ရောင်းပိုင်ခွင့်မရှိသူထံမှ ဝယ်ယူမိခြင်း

ရောင်းပိုင်ခွင့်မရှိသူထံမှ ဝယ်ယူမိခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2020 1:02 pm တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မကြာသေးမီရက်ပိုင်းက မိတ်ဆွေတစ်ဦးကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် တွေ့လိုက်ရသည်။

''သူငယ်ချင်းကို သတိရနေတာကြာပြီ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိလို့။ ဆွေးနွေးတိုင်ပင်စရာရှိတာနဲ့ အတော်ပဲကွာ''ဟု အဆိုပါ မိတ်ဆွေက ကျွန်တော့်အား ပြောပါသည်။

ထို့နောက်နီးရာ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားသဖြင့် ကျွန်တော်လိုက်ပါသွားခဲ့ရပါသည်။

''ဒီလိုသူငယ်ချင်းရ''ဟု ဆိုပြီး ပြောပါတော့သည်။

''ပြီးခဲ့တဲ့ သုံးနှစ်လောက်က ပေ ၂ဝx ပေ ၆ဝ မြေကွက် တစ်ကွက်ကို ငါဝယ်လိုက်တယ်။ အခုမှ လူတစ်ယောက်ကလာပြီး ဒီ မြေကွက်ဟာ သူ့မြေကွက်ဖြစ်လို့ ဖယ်ပေးဖို့ပြောတယ်။ ငါကလည်း ဝယ်ထားတာဆိုတော့ ဖယ်မပေးနိုင်ဘူးပေါ့။ ဒါနဲ့အခု တရားစွဲခံထားရတယ်။ အဲဒါဘယ်လိုဖြစ်နိုင်သလဲ၊ ငါ့မိသားစု အမှုရှုူံးနိုင်သလား''လို့ မေးလာပါသည်။

''မြေက ဂရန်မြေလား''

''ငါဝယ်တုန်းကတော့ ပါမစ်မြေပဲ။ အခုလာပြောတဲ့ သူကတော့ သူ့အမည်နဲ့ဂရန်အမည် ပေါက်နေပြီလို့ ပြောတာပဲ''

'ဟေ' ကျွန်တော် စိတ်လှုပ်ရှားသွားသည်။

''မင်းကဘယ်သူ့ဆီက ဝယ်လိုက်တာလဲ''

''ဘေးအိမ်က ဝယ်လိုက်တာ''

''ရောင်းတုန်းက သူက ဘာပြောလဲ''

''သူက အခုငါဝယ်ထားတဲ့ မြေကွက်လပ်အပါအဝင် ပေ၄ဝx ပေ၆ဝ မြေကွက်နဲ့ အိမ်လေးကိုသူ ဝယ်ထားတာခြောက်နှစ်လောက်ရှိ ပြီ ဖြစ်တယ်။ ဒီမြေကွက်လပ် ပေ ၂ဝx ပေ ၆ဝ ကို ရောင်းချင်တယ် ဆိုတာနဲ့ ငါ့မိတ်ဆွေတစ်ဦးက ဆက်စပ်ပေးလို့ ဝယ်ဖြစ်သွားတာကွာ''

''ရောင်းသူက မြေချပါမစ်ကို ထုတ်ပြသေးလား၊ မူရင်းကကော မင်းဆီမှာ ရှိလား''

''ရောင်းတဲ့သူကသူ့ဆီမှာ ရှိတဲ့ မြေချပါမစ်က သိမ်းထားတာ ဘယ်ပျောက်သွားမှန်းမသိလို့ မိတ္တူပဲရှိတယ်ဆိုပြီး မိတ္တူပဲရလိုက်တယ်။ ဂရန်မထွက်သေးတော့လည်း မှတ်ပုံတင်စာချုပ်ချုပ်လို့ မရဖြစ်နေတာပေါ့။ အခုတော့ သူတို့ကို အိမ်ငှားတွေဆိုပြီး ပေါ်လာတဲ့ မြေပိုင်ရှင်ဆိုသူက တရား စွဲထားတယ်''

''ကောင်းကွာ'' ကျွန်တော် စိတ်ရှုပ်သွားသည်။

''ငါတို့ကို ရောင်းလိုက်တဲ့ သူကတော့ သူဝယ်ထားတာပါလို့ ငြင်းနေတာပဲ''

''အင်း-မင်းပြောသလို မင်းတို့ကို ရောင်းလိုက်တဲ့သူဟာအမှန်တကယ်ဝယ်ထားတယ်ဆိုရင်တော့ သူ့လုပ်ပိုင်ခွင့်အရမင်းကို ကျန်တဲ့ မြေကွက် ပေ၂ဝx ပေ၆ဝ ရောင်းခွင့်ရှိတယ်။ တကယ်လို့ အိမ်ငှားအဖြစ်သာရှိလျက်နဲ့ သူ့လုပ်ပိုင်ခွင့်ကို ကျော်ပြီးမင်းတို့ ကို ရောင်းတယ် ဆိုရင်တော့ ရောင်းတဲ့သူမှာ အပြစ်ရှိမှာဖြစ်တယ်''

''ဒါနဲ့ ပတ်သက်လို့ မင်းသိအောင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုကို ပြောပြမယ်။ တစ်နေ့ကပဲ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ ပြောဆိုတင်ပြခဲ့လို့ မှတ်မိနေတယ်။ ဒါပေမယ့် အဲဒီအမှုက တိုက်ခန်းဖြစ်နေတော့ မင်းအမှုနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် အမှုဖြစ်စဉ်က တူညီနေတယ်''''ဒေါ်တင်မော် ပါ ၂ဦးနဲ့ ဦးမြသိန်း ပါ နှစ်ဦး ၂ဝဝ၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၉'' အမှုဖြစ်တယ်။

ရန်ကုန်တိုင်း တရားရုံးမှာ - ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်းတို့က ဦးမြင့်သိန်းတို့အပေါ် ၎င်းတို့ ပိုင်ဆိုင်တဲ့ တိုက်ခန်းအတွင်း ကျူးကျော် ဝင်ရောက်နေထိုင်လို့ ဖယ်ရှားပေးစေလိုမှု တရားစွဲဆိုခဲ့တယ်။ - ရန်ကုန်တိုင်းတရားရုံးတော်က ဒေါ်တင်မော်တို့ စွဲဆိုသည့်အတ်ိုင်း အနိုင်ဒီဂရီ ချမှတ်ပေးခဲ့တယ်။

ဦးမြင့်သိန်းတို့က တရားရုံးချူပ်သို့ အယူခံဝင်ပေမယ့် မ အောင်မြင်လို့ အထူးအယူခံ တင်သွင်းခဲ့တဲ့အမှုဖြစ်တယ်၊

အထူးအယူခံခုံရုံးက နှစ်ဖက်ကြားနာပြီး သုံးသပ်ဆုံးဖြတ်လိုက်တာကတော့ -

- ရန်ကုန်မြို့ပန်းပဲတန်းမြို့နယ်၊ လမ်း ၃ဝ၊တိုက်အမှတ် ၂၃၂ ပထမထပ်ကို ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်းတို့က အပျောက်စနစ်ရဲ့ မူလပိုင်ရှင်ဆီမှ ဝယ်ထားတယ်။

- အိမ်လခတွေကို ဒေါ်တင်မော် အမည်နဲ့ မြေပိုင်ရှင်ထံ ပေးသွင်းထားတယ်။ - ဒေါ်တင်မော်ရဲ့ သားဖြစ်သူ ဦးတင်ထွန်းဝင်းက အချင်းဖြစ်တိုက်ခန်းမှာ ခေတ္တနေထိုင်ခွင့်ပြုရန် တောင်းခံတဲ့အတွက် ခွင့်ပြုပေးခဲ့တယ်။ - ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်းတို့ နိုင်ငံခြားသို့ အလည်အပတ်သွားပြီး ပြန်အလာမှာ တိုက်ခန်းကိုသွားကြည့်တော့ သားဖြစ်သူ ဦးတင်ထွန်းဝင်း မဟုတ်ဘဲ။ ဦးမြင့်သိန်းတို့ မိသားစု တိုက်ခန်းအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်တာကို တွေ့လိုက်ရတယ်။ - ဒါကြောင့် တိုက်ခန်းကနေ ဖယ်ရှားပေးဖို့ တရားစွဲဆိုတာပဲဖြစ်တယ်။

- ဦးမြင့်သိန်းတို့ဘက်ကတော့ မူလအိမ်ရှင် ဦးတင်ထွန်းဝင်းထံမှ အပြီးအပိုင် အရောင်းစာချုပ်နဲ့ ဝယ်ယူခဲ့ကြောင်း၊ ကျူးကျော် နေထိုင်ခြင်းမဟုတ်ဘဲ ပိုင်ရေးပိုင်ခွင့်အရ နေထိုင်ခြင်းဖြစ်တယ်လို့ ထုချေကြောင်းသုံးသပ်တယ်။

နောက်ဆုံးအထူးအယူခံရုံးက ဆုံးဖြတ်တာကတော့ - ဦးတင်ထွန်းဝင်းဟာ ဒေါ်တင်မော်ရဲ့ သားဖြစ်ပြီး ခေတ္တနေထိုင်ခွင့်ပေးခဲ့ခြင်းသာ ဖြစ်တယ်။ - ဦးတင်ထွန်းဝင်းက မူလပိုင်ရှင်ဦးခင်မောင်အေးထံမှ ဝယ်ယူထားတယ်ဆိုပေမယ့် အထောက်အထား တစ်စုံတစ်ရာပြနိုင်ခြင်းမရှိဘူး။ - ဒါကြောင့် ဦးတင်ထွန်းဝင်းဟာ မိခင် ဒေါ်တင်မော်နဲ့ ဒေါ်သန်းသန်းဝင်း တို့ရဲ့ ခွင့်ပြုချက် လွှဲအပ်ချက် တစ်စုံတစ်ရာမရှိဘဲ မိမိပိုင်လေဟန်ဖြင့် လိမ်လည်ပြီး လွှဲပြောင်းရောင်းချခဲ့ခြင်းဖြစ်တယ်။

- ဦးတင်ထွန်းဝင်းဟာ မိမိမှာမရှိတဲ့ အခွင့်အရေးကို သူတစ်ပါးအားလွှဲအပ်ပေးခဲ့ခြင်းဖြစ်တယ်။ - ဒါကြောင့် ဒီလွှဲပြောင်းရောင်းချခြင်းဟာ ဥပဒေနဲ့ ညီညွတ်မှာ မ ဟုတ်ကြောင်း၊အချင်းဖြစ်တိုက်ခန်းကို စီမံခန့်ခွဲခွင့်မရှိသူထံမှ လွှဲပြောင်း ဝယ်ယူခဲ့တဲ့ ဦးမြင့်သိန်း အနေဖြင့် ဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့အပြင် ဦးမြင့်သိန်းတို့အနေနဲ့ တရားဝင်လက်ဝယ်ထားပိုင်ခွင့်မရှိ လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဦးမြင့်သိန်းတို့ အနေနဲ့ ရောင်းသူ ဦးတင်ထွန်းဝင်း အပေါ်မှာ မိမိတို့နစ်နာမှုအတွက် လျော်ကြေးရပိုင်ခွင့်သာရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်။

''ဒီနေရာမှာ အဓိကမှတ် သားစရာကတော့ ဥပဒေဆိုရိုး စကားဖြစ်တဲ့ မည်သူမှ မိမိတွင် မရှိသည့် အခွင့်အရေးကို သူတစ်ပါးအားမအပ်နှင်းနိုင် (nemo.datguod non habet.) ဆိုတဲ့ စကားပဲ ဖြစ်တယ်။ အပ်နှင်းရင်လည်း တရားဥပဒေနှင့် မညီညွတ်လို့ ပျက်ပြယ်မှာပဲ ဖြစ်တယ်''လို့ ကျွန်တော်ရှင်းပြလိုက်မိသည်။

''ခင်ဗျားအမှုမှာလည်း ခင်ဗျားကို ရောင်းတဲ့သူဟာ မူလပိုင်ရှင်ထံမှ ပေ ၄ဝx ပေ ၆ဝ မြေကွက်ကို အမှန်တကယ် ငွေအပြီးအကြေပေးချေပြီး ဝယ်ခဲ့တယ်ဆိုရင် ပိုင်ဆိုင်မှုရှိတဲ့အတွက် မြေကွက်ကိုခွဲပြီး ပေ၂ဝx ပေ ၆ဝ အဖြစ်နဲ့ ခင်ဗျားကို ရောင်းပိုင်ခွင့်ရှိ မှာဖြစ်တယ်''

''ဒါပေမယ့် အိမ်ငှားအဖြစ်နဲ့ ရှိနေတာကို မြေကွက် တစ်ခုလုံး ဝယ်ထားပါတယ်ဆိုပြီး ခင်ဗျားကို တစ်စိတ်တစ်ပိုင်း ရောင်းချခြင်းဟာ လိမ်လည်ရောင်းတာဖြစ်တဲ့အတွက် အဲဒီအရောင်းအဝယ်ဟာ ပျက်ပြယ်ပြီး အရောင်းအဝယ်စာချုပ်ကလည်း တရားမဝင်ပျက်ပြယ်မှာဖြစ်တယ်။ * ''

ဤစကားကြောင့် မိတ်ဆွေမှာအနည်းငယ်မျက်နှာညှိုးငယ်သွားပြီး စိတ်ဓာတ်ရေးရာကျဆင်းသွားပုံ ဖြစ်ပေါ်လာပါသည်။

''ဒါပေမယ့် စိတ်မပျက်ပါနဲ့ဗျာ၊ တကယ်လို့ အရောင်းအဝယ်စာချုပ်ပျက်ပြယ်သွားရင်လည်း ခင်ဗျားအနေနဲ့ ရောင်းသူထံကနေ မြေရောင်းတန်ဖိုးနဲ့ နစ်နာကြေးတောင်းခံခွင့်ရှိပြီး ဥပဒေအရ အမှန်တကယ် ရပိုင်ခွင့်ရှိမှာ ဖြစ်တယ်''လို့ ရှင်းပြရ ပါသည်။

ထို့ကြောင့် အိမ်ခြံမြေဝယ်သူများအနေဖြင့်

* ပြောစကားကို လွယ်လွယ်ကူကူယုံကြည်၍ မဝယ်သင့်ပေ။ * မြေကွက် အမည်ပေါက် ရှင်း/ မရှင်း၊ * အမည်ပေါက် ကွယ်လွန်ခြင်းရှိ/ မရှိ။ * လင်မယားဖြစ်လျှင် နှစ်ဦးစလုံးကရောင်းချခြင်းကို သဘောတူညီမှု ရှိ/ မရှိ၊ * စာရွက် စာတမ်း မူရင်းများရှိ/ မရှိတို့ကို သေချာစုံစမ်း၍ မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူသင့်ပါကြောင်းအကြံပြုရေး သားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ေရာင္းပိုင္ခြင့္မရွိသူထံမွ ၀ယ္ယူမိျခင္း

မၾကာေသးမီရက္ပုိင္းက မိတ္ေဆြတစ္ဦးကို ရန္ကုန္ၿမိဳ႕ ပန္းဆုိးတန္းလမ္းတြင္ ေတြ႔လုိက္ရသည္။

''သူငယ္ခ်င္းကုိ သတိရေနတာၾကာၿပီ၊ ဘယ္လုိဆက္သြယ္ရမွန္းမသိလုိ႔။ ေဆြးေႏြးတုိင္ပင္စရာရွိတာနဲ႔ အေတာ္ပဲကြာ''ဟု အဆုိပါ မိတ္ေဆြက ကြၽန္ေတာ့္အား ေျပာပါသည္။

ထုိ႔ေနာက္နီးရာ လက္ဖက္ရည္ဆုိင္သုိ႔ ေခၚသြားသျဖင့္ ကြၽန္ေတာ္လုိက္ပါသြားခဲ့ရပါသည္။

''ဒီလုိသူငယ္ခ်င္းရ''ဟု ဆုိၿပီး ေျပာပါေတာ့သည္။

''ၿပီးခဲ့တဲ့ သုံးႏွစ္ေလာက္က ေပ ၂ဝx ေပ ၆ဝ ေျမကြက္ တစ္ကြက္ကုိ ငါဝယ္လုိက္တယ္။ အခုမွ လူတစ္ေယာက္ကလာၿပီး ဒီ ေျမကြက္ဟာ သူ႔ေျမကြက္ျဖစ္လုိ႔ ဖယ္ေပးဖုိ႔ေျပာတယ္။ ငါကလည္း ဝယ္ထားတာဆုိေတာ့ ဖယ္မေပးႏုိင္ဘူးေပါ့။ ဒါနဲ႔အခု တရားစြဲခံထားရတယ္။ အဲဒါဘယ္လုိျဖစ္ႏုိင္သလဲ၊ ငါ့မိသားစု အမႈ႐ႈံူးႏုိင္သလား''လုိ႔ ေမးလာပါသည္။

''ေျမက ဂရန္ေျမလား''

''ငါဝယ္တုန္းကေတာ့ ပါမစ္ေျမပဲ။ အခုလာေျပာတဲ့ သူကေတာ့ သူ႔အမည္နဲ႔ဂရန္အမည္ ေပါက္ေနၿပီလုိ႔ ေျပာတာပဲ''

'ေဟ' ကြၽန္ေတာ္ စိတ္လႈပ္ရွားသြားသည္။

''မင္းကဘယ္သူ႔ဆီက ဝယ္လုိက္တာလဲ''

''ေဘးအိမ္က ဝယ္လိုက္တာ''

''ေရာင္းတုန္းက သူက ဘာေျပာလဲ''

''သူက အခုငါဝယ္ထားတဲ့ ေျမကြက္လပ္အပါအဝင္ ေပ၄ဝx ေပ၆ဝ ေျမကြက္နဲ႔ အိမ္ေလးကုိသူ ဝယ္ထားတာေျခာက္ႏွစ္ေလာက္ရွိ ၿပီ ျဖစ္တယ္။ ဒီေျမကြက္လပ္ ေပ ၂ဝx ေပ ၆ဝ ကုိ ေရာင္းခ်င္တယ္ ဆုိတာနဲ႔ ငါ့မိတ္ေဆြတစ္ဦးက ဆက္စပ္ေပးလုိ႔ ဝယ္ျဖစ္သြားတာကြာ''

''ေရာင္းသူက ေျမခ်ပါမစ္ကုိ ထုတ္ျပေသးလား၊ မူရင္းကေကာ မင္းဆီမွာ ရွိလား''

''ေရာင္းတဲ့သူကသူ႔ဆီမွာ ရွိတဲ့ ေျမခ်ပါမစ္က သိမ္းထားတာ ဘယ္ေပ်ာက္သြားမွန္းမသိလုိ႔ မိတၱဴပဲရွိတယ္ဆုိၿပီး မိတၱဴပဲရလုိက္တယ္။ ဂရန္မထြက္ေသးေတာ့လည္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္လုိ႔ မရျဖစ္ေနတာေပါ့။ အခုေတာ့ သူတုိ႔ကုိ အိမ္ငွားေတြဆုိၿပီး ေပၚလာတဲ့ ေျမပုိင္ရွင္ဆုိသူက တရား စြဲထားတယ္''

''ေကာင္းကြာ'' ကြၽန္ေတာ္ စိတ္႐ႈပ္သြားသည္။

''ငါတုိ႔ကို ေရာင္းလုိက္တဲ့ သူကေတာ့ သူဝယ္ထားတာပါလုိ႔ ျငင္းေနတာပဲ''

''အင္း-မင္းေျပာသလုိ မင္းတုိ႔ကုိ ေရာင္းလုိက္တဲ့သူဟာအမွန္တကယ္ဝယ္ထားတယ္ဆုိရင္ေတာ့ သူ႔လုပ္ပုိင္ခြင့္အရမင္းကို က်န္တဲ့ ေျမကြက္ ေပ၂ဝx ေပ၆ဝ ေရာင္းခြင့္ရွိတယ္။ တကယ္လုိ႔ အိမ္ငွားအျဖစ္သာရွိလ်က္နဲ႔ သူ႔လုပ္ပုိင္ခြင့္ကုိ ေက်ာ္ၿပီးမင္းတုိ႔ ကို ေရာင္းတယ္ ဆုိရင္ေတာ့ ေရာင္းတဲ့သူမွာ အျပစ္ရွိမွာျဖစ္တယ္''

''ဒါနဲ႔ ပတ္သက္လုိ႔ မင္းသိေအာင္ တရား႐ုံးခ်ဳဳပ္က ဆုံးျဖတ္ထားတဲ့ အမႈတစ္ခုကုိ ေျပာျပမယ္။ တစ္ေန႔ကပဲ ရန္ကုန္တုိင္းတရားလႊတ္ေတာ္မွာ ေျပာဆုိတင္ျပခဲ့လုိ႔ မွတ္မိေနတယ္။ ဒါေပမယ့္ အဲဒီအမႈက တုိက္ခန္းျဖစ္ေနေတာ့ မင္းအမႈနဲ႔ တုိက္႐ုိက္မသက္ဆုိင္ေပမယ့္ အမႈျဖစ္စဥ္က တူညီေနတယ္''''ေဒၚတင္ေမာ္ ပါ ၂ဦးနဲ႔ ဦးျမသိန္း ပါ ႏွစ္ဦး ၂ဝဝ၄ ခုႏွစ္ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၈၉'' အမႈျဖစ္တယ္။

ရန္ကုန္တုိင္း တရား႐ုံးမွာ - ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္းတုိ႔က ဦးျမင့္သိန္းတုိ႔အေပၚ ၄င္းတုိ႔ ပုိင္ဆုိင္တဲ့ တုိက္ခန္းအတြင္း က်ဴးေက်ာ္ ဝင္ေရာက္ေနထုိင္လုိ႕ ဖယ္ရွားေပးေစလုိမႈ တရားစြဲဆုိခဲ့တယ္။ - ရန္ကုန္တုိင္းတရား႐ုံးေတာ္က ေဒၚတင္ေမာ္တုိ႔ စြဲဆုိသည့္အတို္င္း အႏိုင္ဒီဂရီ ခ်မွတ္ေပးခဲ့တယ္။

ဦးျမင့္သိန္းတုိ႔က တရား႐ုံးခ်ဴပ္သုိ႔ အယူခံဝင္ေပမယ့္ မ ေအာင္ျမင္လုိ႔ အထူးအယူခံ တင္သြင္းခဲ့တဲ့အမႈျဖစ္တယ္၊

အထူးအယူခံခံု႐ုံးက ႏွစ္ဖက္ၾကားနာၿပီး သုံးသပ္ဆုံးျဖတ္လုိက္တာကေတာ့ -

- ရန္ကုန္ၿမိဳ႕ပန္းပဲတန္းၿမိဳ႕နယ္၊ လမ္း ၃ဝ၊တုိက္အမွတ္ ၂၃၂ ပထမထပ္ကုိ ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္းတုိ႔က အေပ်ာက္စနစ္ရဲ႕ မူလပုိင္ရွင္ဆီမွ ဝယ္ထားတယ္။

- အိမ္လခေတြကို ေဒၚတင္ေမာ္ အမည္နဲ႔ ေျမပုိင္ရွင္ထံ ေပးသြင္းထားတယ္။ - ေဒၚတင္ေမာ္ရဲ႕ သားျဖစ္သူ ဦးတင္ထြန္းဝင္းက အခ်င္းျဖစ္တုိက္ခန္းမွာ ေခတၱေနထုိင္ခြင့္ျပဳရန္ ေတာင္းခံတဲ့အတြက္ ခြင့္ျပဳေပးခဲ့တယ္။ - ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္းတုိ႔ ႏုိင္ငံျခားသုိ႔ အလည္အပတ္သြားၿပီး ျပန္အလာမွာ တုိက္ခန္းကိုသြားၾကည့္ေတာ့ သားျဖစ္သူ ဦးတင္ထြန္းဝင္း မဟုတ္ဘဲ။ ဦးျမင့္သိန္းတုိ႔ မိသားစု တုိက္ခန္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္ေနထုိင္တာကုိ ေတြ႕လုိက္ရတယ္။ - ဒါေၾကာင့္ တုိက္ခန္းကေန ဖယ္ရွားေပးဖုိ႔ တရားစြဲဆုိတာပဲျဖစ္တယ္။

- ဦးျမင့္သိန္းတုိ႔ဘက္ကေတာ့ မူလအိမ္ရွင္ ဦးတင္ထြန္းဝင္းထံမွ အၿပီးအပုိင္ အေရာင္းစာခ်ဳပ္နဲ႔ ဝယ္ယူခဲ့ေၾကာင္း၊ က်ဴးေက်ာ္ ေနထုိင္ျခင္းမဟုတ္ဘဲ ပုိင္ေရးပိုင္ခြင့္အရ ေနထုိင္ျခင္းျဖစ္တယ္လုိ႔ ထုေခ်ေၾကာင္းသုံးသပ္တယ္။

ေနာက္ဆုံးအထူးအယူခံ႐ုံးက ဆုံးျဖတ္တာကေတာ့ - ဦးတင္ထြန္းဝင္းဟာ ေဒၚတင္ေမာ္ရဲ႕ သားျဖစ္ၿပီး ေခတၱေနထိုင္ခြင့္ေပးခဲ့ျခင္းသာ ျဖစ္တယ္။ - ဦးတင္ထြန္းဝင္းက မူလပုိင္ရွင္ဦးခင္ေမာင္ေအးထံမွ ဝယ္ယူထားတယ္ဆိုေပမယ့္ အေထာက္အထား တစ္စုံတစ္ရာျပႏုိင္ျခင္းမရွိဘူး။ - ဒါေၾကာင့္ ဦးတင္ထြန္းဝင္းဟာ မိခင္ ေဒၚတင္ေမာ္နဲ႔ ေဒၚသန္းသန္းဝင္း တုိ႔ရဲ႕ ခြင့္ျပဳခ်က္ လႊဲအပ္ခ်က္ တစ္စုံတစ္ရာမရွိဘဲ မိမိပုိင္ေလဟန္ျဖင့္ လိမ္လည္ၿပီး လႊဲေျပာင္းေရာင္းခ်ခဲ့ျခင္းျဖစ္တယ္။

- ဦးတင္ထြန္းဝင္းဟာ မိမိမွာမရွိတဲ့ အခြင့္အေရးကို သူတစ္ပါးအားလႊဲအပ္ေပးခဲ့ျခင္းျဖစ္တယ္။ - ဒါေၾကာင့္ ဒီလႊဲေျပာင္းေရာင္းခ်ျခင္းဟာ ဥပေဒနဲ႔ ညီၫြတ္မွာ မ ဟုတ္ေၾကာင္း၊အခ်င္းျဖစ္တုိက္ခန္းကုိ စီမံခန္႔ခြဲခြင့္မရွိသူထံမွ လႊဲေျပာင္း ဝယ္ယူခဲ့တဲ့ ဦးျမင့္သိန္း အေနျဖင့္ ဥပေဒနဲ႔ ညီၫြတ္ျခင္း မရွိတဲ့အျပင္ ဦးျမင့္သိန္းတုိ႔အေနနဲ႔ တရားဝင္လက္ဝယ္ထားပုိင္ခြင့္မရွိ လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဦးျမင့္သိန္းတုိ႔ အေနနဲ႔ ေရာင္းသူ ဦးတင္ထြန္းဝင္း အေပၚမွာ မိမိတုိ႔နစ္နာမႈအတြက္ ေလ်ာ္ေၾကးရပိုင္ခြင့္သာရွိတယ္လုိ႔ ဆုံးျဖတ္ခဲ့တယ္။

''ဒီေနရာမွာ အဓိကမွတ္ သားစရာကေတာ့ ဥပေဒဆုိ႐ုိး စကားျဖစ္တဲ့ မည္သူမွ မိမိတြင္ မရွိသည့္ အခြင့္အေရးကုိ သူတစ္ပါးအားမအပ္ႏွင္းႏုိင္ (nemo.datguod non habet.) ဆုိတဲ့ စကားပဲ ျဖစ္တယ္။ အပ္ႏွင္းရင္လည္း တရားဥပေဒႏွင့္ မညီၫြတ္လုိ႔ ပ်က္ျပယ္မွာပဲ ျဖစ္တယ္''လုိ႔ ကြၽန္ေတာ္ရွင္းျပလုိက္မိသည္။

''ခင္ဗ်ားအမႈမွာလည္း ခင္ဗ်ားကုိ ေရာင္းတဲ့သူဟာ မူလပုိင္ရွင္ထံမွ ေပ ၄ဝx ေပ ၆ဝ ေျမကြက္ကုိ အမွန္တကယ္ ေငြအၿပီးအေၾကေပးေခ်ၿပီး ဝယ္ခဲ့တယ္ဆုိရင္ ပုိင္ဆုိင္မႈရွိတဲ့အတြက္ ေျမကြက္ကိုခြဲၿပီး ေပ၂ဝx ေပ ၆ဝ အျဖစ္နဲ႔ ခင္ဗ်ားကုိ ေရာင္းပုိင္ခြင့္ရွိ မွာျဖစ္တယ္''

''ဒါေပမယ့္ အိမ္ငွားအျဖစ္နဲ႔ ရွိေနတာကုိ ေျမကြက္ တစ္ခုလုံး ဝယ္ထားပါတယ္ဆုိၿပီး ခင္ဗ်ားကုိ တစ္စိတ္တစ္ပုိင္း ေရာင္းခ်ျခင္းဟာ လိမ္လည္ေရာင္းတာျဖစ္တဲ့အတြက္ အဲဒီအေရာင္းအဝယ္ဟာ ပ်က္ျပယ္ၿပီး အေရာင္းအဝယ္စာခ်ဳပ္ကလည္း တရားမဝင္ပ်က္ျပယ္မွာျဖစ္တယ္။ * ''

ဤစကားေၾကာင့္ မိတ္ေဆြမွာအနည္းငယ္မ်က္ႏွာၫႈိးငယ္သြားၿပီး စိတ္ဓာတ္ေရးရာက်ဆင္းသြားပုံ ျဖစ္ေပၚလာပါသည္။

''ဒါေပမယ့္ စိတ္မပ်က္ပါနဲ႔ဗ်ာ၊ တကယ္လုိ႔ အေရာင္းအဝယ္စာခ်ဳပ္ပ်က္ျပယ္သြားရင္လည္း ခင္ဗ်ားအေနနဲ႔ ေရာင္းသူထံကေန ေျမေရာင္းတန္ဖုိးနဲ႔ နစ္နာေၾကးေတာင္းခံခြင့္ရွိၿပီး ဥပေဒအရ အမွန္တကယ္ ရပိုင္ခြင့္ရွိမွာ ျဖစ္တယ္''လုိ႔ ရွင္းျပရ ပါသည္။

ထုိ႔ေၾကာင့္ အိမ္ၿခံေျမဝယ္သူမ်ားအေနျဖင့္

* ေျပာစကားကုိ လြယ္လြယ္ကူကူယုံၾကည္၍ မဝယ္သင့္ေပ။ * ေျမကြက္ အမည္ေပါက္ ရွင္း/ မရွင္း၊ * အမည္ေပါက္ ကြယ္လြန္ျခင္းရွိ/ မရွိ။ * လင္မယားျဖစ္လွ်င္ ႏွစ္ဦးစလုံးကေရာင္းခ်ျခင္းကုိ သေဘာတူညီမႈ ရွိ/ မရွိ၊ * စာရြက္ စာတမ္း မူရင္းမ်ားရွိ/ မရွိတုိ႔ကို ေသခ်ာစုံစမ္း၍ မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိဝယ္ယူသင့္ပါေၾကာင္းအႀကံျပဳေရး သားလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service