မိမိအိမ်မှာ ရေခဲသေတ္တာရှိသူတိုင်း သိထားသင့်တဲ့ အချက်အလက်များ
မိမိအိမ်မှာ ရေခဲသေတ္တာရှိသူတိုင်း သိထားသင့်တဲ့ အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
19 Sep 2020 12:59 pm တွင် တင်ခဲ့သည်
15999 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ခေတ်မီတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ အိမ်တိုင်းလိုလို ရေခဲသေတ္တာရှိကြပါတယ်။ အိမ်မှာရှိတဲ့ ရေခဲသေတ္တာထဲကို မိမိတို့စားချင်တဲ့ အစားအစာတွေ ကြာရှည်ခံအောင် သိမ်းဆည်းထားကြပါတယ်။
အိမ်တိုင်းမှာရှိတဲ့ ရေခဲသေတ္တာကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ အိမ်မှာ ရေခဲသေတ္တာရှိသူတိုင်း သိထားသင့်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ရေခဲသေတ္တာထဲတွင် အသားငါးများ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အချိုရည်ဗူး၊ ရေသန့်ဘူးများ နှင့် အလှကုန်ပစ္စည်းများကို ထည့်ထားတတ်လေ့ရှိသည်။ အေးအေးလေးနဲ့ ကြာရှည်ခံချင်တိုင်း အစားအစာအားလုံး ရေခဲသေတ္တာထဲ ထည့်ဖို့မလိုပေ။
ရေခဲသေတ္တာထဲ လုံးဝထည့်မထားသင့်တဲ့ အစားအစာများ
ကြာရှည်ခံအောင် ရေခဲသေတ္တာထဲထည့်မှ ပုံပျက်ပြီး သုံးမရတော့တဲ့ အစားအစာတွေ၊ အသီးအနှံတွေလည်းရှိပါတယ်။ ထိုအစားအစာတွေ၊ အသီးအနှံတွေကတော့ ဆီးသီး၊ မက်မွန်သီး၊ ပန်းသီး၊ အခွံမာသီး၊ သခွားမွှေး၊ ဖရဲသီး၊ ပျားရည် နဲ့ အာလူးတို့ပဲဖြစ်ပါတယ်။
ဖော်ပြပါ အသီးအနှံတွေ အစားအစာတွေက ရေခဲသေတ္တာထဲ လုံးဝမထည့်သင့်တဲ့ အသီးအနှံ၊ အစားအစာတွေပဲဖြစ်ပါတယ်။ ဒီအသီးအနှံတွေကို ရေခဲသေတ္တာထဲထည့်ထားခြင်းက ဘာအကျိုးကျေးဇူးမှ မရရှိဘဲ အသီးတွေရဲ့ မူလပါ အဟာရ နဲ့ အဆီအနှစ်တွေကို ဓါတ်ပြယ်စေနိုင်ပါတယ်။
ရေခဲသေတ္တာထဲမှာရှိတဲ့ အစားအစာ၊ အသီးအနှံတွေ လတ်ဆတ်ပြီးအထားခံနေဖို့ဆိုရင် အတွင်းပိုင်း အအေးပမာဏ မျှတနေဖို့လိုပါတယ်။အအေးပမာဏကို စနစ်တကျ ရှိန်ညှိထားရင် အထဲမှာထည့်ထားတဲ့ အစားအစာတွေ ပုပ်သိုးခြင်းမရှိတော့ဘဲ လတ်ဆတ်ပြီး အေးနေမှာပဲဖြစ်ပါတယ်။
ရေခဲသေတ္တာ အသုံးပြုသူတိုင်း ရှောင်ရှားရမည့် အချက်များ
လူတွေတောင် နေမကောင်းဖြစ်သလို၊ စက်ပစ္စည်းတွေလည်း ပျက်ယွင်းကြပါတယ်။ လူတွေ ကျန်းမာရေးဂရုစိုက်ကြသလို၊ စက်ပစ္စည်းတွေ မပျက်စီးအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ဆောင်ရန်/ရှောင်ရန်တွေလိုအပ်ပါတယ်။
ရေခဲသေတ္တာ အသုံးပြုသူတိုင် ဘယ်လိုအချက်တွေကို မပြုလုပ်သင့်ဘူးလဲဆိုတော့.....
(၁)မလိုအပ်ဘဲ တံခါးမဖွင့်ထားပါနဲ့၊ လိုအပ်တဲ့ပစ္စည်းယူပြီးတာနဲ့ ချက်ချင်းပြန်ပိတ်ပါ။
(၂)ရေခဲသေတ္တာရဲ့ အတွင်းအပြင်ကို ရေနဲ့ ပက်ဖြန်းခြင်း မပြုပါနဲ့။
(၃)ဓါဓုဆေးဝါးပစ္စည်းများ၊ ဆေးရည်များကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့။
(၄)ရေခဲသေတ္တာရဲ့ လေထွက်ပေါက်ရှေ့မှာ ပစ္စည်းတွေ မထားပါနဲ့။
ရေခဲသေတ္တာ အသုံးပြုသူတိုင်း ပြုလုပ်သင့်သည့် အချက်များ
ရေခဲသေတ္တာ အသုံးပြုသူတိုင်း ရှောင်ရှားရမည့် အချက်တွေကို သိထားပြီဆိုရင် အိမ်မှာရှိတဲ့ရေခဲသေတ္တာ ပျက်စီးမလွယ်အောင် ဘယ်လိုအချက်တွေ ပြုလုပ်ပေးသင့်လဲဆိုတော့
(၁)တခြားအိမ်သုံးပစ္စည်းများကဲ့သို့ ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။
(၂)ရေခဲသေတ္တာထဲရှိ ပစ္စည်းတွေကို စနစ်တကျ ထားပါ။ တစ်ခုပေါ်တစ်ခုထပ်ထားပါက လေဝင်လေထွက်ပိတ်ပြီး အတွင်းပိုင်း အအေးပမာဏ ကျသွားနိုင်ပါတယ်။
(၃)ရေခဲသေတ္တာ နောက်အခြမ်းကို သန့်ရှင်းစွာ ထားပါ။
(၄)ရေခဲသေတ္တာထဲ ထည့်ရမည့်ပစ္စည်းများကို ရေဆေး၊ အသီးအရွက်များဖြစ်ပါက ဆားရည်စိမ်ပြီးမှထည့်ပါ။ အသီးအရွက်မှာပါလာတဲ့ ပိုးများ (ဥပမာ-Corona Virus) ရေခဲသေတ္တာထဲ မွေးမြူသလိုဖြစ်နေပါမယ်။
အိမ်မှာ ရေခဲသေတ္တာရှိသူတိုင်း အထက်ပါ ဆောင်ရန်/ရှောင်ရန်တွေကို ဖတ်ပြီး မိမိအိမ်မှာရှိတဲ့ ရေခဲသေတ္တာကို မပျက်စီးအောင် ဂရုစိုက်ကြဖို့ အကြံပေးပြောကြားလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service