အာရှပစိဖိတ်တွင် ဇန်နဝါရီမှ မေအထိ အိမ်ခြံမြေရောင်းအဝယ်များ ၉၄ ရာခိုင်နှုန်းအထိ ကျဆင်း

အာရှပစိဖိတ်တွင် ဇန်နဝါရီမှ မေအထိ အိမ်ခြံမြေရောင်းအဝယ်များ ၉၄ ရာခိုင်နှုန်းအထိ ကျဆင်း - Property News in Myanmar from iMyanmarHouse.com
16 Sep 2020 12:24 pm တွင် တင်ခဲ့သည်
543 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရှပစိဖိတ်ဒေသတစ်ဝန်း စီးပွားဖြစ်ရည်ရွယ်တည်ဆောက်ထားသည့် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ယခုနှစ် ဇန်နဝါရီမှ မေအထိ အိမ်ခြံမြေအရောင်းအဝယ်ပမာဏသည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၁ ဘီလျံဝန်းကျင် ရှိပြီး ယမန်နှစ်ကာလတူအောက် ၅၂ ရခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အိမ်ခြံမြအတိုင်ပင်ခံကုမ္ပဏီ Knight Frank မှ ထုတ်ပြန်လိုက်သည့် လေ့လာမှုတစ်အရပ်အရ သိရသည်ဟု အိန္ဒိယသတင်းစာ The Economic Times က ပြန်လည်တင်ပြခဲ့သည်။

“COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူခြင်း” အမည်ရ ထိုလေ့လာမှုက အာရှပစိဖိတ်ဒေသတွင် အိန္ဒိယသည် အခြားနိုင်ငံများထက် အဆိုးဆုံးအဖြစ် ထိုယခုနှစ်ပထမငါးလတာအတွင်း ယမန်နှစ်ကာလတူအောက် ၉၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။

စင်္ကာပူတွင် ၈၈ ရာခိုင်နှုန်း၊ ဟောင်ကောင်တွင် ၈၃ ရာခိုင်နှုန်းနှင့် တရုတ်တွင် ၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း ၎င်းလေ့လာမှုက တွေ့ရှိခဲ့သည်။

စင်္ကာပူ၊ တိုကျို၊ ဂျာကာတာ၊ ‌ဒေလီ၊ ဘန်ဂလာရူးနှင့် မွမ်ဘိုင်းတွင် အရောင်းအဝယ်ပေါင်းမြောက်များစွာကို ရွှေ့ဆိုင်းထားကြောင်းလည်း Knight Frank က ထိုလေ့လာမှု၏ တွေ့ရှိချက်အရ အစီရင်ခံခဲ့သည်။

“ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံဖို့ ပိုမျှော်လင့်လာကြတာတာနဲ့အမျှ သူတို့ရဲ့ပင်မလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပြန်လည်ဦးတည်လာနိုင်ပါတယ်။ ဈေးကွက်ထဲကို ရောင်းအားနဲ့ leaseback (ရောင်းချပြီးနောက် ဝယ်သူထံမှ ချက်ချင်းပြန်၍ ငှားရမ်းခြင်း) အခွင့်အလမ်းတွေ ပိုရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။” ဟု Knight Frank ၏ အာရှပစိဖိတ်အရင်းအနှီးဈေးကွက်ဆိုင်ရာအကြီးအကဲ နေးလ်ဘရွတ်ခ်က ပြောကြားခဲ့သည်။

ကံကောင်းစွာပင် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် နယူးဇီလန် အပါအဝင် lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာဧရိယာအတွင်းမှ ထွက်ခွာခွင့်မပြုခြင်း) များမှ လွတ်မြောက်လာကြသည့် ဒေသတွင်း အဓိကဈေးကွက်များတွင် အိမ်ခြံမြေသက်ဝင်ထကြွမှု စတင်ကာ ဦးမော့လာပြီဖြစ်သည်။

Knight Frank သည် အာရှပိစိဖိတ်ဒေသတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များနှင့် သုသေသီများအားလည်း သဘောထားအမြင်စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့သေးရာ ထိုစစ်တမ်းက စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍသည် ဒဏ်အခံနိုင်ဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

“ကဏ္ဍအားလုံးကတော့ အကျိုးသက်ရောက်ခံကြရတာပါပဲ။ ဒါပေမဲ့လည်း အဲထဲမှာမှ စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေကဏ္ဍက နိုင်ငံ့စီးပွားရေးအားပြန်ကောင်းလာမှုနဲ့အတူ အတိုင်အဖောက်ညီညီ ဦးမော့မှာပါ။” ဟု Knight Frank အိန္ဒိယ၏ ဥက္ကဋ္ဌ ရှီရှာဘိုင်ဂျယ်က ပြောကြားခဲ့သည်။

ဘရွတ်ခ်ကလည်း “လက်ရှိအခြေအနေတွေ ဘယ်လိုပဲ ရှိရှိ၊ အာရှိပစိဖိတ်မှာ ရေလတ်ကနေ ရေရှည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ရှာနေတဲ့ ကြီးမားတဲ့ရင်းနှီးလိုအား ရှိပါတယ်။ အထူးသဖြင့် ဩစတြေးလျနဲ့ စင်္ကာပူလိုမျိုး ရင်းနှီးမြှုပ်နှံဖို့ ဘေးကင်းလုံခြုံတဲ့ ဈေးကွက်တွေမှာပဲ ဖြစ်ပါတယ်။ အဲဒီလို အကြမ်းခံစိတ်ချရတဲ့ ဈေးကွက်တွေကပဲ ဆက်လက်ပြီး ဝယ်လိုအားကောင်းနေမှာပါ။” ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Commercial investment transactions drop by 94 percent from January to May in Asia Pacific (propertyreport)

[Zawgyi]

အာ႐ွပစိဖိတ္တြင္ ဇန္နဝါရီမွ ေမအထိ အိမ္ျခံေျမေရာင္းအဝယ္မ်ား ၉၄ ရာခိုင္ႏႈန္းအထိ က်ဆင္း

အာ႐ွပစိဖိတ္ေဒသတစ္ဝန္း စီးပြားျဖစ္ရည္႐ြယ္တည္ေဆာက္ထားသည့္ အိမ္ျခံေျမမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအပါအဝင္ ယခုႏွစ္ ဇန္နဝါရီမွ ေမအထိ အိမ္ျခံေျမအေရာင္းအဝယ္ပမာဏသည္ အေမရိကန္ေဒၚလာ ၄၄ ဒသမ ၁ ဘီလ်ံဝန္းက်င္ ႐ွိၿပီး ယမန္ႏွစ္ကာလတူေအာက္ ၅၂ ရခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း အိမ္ျခံျမအတိုင္ပင္ခံကုမၸဏီ Knight Frank မွ ထုတ္ျပန္လိုက္သည့္ ေလ့လာမႈတစ္အရပ္အရ သိရသည္ဟု အိႏၵိယသတင္းစာ The Economic Times က ျပန္လည္တင္ျပခဲ့သည္။

“COVID-19 ကပ္ေရာဂါမွ ျပန္လည္နာလန္ထူျခင္း” အမည္ရ ထိုေလ့လာမႈက အာ႐ွပစိဖိတ္ေဒသတြင္ အိႏၵိယသည္ အျခားႏိုင္ငံမ်ားထက္ အဆိုးဆုံးအျဖစ္ ထိုယခုႏွစ္ပထမငါးလတာအတြင္း ယမန္ႏွစ္ကာလတူေအာက္ ၉၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္းကိုလည္း ေဖာ္ျပခဲ့သည္။

စကၤာပူတြင္ ၈၈ ရာခိုင္ႏႈန္း၊ ေဟာင္ေကာင္တြင္ ၈၃ ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္တြင္ ၃၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္းလည္း ၎ေလ့လာမႈက ေတြ႕႐ွိခဲ့သည္။

စကၤာပူ၊ တိုက်ိဳ၊ ဂ်ာကာတာ၊ ‌ေဒလီ၊ ဘန္ဂလာ႐ူးႏွင့္ မြမ္ဘိုင္းတြင္ အေရာင္းအဝယ္ေပါင္းေျမာက္မ်ားစြာကို ေ႐ႊ႕ဆိုင္းထားေၾကာင္းလည္း Knight Frank က ထိုေလ့လာမႈ၏ ေတြ႕႐ွိခ်က္အရ အစီရင္ခံခဲ့သည္။

“ကုမၸဏီေတြနဲ႔ လုပ္ငန္း႐ွင္ေတြက ရင္းႏွီးျမႇဳပ္ႏွံဖို႔ ပိုေမွ်ာ္လင့္လာၾကတာတာနဲ႔အမွ် သူတို႔ရဲ႕ပင္မလုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ျပန္လည္ဦးတည္လာႏိုင္ပါတယ္။ ေဈးကြက္ထဲကို ေရာင္းအားနဲ႔ leaseback (ေရာင္းခ်ၿပီးေနာက္ ဝယ္သူထံမွ ခ်က္ခ်င္းျပန္၍ ငွားရမ္းျခင္း) အခြင့္အလမ္းေတြ ပိုေရာက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။” ဟု Knight Frank ၏ အာ႐ွပစိဖိတ္အရင္းအႏွီးေဈးကြက္ဆိုင္ရာအႀကီးအကဲ ေနးလ္ဘ႐ြတ္ခ္က ေျပာၾကားခဲ့သည္။

ကံေကာင္းစြာပင္ တ႐ုတ္၊ ေတာင္ကိုရီးယား၊ ထိုင္ဝမ္ႏွင့္ နယူးဇီလန္ အပါအဝင္ lockdown (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာဧရိယာအတြင္းမွ ထြက္ခြာခြင့္မျပဳျခင္း) မ်ားမွ လြတ္ေျမာက္လာၾကသည့္ ေဒသတြင္း အဓိကေဈးကြက္မ်ားတြင္ အိမ္ျခံေျမသက္ဝင္ထႂကြမႈ စတင္ကာ ဦးေမာ့လာၿပီျဖစ္သည္။

Knight Frank သည္ အာ႐ွပိစိဖိတ္ေဒသတြင္း႐ွိ အိမ္ျခံေျမအက်ိဳးေဆာင္မ်ားႏွင့္ သုေသသီမ်ားအားလည္း သေဘာထားအျမင္စစ္တမ္းေကာက္ယူမႈတစ္ခု ျပဳလုပ္ခဲ့ေသးရာ ထိုစစ္တမ္းက စက္မႈလုပ္ငန္းဆိုင္ရာ အိမ္ျခံေျမက႑သည္ ဒဏ္အခံႏိုင္ဆုံးျဖစ္ေၾကာင္း ေတြ႕႐ွိခဲ့သည္။

“က႑အားလုံးကေတာ့ အက်ိဳးသက္ေရာက္ခံၾကရတာပါပဲ။ ဒါေပမဲ့လည္း အဲထဲမွာမွ စက္မႈလုပ္ငန္းဆိုင္ရာ အိမ္ျခံေျမက႑က ႏိုင္ငံ့စီးပြားေရးအားျပန္ေကာင္းလာမႈနဲ႔အတူ အတိုင္အေဖာက္ညီညီ ဦးေမာ့မွာပါ။” ဟု Knight Frank အိႏၵိယ၏ ဥကၠ႒ ႐ွီ႐ွာဘိုင္ဂ်ယ္က ေျပာၾကားခဲ့သည္။

ဘ႐ြတ္ခ္ကလည္း “လက္႐ွိအေျခအေနေတြ ဘယ္လိုပဲ ႐ွိ႐ွိ၊ အာ႐ွိပစိဖိတ္မွာ ေရလတ္ကေန ေရ႐ွည္ အိမ္ျခံေျမရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းေတြကို ႐ွာေနတဲ့ ႀကီးမားတဲ့ရင္းႏွီးလိုအား ႐ွိပါတယ္။ အထူးသျဖင့္ ဩစေၾတးလ်နဲ႔ စကၤာပူလိုမ်ိဳး ရင္းႏွီးျမႇဳပ္ႏွံဖို႔ ေဘးကင္းလုံျခဳံတဲ့ ေဈးကြက္ေတြမွာပဲ ျဖစ္ပါတယ္။ အဲဒီလို အၾကမ္းခံစိတ္ခ်ရတဲ့ ေဈးကြက္ေတြကပဲ ဆက္လက္ၿပီး ဝယ္လိုအားေကာင္းေနမွာပါ။” ဟုလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Commercial investment transactions drop by 94 percent from January to May in Asia Pacific (propertyreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service