ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
တရုတ်ပြည်တွင် သမားရိုးကျမဟုတ်သော 404 ဟူသည့်အမည်ဖြင့် မြို့တော်ကြီးတစ်ခုရှိ၏။
ထူးဆန်းသည်မှာ တရုတ်ပြည်၏ မြို့ကြီး ၆၅၇ မြို့၏ အပြင်ဘက်နယ်ပယ်တွင်ရှိနေပြီး မည်သည့်မြေပုံတွင်မှ 404 မြို့ကို လုံးဝရှာတွေ့လိမ့်မည် မဟုတ်ချေ။
ယနေ့ခေတ်အရဆိုလျှင် 404 ဟူသည်မှာ ဝက်ဘ်ဆိုက်စာမျက်နှာတစ်ခုကို ဝင်ရောက်၍ မရပါက တုံ့ပြန်လာသည့် ကုတ်နံပတ်တစ်ခု ဖြစ်သည်။
တည်နေရာမှာ တရုတ်ပြည်အနောက်ပိုင်း ဂိုဘီသဲကန္တာရအတွင်းတွင် တည်ရှိပြီး သူစိမ်းများ ဝင်ရောက်ခွင့်မရှိသည့် သီးခြားနယ်မြေတစ်ခု ဖြစ်သည်။
Gansu ပြည်နယ်၏ သဲကန္တာရလွင်ပြင်များအတွင်း တည်ရှိပြီး အနောက်ဘက်တွင်တည်ရှိသော ကျားယုကွမ်အမည်ရှိ အနီးဆုံးမြို့နှင့် ၂ နာရီခရီးခန့် ဝေးကွာသည်။
(404 တွင် အစောင့်အကြပ်များ ကင်းလှည့်စောင့်ကြပ်နေပြီး လူစိမ်းများ ဝင်ခွင့်မရှိချေ။ သို့သော် 404 တွင် မွေးဖွားကြီးပြင်းခဲ့သည့် လူငယ်ဓာတ်ပုံဆရာတစ်ဦးကြောင့် အဆိုပါမြို့ကြီး၏ ဓာတ်ပုံများ ကမ္ဘာက တွေ့မြင်ခွင့်ရခဲ့သည်။ လီယန်ကမူ ထိုမြို့တွင် ကြီးပြင်းခဲ့သူဖြစ်ခြင်းကြောင့် ဝင်ခွင့်တောင်းခံရရှိခဲ့ခြင်းလည်း ဖြစ်သည်။)
404 ကို စွန့်ပစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဆောက်အအုံကြီးများမှာ ပြိုကျတော့မည့်ဆဲဆဲ ပျက်စီးယိုယွင်းနေကာ ယခင်ကစည်ကားခဲ့သည့် ပြည်သူ့ရင်ပြင်နေရာများမှာ ခြောက်ခြားဖွယ်လူသူကင်းမဲ့နေပြီ ဖြစ်သည်။
ထိုမြို့အကြောင်းကို သတင်းစာများ၊ ရုပ်မြင်သံကြားများမှတဆင့် မည်သည့်ကမ္ဘာ့ပြည်သူမှ သိရှိခဲ့ရခြင်းမရှိ။
တရုတ်နိုင်ငံသား သာမန်ပြည်သူများသည်လည်း ထိုမြို့ကြီး တည်ရှိနေကြောင်း မသိခဲ့ကြ။
စစ်အေးခေတ်ကြီး အရှိန်မြင့်နေချိန် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း နိုင်ငံတော်လျှို့ဝှက်ချက်အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အနုမြူဗုံးကို လျှို့ဝှက်စွာ ထုတ်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ဇာတိမြို့ကို ဘယ်တရုတ်မြေပုံမှာမှ ရှာလို့ရမှာ မဟုတ်ပါဘူး” ဟု အသက် ၃၆ နှစ်အရွယ်ရှိ ဓာတ်ပုံဆရာ လီယန်က ပြောကြားသည်။ လက်ရှိတွင်ကား လီယန်သည် 404 မှ မိုင် ၁၂၀၀ ကျော် ဝေးကွာသော ပေကျင်းမြို့တော်တွင် နေထိုင်လျက် ရှိသည်။
အဆိုပါမြို့တော်တွင် ဘတ်စ်ကား၊ တက္ကစီများမရှိသည်သာမက မီးပွိုင့်ပင် မရှိကြောင်း၊ မြို့တစ်ဘက်မှ အခြားတစ်ဘက်ထိပ်သို့ လမ်းလျှောက်သွားလျှင် ၁၅ မိနစ်ခန့်ဖြင့် ရောက်ရှိနိုင်သောကြောင့်ဖြစ်ကြောင်း လီယန်က ပြောကြားသည်။
ထိုသို့ မြို့ကလေးသေးငယ်သော်လည်း မြို့ကြီးတစ်မြို့တွင်သာ တွေ့ရှိနိုင်သည့်အရာများ အကုန်ရှိသည်။ အက ကလပ်၊ စာကြည့်တိုက်၊ အများပြည်သူ ရေချိုးအိမ်မှသည် ရှာလကာရည်စက်ရုံအထိ ရှိသည်။
၁၉၅၀ ပြည့်လွန်ကာလများအတွင်း အမေရိကန်၏ အနုမြူတိုက်ခိုက်လာဖွယ်ရှိသည့် အန္တရာယ်ကြောင့် တရုတ်အစိုးရက အနုမြူ နည်းပညာ အခြေစိုက်စခန်းတစ်ခုဆောက်လုပ်ကာ အနုမြူဗုံးထုတ်လုပ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
၁၉၅၈ ခုနှစ်တွင် အနုမြူဗုံးထုတ်လုပ်မည့် 404 မြို့တော်ကို ဆောက်လုပ်ပြီးစီးခဲ့သည်။ မြို့၏ အကျယ်အဝန်းမှာ ၄ စတုရန်းကီလိုမီတာ (စတုရန်း ၁ မိုင်ခွဲ) သာရှိပြီး လူနေဧရိယာမှာ ၁ စတုရန်းကီလိုမီတာခန့်သာ ရှိသည်။
404 ကို တံခါးပိတ်မြို့တော်အဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ လူနေထိုင်မှုနှင့် ခရီးသွားလာမှုဆိုင်ရာ တင်းကြပ်မှုများရှိသည်။ အဆိုပါမြို့တွင် ညအိပ်ညနေ နေထိုင်မည်ဆိုပါက အာဏာပိုင်တို့၏ ခွင့်ပြုချက်လိုအပ်သည်။
မြို့တော်အတွင်း အနုမြူ ဓာတ်အားပေးစက်ရုံ၊ လူနေအိမ်ရာများ၊ ရဲစခန်း ၁ ခု၊ တရားရုံး ၁ ခု၊ ကစားကွင်း၊ တိရ စ္ဆာန်ရုံ၊ စာသင်ကျောင်း ၁ ကျောင်း၊ မူကြိုကျောင်း ၂ ခုနှင့် အခြားလိုအပ်သော အစိုးရဌာနများလည်း ပါဝင်သည်။
မြို့လယ်တွင် ကွန်မြူနစ်ပါတီ ဥက္ကဌကြီး မော်စီတုန်း၏ ရုပ်တုကြီးလည်း ထားရှိသည်ကို တွေ့ရသည်။
မြို့တော်အတွင်းနေထိုင်ကြသည့် အနုမြူသိပ္ပံပညာရှင်များ၏ ရင်သွေးများကို မြို့တွင်းရှိ မူကြိုကျောင်း ၂ ခုတွင် ကျောင်းထားနိုင်သည်။ ကျောင်း ၂ ကျောင်းကို ပုံစံတူဆောက်လုပ်ထားပြီး ရုရှားတို့က ဒီဇိုင်းရေးဆွဲပေးခြင်း ဖြစ်သည်။
မူကြိုအောင်မြင်ပြီးပါကလည်း မူလတန်းကျောင်း ၂ ကျောင်း ထားရှိပေးရာ အမှတ် ၁ နှင့် အမှတ် ၄ မူလတန်းကျောင်းများ ဖြစ်ကြသည်။ ထို့နောက် အဆိုပါကျောင်းများတွင်ပင် အလယ်တန်းနှင့် အထက်တန်းကို ဆက်လက်တက်ရောက်နိုင်သည်။
လျှို့ဝှက်မြို့တော်အတွင်း ရှန်ဟိုင်းမှ နာမည်ကျော် စားဖိုမှူးများကိုပါ လာရောက်တာဝန်ထမ်းဆောင်စေခဲ့ရာ404 ၏ အရှေ့ဘက် ၁၇၃၉ မိုင်ဝေးကွာသည့် ကမ်းရိုးတန်းဒေသမြို့ကြီးဖြစ်သော ရှန်ဟိုင်းမှ သွားရေစာများကို စားသောက်နိုင်မည် ဖြစ်သည်။
လူနေအဆောက်အအုံများနှင့် အရေးကြီးသည့် အစိုးရဌာနများ တည်ဆောက်ပြီးချိန်တွင် တရုတ်ပြည်တွင်းမှ အတော်ဆုံး ဆရာဝန်များ၊ စားဖိုမှူးများ၊ ကျောင်းဆရာများနှင့် အခြားမရှိမဖြစ်လိုအပ်သူများကို လျှို့ဝှက်မြို့တော်သို့ ပြောင်းရွှေ့ အခြေချစေခဲ့သည်။
404 ၏ လူဦးရေမှာ အစည်ကားဆုံးအချိန်တွင် လူပေါင်း ၅၀၀၀၀ မှ ၁၀၀၀၀၀ အကြား နေထိုင်ခဲ့ကြသည်ဟုဆိုသည်။ (ကိန်းဂဏန်းများမှာ မိမိအချက်အလက်ရယူသည့် ရင်းမြစ်အပေါ်တွင်မူတည်ကာ အမျိုးမျိူး ကွဲပြားနိုင်သည်။)
သဲကန္တာရအတွင်း ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ရာသီဥတုအခြေအနေကား ပြင်းထန်လှသည်။ မြို့အတွင်းတွင် မြင်တွေ့ရမည်ဖြစ်သော သစ်ပင်အားလုံးမှာ သစ်ပင်တုများသာ ဖြစ်ကြသည်။
ထိုဒေသတွင် ပေါက်ရောက်သောအပင်ဟူ၍ ကန္တာရမြက်များသာရှိသည်။
“အဲဒီအချိန်က တရုတ်ပြည်ဟာ ဘယ်တွေပဲရင်ဆိုင်ရသည်ဖြစ်ဖြစ် ဘယ်လောက်ကုန်ကုန် အနုမြူဗုံးတစ်လုံးကို လိုချင်နေတဲ့ အချိန် ဖြစ်ပါတယ်” ဟု လီယန်က ပြောကြားသည်။
လီယန်ကြီးပြင်းခဲ့သည့်အချိန်က အဆိုပါမြို့တွင် လူဦးရေ ၂၀၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။
၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင်ကား တရုတ်ပြည်၏ ပထမဆုံး အနုမြူဗုံးကို စင်ကျန်းပြည်နယ်အရှေ့တောင်ဘက် သဲကန္တာရအတွင်းရှိ ဆားကန်တစ်ခုဖြစ်သော Lop Nur တွင် အောင်မြင်စွာ ဖောက်ခွဲစမ်းသပ်နိုင်ခဲ့သည်။
“ဒီနေ့ခေတ် တရုတ်အမျိုးသားအနုမြူကော်ပိုရေးရှင်းရဲ့ ပြခန်းအဝင်ဝမှာ အမျိုးသမီးငယ်တစ်ယောက်က အနုမြူဗုံးဖောက်ခွဲမှု အောင်မှုတာအပေါ် အောင်ပွဲခံနေတဲ့ဓာတ်ပုံချိတ်ဆွဲထားပါတယ်။ အဲဒီအမျိုးသမီးက ကျွန်တော်နဲ့ ဆွေမျိုးတော်ပါတယ်။ သူက အဲ့တုန်းကတော့ ငယ်သေးချိန်ပေါ့” ဟု လီယန်က ပြောပြသည်။
လီယန်သည်404 တွင် ၁၉ နှစ်ကြာနေထိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင်ကား တက္ကသိုလ်တက်ရန် 404 မှ ထွက်ခွာခဲ့သည်။
404 မှ လီယန်ထွက်ခွာခဲ့ပြီး ၂ နှစ်အကြာတွင်ကား မြို့ကလေးမှာ လူသူဆိတ်သုဉ်းသွားခဲ့ပြီဖြစ်သည်။
အဆိုပါမြို့တွင် နေထိုင်သူတို့ကို အာဏာပိုင်တို့က ဂိုဘီသဲကန္တာရအတွင်းတွင်ပင်ရှိသော အခြားမြို့တစ်မြို့သို့ ပြောင်းရွှေ့နေထိုင်စေ ခဲ့သည်။
“ကျွန်တော့်ရဲ့ ဇာတိမြို့ မရှိတော့ဘူးဆိုတာက ထူးဆန်းတဲ့ ခံစားချက်တစ်မျိုး ပေါ်ပေါက်စေပါတယ်” ဟု လီယန်က ဆိုသည်။ လူများစွာနည်းတူ လီယန်သည်လည်း ငယ်ဘဝကို ပြန်ပြောင်းသတိရ တမ်းတမိသော်လည်း သူ၏ဇာတိမြို့ကား တရုတ်မြေပုံတွင် ရှိမနေသည့်နည်းတူ လျှို့ဝှက်မြို့တွင်လည်း နောင်မည်သည့်အခါတွင်မှ ပြန်လည်အခြေချနေထိုင်ခွင့်ရတော့မည် မဟုတ်ချေ။
လီယန်သည်404 သို့ ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်များတွင် ၄ ကြိမ်သွားရောက်ခဲ့ပြီး လူသူကင်းမဲ့နေသော လမ်းများ၊ အဆောက်အအုံများနှင့် ပန်းခြံများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးထားခဲ့သည်။
လီယန်က ၎င်းရိုက်ကူးခဲ့သောဓာတ်ပုံများအနက် အနှစ်သက်ဆုံးမှာ ဂိုဘီကန္တာရကြီး၏ သဲပြင်များပေါ်မှ အထီးကျန် သစ်ပင် ၂ ပင်၏ပုံဖြစ်ကြောင်း ပြောပြသည်။
“ဒီအပင်တွေကို ကျွန်တော် ၄ နှစ်သားအရွယ်တုန်းက အိမ်နောက်ဘက်မှာ စိုက်ထားခဲ့တာပါ။” ဟု လီယန်က ဆိုသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Closed Chinese City – Award-Winning Pictures (Dailymail, Mirror)
[Zawgyi]
404 (သို႔မဟုတ္)တ႐ုတ္ျပည္ ဂိုဘီသဲကႏၲာရထဲက လူတစ္ေယာက္မွ မ႐ွိသည့္ လွ်ိဳ႕ဝွက္ၿမိဳ႕ေတာ္ႀကီး
တ႐ုတ္ျပည္တြင္ သမား႐ိုးက်မဟုတ္ေသာ 404 ဟူသည့္အမည္ျဖင့္ ၿမိဳ႕ေတာ္ႀကီးတစ္ခု႐ွိ၏။
ထူးဆန္းသည္မွာ တ႐ုတ္ျပည္၏ ၿမိဳ႕ႀကီး ၆၅၇ ၿမိဳ႕၏ အျပင္ဘက္နယ္ပယ္တြင္႐ွိေနၿပီး မည္သည့္ေျမပုံတြင္မွ 404 ၿမိဳ႕ကို လုံးဝ႐ွာေတြ႕လိမ့္မည္ မဟုတ္ေခ်။
ယေန႔ေခတ္အရဆိုလွ်င္ 404 ဟူသည္မွာ ဝက္ဘ္ဆိုက္စာမ်က္ႏွာတစ္ခုကို ဝင္ေရာက္၍ မရပါက တုံ႔ျပန္လာသည့္ ကုတ္နံပတ္တစ္ခု ျဖစ္သည္။
တည္ေနရာမွာ တ႐ုတ္ျပည္အေနာက္ပိုင္း ဂိုဘီသဲကႏၲာရအတြင္းတြင္ တည္႐ွိၿပီး သူစိမ္းမ်ား ဝင္ေရာက္ခြင့္မ႐ွိသည့္ သီးျခားနယ္ေျမတစ္ခု ျဖစ္သည္။
Gansu ျပည္နယ္၏ သဲကႏၱာရလြင္ျပင္မ်ားအတြင္း တည္ရွိျပီး အေနာက္ဘက္တြင္တည္ရွိေသာ က်ားယုကြမ္အမည္ရွိ အနီးဆုံးျမိဳ႕နှင့္ ၂ နာရီခရီးခန္႕ ေဝးကြာသည္။
(404 တြင္ အေစာင့္အၾကပ္မ်ား ကင္းလွည့္ေစာင့္ၾကပ္ေနၿပီး လူစိမ္းမ်ား ဝင္ခြင့္မ႐ွိေခ်။ သို႔ေသာ္ 404 တြင္ ေမြးဖြားၾကီးျပင္းခဲ့သည့္ လူငယ္ဓာတ္ပံုဆရာတစ္ဦးေၾကာင့္ အဆိုပါျမဳိ ႔ၾကီး၏ ဓာတ္ပံုမ်ား ကမၻာက ေတြ႔ျမင္ခြင့္ရခဲ့သည္။ လီယန္ကမူ ထိုၿမိဳ႕တြင္ ႀကီးျပင္းခဲ့သူျဖစ္ျခင္းေၾကာင့္ ဝင္ခြင့္ေတာင္းခံရ႐ွိခဲ့ျခင္းလည္း ျဖစ္သည္။)
404 ကို စြန္႔ပစ္ထားသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အေဆာက္အအုံႀကီးမ်ားမွာ ၿပိဳက်ေတာ့မည့္ဆဲဆဲ ပ်က္စီးယိုယြင္းေနကာ ယခင္ကစည္ကားခဲ့သည့္ ျပည္သူ႕ရင္ျပင္ေနရာမ်ားမွာ ေျခာက္ျခားဖြယ္လူသူကင္းမဲ့ေနၿပီ ျဖစ္သည္။
ထိုၿမိဳ႕အေၾကာင္းကို သတင္းစာမ်ား၊ ႐ုပ္ျမင္သံၾကားမ်ားမွတဆင့္ မည္သည့္ကမ႓ာ့ျပည္သူမွ သိ႐ွိခဲ့ရျခင္းမ႐ွိ။
တ႐ုတ္ႏိုင္ငံသား သာမန္ျပည္သူမ်ားသည္လည္း ထိုၿမိဳ႕ႀကီး တည္႐ွိေနေၾကာင္း မသိခဲ့ၾက။
စစ္ေအးေခတ္ႀကီး အ႐ွိန္ျမင့္ေနခ်ိန္ ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္အေနျဖင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ အႏုျမဴဗုံးကို လွ်ိဳ႕ဝွက္စြာ ထုတ္လုပ္ရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။
“ခင္ဗ်ားတို႔အေနနဲ႔ ကြၽန္ေတာ္႕ဇာတိၿမိဳ႕ကို ဘယ္တ႐ုတ္ေျမပုံမွာမွ ႐ွာလို႔ရမွာ မဟုတ္ပါဘူး” ဟု အသက္ ၃၆ ႏွစ္အ႐ြယ္႐ွိ ဓာတ္ပုံဆရာ လီယန္က ေျပာၾကားသည္။ လက္႐ွိတြင္ကား လီယန္သည္ 404 မွ မိုင္ ၁၂၀၀ ေက်ာ္ ေဝးကြာေသာ ေပက်င္းၿမိဳ႕ေတာ္တြင္ ေနထိုင္လ်က္ ႐ွိသည္။
အဆိုပါၿမိဳ႕ေတာ္တြင္ ဘတ္စ္ကား၊ တကၠစီမ်ားမ႐ွိသည္သာမက မီးပြိဳင့္ပင္ မ႐ွိေၾကာင္း၊ ၿမိဳ႕တစ္ဘက္မွ အျခားတစ္ဘက္ထိပ္သို႔ လမ္းေလွ်ာက္သြားလွ်င္ ၁၅ မိနစ္ခန္႔ျဖင့္ ေရာက္႐ွိႏိုင္ေသာေၾကာင့္ျဖစ္ေၾကာင္း လီယန္က ေျပာၾကားသည္။
ထိုသို႔ ၿမိဳ႕ကေလးေသးငယ္ေသာ္လည္း ၿမိဳ႕ႀကီးတစ္ၿမိဳ႕တြင္သာ ေတြ႕႐ွိႏိုင္သည့္အရာမ်ား အကုန္႐ွိသည္။ အက ကလပ္၊ စာၾကည့္တိုက္၊ အမ်ားျပည္သူ ေရခ်ိဳးအိမ္မွသည္ ႐ွာလကာရည္စက္႐ုံအထိ ႐ွိသည္။
၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း အေမရိကန္၏ အႏုျမဴတိုက္ခိုက္လာဖြယ္႐ွိသည့္ အႏၲရာယ္ေၾကာင့္ တ႐ုတ္အစိုးရက အႏုျမဴ နည္းပညာ အေျခစိုက္စခန္းတစ္ခုေဆာက္လုပ္ကာ အႏုျမဴဗုံးထုတ္လုပ္ရန္ ႀကိဳးပမ္းခဲ့ျခင္း ျဖစ္သည္။
၁၉၅၈ ခုႏွစ္တြင္ အႏုျမဴဗုံးထုတ္လုပ္မည့္ 404 ၿမိဳ႕ေတာ္ကို ေဆာက္လုပ္ၿပီးစီးခဲ့သည္။ ၿမိဳ႕၏ အက်ယ္အဝန္းမွာ ၄ စတုရန္းကီလိုမီတာ (စတုရန္း ၁ မိုင္ခြဲ) သာ႐ွိၿပီး လူေနဧရိယာမွာ ၁ စတုရန္းကီလိုမီတာခန္႔သာ ႐ွိသည္။
404 ကို တံခါးပိတ္ၿမိဳ႕ေတာ္အျဖစ္ ရည္႐ြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ရာ လူေနထိုင္မႈႏွင့္ ခရီးသြားလာမႈဆိုင္ရာ တင္းၾကပ္မႈမ်ား႐ွိသည္။ အဆိုပါၿမိဳ႕တြင္ ညအိပ္ညေန ေနထိုင္မည္ဆိုပါက အာဏာပိုင္တို႔၏ ခြင့္ျပဳခ်က္လိုအပ္သည္။
ၿမိဳ႕ေတာ္အတြင္း အႏုျမဴ ဓာတ္အားေပးစက္႐ုံ၊ လူေနအိမ္ရာမ်ား၊ ရဲစခန္း ၁ ခု၊ တရား႐ုံး ၁ ခု၊ ကစားကြင္း၊ တိရ စၧာန္႐ုံ၊ စာသင္ေက်ာင္း ၁ ေက်ာင္း၊ မူႀကိဳေက်ာင္း ၂ ခုႏွင့္ အျခားလိုအပ္ေသာ အစိုးရဌာနမ်ားလည္း ပါဝင္သည္။
ၿမိဳ႕လယ္တြင္ ကြန္ျမဴနစ္ပါတီ ဥကၠဌႀကီး ေမာ္စီတုန္း၏ ႐ုပ္တုႀကီးလည္း ထား႐ွိသည္ကို ေတြ႕ရသည္။
ၿမိဳ႕ေတာ္အတြင္းေနထိုင္ၾကသည့္ အႏုျမဴသိပၸံပညာ႐ွင္မ်ား၏ ရင္ေသြးမ်ားကို ၿမိဳ႕တြင္း႐ွိ မူႀကိဳေက်ာင္း ၂ ခုတြင္ ေက်ာင္းထားႏိုင္သည္။ ေက်ာင္း ၂ ေက်ာင္းကို ပုံစံတူေဆာက္လုပ္ထားၿပီး ႐ု႐ွားတို႔က ဒီဇိုင္းေရးဆြဲေပးျခင္း ျဖစ္သည္။
မူႀကိဳေအာင္ျမင္ၿပီးပါကလည္း မူလတန္းေက်ာင္း ၂ ေက်ာင္း ထား႐ွိေပးရာ အမွတ္ ၁ ႏွင့္ အမွတ္ ၄ မူလတန္းေက်ာင္းမ်ား ျဖစ္ၾကသည္။ ထို႔ေနာက္ အဆိုပါေက်ာင္းမ်ားတြင္ပင္ အလယ္တန္းႏွင့္ အထက္တန္းကို ဆက္လက္တက္ေရာက္ႏိုင္သည္။
လွ်ိဳ႕ဝွက္ၿမိဳ႕ေတာ္အတြင္း ႐ွန္ဟိုင္းမွ နာမည္ေက်ာ္ စားဖိုမႉးမ်ားကိုပါ လာေရာက္တာဝန္ထမ္းေဆာင္ေစခဲ့ရာ404 ၏ အေ႐ွ႕ဘက္ ၁၇၃၉ မိုင္ေဝးကြာသည့္ ကမ္း႐ိုးတန္းေဒသၿမိဳ႕ႀကီးျဖစ္ေသာ ႐ွန္ဟိုင္းမွ သြားေရစာမ်ားကို စားေသာက္ႏိုင္မည္ ျဖစ္သည္။
လူေနအေဆာက္အအုံမ်ားႏွင့္ အေရးႀကီးသည့္ အစိုးရဌာနမ်ား တည္ေဆာက္ၿပီးခ်ိန္တြင္ တ႐ုတ္ျပည္တြင္းမွ အေတာ္ဆုံး ဆရာဝန္မ်ား၊ စားဖိုမႉးမ်ား၊ ေက်ာင္းဆရာမ်ားႏွင့္ အျခားမ႐ွိမျဖစ္လိုအပ္သူမ်ားကို လွ်ိဳ႕ဝွက္ၿမိဳ႕ေတာ္သို႔ ေျပာင္းေ႐ႊ႕ အေျခခ်ေစခဲ့သည္။
404 ၏ လူဦးေရမွာ အစည္ကားဆုံးအခ်ိန္တြင္ လူေပါင္း ၅၀၀၀၀ မွ ၁၀၀၀၀၀ အၾကား ေနထိုင္ခဲ့ၾကသည္ဟုဆိုသည္။ (ကိန္းဂဏန္းမ်ားမွာ မိမိအခ်က္အလက္ရယူသည့္ ရင္းျမစ္အေပၚတြင္မူတည္ကာ အမ်ိဳးမ်ိဴး ကြဲျပားႏိုင္သည္။)
သဲကႏၲာရအတြင္း ေဆာက္လုပ္ထားျခင္းျဖစ္ေသာေၾကာင့္ ရာသီဥတုအေျခအေနကား ျပင္းထန္လွသည္။ ၿမိဳ႕အတြင္းတြင္ ျမင္ေတြ႕ရမည္ျဖစ္ေသာ သစ္ပင္အားလုံးမွာ သစ္ပင္တုမ်ားသာ ျဖစ္ၾကသည္။
ထိုေဒသတြင္ ေပါက္ေရာက္ေသာအပင္ဟူ၍ ကႏၲာရျမက္မ်ားသာ႐ွိသည္။
“အဲဒီအခ်ိန္က တ႐ုတ္ျပည္ဟာ ဘယ္ေတြပဲရင္ဆိုင္ရသည္ျဖစ္ျဖစ္ ဘယ္ေလာက္ကုန္ကုန္ အႏုျမဴဗုံးတစ္လုံးကို လိုခ်င္ေနတဲ့ အခ်ိန္ ျဖစ္ပါတယ္” ဟု လီယန္က ေျပာၾကားသည္။
လီယန္ႀကီးျပင္းခဲ့သည့္အခ်ိန္က အဆိုပါၿမိဳ႕တြင္ လူဦးေရ ၂၀၀၀၀ ခန္႔႐ွိသည္ဟု ဆိုသည္။
၁၉၆၄ ခုႏွစ္၊ ေအာက္တိုဘာလ ၁၆ ရက္တြင္ကား တ႐ုတ္ျပည္၏ ပထမဆုံး အႏုျမဴဗုံးကို စင္က်န္းျပည္နယ္အေ႐ွ႕ေတာင္ဘက္ သဲကႏၲာရအတြင္း႐ွိ ဆားကန္တစ္ခုျဖစ္ေသာ Lop Nur တြင္ ေအာင္ျမင္စြာ ေဖာက္ခြဲစမ္းသပ္ႏိုင္ခဲ့သည္။
“ဒီေန႔ေခတ္ တ႐ုတ္အမ်ိဳးသားအႏုျမဴေကာ္ပိုေရး႐ွင္းရဲ႕ ျပခန္းအဝင္ဝမွာ အမ်ိဳးသမီးငယ္တစ္ေယာက္က အႏုျမဴဗုံးေဖာက္ခြဲမႈ ေအာင္မႈတာအေပၚ ေအာင္ပြဲခံေနတဲ့ဓာတ္ပုံခ်ိတ္ဆြဲထားပါတယ္။ အဲဒီအမ်ိဳးသမီးက ကြၽန္ေတာ္နဲ႔ ေဆြမ်ိဳးေတာ္ပါတယ္။ သူက အဲ့တုန္းကေတာ့ ငယ္ေသးခ်ိန္ေပါ့” ဟု လီယန္က ေျပာျပသည္။
လီယန္သည္404 တြင္ ၁၉ ႏွစ္ၾကာေနထိုင္ခဲ့ၿပီး ၂၀၀၃ ခုႏွစ္တြင္ကား တကၠသိုလ္တက္ရန္ 404 မွ ထြက္ခြာခဲ့သည္။
404 မွ လီယန္ထြက္ခြာခဲ့ၿပီး ၂ ႏွစ္အၾကာတြင္ကား ၿမိဳ႕ကေလးမွာ လူသူဆိတ္သုဥ္းသြားခဲ့ၿပီျဖစ္သည္။
အဆိုပါၿမိဳ႕တြင္ ေနထိုင္သူတို႔ကို အာဏာပိုင္တို႔က ဂိုဘီသဲကႏၲာရအတြင္းတြင္ပင္႐ွိေသာ အျခားၿမိဳ႕တစ္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေစ ခဲ့သည္။
“ကြၽန္ေတာ္႕ရဲ႕ ဇာတိၿမိဳ႕ မ႐ွိေတာ့ဘူးဆိုတာက ထူးဆန္းတဲ့ ခံစားခ်က္တစ္မ်ိဳး ေပၚေပါက္ေစပါတယ္” ဟု လီယန္က ဆိုသည္။ လူမ်ားစြာနည္းတူ လီယန္သည္လည္း ငယ္ဘဝကို ျပန္ေျပာင္းသတိရ တမ္းတမိေသာ္လည္း သူ၏ဇာတိၿမိဳ႕ကား တ႐ုတ္ေျမပုံတြင္ ႐ွိမေနသည့္နည္းတူ လွ်ိဳ႕ဝွက္ၿမိဳ႕တြင္လည္း ေနာင္မည္သည့္အခါတြင္မွ ျပန္လည္အေျခခ်ေနထိုင္ခြင့္ရေတာ့မည္ မဟုတ္ေခ်။
လီယန္သည္404 သို႔ ၂၀၁၃ ႏွင့္ ၂၀၁၆ ခုႏွစ္မ်ားတြင္ ၄ ႀကိမ္သြားေရာက္ခဲ့ၿပီး လူသူကင္းမဲ့ေနေသာ လမ္းမ်ား၊ အေဆာက္အအုံမ်ားႏွင့္ ပန္းျခံမ်ားကို မွတ္တမ္းတင္ ဓာတ္ပုံ႐ိုက္ကူးထားခဲ့သည္။
လီယန္က ၎ရိုက္ကူးခဲ့ေသာဓာတ္ပံုမ်ားအနက္ အႏွစ္သက္ဆံုးမွာ ဂိုဘီကႏၱာရၾကီး၏ သဲျပင္မ်ားေပၚမွ အထီးက်န္ သစ္ပင္ ၂ ပင္၏ပံုျဖစ္ေၾကာင္း ေျပာျပသည္။
“ဒီအပင္ေတြကို ကၽြန္ေတာ္ ၄ ႏွစ္သားအရြယ္တုန္းက အိမ္ေနာက္ဘက္မွာ စုိက္ထားခဲ့တာပါ။” ဟု လီယန္က ဆိုသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Closed Chinese City – Award-Winning Pictures (Dailymail, Mirror)