ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးတိုးတက်နှုန်းလျော့နည်းသော်လည်း နောင်နှစ်တွင် တိုးတက်နှုန်း ၆ ရာခိုင်နှုန်းရှိမည်ဟု ADB ခန့်မှန်း

ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးတိုးတက်နှုန်းလျော့နည်းသော်လည်း နောင်နှစ်တွင် တိုးတက်နှုန်း ၆ ရာခိုင်နှုန်းရှိမည်ဟု ADB ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
16 Sep 2020 10:55 am တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ယခုဘဏ္ဍနှစ်အတွက် ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်တွင် ၆ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဖွံ့ဖြိုးဆဲအာရှဒေသနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းများသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး လျော့ဆင်းမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်နိုင်တင်း) ဖြစ်ပွားမှု အကျိုးဆက်စီးပွားရေး ထိခိုက်ပျက်စီးမှုများမှ စတင်ရုန်းထွက်လာမှုကြောင့် လာမည့်နှစ်တွင် စီးပွားရေးပြန်လည်နာလန်ထူလာလိမ့်မည်ဟု စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၂၀၁၉ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၂၀ တွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိမည်ဟုဆိုသည်။ ၂၀၂၁တွင် စီးပွားရေးတိုးတက်နှုန်းကို ယခင်က ၆ ဒသမ ၈ ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့သော်လည်း ၆ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းလိုက်သည်။

ADB က ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအပြင် ၂၀၂၀ စက်တင်ဘာလတွင် အစီရင်ခံစာ အသစ်ထပ်မံထုတ်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာအရ အာဆီယံတွင် မြန်မာ၊ ဗီယက်နမ်နှင့် ဘရူးနိုင်း နိုင်ငံတို့သာ စီးပွားရေးတိုးတက်နိုင်ပြီး ကျန်နိုင်ငံများသည် စီးပွားရေးကျဆင်းမည်ဟုဆိုထားသည်။

အာဆီယံနိုင်ငံအားလုံးသည် ၂၀၂၀ တွင် စီးပွားရေးကျဆင်းမှုသည် ၃ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ၂၀၂၁ တွင် စီးပွားရေးတိုးတက်နှုန်းမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟုဆိုသည်။ မြန်မာနိုင်ငံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အတွက် ခန့်မှန်းခြင်းဖြစ်ပြီး ထိုကာလ၏ ပထမကိုးလတွင် နိုင်ငံအတွင်း ရောင်းလို အားဝယ်လိုအားများသည် ရပ်တန့်ခဲ့သည်ဟုဆိုသည်။ ထိုသို့ကျဆင်းခဲ့သော်လည်း ၂၀၂၁ တွင် စီးပွားရေးပြန်လည်ခုန်တက်စရာများရှိနေသည်ဟု ADB က ခန့်မှန်းထားသည်။

ထိုထဲတွင် ၂၀၂၀ တွင် စနစ်တကျဆောင်ရွက်ခဲ့သည့် စီမံကိန်း၊ စိုက်ပျိုးရေး ကဏ္ဍတိုးတက်လာခြင်း၊ အစိုးရက ငွေကြေးပိုမိုသုံးဆွဲခြင်းနှင့် တယ်လီကွန်းဆက်သွယ်ရေးစနစ် ပိုမိုကျယ်ပြန့်လာခြင်းကြောင့်ဖြစ်သည်ဟု ADB ကဆိုသည်။ သို့သော်လည်း ကုန်ထုတ်လုပ်မူကဏ္ဍ အထူးသဖြင့် အထည်ချုပ်ကဏ္ဍတွင် ဈေးကွက် ဝယ်လိုအားနှင့် ရောင်းလိုအားပါ ကျဆင်းခဲ့သည်။

ဈေးကွက်အမှာစာအသစ်များ ရပ်ဆိုင်းခဲ့ပြီး အလုပ်သမားများ အလုပ်ပြုတ်ခဲ့ရသည်ဟုဆိုသည်။ယခုဘဏ္ဍာနှစ် ပထမကိုးလ၌ ကုန်ထုတ်လုပ်မူတွင် ယခင်နှစ်ကာလတူထက် ၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟုဆိုသည်။ ခရီးသွားလုပ်ငန်းမှာလည်း ယခင်နှစ်ထက် ၇၀ ရာခိုင်နှုန်းကျော် ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့သည်ဟု ADB ကဆိုသည်။ သို့သော်လည်း စိုက်ပျိုးရေးပို့ကုန်များကြောင့် ယခုနှစ်တွင် ပို့ကုန်သည် ၂ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုခဲ့သည်ဟုဆိုသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် သွင်းကုန်များကလည်း ၉ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့သည်ဟုဆိုသည်။ ငွေကြေးဖောင်းပွမှုကလည်း ယခုဘဏ္ဍာနှစ် ပထမ ၈ လအတွင်း ကျဆင်းခဲ့သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကပ္ေရာဂါေၾကာင့္ ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္းေလ်ာ့နည္းေသာ္လည္း ေနာင္ႏွစ္တြင္ တိုးတက္ႏႈန္း ၆ ရာခိုင္ႏႈန္း႐ွိမည္ဟု ADB ခန္႔မွန္း

ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္ႏႈန္းသည္ ယခုဘ႑ႏွစ္အတြက္ ၁ ဒသမ ၈ ရာခိုင္ႏႈန္းသာ႐ွိမည္ျဖစ္ၿပီး လာမည့္ဘ႑ာႏွစ္တြင္ ၆ ရာခိုင္ႏႈန္း႐ွိမည္ဟု အာ႐ွဖြံ႕ျဖိဳးေရးဘဏ္(ADB)က စက္တင္ဘာ ၁၅ ရက္တြင္ ထုတ္ျပန္လိုက္သည္။

ဖြံ႕ၿဖိဳးဆဲအာ႐ွေဒသႏိုင္ငံမ်ား၏ စီးပြားေရးတိုးတက္မႈႏႈန္းမ်ားသည္ ႏွစ္ေပါင္း ၆၀ အတြင္း ပထမဆုံး ေလ်ာ့ဆင္းမည္ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ (ကိုဗစ္ႏိုင္တင္း) ျဖစ္ပြားမႈ အက်ိဳးဆက္စီးပြားေရး ထိခိုက္ပ်က္စီးမႈမ်ားမွ စတင္႐ုန္းထြက္လာမႈေၾကာင့္ လာမည့္ႏွစ္တြင္ စီးပြားေရးျပန္လည္နာလန္ထူလာလိမ့္မည္ဟု စက္တင္ဘာ ၁၅ ရက္တြင္ ထုတ္ျပန္လိုက္သည့္ အာ႐ွဖြံ႕ၿဖိဳးေရးဘဏ္ (ေအဒီဘီ) အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

အဆိုပါအစီရင္ခံစာတြင္ ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္ႏႈန္းသည္ ၂၀၁၉ တြင္ ၆ ဒသမ ၈ ရာခိုင္ႏႈန္း ႐ွိခဲ့ေသာ္လည္း ၂၀၂၀ တြင္ ကမ႓ာ႕ကပ္ေရာဂါေၾကာင့္ ၁ ဒသမ ၈ ရာခိုင္ႏႈန္းသာ႐ွိမည္ဟုဆိုသည္။ ၂၀၂၁တြင္ စီးပြားေရးတိုးတက္ႏႈန္းကို ယခင္က ၆ ဒသမ ၈ ရာခိုင္ႏႈန္းဟု ခန္႔မွန္းခဲ့ေသာ္လည္း ၆ ရာခိုင္ႏႈန္းသို႔ ေျပာင္းလဲခန္႔မွန္းလိုက္သည္။

ADB က ဇြန္လတြင္ ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာအျပင္ ၂၀၂၀ စက္တင္ဘာလတြင္ အစီရင္ခံစာ အသစ္ထပ္မံထုတ္ခဲ့ျခင္းျဖစ္သည္။ အစီရင္ခံစာအရ အာဆီယံတြင္ ျမန္မာ၊ ဗီယက္နမ္ႏွင့္ ဘ႐ူးႏိုင္း ႏိုင္ငံတို႔သာ စီးပြားေရးတိုးတက္ႏိုင္ၿပီး က်န္ႏိုင္ငံမ်ားသည္ စီးပြားေရးက်ဆင္းမည္ဟုဆိုထားသည္။

အာဆီယံႏိုင္ငံအားလုံးသည္ ၂၀၂၀ တြင္ စီးပြားေရးက်ဆင္းမႈသည္ ၃ ဒသမ ၈ ရာခိုင္ႏႈန္း႐ွိၿပီး ၂၀၂၁ တြင္ စီးပြားေရးတိုးတက္ႏႈန္းမွာ ၅ ဒသမ ၅ ရာခိုင္ႏႈန္း႐ွိမည္ဟုဆိုသည္။ ျမန္မာႏိုင္ငံကို ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္မွ စက္တင္ဘာ ၃၀ ရက္ အတြက္ ခန္႔မွန္းျခင္းျဖစ္ၿပီး ထိုကာလ၏ ပထမကိုးလတြင္ ႏိုင္ငံအတြင္း ေရာင္းလို အားဝယ္လိုအားမ်ားသည္ ရပ္တန္႔ခဲ့သည္ဟုဆိုသည္။ ထိုသို႔က်ဆင္းခဲ့ေသာ္လည္း ၂၀၂၁ တြင္ စီးပြားေရးျပန္လည္ခုန္တက္စရာမ်ား႐ွိေနသည္ဟု ADB က ခန္႔မွန္းထားသည္။

ထိုထဲတြင္ ၂၀၂၀ တြင္ စနစ္တက်ေဆာင္႐ြက္ခဲ့သည့္ စီမံကိန္း၊ စိုက္ပ်ိဳးေရး က႑တိုးတက္လာျခင္း၊ အစိုးရက ေငြေၾကးပိုမိုသုံးဆြဲျခင္းႏွင့္ တယ္လီကြန္းဆက္သြယ္ေရးစနစ္ ပိုမိုက်ယ္ျပန္႔လာျခင္းေၾကာင့္ျဖစ္သည္ဟု ADB ကဆိုသည္။ သို႔ေသာ္လည္း ကုန္ထုတ္လုပ္မူက႑ အထူးသျဖင့္ အထည္ခ်ဳပ္က႑တြင္ ေဈးကြက္ ဝယ္လိုအားႏွင့္ ေရာင္းလိုအားပါ က်ဆင္းခဲ့သည္။

ေဈးကြက္အမွာစာအသစ္မ်ား ရပ္ဆိုင္းခဲ့ၿပီး အလုပ္သမားမ်ား အလုပ္ျပဳတ္ခဲ့ရသည္ဟုဆိုသည္။ယခုဘ႑ာႏွစ္ ပထမကိုးလ၌ ကုန္ထုတ္လုပ္မူတြင္ ယခင္ႏွစ္ကာလတူထက္ ၄ ဒသမ ၄ ရာခိုင္ႏႈန္းက်ဆင္းခဲ့သည္ဟုဆိုသည္။ ခရီးသြားလုပ္ငန္းမွာလည္း ယခင္ႏွစ္ထက္ ၇၀ ရာခိုင္ႏႈန္းေက်ာ္ ခရီးသြားဝင္ေရာက္မႈက်ဆင္းခဲ့သည္ဟု ADB ကဆိုသည္။ သို႔ေသာ္လည္း စိုက္ပ်ိဳးေရးပို႔ကုန္မ်ားေၾကာင့္ ယခုႏွစ္တြင္ ပို႔ကုန္သည္ ၂ ဒသမ ၇ ရာခိုင္ႏႈန္း ပိုမိုခဲ့သည္ဟုဆိုသည္။

ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားေၾကာင့္ သြင္းကုန္မ်ားကလည္း ၉ ဒသမ ၂ ရာခိုင္ႏႈန္းအထိတိုးျမႇင့္ခဲ့သည္ဟုဆိုသည္။ ေငြေၾကးေဖာင္းပြမႈကလည္း ယခုဘ႑ာႏွစ္ ပထမ ၈ လအတြင္း က်ဆင္းခဲ့သည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service