အိမ်ခြံမြေအမည်ပြောင်းရင် ရှောင်လို့မရတာ ဘယ်သူလဲ...
အိမ်ခြံမြေအမည်ပြောင်းရင် ရှောင်လို့မရတာ ဘယ်သူလဲ... - Property Knowledge in Myanmar from iMyanmarHouse.com
16 Sep 2020 12:42 pm တွင် တင်ခဲ့သည်
15662 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မကြာခင်မှာ အိမ်ခြံမြေတိုက်ခန်း၊ ကွန်ဒိုအရောင်းအဝယ် ဝင်ငွေခွန်နှုန်းတွေ ၃% ရာခိုင်နှုန်းကနေ ၆% ရာခိုင်နှုန်းပြောင်းလဲဖို့ သတင်းစာမှာ ပါလာပြီဆိုကတည်းက အခွန်မဆောင်သေးဘဲ နေသူတွေအေးအေးဆေးဆေး နေလို့မရကြတော့ပါဘူး။အပြေးအလွှားမြိ့နယ်အခွန်ရုံးတွေဆီသွားပြီး စုံစမ်းကြရတယ်။
အခွန်နှုန်းတွေအပြောင်းအလဲနည်းတဲ့ အချိန်တုန်းကဆိုရင် တိုင်းအခွန်ရုံးက ကာလတန်ဖိုးသတ်မှတ်ပေးထားတာကို အေးအေးဆေးဆေးမှ ဆောင်မယ် ဆောင်မယ့်ငွေတွေကို အခြားစီးပွားရေးလုပ်ငန်းမှာ သုံးလိုက်ဦးမယ်ဆိုပြီး မဆောင်ဘဲနေလိုက်ကြတာဘဲ။ လက်ရှ်ိအခြေအနေမှာတော့ အဲဒီလိုမဟုတ်တော့ဘူး။ တစ်နှစ်နဲ့တစ်နှစ် အခွန်အကောက်ဥပဒေနှုန်းတွေက သိသိသာသာ ပြောင်းလဲလာတာကိုတွေ့ရတယ်။
၂၀၁၉ ခုနှစ်ကဆိုရင် ၁ ကျပ် မှ သိန်း (၁၀၀၀) အထိကို ၃% ရာခိုင်နှုန်းဘဲဆောင်ရတယ်လေ။ ဒီတော့ ဝင်ငွေမဖြစ်မနေဆောင်ရမယ့်သူတွေက သာသာယာယာဘဲရောင်းမယ်၊ ဝယ်မယ်အခွန်ဆောင်မယ်ပေါ့။ ဟော့ … အခု ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေအရ (၁) ကျပ် ကနေပြီး သိန်း တစ်ထောင်အထိကို ၆% ရာခိုင်နှုန်းဆောင်ရတော့မယ်။ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အထိကို ၁၀% ရာခိုင်နှုန်းဆောင်ရမယ်။ သိန်း ၃၀၀၀ မှ သိန်း ၃၀၀၀၀ (သုံးသောင်း) အထိကို ၂၀%ရာခိုင်နှုန်း၊ သိန်း သုံးသောင်းအထက်ဆိုရင် ၃၀%ရာခိုင်နှုန်းအထိဆောင်ဖို့ ပြောင်းလိုက်ပြီလေ။
ယခင်နှစ်က အခြေခံ (သိန်း တစ်ထောင်) ၃% ရာခိုင်နှုန်းကနေ ၆% ရာခိုင်နှုန်းအထိ တစ်ဆတက်သွားတော့ အခွန်ဆောင်ရမယ့်သူတွေ မျက်လုံးပြူးသွားပြီးလေ။ ဒီတော့ ၃%ရာခိုင်နှုန်းနဲ့ ကာလတန်ဖိုးဖြတ်ထားတာကို အမှီဆောင်မှ ဖြစ်တော့မယ်ဆိုပြီး၊ ချက်ခြင်းဆုံးဖြတ်ကြရတော့တာပေါ့။ ဖြစ်နိုင်ရင်တော့ ကိုဗစ်-19 ကာလမှာ မဆောင်ချင်သေးတာ အမှန်ပေါ့။
အထင်နဲ့အမြင်တက်တက်စင်လွဲ၊ လျော့တွက်ခဲ့မိတာ အမှားဘဲ
ရွာမအရှေ့" အင်းစိန် ခဝဲခြံ" မှာ မြေနဲ့တိုက်အိမ်ဝယ်ထားခဲ့တဲ့ "ကိုကောင်းစံ" ဆိုရင် (ပေ ၅၀ x ပေ ၆၀) ရှိတဲ့ ခြံကိုဝယ်တယ်။ တိုက်ပုလေးနဲ့ မီးဖိုဆောင်တစ်ခုပါတယ်။ မြေအမျိုးအစားက ဘိုးဘပိုင်မြေ ဆိုတာနဲ့ ကြိုက်ပြီးဝယ်လိုက်တာ တကယ့်ဝယ်ရင်းဈေးက သိန်း ၁၆၀၀ လောက်ပေးရတယ်။ အဲဒီမြေနဲ့တိုက်ကို အခွန်ဆောင်ဖို့ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ကို တင်ပြလိုက်တာ သိန်း ၁၄၀၀ ကျော်ဖြတ်ခံလိုက်ရတယ်။ တကယ်တော့ သိန်းတစ်ထောင်မကျော်ဘူး ထင်ခဲ့တာပေါ့။
တကယ်တန်း အဲဒီလောက်ဈေးဖြတ်လိုက်တော့ မခံစားနိုင်ဘဲရင်တုန်တာပေါ့။ ဘာကြောင့်များ ဒီလောက် အခွန်နှုန်းများရတာလဲ၊ ကိုယ်တိုင်အခွန်ရုံးကိုသွားမေးကြည့်တော့ ခဝဲခြံ ရွာမအရှေ့ရပ်ကွက်တွေဆိုရင် တစ်စတုရန်းပေကို ၃၂၀၀၀၀ ကျပ် သတ်မှတ်တယ်။ အဆောက်အဦးက တိုက်အိမ်ဖြစ်လို့ တစ်စတုရန်းပေကို (၁၈၀၀၀) ကျပ်ဖြတ်သတဲ့။ အဆောက်အဦးကောင်းသည်ဖြစ်ဖြစ် ဟောင်းသည်ဖြစ်ဖြစ် အဲ့ဒီလိုဖြတ်သတဲ့။ ဒီတော့ သိန်း ၁၄၀၀ ကျော်ဖြစ်တော့တာပေါ့။
မြေနဲ့တိုက်အိမ်တန်ဖိုး သိန်း ၁၄၀၀ ကို ၃%ရာခိုင်နှုန်းနဲ့တွက်လိုက်တော့ အခွန်နှုန်းက (၅၁) သိန်းလောက်ဆောင်လိုက်ရတယ်။ တံဆိပ်ခေါင်းတန်ဖိုးကလည်း ချန်ထားခဲ့လို့မရဘူး။ သိန်း(၁၄၀၀) အပေါ်မှာ ၄% ရာခိုင်နှုန်း တွက်လိုက်တော့ (၅၈) သိန်းလောက်ဆောင်ရဦးမယ်တံဆိပ်ခေါင်းခွန်လည် တစ်ခါတည်းဆောင်ခဲ့မယ်ပြောတော့၊ အခုတံဆိပ်ခေါင်းရောင်းဖို့ကုန်နေလို့ နောက်(၂)ပါတ်လောက်စောင့်ပေးပါဦးတဲ့လေ။ “ ဟင်…. ဒီလိုဆိုရင် ၂၀၁၉ ခုနှစ်အခွန်အကောက်ဥပဒေနဲ့ မမှီတော့ရင် ဘယ်လိုလုပ်မလဲ ” လို့ပေးကြည့်လိုက်တော့ “ဒါတော့မပူပါနဲ့ ဝင်ငွေခွန် ၃% ရာခိုင်နှုန်းကနေ ၆% ရာခိုင်နှုန်းပြောင်းသွားပေမဲ့ တံဆိပ်ခေါင်းခွန် ၄% ရာခိုင်နှုန်းက ပြောင်းလဲမသွားပါဘူး ” လို့ တံဆိပ်ခေါင်းထုတ်ပေးမယ့်အခွန်တာဝန်ရှိသူက ပြောပါတယ်။
“ ဟာ….. ဟုတ်လား၊ ဒါဆိုတော်ပါသေးရဲ့။ တံဆိပ်ခေါင်းဖိုး ၅၈ သိန်းက ဖြေးဖြေးနဲ့ဆောင်လို့ရတာပေါ့နော် ”
“ ဟုတ်ပါတယ်…. တစ်နှစ်အတွင်းဆောင်လို့ရပါတယ် ” လို့ပြောပါတယ်။ အခုလို “ ကိုဗစ် ” ကာလကြီးမှာ လူတိုင်းပိုက်ဆံ သိပ်ထုတ်ချေးချင်တာမဟုတ်ဘူး။ မဖြစ်ဖြစ်အောင်သာဆောင်လိုက်ရတာလေ။ တစ်ကြိမ်ထဲနဲ့ သိန်း ၁၀၀ ကျော်ဆောင်ရမှာကို ၅၁သိန်းဘဲ အရင်ဆောင်ထားလို့ရသေးတယ်ဆိုတော့ ဝမ်းသာရမှာပေါ့။
မြေအမည်ပြောင်းရင် မဆောင်လို့မဖြစ်တဲ့ အခွန်
အခွန်ဆိုတာကလည်း ဘယ်သူမှ ဝမ်းပမ်းတသာဆောင်ချင်ကြတာတော့မဟုတ်ပါဘူး။ မြေနဲ့အိမ်ဝယ်ပြီဆိုကတည်းက ဒီအတိုင်းသူများအမည်ပေါက်မြေပေါ်မှာ တက်နေလိုက်တယ်ဆိုကတည်းက တစ်နေ့နေ့တစ်ချိန်ချိန်မှာမြေအမည်ပေါက်က ဖြစ်စေ၊ မိသားစုတစ်ဦးဦးထဲကဖြစ်စေ။ မြို့မြေစာရင်းမှာသွားပြီး ကန့်ကွက်ထားတာရှိရင် အဲဒီပြဿနာတွေက ရှင်းရတာ စိတ်ညစ်စရာလေ။ ကိုယ်ဝယ်ထားတဲ့ မြေမှန်ပါလျက်နဲ့ အရင်အမည်ပေါက်သူကဝင်လာပြီး ရှုပ်လိုက်ရင်ကန့်ကွက်သူကိုပြန်ခေါ်ပြီး ကန့်ကွက်ရုပ်သိမ်းပေးဖို့တောင်းပန်ယူရတာမျိုးတွေရှိတတ်တယ်လေ။
ဒါကြောင့်မြေနဲ့အိမ်ဝယ်ယူသူတိုင်း မိမိရဲ့သားစဉ်မြေးဆက် စိတ်အေးရအောင်သူများအမည်ပေါက်ကနေ မိမိအမည်ပေါက်မြေဖြစ်အောင်အမည်ပြောင်းချင်ကြတာ ဖြစ်ကြောင်းသိရပါတယ်။
မြေအမည်ပြောင်းပြီးနောင်ရေး စိတ်အေးကြပါစေ.....
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
MIngalardon Garden City
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service