကုန်မီ ဘေးကင်းစိတ်ချရ၍ ထိရောက်မှုရှိသော ကာကွယ်ဆေးတစ်မျိုး ရှိလာနိုင်ကြောင်း မကြာသေးမီက ခန့်မှန်းခဲ့သည်။

သို့ဆိုကာ အလွန်ပျော်မသွားပါနှင့်ဦး၊ ဟုတ်ပါသည်။ သင်နှင့်ကျွန်ုပ်သည် ယခုလာမည့် ဒီဇင်ဘာလကုန်သည်အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မထိုးနှံခံရကောင်းမခံရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အောက်ဖော်ပြပါ အကြောင်းရင်းသုံးခုကြောင့် ဖြစ်သည်။

၁။ ကာကွယ်ဆေးအနည်းငယ်သာ ဖြန့်ချိရန် အသင့်ရှိခြင်း

- COVID-19 ကာကွယ်ဆေးတစ်မျိုး ယခုနှစ်မကုန်မီ ရရှိမည်ဟု ထင်မြင်ရသည့် အကြောင်းရင်းများ ရှိစဥ် ထိုသို့အမှန်တကယ်ဖြစ်လာမည်ဟု အာမခံချက်မရှိခြင်းကိုလည်း သိမှတ်ထားရပေမည်။ အလားအလာရှိသော စမ်းသပ်ဆဲကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး BNT162b2 အလုပ်ဖြစ်မဖြစ်ကို ၎င်း၏ထုတ်လုပ်သူများဖြစ်ကြသော Pfizer နှင့် BioNTech တို့မှ အောက်တိုဘာမကုန်မီ သိရှိရန် ရာခိုင်နှုန်း ၆၀ ဝန်းကျင် ရှိသည်ဟု Pfizer ဆေးကုမ္ပဏီ၏ စီအီးအို ခေါ် အမှုဆောင်အရာရှိချုပ် အဲလ်ဘတ်ဘိုလာကိုယ်၌ကပင် ပြောကြားထားသည်။ သို့ဖြစ်ရာ ၎င်းကာကွယ်ဆေး အလုပ်ဖြစ်မဖြစ်အား လာမည့်လမကုန်မီ ထိုဆေးကုမ္ပဏီနှစ်ခုမှ မသိနိုင်သည့် ရာခိုင်နှုန်းကလည်း ၄၀ ရှိနေပေသည်။

- အဓိကပြဿနာမှာ အချိန်ဖြစ်သည်။ နှောင်းပိုင်းအဆင့်လက်တွေ့စမ်းသပ်လေ့လာမှုများသည် ကုမ္ပဏီအနေဖြင့် အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံမှ အရေးပေါ်သုံးစွဲခွင့်ပြုချက် (EUA) ကို တောင်းခံရန်အတွက် လုံလောက်သော အချက်အလက်များ ရှိသည်ဟု ခံစားရသည်အထိ တိုးတက်သင့်သည်။ FDA မှ နောက်ဆုံးဆုံးဖြတ်ချက်မချမီ EUA သို့မဟုတ် FDA ထောက်ခံချက် ရရှိလိုသည့် မည်သည့် COVID-19 ကာကွယ်ဆေးမဆိုကို အကြံပေးကော်မတီတစ်ခုမှ ဦးစွာသုံးသပ်မည်ဖြစ်ကြောင်း FDA အကြီးအကဲ စတီဗင်ဟန်းနှင့် ဇီဝချင့်တွက်မှုနှင့် သုတေသနဌာန ညွှန်ကြားရေးမှူး ပီတာမာ့ခ်တို့က ပြောကြားခဲ့သည်။

- ၂၀၂၀ ပြည့်နှစ်ကုန်တွင် အမေရိကန်နိုင်ငံသားများအား ကာကွယ်ဆေးထိုးရန်အတွက် FDA ထံမှ EUA ရရှိရန် အလားအလာရှိသည့် လက်တွေ့စမ်းသပ်ဆဲ COVID-19 ကာကွယ်ဆေးသည်ပင်လျှင် သုံးမျိုးသာ ရှိသည်။ Pfizer နှင့် BioNTech တို့၏ BNT162b2 ၊ Moderna ၏ mRNA-1273 နှင့် AstraZeneca ၏ AZD1222 တို့ဖြစ်သည်။ AstraZeneca ၏ AZD1222 မှာ လက်တွေ့စမ်းသပ်မှုအတွင်း ပြင်းထန်သည့် နာမကျန်းဖြစ်မှုရှိလာသဖြင့် ယခုအခါ အဆင့် ၃ စမ်းသပ်မှုအား ယာယီရပ်ထားရသည်။

၂။ Supply Chain (ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို စတင်ထုတ်လုပ်ချိန်မှစ၍ end user ခေါ် စားသုံးသူများထံ ရောက်ရှိသည်အထိ အဆင့်ဆင့် လက်လွှဲပို့ဆောင်ခြင်း ကွင်းဆက်) ပြဿနာများ ရှိနိုင်ခြင်း

- အထက်ဖော်ပြပါ ဆေးကုမ္ပဏီ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောဆေးကုမ္ပဏီများက ၎င်းတို့၏ သက်ဆိုင်ရာ COVID-19 ကာကွယ်ဆေးများအတွက် EUA ကို နိုဝင်ဘာတွင် ရရှိသည်ဟုပဲ ယူဆကြပါစို့။ ထို့နောက် ထိုကာကွယ်ဆေးများကို အမေရိကန်နိုင်ငံသားအများစု မြန်မြန်ဆန်ဆန်ရရှိကြမည်လား? မထင်ပါနှင့်။

- တရားဝင်ခွင့်ပြုချက်ရ မည်သည့်ကာကွယ်ဆေးမဆို အစပိုင်းတွင် ပြတ်လတ်နိုင်ပေသည်။ ဆေးကုမ္ပဏီများကလည်း ထုတ်လုပ်နိုင်မှုပမာဏကို တိုးမြှင့်နေကြဆဲဖြစ်သည်။ Pfizer နှင့် BioNTech တို့က BNT162b2 အလုံးရေ သန်း ၁၀၀ အထိ ယခုနှစ်မကုန်မီ ပံ့ပိုးပေးနိုင်မည်ဟု တွက်ထားကြသော်လည်း ထိုပမာဏသည် အမေရိကန်ဈေးကွက်တစ်ခုအတွက် မဟုတ်ပေ။

- Supply Chain (ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို စတင်ထုတ်လုပ်ချိန်မှစ၍ end user ခေါ် စားသုံးသူများထံ ရောက်ရှိသည်အထိ အဆင့်ဆင့် လက်လွှဲပို့ဆောင်ခြင်း ကွင်းဆက်) ပြဿနာများ ရှိနိုင်ပါသည်။ ကာကွယ်ဆေးအလုံးရေအပြင် လုံလောက်သော ဆေးထိုးပြွတ်များနှင့် ဆေးထိုးအပ်များကိုလည်း လိုအပ်မည်ဖြစ်သည်။ ကာကွယ်ဆေးများအား ရေခဲရိုက်၍ ပို့ဆောင်မှုများအတွက် စီစဥ်ထားရမည်ဖြစ်သည်။ ယခုနှစ်မကုန်မီ COVID-19 ကာကွယ်ဆေးများအား ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရန် အလွန်တိုတောင်းသော အချိန်ကာလအတွင်း လုပ်ဆောင်စရာများစွာ ရှိပါသည်။

၃။ ကာကွယ်ဆေးထိုးနှံခံရမည့် ပထမအဆင့်အုပ်စုတွင် သင်မပါဝင်နိုင်ခြင်း

- ဘေးကင်း၍ အကျိုးထိရောက်မှုရှိသော COVID-19 ကာကွယ်‌ဆေးများ ရရှိသည်နှင့်တစ်ပြိုင်နက် မည်သူများအား ပထမဆုံးထိုးနှံမည်နည်းဆိုသည်နှင့်ပတ်သက်၍ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်မည်ဖြစ်သည်။ ကာကွယ်ဆေး ခွဲဝေပေးရန် သာတူညီမျှဖြစ်သည့်နည်းလမ်းတစ်ခုအား အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ အမိန့်အရ အမေရိကန်အမျိုးသားသိပ္ပံ၊ အင်ဂျင်နီယာပညာနှင့် ဆေးပညာတက္ကသိုလ်များဆိုင်ရာ ကော်မတီက အဆိုပြုလိုက်ပြီဖြစ်သည်။ ၎င်းတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူးစက်နိုင်ခြေမြင့်မားသည့် အခြားရှေ့တန်းတိုက်စစ်မှူးများအား ထိပ်တန်းဦးစားပေးအဖြစ် အကြံပြုခဲ့ကြသည်။ မိသားစုဝင် သို့မဟုတ် လူဦးရေ အများအပြားဖြင့် နေထိုင်ကြရသည့် အသက်ကြီးသော အရွယ်ရောက်ပြီးသူများ (သက်ကြီးပိုင်းများ) အားလည်း ကာကွယ်ဆေးထိုးနှံမှုပထမအဆင့်တွင် ပါဝင်စေရမည်ဖြစ်သည်ဟုလည်း ၎င်းတို့၏အကြံပြုအစီအစဥ်တွင် ဖော်ပြခဲ့ကြသည်။

- သို့ဖြစ်ရာ ထိုအမျိုးအစားများတွင် သင်မပါဝင်ပါက သင်သည် ကာကွယ်ဆေးထိုးနှံခံရမည့် ပထမအဆင့်အုပ်စုတွင် ပါဝင်နိုင်ဖွယ်မရှိပေ။

လာမည့်နှစ်အထိ စောင့်ဆိုင်းပါ

- ထို့ကြောင့် COVID-19 ကာကွယ်ဆေးကို သင်သည် လာမည့်နှစ်အထိ အစောဆုံးစောင့်ဆိုင်းရနိုင်ပေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 3 Reasons Why You Probably Won't Receive a Coronavirus Vaccine Shot by the End of 2020 (TheMotleyFool)

[Zawgyi]

၂၀၂၀ ျပည့္ႏွစ္ကုန္အထိ သင္ COVID-19 ကာကြယ္ေဆး မထိုးခံရႏိုင္သည့္ အေၾကာင္းရင္း (၃) ခု

 ယခုႏွစ္မကုန္မီ COVID-19 ကာကြယ္ေဆးတစ္မ်ိဳး ထြက္႐ွိလာလိမ့္မည္ဟု ကြၽႏ္ုပ္အေနျဖင့္ ထင္မိပါသည္။ အေမရိကန္ဓာတ္မတည့္မႈႏွင့္ ကူးစက္ေရာဂါမ်ားဆိုင္ရာ အမ်ိဳးသားသိပၸံ၏ ဝါရင့္ၫႊန္ၾကားေရးမႉး ေဒါက္တာ အန္သိုနီဖာအူခ်ီကလည္း ယခုႏွစ္မကုန္မီ ေဘးကင္းစိတ္ခ်ရ၍ ထိေရာက္မႈ႐ွိေသာ ကာကြယ္ေဆးတစ္မ်ိဳး ႐ွိလာႏိုင္ေၾကာင္း မၾကာေသးမီက ခန္႔မွန္းခဲ့သည္။

သို႔ဆိုကာ အလြန္ေပ်ာ္မသြားပါႏွင့္ဦး၊ ဟုတ္ပါသည္။ သင္ႏွင့္ကြၽႏ္ုပ္သည္ ယခုလာမည့္ ဒီဇင္ဘာလကုန္သည္အထိ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး မထိုးႏွံခံရေကာင္းမခံရႏိုင္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ေအာက္ေဖာ္ျပပါ အေၾကာင္းရင္းသုံးခုေၾကာင့္ ျဖစ္သည္။

၁။ ကာကြယ္ေဆးအနည္းငယ္သာ ျဖန္႔ခ်ိရန္ အသင့္႐ွိျခင္း

- COVID-19 ကာကြယ္ေဆးတစ္မ်ိဳး ယခုႏွစ္မကုန္မီ ရ႐ွိမည္ဟု ထင္ျမင္ရသည့္ အေၾကာင္းရင္းမ်ား ႐ွိစဥ္ ထိုသို႔အမွန္တကယ္ျဖစ္လာမည္ဟု အာမခံခ်က္မ႐ွိျခင္းကိုလည္း သိမွတ္ထားရေပမည္။ အလားအလာ႐ွိေသာ စမ္းသပ္ဆဲကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး BNT162b2 အလုပ္ျဖစ္မျဖစ္ကို ၎၏ထုတ္လုပ္သူမ်ားျဖစ္ၾကေသာ Pfizer ႏွင့္ BioNTech တို႔မွ ေအာက္တိုဘာမကုန္မီ သိ႐ွိရန္ ရာခိုင္ႏႈန္း ၆၀ ဝန္းက်င္ ႐ွိသည္ဟု Pfizer ေဆးကုမၸဏီ၏ စီအီးအို ေခၚ အမႈေဆာင္အရာ႐ွိခ်ဳပ္ အဲလ္ဘတ္ဘိုလာကိုယ္၌ကပင္ ေျပာၾကားထားသည္။ သို႔ျဖစ္ရာ ၎ကာကြယ္ေဆး အလုပ္ျဖစ္မျဖစ္အား လာမည့္လမကုန္မီ ထိုေဆးကုမၸဏီႏွစ္ခုမွ မသိႏိုင္သည့္ ရာခိုင္ႏႈန္းကလည္း ၄၀ ႐ွိေနေပသည္။

- အဓိကျပႆနာမွာ အခ်ိန္ျဖစ္သည္။ ေႏွာင္းပိုင္းအဆင့္လက္ေတြ႕စမ္းသပ္ေလ့လာမႈမ်ားသည္ ကုမၸဏီအေနျဖင့္ အေမရိကန္အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ထံမွ အေရးေပၚသုံးစြဲခြင့္ျပဳခ်က္ (EUA) ကို ေတာင္းခံရန္အတြက္ လုံေလာက္ေသာ အခ်က္အလက္မ်ား ႐ွိသည္ဟု ခံစားရသည္အထိ တိုးတက္သင့္သည္။ FDA မွ ေနာက္ဆုံးဆုံးျဖတ္ခ်က္မခ်မီ EUA သို႔မဟုတ္ FDA ေထာက္ခံခ်က္ ရ႐ွိလိုသည့္ မည္သည့္ COVID-19 ကာကြယ္ေဆးမဆိုကို အၾကံေပးေကာ္မတီတစ္ခုမွ ဦးစြာသုံးသပ္မည္ျဖစ္ေၾကာင္း FDA အႀကီးအကဲ စတီဗင္ဟန္းႏွင့္ ဇီဝခ်င့္တြက္မႈႏွင့္ သုေတသနဌာန ၫႊန္ၾကားေရးမႉး ပီတာမာ့ခ္တို႔က ေျပာၾကားခဲ့သည္။

- ၂၀၂၀ ျပည့္ႏွစ္ကုန္တြင္ အေမရိကန္ႏိုင္ငံသားမ်ားအား ကာကြယ္ေဆးထိုးရန္အတြက္ FDA ထံမွ EUA ရ႐ွိရန္ အလားအလာ႐ွိသည့္ လက္ေတြ႕စမ္းသပ္ဆဲ COVID-19 ကာကြယ္ေဆးသည္ပင္လွ်င္ သုံးမ်ိဳးသာ ႐ွိသည္။ Pfizer ႏွင့္ BioNTech တို႔၏ BNT162b2 ၊ Moderna ၏ mRNA-1273 ႏွင့္ AstraZeneca ၏ AZD1222 တို႔ျဖစ္သည္။ AstraZeneca ၏ AZD1222 မွာ လက္ေတြ႕စမ္းသပ္မႈအတြင္း ျပင္းထန္သည့္ နာမက်န္းျဖစ္မႈ႐ွိလာသျဖင့္ ယခုအခါ အဆင့္ ၃ စမ္းသပ္မႈအား ယာယီရပ္ထားရသည္။

၂။ Supply Chain (ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈတစ္ခုခုကို စတင္ထုတ္လုပ္ခ်ိန္မွစ၍ end user ေခၚ စားသုံးသူမ်ားထံ ေရာက္႐ွိသည္အထိ အဆင့္ဆင့္ လက္လႊဲပို႔ေဆာင္ျခင္း ကြင္းဆက္) ျပႆနာမ်ား ႐ွိႏိုင္ျခင္း

- အထက္ေဖာ္ျပပါ ေဆးကုမၸဏီ တစ္ခု သို႔မဟုတ္ တစ္ခုထက္ပိုေသာေဆးကုမၸဏီမ်ားက ၎တို႔၏ သက္ဆိုင္ရာ COVID-19 ကာကြယ္ေဆးမ်ားအတြက္ EUA ကို ႏိုဝင္ဘာတြင္ ရ႐ွိသည္ဟုပဲ ယူဆၾကပါစို႔။ ထို႔ေနာက္ ထိုကာကြယ္ေဆးမ်ားကို အေမရိကန္ႏိုင္ငံသားအမ်ားစု ျမန္ျမန္ဆန္ဆန္ရ႐ွိၾကမည္လား? မထင္ပါႏွင့္။

- တရားဝင္ခြင့္ျပဳခ်က္ရ မည္သည့္ကာကြယ္ေဆးမဆို အစပိုင္းတြင္ ျပတ္လတ္ႏိုင္ေပသည္။ ေဆးကုမၸဏီမ်ားကလည္း ထုတ္လုပ္ႏိုင္မႈပမာဏကို တိုးျမႇင့္ေနၾကဆဲျဖစ္သည္။ Pfizer ႏွင့္ BioNTech တို႔က BNT162b2 အလုံးေရ သန္း ၁၀၀ အထိ ယခုႏွစ္မကုန္မီ ပံ့ပိုးေပးႏိုင္မည္ဟု တြက္ထားၾကေသာ္လည္း ထိုပမာဏသည္ အေမရိကန္ေဈးကြက္တစ္ခုအတြက္ မဟုတ္ေပ။

- Supply Chain (ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈတစ္ခုခုကို စတင္ထုတ္လုပ္ခ်ိန္မွစ၍ end user ေခၚ စားသုံးသူမ်ားထံ ေရာက္႐ွိသည္အထိ အဆင့္ဆင့္ လက္လႊဲပို႔ေဆာင္ျခင္း ကြင္းဆက္) ျပႆနာမ်ား ႐ွိႏိုင္ပါသည္။ ကာကြယ္ေဆးအလုံးေရအျပင္ လုံေလာက္ေသာ ေဆးထိုးႁပြတ္မ်ားႏွင့္ ေဆးထိုးအပ္မ်ားကိုလည္း လိုအပ္မည္ျဖစ္သည္။ ကာကြယ္ေဆးမ်ားအား ေရခဲ႐ိုက္၍ ပို႔ေဆာင္မႈမ်ားအတြက္ စီစဥ္ထားရမည္ျဖစ္သည္။ ယခုႏွစ္မကုန္မီ COVID-19 ကာကြယ္ေဆးမ်ားအား က်ယ္က်ယ္ျပန္႔ျပန္႔ရ႐ွိႏိုင္ရန္ အလြန္တိုေတာင္းေသာ အခ်ိန္ကာလအတြင္း လုပ္ေဆာင္စရာမ်ားစြာ ႐ွိပါသည္။

၃။ ကာကြယ္ေဆးထိုးႏွံခံရမည့္ ပထမအဆင့္အုပ္စုတြင္ သင္မပါဝင္ႏိုင္ျခင္း

- ေဘးကင္း၍ အက်ိဳးထိေရာက္မႈ႐ွိေသာ COVID-19 ကာကြယ္‌ေဆးမ်ား ရ႐ွိသည္ႏွင့္တစ္ၿပိဳင္နက္ မည္သူမ်ားအား ပထမဆုံးထိုးႏွံမည္နည္းဆိုသည္ႏွင့္ပတ္သက္၍ ခက္ခဲေသာ ဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္ရန္ လိုအပ္မည္ျဖစ္သည္။ ကာကြယ္ေဆး ခြဲေဝေပးရန္ သာတူညီမွ်ျဖစ္သည့္နည္းလမ္းတစ္ခုအား အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန၏ အမိန္႔အရ အေမရိကန္အမ်ိဳးသားသိပၸံ၊ အင္ဂ်င္နီယာပညာႏွင့္ ေဆးပညာတကၠသိုလ္မ်ားဆိုင္ရာ ေကာ္မတီက အဆိုျပဳလိုက္ၿပီျဖစ္သည္။ ၎တို႔က က်န္းမာေရးေစာင့္ေ႐ွာက္မႈေပးၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေရာဂါကူးစက္ႏိုင္ေျချမင့္မားသည့္ အျခားေ႐ွ႕တန္းတိုက္စစ္မႉးမ်ားအား ထိပ္တန္းဦးစားေပးအျဖစ္ အၾကံျပဳခဲ့ၾကသည္။ မိသားစုဝင္ သို႔မဟုတ္ လူဦးေရ အမ်ားအျပားျဖင့္ ေနထိုင္ၾကရသည့္ အသက္ႀကီးေသာ အ႐ြယ္ေရာက္ၿပီးသူမ်ား (သက္ႀကီးပိုင္းမ်ား) အားလည္း ကာကြယ္ေဆးထိုးႏွံမႈပထမအဆင့္တြင္ ပါဝင္ေစရမည္ျဖစ္သည္ဟုလည္း ၎တို႔၏အၾကံျပဳအစီအစဥ္တြင္ ေဖာ္ျပခဲ့ၾကသည္။

- သို႔ျဖစ္ရာ ထိုအမ်ိဳးအစားမ်ားတြင္ သင္မပါဝင္ပါက သင္သည္ ကာကြယ္ေဆးထိုးႏွံခံရမည့္ ပထမအဆင့္အုပ္စုတြင္ ပါဝင္ႏိုင္ဖြယ္မ႐ွိေပ။

လာမည့္ႏွစ္အထိ ေစာင့္ဆိုင္းပါ

- ထို႔ေၾကာင့္ COVID-19 ကာကြယ္ေဆးကို သင္သည္ လာမည့္ႏွစ္အထိ အေစာဆုံးေစာင့္ဆိုင္းရႏိုင္ေပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 3 Reasons Why You Probably Won't Receive a Coronavirus Vaccine Shot by the End of 2020 (TheMotleyFool)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service