စင်္ကာပူဟာ ဘာကြောင့် Covid-19 ကမ္ဘာ့သေဆုံးမှုအနည်းဆုံးနိုင်ငံဖြစ်နေတာလဲ

စင်္ကာပူဟာ ဘာကြောင့် Covid-19 ကမ္ဘာ့သေဆုံးမှုအနည်းဆုံးနိုင်ငံဖြစ်နေတာလဲ - Property News in Myanmar from iMyanmarHouse.com
19 Sep 2020 11:51 am တွင် တင်ခဲ့သည်
11323 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အနည်းပါးဆုံးဖြစ်နေပြီး ကူးစက်ခံရသူ ၅၇၀၀၀ ကျော်ရှိသည့်အနက် သေဆုံးသူ ၂၇ ဦးသာ ရှိသည်။

ကူးစက်ခံရသူ ၁၀၀၀ နှင့်အထက်ရှိသော နိုင်ငံများမှ အချက်အလက်များကို ရယူကာ ရိုက်တာသတင်းဌာန၏ လေ့လာချက်အရ စင်္ကာပူ၏ သေဆုံးနှုန်းမှာ ၀ ဒသမ ၀၅ ရာခိုင်နှုန်းသာရှိရာ ကမ္ဘာ့ပျှမ်းမျှသေဆုံးနှုန်းဖြစ်သော ၃ ရာခိုင်နှုန်းအောက် များစွာနည်းပါးနေသည်ကို တွေ့ရသည်။

လူဦးရေပမာဏ နီးစပ်စွာတူညီသော နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကလည်း စင်္ကာပူ၏ သေဆုံးမှုနှုန်းမှာ များစွာနည်းပါးလှသည်ကို တွေ့ရမည် ဖြစ်သည်။

ဒိန်းမတ်၏ သေဆုံးမှုနှုန်း ၃ ရာခိုင်နှုန်း၊ ဖင်လန်၏ သေဆုံးမှုနှုန်း ၄ ရာခိုင်နှုန်းဝန်းကျင် အသီးသီးရှိကြသည်။ လူဦးရေပမာဏကို ကြည့်မည်ဆိုလျှင် စင်္ကာပူ- ၅ ဒသမ ၆ သန်း ဒိန်းမတ်- ၅ ဒသမ ၈ သန်း ဖင်လန်- ၅ ဒသမ ၅ သန်းဖြစ်ရာ နီးစပ်စွာတူညီသည့် လူဦးရေ ပမာဏ ရှိကြသည်။

ထို့အပြင် စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦးမျှ မရှိခဲ့သည်မှာ ၂ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စင်္ကာပူ၏ ကိုရိုနာဗိုင်းရပ်စ် ကျွမ်းကျင်ထိပ်တန်းပညာရှင်တစ်ဦးက စင်္ကာပူတွင် Covid-19 ကြောင့် လူသေဆုံးမှု နည်းပါးရခြင်း၏ အကြောင်းရင်းများကို ထုတ်ဖော်ပြောကြားခဲ့ရာ အောက်ပါအတိုင်းဖြစ်သည်။

(ကူးစက်မှု အခြေအနေစမ်းစစ်ချက်)

စင်္ကာပူတွင် COVID-19 ကူးစက်မှုများ၏ ၉၅ ရာခိုင်နှုန်းခန့်မှာ ရွှေ့ပြောင်းလုပ်သားများအကြား ကူးစက်ခြင်းဖြစ်သည်။

အများအားဖြင့် အသက် ၂၀ ကျော်နှင့် ၃၀ ကျော်အရွယ်များဖြစ်ကြပြီး ပြွတ်သိပ်ကြပ်ညပ်နေသော အဆောင်များတွင် နေထိုင်ကြသူများဖြစ်ကြကာ အလုပ်သမားများစွာလိုအပ်သည့် လုပ်ငန်းကဏ္ဍများဖြစ်သော ဆောက်လုပ်ရေးကဏ္ဍနှင့် သင်္ဘောတည်ဆောက်ရေးတို့တွင် လုပ်ကိုင်ကြသူများဖြစ်ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး ဆက်လက်ပျံ့နှံ့နေသည်နှင့်အမျှ ရောဂါအကြောင်း ဆက်လက်လေ့လာမှုများ ပြုလုပ်နေရမည် ဖြစ်သော်လည်း လက်ရှိကမ္ဘာ့အခြေအနေများအရ ကောက်ချက်ဆွဲနိုင်သည်မှာ ကိုရိုနာဗိုင်းရပ်စ်သည် အသက်ငယ်ရွယ်သူများအပေါ် ပြင်းထန်မှုနည်းပါးပြီး ကူးစက်ခံရသူ လူငယ်အများစုတွင် ရောဂါလက္ခဏာအနည်းငယ်သာပြပြီး အချို့ဆိုလျှင် ရောဂါလက္ခဏာ လုံးဝမပြသူများပင် ရှိသည်။

(စမ်းသပ်မှု)

စင်္ကာပူသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို ဆောလျင်စွာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကူးစက်မှုများ နည်းပါးအောင် ပြုလုပ်နိုင်ခဲ့သည်။

ထိတွေ့မှုခြေရာခံခြင်းများ ဖိဖိစီးစီးလုပ်ခြင်းနှင့် စမ်းသပ်ခြင်းများပြုလုပ်ခဲ့မှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကပင် ချီးကျုးခဲ့ရသည်။

နိုင်ငံလူဦးရေ ၅ ဒသမ ၇ သန်းအနက် လူပေါင်း ၉၀၀၀၀၀ နီးပါး စမ်းသပ်စစ်ဆေးခဲ့ရာ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကို စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပမာဏမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမြင့်မားဆုံး စစ်ဆေးနိုင်မှုပင် ဖြစ်သည်။

အဆောင်များတွင် နေထိုင်ကြသူတို့ကို မဖြစ်မနေစစ်ဆေးရမည့်စာရင်းတွင် ထည့်သွင်းခြင်း၊ ထိခိုက်လွယ်သည့် အုပ်စုများဖြစ်သော စောင့်ရှောက်ရေးဂေဟာများတွင် အလုံးအရင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ Covid-19 ရောဂါလက္ခဏာပြသည့် အသက် ၁၃ နှစ်အထက် မည်သူမဆို အခမဲ့ စစ်ဆေးပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ရောဂါပိုစစ်နိုင်လေလေ သေဆုံးမှုနှုန်း နည်းပါးလေလေပါပဲ” ဟု စင်္ကာပူအမျိုးသာတက္ကသိုလ် (NUS) ရှိ Saw Swee Hock School of Public Health မှ Hsu Li Yang က ပြောကြားသည်။

(ဆေးရုံတင်ခြင်း)

ရောဂါကုသမှုတွင် ကြိုတင်ကာကွယ်သည့်နည်းလမ်းဖြင့် ချဉ်းကပ်မှုများလည်း ပြုလုပ်ခဲ့သည်။ အသက် ၄၅ နှစ်အထက် COVID-19 လူနာများ (သို့မဟုတ်) ရောဂါအခံရှိသူများကို ၎င်းတို့ကျန်းမာနေသည့်တိုင် ဆေးရုံတင်ထားကြောင်း ဆရာဝန်တို့က ပြောကြားသည်။

စင်္ကာပူ အမျိုးသားတက္ကသိုလ်ဆေးရုံ (NUH) မှ အကြီးတန်းအတိုင်ပင်ခံပုဂ္ဂိုလ် ဒေးလ်ဖစ်ရှာက ပြောကြားရာတွင် မိမိတို့၏ ကျန်းမာရေး စောင့်ရှောက်ပုံများမှာ သမားရိုးကျနည်းလမ်းများအတိုင်းဖြစ်သော်လည်း ကောင်းစွာအလုပ်ဖြစ်ကြောင်း၊ သွေးခဲမှုတိုက်ဖျက်ခြင်းအစရှိသော ကုသမှုများလုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းသို့ကုသမှုတွင် အတည်ပြုပြီး ဆေးဝါးများဖြင့် ကုသခြင်းအပြင် ဆေးဝါးစမ်းသပ်ကုသမှု လုပ်ငန်းစဉ်များတွင်လည်း ပါဝင်နေကြောင်း ပြောကြားသည်။

စင်္ကာပူသည် အရှေ့တောင်အာရှနိုင်ငံများ၏ ဆေးကုခရီးသွားနိုင်ငံဖြစ်လာနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံများနှင့် အရည်အသွေးမြင့် အစိုးရဆေးရုံများ များစွာတည်ရှိသည်။

စင်္ကာပူတွင် ပြပွဲခန်းမကြီးများနှင့် အခြားသော ယာယီအဆောက်အအုံများတွင် ကိုရိုနာဗိုင်းရပ်စ် မပြင်းထန်သူနှင့် အလယ်အလယ်ပြင်းထန်သူများကို ထားရှိရန် ကုတင်နေရာများလည်း ဖော်ဆောင်မှုများ ပြုလုပ်ထားသည်။

စင်္ကာပူတွင် လက်ရှိအားဖြင့် အထူးကြပ်မတ်ကုသဆောင်များတွင် တက်ရောက်နေရသည့် Covid-19 လူနာတစ်ဦးမျှ မရှိချေ။ ဆေးရုံတက်နေရသူ ၄၂ ဦးသာရှိပြီး ယာယီနေရာများတွင်ထားရှိသူ ၄၉၀ ဦးရှိသည်။

(မဖြစ်မနေ mask တပ်စေခြင်း)

စင်္ကာပူတွင် ဧပြီလမှ စတင်ပြီး အများပြည်သူနေရာများတွင် မဖြစ်မနေ mask တပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ကျွမ်းကျင်ပညာရှင်တို့က လေ့လာမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးသော်လည်း mask တပ်ခြင်းသည် covid-19 ကူးစက်မှုနှင့် ပြင်းထန်မှုကိုလျှော့ချနိုင်ကြောင်း အထောက်အထားများ များပြားလာသည်။

Mask တပ်ဆင်ခြင်းအပြင် လူမှုအလှမ်းခွါခြင်းကဲ့သို့ အခြားလုပ်ဆောင်ချက်များလည်း လိုက်နာရန် WHO က အကြံပြုထားသည်။

(ရောဂါအမျိုးအစားခွဲခြားခြင်း)

စင်္ကာပူသည် covid-19 ကြောင့် သေဆုံးမှုကို အမျိုးအစားခွဲခြားရာတွင် WHO ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း တင်းကျပ်စွာ လိုက်နာသည်။

အဆုပ်ရောင်ရောဂါဖြင့် သေဆုံးမဟုတ်ဘဲ သွေး (သို့မဟုတ်) နှလုံးနှင့် ဆက်နွှယ်ကာ သေဆုံးသည့် Covid-19 လူနာများကို သေဆုံးမှုစာရင်းတွင် တရားဝင်ထည့်သွင်းဖော်ပြခြင်း မရှိချေ။

အကယ်၍ WHO က ကိုရိုနာဗိုင်းရပ်စ်သေဆုံးမှုကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက အဆုပ်ရောင်ပြဿနာဖြင့် သေဆုံးခြင်းမဟုတ်သည့် လူနာများကိုပါ ပြန်လည်ထည့်သွင်းရေတွက်ရမည်ဆိုပါက သေဆုံးနှုန်းမှာ ပြောင်းလဲသွားနိုင်ကြောင်း Asia Pacific Society of Clinical Microbiology and Infection ၏ ဥက္ကဌ Paul Tambyah က ပြောကြားသည်။

ထိုသို့ ပြောင်းလဲတွက်ချက်ရလျှင်လည်း စင်္ကာပူ၏ သေဆုံးနှုန်းမှာ များစွာပြောင်းလဲသွားမည်မဟုတ်ကြောင်း NUH မှ ဖစ်ရှာက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why is Singapore's COVID-19 death rate the world's lowest (Reuters)

[Zawgyi]

စကၤာပူဟာ ဘာေၾကာင့္ Covid-19 ကမ႓ာ့ေသဆုံးမႈအနည္းဆုံးႏိုင္ငံျဖစ္ေနတာလဲ

စကၤာပူႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏႈန္းတြင္ တစ္ကမ႓ာလုံးအတိုင္းအတာအရ အနည္းပါးဆုံးျဖစ္ေနၿပီး ကူးစက္ခံရသူ ၅၇၀၀၀ ေက်ာ္႐ွိသည့္အနက္ ေသဆုံးသူ ၂၇ ဦးသာ ႐ွိသည္။

ကူးစက္ခံရသူ ၁၀၀၀ ႏွင့္အထက္႐ွိေသာ ႏိုင္ငံမ်ားမွ အခ်က္အလက္မ်ားကို ရယူကာ ႐ိုက္တာသတင္းဌာန၏ ေလ့လာခ်က္အရ စကၤာပူ၏ ေသဆုံးႏႈန္းမွာ ၀ ဒသမ ၀၅ ရာခိုင္ႏႈန္းသာ႐ွိရာ ကမ႓ာ့ပွ်မ္းမွ်ေသဆုံးႏႈန္းျဖစ္ေသာ ၃ ရာခိုင္ႏႈန္းေအာက္ မ်ားစြာနည္းပါးေနသည္ကို ေတြ႕ရသည္။

လူဦးေရပမာဏ နီးစပ္စြာတူညီေသာ ႏိုင္ငံမ်ားႏွင့္ ႏိႈင္းယွဥ္ၾကည့္မည္ဆိုပါကလည္း စကၤာပူ၏ ေသဆုံးမႈႏႈန္းမွာ မ်ားစြာနည္းပါးလွသည္ကို ေတြ႕ရမည္ ျဖစ္သည္။

ဒိန္းမတ္၏ ေသဆုံးမႈႏႈန္း ၃ ရာခိုင္ႏႈန္း၊ ဖင္လန္၏ ေသဆုံးမႈႏႈန္း ၄ ရာခိုင္ႏႈန္းဝန္းက်င္ အသီးသီး႐ွိၾကသည္။ လူဦးေရပမာဏကို ၾကည့္မည္ဆိုလွ်င္ စကၤာပူ- ၅ ဒသမ ၆ သန္း ဒိန္းမတ္- ၅ ဒသမ ၈ သန္း ဖင္လန္- ၅ ဒသမ ၅ သန္းျဖစ္ရာ နီးစပ္စြာတူညီသည့္ လူဦးေရ ပမာဏ ႐ွိၾကသည္။

ထို႔အျပင္ စကၤာပူတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူတစ္ဦးမွ် မ႐ွိခဲ့သည္မွာ ၂ လေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း စကၤာပူက်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

စကၤာပူ၏ ကို႐ိုနာဗိုင္းရပ္စ္ ကြၽမ္းက်င္ထိပ္တန္းပညာ႐ွင္တစ္ဦးက စကၤာပူတြင္ Covid-19 ေၾကာင့္ လူေသဆုံးမႈ နည္းပါးရျခင္း၏ အေၾကာင္းရင္းမ်ားကို ထုတ္ေဖာ္ေျပာၾကားခဲ့ရာ ေအာက္ပါအတိုင္းျဖစ္သည္။

(ကူးစက္မႈ အေျခအေနစမ္းစစ္ခ်က္)

စကၤာပူတြင္ COVID-19 ကူးစက္မႈမ်ား၏ ၉၅ ရာခိုင္ႏႈန္းခန္႔မွာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအၾကား ကူးစက္ျခင္းျဖစ္သည္။

အမ်ားအားျဖင့္ အသက္ ၂၀ ေက်ာ္ႏွင့္ ၃၀ ေက်ာ္အ႐ြယ္မ်ားျဖစ္ၾကၿပီး ႁပြတ္သိပ္ၾကပ္ညပ္ေနေသာ အေဆာင္မ်ားတြင္ ေနထိုင္ၾကသူမ်ားျဖစ္ၾကကာ အလုပ္သမားမ်ားစြာလိုအပ္သည့္ လုပ္ငန္းက႑မ်ားျဖစ္ေသာ ေဆာက္လုပ္ေရးက႑ႏွင့္ သေဘၤာတည္ေဆာက္ေရးတို႔တြင္ လုပ္ကိုင္ၾကသူမ်ားျဖစ္ၾကသည္။

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီး ဆက္လက္ပ်ံ႕ႏွံ႔ေနသည္ႏွင့္အမွ် ေရာဂါအေၾကာင္း ဆက္လက္ေလ့လာမႈမ်ား ျပဳလုပ္ေနရမည္ ျဖစ္ေသာ္လည္း လက္႐ွိကမ႓ာ့အေျခအေနမ်ားအရ ေကာက္ခ်က္ဆြဲႏိုင္သည္မွာ ကို႐ိုနာဗိုင္းရပ္စ္သည္ အသက္ငယ္႐ြယ္သူမ်ားအေပၚ ျပင္းထန္မႈနည္းပါးၿပီး ကူးစက္ခံရသူ လူငယ္အမ်ားစုတြင္ ေရာဂါလကၡဏာအနည္းငယ္သာျပၿပီး အခ်ိဳ႕ဆိုလွ်င္ ေရာဂါလကၡဏာ လုံးဝမျပသူမ်ားပင္ ႐ွိသည္။

(စမ္းသပ္မႈ)

စကၤာပူသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားကို ေဆာလ်င္စြာ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ျခင္းျဖင့္ ကူးစက္မႈမ်ား နည္းပါးေအာင္ ျပဳလုပ္ႏိုင္ခဲ့သည္။

ထိေတြ႕မႈေျခရာခံျခင္းမ်ား ဖိဖိစီးစီးလုပ္ျခင္းႏွင့္ စမ္းသပ္ျခင္းမ်ားျပဳလုပ္ခဲ့မႈမွာ ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီး (WHO) ကပင္ ခ်ီးက်ဳးခဲ့ရသည္။

ႏိုင္ငံလူဦးေရ ၅ ဒသမ ၇ သန္းအနက္ လူေပါင္း ၉၀၀၀၀၀ နီးပါး စမ္းသပ္စစ္ေဆးခဲ့ရာ လူဦးေရ၏ ၁၅ ရာခိုင္ႏႈန္းကို စစ္ေဆးႏိုင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါပမာဏမွာ တစ္ကမ႓ာလုံးအတိုင္းအတာအရ အျမင့္မားဆုံး စစ္ေဆးႏိုင္မႈပင္ ျဖစ္သည္။

အေဆာင္မ်ားတြင္ ေနထိုင္ၾကသူတို႔ကို မျဖစ္မေနစစ္ေဆးရမည့္စာရင္းတြင္ ထည့္သြင္းျခင္း၊ ထိခိုက္လြယ္သည့္ အုပ္စုမ်ားျဖစ္ေသာ ေစာင့္ေ႐ွာက္ေရးေဂဟာမ်ားတြင္ အလုံးအရင္းစစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း၊ Covid-19 ေရာဂါလကၡဏာျပသည့္ အသက္ ၁၃ ႏွစ္အထက္ မည္သူမဆို အခမဲ့ စစ္ေဆးေပးျခင္းတို႔ ျပဳလုပ္ခဲ့သည္။

“ကြၽန္ေတာ္တို႔ ေရာဂါပိုစစ္ႏိုင္ေလေလ ေသဆုံးမႈႏႈန္း နည္းပါးေလေလပါပဲ” ဟု စကၤာပူအမ်ိဳးသာတကၠသိုလ္ (NUS) ႐ွိ Saw Swee Hock School of Public Health မွ Hsu Li Yang က ေျပာၾကားသည္။

(ေဆး႐ုံတင္ျခင္း)

ေရာဂါကုသမႈတြင္ ႀကိဳတင္ကာကြယ္သည့္နည္းလမ္းျဖင့္ ခ်ဥ္းကပ္မႈမ်ားလည္း ျပဳလုပ္ခဲ့သည္။ အသက္ ၄၅ ႏွစ္အထက္ COVID-19 လူနာမ်ား (သို႔မဟုတ္) ေရာဂါအခံ႐ွိသူမ်ားကို ၎တို႔က်န္းမာေနသည့္တိုင္ ေဆး႐ုံတင္ထားေၾကာင္း ဆရာဝန္တို႔က ေျပာၾကားသည္။

စကၤာပူ အမ်ိဳးသားတကၠသိုလ္ေဆး႐ုံ (NUH) မွ အႀကီးတန္းအတိုင္ပင္ခံပုဂၢိဳလ္ ေဒးလ္ဖစ္႐ွာက ေျပာၾကားရာတြင္ မိမိတို႔၏ က်န္းမာေရး ေစာင့္ေ႐ွာက္ပုံမ်ားမွာ သမား႐ိုးက်နည္းလမ္းမ်ားအတိုင္းျဖစ္ေသာ္လည္း ေကာင္းစြာအလုပ္ျဖစ္ေၾကာင္း၊ ေသြးခဲမႈတိုက္ဖ်က္ျခင္းအစ႐ွိေသာ ကုသမႈမ်ားလုပ္ေဆာင္လ်က္႐ွိေၾကာင္း၊ ယင္းသို႔ကုသမႈတြင္ အတည္ျပဳၿပီး ေဆးဝါးမ်ားျဖင့္ ကုသျခင္းအျပင္ ေဆးဝါးစမ္းသပ္ကုသမႈ လုပ္ငန္းစဥ္မ်ားတြင္လည္း ပါဝင္ေနေၾကာင္း ေျပာၾကားသည္။

စကၤာပူသည္ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ား၏ ေဆးကုခရီးသြားႏိုင္ငံျဖစ္လာေနသည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ပုဂၢလိက ေဆး႐ုံမ်ားႏွင့္ အရည္အေသြးျမင့္ အစိုးရေဆး႐ုံမ်ား မ်ားစြာတည္႐ွိသည္။

စကၤာပူတြင္ ျပပြဲခန္းမႀကီးမ်ားႏွင့္ အျခားေသာ ယာယီအေဆာက္အအုံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ မျပင္းထန္သူႏွင့္ အလယ္အလယ္ျပင္းထန္သူမ်ားကို ထား႐ွိရန္ ကုတင္ေနရာမ်ားလည္း ေဖာ္ေဆာင္မႈမ်ား ျပဳလုပ္ထားသည္။

စကၤာပူတြင္ လက္႐ွိအားျဖင့္ အထူးၾကပ္မတ္ကုသေဆာင္မ်ားတြင္ တက္ေရာက္ေနရသည့္ Covid-19 လူနာတစ္ဦးမွ် မ႐ွိေခ်။ ေဆး႐ုံတက္ေနရသူ ၄၂ ဦးသာ႐ွိၿပီး ယာယီေနရာမ်ားတြင္ထား႐ွိသူ ၄၉၀ ဦး႐ွိသည္။

(မျဖစ္မေန mask တပ္ေစျခင္း)

စကၤာပူတြင္ ဧၿပီလမွ စတင္ၿပီး အမ်ားျပည္သူေနရာမ်ားတြင္ မျဖစ္မေန mask တပ္ရန္ အမိန္႔ထုတ္ျပန္ခဲ့သည္။

ကြၽမ္းက်င္ပညာ႐ွင္တို႔က ေလ့လာမႈမ်ား ဆက္လက္ျပဳလုပ္ရန္ လိုအပ္ေနေသးေသာ္လည္း mask တပ္ျခင္းသည္ covid-19 ကူးစက္မႈႏွင့္ ျပင္းထန္မႈကိုေလွ်ာ့ခ်ႏိုင္ေၾကာင္း အေထာက္အထားမ်ား မ်ားျပားလာသည္။

Mask တပ္ဆင္ျခင္းအျပင္ လူမႈအလွမ္းခြါျခင္းကဲ့သို႔ အျခားလုပ္ေဆာင္ခ်က္မ်ားလည္း လိုက္နာရန္ WHO က အၾကံျပဳထားသည္။

(ေရာဂါအမ်ိဳးအစားခြဲျခားျခင္း)

စကၤာပူသည္ covid-19 ေၾကာင့္ ေသဆုံးမႈကို အမ်ိဳးအစားခြဲျခားရာတြင္ WHO ၏ အဓိပၸာယ္ဖြင့္ဆိုခ်က္အတိုင္း တင္းက်ပ္စြာ လိုက္နာသည္။

အဆုပ္ေရာင္ေရာဂါျဖင့္ ေသဆုံးမဟုတ္ဘဲ ေသြး (သို႔မဟုတ္) ႏွလုံးႏွင့္ ဆက္ႏႊယ္ကာ ေသဆုံးသည့္ Covid-19 လူနာမ်ားကို ေသဆုံးမႈစာရင္းတြင္ တရားဝင္ထည့္သြင္းေဖာ္ျပျခင္း မ႐ွိေခ်။

အကယ္၍ WHO က ကို႐ိုနာဗိုင္းရပ္စ္ေသဆုံးမႈကို ျပန္လည္အဓိပၸာယ္ဖြင့္ဆိုမည္ဆိုပါက အဆုပ္ေရာင္ျပႆနာျဖင့္ ေသဆုံးျခင္းမဟုတ္သည့္ လူနာမ်ားကိုပါ ျပန္လည္ထည့္သြင္းေရတြက္ရမည္ဆိုပါက ေသဆုံးႏႈန္းမွာ ေျပာင္းလဲသြားႏိုင္ေၾကာင္း Asia Pacific Society of Clinical Microbiology and Infection ၏ ဥကၠဌ Paul Tambyah က ေျပာၾကားသည္။

ထိုသို႔ ေျပာင္းလဲတြက္ခ်က္ရလွ်င္လည္း စကၤာပူ၏ ေသဆုံးႏႈန္းမွာ မ်ားစြာေျပာင္းလဲသြားမည္မဟုတ္ေၾကာင္း NUH မွ ဖစ္႐ွာက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why is Singapore's COVID-19 death rate the world's lowest (Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service