မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင်

မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
13 Sep 2020 12:22 pm တွင် တင်ခဲ့သည်
7104 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“မြို့သစ်စီမံကိန်းထဲပါမယ့် မြေနေရာတွေဆိုပြီး၊ လယ်ယာမြေတွေကို ကွန်ကရစ်လမ်းတွေခင်း၊ ခြံဝန်းတွေ ခတ်ပြီး ရောင်းနေတယ်ဆရာ၊ အဲဒါတရားဝင်ပါသလား။ ပြီးတော့ မကြာမီ ကာလက ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေကိုပြင်ဆင်သည့် ဥပဒေထွက်ထားတယ်လို့ ကြားတယ် ဆရာ၊ အဲဒီ မြေကွက်ကိုဝယ်ရင် အဆင်ပြေပါ့မ လားလို့ ဆရာ့ဆီလာပြီး တိုင်ပင်တာပါ” ဟု စာရေးသူထံ မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးခြင်းဖြစ်ပါသည်။

“ဟုတ်ပါတယ်။ လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်မရသေးဘဲ အကွက်ရိုက်ပြီး ရောင်းချနေတာတွေဖြစ်နေလို့ နိုင်ငံတော် အစိုးရအနေနဲ့ တင်းကြပ်တဲ့ သဘောဆောင်ရွက်ရတာ ဖြစ်ပါတယ်”

“အချို့က ပြောတော့ တရားဝင် အသုံးပြုခွင့်မရသေးဘဲ ရောင်းချမယ်၊ ဝယ်မယ်ဆိုရင် တရားစွဲပြီးအပြစ် ဒဏ်တောင်ကျနိုင်တယ်လို့လည်း ပြောကြတယ် ဟုတ်ပါသလား”

“အခု ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်မှာတော့ ပြစ်ဒဏ်ပိုင်းကိုတင်း ကျပ်ထားတာတွေ့ရပါတယ်။ ဒါမှလည်း ဥပဒေမဲ့ပြုမူနေတာတွေ ရပ်တန့်သွားမှာ ဖြစ်တယ်”

“ဥပဒေနဲ့အညီ ရောင်းချခွင့်ရှိ တဲ့ လယ်မြေဆိုတာက ဘယ်လိုမြေ အမျိုးအစားလဲ ”

“နားလည်အောင်ရှင်းပြရမယ် ဆိုရင် ရောင်းချလွှဲပြောင်းတဲ့သူဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ - ၇ ရရှိထားဖို့လိုပါတယ်”

“ ပုံစံ - ၁၀၅ ဆိုတာက ဘာကို ဆိုလိုတာလဲ ”

“ပုံစံ - ၁၀၅ ဆိုတာက လယ်ယာမြေပိုင်ဆိုင်ခွင့်အာမခံချက် မဟုတ်ဘူး။ မြေကွက်တည်နေရာ ဖော်ပြချက်ညွှန်းပြမြေပုံဖြစ်တယ်။ သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက ထုတ်ပေးတာဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ်အတွင်းသာအကျုံးဝင်တဲ့ မြေပုံမြေရာဇဝင်ဖြစ်တယ်”

“ပုံစံ - ၇ ဆိုတာက ဘယ်လိုအထောက်အထားစာရွက်ပါလဲ”

“ပုံစံ - ၇ ဆိုတာက လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ကိုဆိုလိုတာဖြစ်တယ်။ အဲဒီ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်နဲ့ပူးတွဲပြီး ပုံစံ - ၁၀၅ ဖြစ်တဲ့ မြေပုံမြေရာဇဝင်ပါရှိရပါတယ်”

“ပုံစံ - ၇ ရထားတဲ့သူက လယ်ယာမြေကို ရောင်းပိုင်ခွင့်ရှိတဲ့ သဘောပေါ့ ဟုတ်ပါသလား”

“လယ်ယာမြေ ဥပဒေပုဒ်မ - ၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ သည် လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့် ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်”

“ဒါဆိုရင်တော့ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူဟာ မိမိလယ်ယာမြေကို ခွဲစိတ်ရောင်းချခွင့်ရှိသွားပြီပေါ့”

“မှန်ပါတယ်၊ ဒါပေမယ့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်ပေးကမ်းခြင်းပြု ပါက သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံ တင်ခတို့ကို ပေးဆောင်၍ သက်ဆိုင် မြေစာရင်းဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်လို့ လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် လယ်ယာ မြေလုပ်ပိုင်ခွင့်အပေါ် လွှဲပြောင်းဝယ်ယူရင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုကြရမှာဖြစ်ပါတယ်။ ဒါမှ တရားဝင်လုပ် ပိုင်ခွင့်ရမှာဖြစ်ပြီး ထပ်မံလွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“ကျွန်တော်သိတာတော့ မှတ်ပုံ တင်ရောင်းဝယ်တာမျိုး မရှိကြဘဲ၊ အရပ်စာချုပ်နဲ့ ဝယ်ပြီး အကွက်ရိုက် ရောင်းချနေတာဆရာ”

“ပိုင်ရှင်အစစ်အမှန်ဆီက ဝယ်တာ မဟုတ်တဲ့အတွက် ထပ်ဆင့်ရောင်းချမှုကို ဝယ်ရင်ပိုင်ဆိုင်မှု အခက်အခဲရှိလာနိုင်ပါတယ်”

“အကွက်ရိုက်ခွဲစိတ်ထားတဲ့ မြေကွက်ကို မူလပုံစံ (၇) ရထားသူထံကနေ တိုက်ရိုက်ဝယ်ယူမှတ်ပုံတင်ပြု လုပ်ရင် မဖြစ်ဘူးလား ဆရာ”

“လယ်ယာမြေဥပဒေ ပုဒ်မ - ၁၂ (ဇ) မှာ လယ်ယာမြေကို မူလစိုက် ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြု ချက်မရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်းမပြုရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိတ်ဆွေပြောသလို ပုံစံ (၇) ရှိသူထံမှ လယ်ယာမြေကို ဝယ်ရင် သတ်မှတ်ထားတဲ့ သီးနှံအမျိုး အစားကို ဆက်လက်စိုက်ပျိုးလုပ်ကိုင်ရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှ အခြားနည်းအသုံးပြုခွင့်ကို လျှောက် ထား ရယူရမှာဖြစ်တယ်”

“အခြားနည်း အသုံးပြုခွင့်ဆိုတာက အိမ်ဆောက်ခွင့်လျှောက်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ လယ်ယာမြေ ဥပဒေပုဒ်မ -၃၀ မှာ အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မိမိတစ်ဦးတည်းအတွက် မဟုတ်ဘဲ အများပြည်သူအကျိုးအတွက် ရည်ရွယ်၍ လယ်ယာမြေကို အခြားနည်း ဆောင်ရွက်ခွင့်ပြုရန် လျှောက်ထားရမှာ ဖြစ်တယ်”

ဆရာပြောတဲ့ ဥပဒေအရ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်ရမှ အခြားနည်းအသုံးပြု ခွင့်ရှိမှာ ဖြစ်နေတာပေါ့။ ဒီလိုဆိုရင် အခုအကွက်ရိုက်ပြီးရောင်းချနေမှုတွေက သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြု ချက်မရသေးဘဲ အခြားနည်းသုံးစွဲခွင့်ဆိုပြီး လူနေလို့ရတယ်ဆိုကာ ခွဲစိတ်ရောင်းနေတဲ့ သဘောဖြစ်နေပြီ”

“ဒါကြောင့်မို့လည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်”

“ဟုတ်ကဲ့ ရှင်းပြပါဦး ဆရာ”

“လယ်ယာမြေဥပဒေပုဒ်မ -၁၂ (ဆ) မှာ လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ ပိတ်ပင်တားမြစ်ထားပါတယ်။ ယင်း တားမြစ်ချက်ကို မလိုက်နာရင် ပုဒ်မ - ၁၉ အရ (က) သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ (ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ (ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ် ထိုက်သူများကို နှင်ထုတ်ခြင်း (ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားသော အ ဆောက်အအုံများကို ဖယ်ရှားခြင်းကို သက်ဆိုင်ရာမှ တရားစွဲဆိုဆောင် ရွက်နိုင်ခွင့် ရှိပါတယ်”

“ဒါက ပုံစံ (၇) ရရှိပြီးသားသူက အခြားနည်းနှင့် လျှောက်ထားခြင်းမရှိဘဲ ဆောင်ရွက်တဲ့ ကိစ္စမဟုတ်လား”

“မှန်ပါတယ်။ အခုဖြစ်နေတဲ့ မိတ်ဆွေကြီးပြောသလို မှတ်ပုံတင်ပြုလုပ် ဝယ်ထားခြင်း မဟုတ်ပဲ ပုံစံ (၇) လက်ဝယ်မရှိသူက မြေကွက်ကိုအ ကွက်ရိုက်ရောင်းချတဲ့ကိစ္စ်ရပ်နဲ့ ပတ်သက်လို့က ပြင်ဆင်တဲ့ဥပဒေပုဒ်မ -၃၇ (က) မှာ မည်သူမဆို ဤဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်မရှိဘဲ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှအများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ်သုံးသိန်းမှ ငါးသိန်း ထိငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ပုံစံ (၇) မရသေးသူထံမှ အကွက်ရိုက်မြေကွက်ကို မဝယ်သင့်ပါ သူငယ်ချင်း”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ၿမိဳ႕သစ္စီမံကိန္းဟုဆုိကာ အကြက္႐ုိက္ေရာင္းခ်ေနေသာ လယ္ယာေျမကုိ ၀ယ္မည္ဆုိလွ်င္

“ၿမိဳ႕သစ္စီမံကိန္းထဲပါမယ့္ ေျမေနရာေတြဆုိၿပီး၊ လယ္ယာေျမေတြကို ကြန္ကရစ္လမ္းေတြခင္း၊ ၿခံ၀န္းေတြ ခတ္ၿပီး ေရာင္းေနတယ္ဆရာ၊ အဲဒါတရား၀င္ပါသလား။ ၿပီးေတာ့ မၾကာမီ ကာလက ျပ႒ာန္းတဲ့ လယ္ယာေျမ ဥပေဒကုိျပင္ဆင္သည့္ ဥပေဒထြက္ထားတယ္လုိ႔ ၾကားတယ္ ဆရာ၊ အဲဒီ ေျမကြက္ကို၀ယ္ရင္ အဆင္ေျပပါ့မ လားလုိ႔ ဆရာ့ဆီလာၿပီး တုိင္ပင္တာပါ” ဟု စာေရးသူထံ မိတ္ေဆြတစ္ဦးက လာေရာက္ေဆြးေႏြးျခင္းျဖစ္ပါသည္။

“ဟုတ္ပါတယ္။ လယ္ယာေျမေတြကို အျခားနည္း အသုံးျပဳခြင့္မရေသးဘဲ အကြက္႐ုိက္ၿပီး ေရာင္းခ်ေနတာေတြျဖစ္ေနလုိ႔ ႏုိင္ငံေတာ္ အစုိးရအေနနဲ႔ တင္းၾကပ္တဲ့ သေဘာေဆာင္ရြက္ရတာ ျဖစ္ပါတယ္”

“အခ်ဳိ႕က ေျပာေတာ့ တရား၀င္ အသုံးျပဳခြင့္မရေသးဘဲ ေရာင္းခ်မယ္၊ ၀ယ္မယ္ဆုိရင္ တရားစြဲၿပီးအျပစ္ ဒဏ္ေတာင္က်ႏုိင္တယ္လုိ႔လည္း ေျပာၾကတယ္ ဟုတ္ပါသလား”

“အခု ျပ႒ာန္းလုိက္တဲ့ ျပင္ဆင္ခ်က္မွာေတာ့ ျပစ္ဒဏ္ပိုင္းကုိတင္း က်ပ္ထားတာေတြ႕ရပါတယ္။ ဒါမွလည္း ဥပေဒမဲ့ျပဳမူေနတာေတြ ရပ္တန္႔သြားမွာ ျဖစ္တယ္”

“ဥပေဒနဲ႔အညီ ေရာင္းခ်ခြင့္ရွိ တဲ့ လယ္ေျမဆုိတာက ဘယ္လုိေျမ အမ်ဳိးအစားလဲ ”

“နားလည္ေအာင္ရွင္းျပရမယ္ ဆုိရင္ ေရာင္းခ်လႊဲေျပာင္းတဲ့သူဟာ လယ္ယာေျမလုပ္ပုိင္ခြင့္ လက္မွတ္ ပုံစံ - ၇ ရရွိထားဖုိ႔လုိပါတယ္”

“ ပုံစံ - ၁၀၅ ဆုိတာက ဘာကို ဆုိလုိတာလဲ ”

“ပုံစံ - ၁၀၅ ဆုိတာက လယ္ယာေျမပုိင္ဆုိင္ခြင့္အာမခံခ်က္ မဟုတ္ဘူး။ ေျမကြက္တည္ေနရာ ေဖာ္ျပခ်က္ၫႊန္းျပေျမပုံျဖစ္တယ္။ သက္ဆုိင္ရာ ေျမစာရင္းဦးစီးဌာနက ထုတ္ေပးတာျဖစ္ၿပီး သက္တမ္းအားျဖင့္ တစ္ႏွစ္အတြင္းသာအက်ဳံး၀င္တဲ့ ေျမပုံေျမရာဇ၀င္ျဖစ္တယ္”

“ပုံစံ - ၇ ဆုိတာက ဘယ္လုိအေထာက္အထားစာရြက္ပါလဲ”

“ပုံစံ - ၇ ဆုိတာက လယ္ယာ ေျမလုပ္ပုိင္ခြင့္ လက္မွတ္ကုိဆုိလုိတာျဖစ္တယ္။ အဲဒီ လယ္ယာေျမလုပ္ပုိင္ခြင့္ လက္မွတ္နဲ႔ပူးတြဲၿပီး ပုံစံ - ၁၀၅ ျဖစ္တဲ့ ေျမပုံေျမရာဇ၀င္ပါရွိရပါတယ္”

“ပုံစံ - ၇ ရထားတဲ့သူက လယ္ယာေျမကို ေရာင္းပုိင္ခြင့္ရွိတဲ့ သေဘာေပါ့ ဟုတ္ပါသလား”

“လယ္ယာေျမ ဥပေဒပုဒ္မ - ၉ မွာ လယ္ယာေျမလုပ္ပုိင္ခြင့္ရရွိသူ သည္ လယ္ယာေျမအားလုံးကိုျဖစ္ေစ၊ တစ္စိတ္တစ္ပုိင္းျဖစ္ေစ၊ လုပ္ပုိင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ခြင့္ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္ရွိတယ္လုိ႔ ျပ႒ာန္းထားပါတယ္”

“ဒါဆုိရင္ေတာ့ လယ္ယာေျမ လုပ္ပုိင္ခြင့္ရရွိသူဟာ မိမိလယ္ယာေျမကုိ ခြဲစိတ္ေရာင္းခ်ခြင့္ရွိသြားၿပီေပါ့”

“မွန္ပါတယ္၊ ဒါေပမယ့္ လယ္ယာေျမလုပ္ပုိင္ခြင့္ကို ေရာင္းခ်ေပါင္ႏွံ၊ ငွားရမ္း၊ လဲလွယ္ေပးကမ္းျခင္းျပဳ ပါက သက္ဆုိင္ရာ ေျမစာရင္းဦးစီးဌာနက သတ္မွတ္ထားသည့္ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပုံ တင္ခတုိ႔ကို ေပးေဆာင္၍ သက္ဆုိင္ ေျမစာရင္းဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္လုိ႔ လယ္ယာေျမဥပေဒ ပုဒ္မ - ၁၂ မွာ အတိအလင္း ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ လယ္ယာ ေျမလုပ္ပုိင္ခြင့္အေပၚ လႊဲေျပာင္း၀ယ္ယူရင္ သက္ဆုိင္ရာ ေျမစာရင္းဦးစီးဌာနမွာ မွတ္ပုံတင္ျပဳလုပ္ခ်ဳပ္ဆုိၾကရမွာျဖစ္ပါတယ္။ ဒါမွ တရား၀င္လုပ္ ပုိင္ခြင့္ရမွာျဖစ္ၿပီး ထပ္မံလႊဲေျပာင္း ေရာင္းခ်ခြင့္ရွိမွာ ျဖစ္တယ္”

“ကၽြန္ေတာ္သိတာေတာ့ မွတ္ပုံ တင္ေရာင္း၀ယ္တာမ်ဳိး မရွိၾကဘဲ၊ အရပ္စာခ်ဳပ္နဲ႔ ၀ယ္ၿပီး အကြက္႐ုိက္ ေရာင္းခ်ေနတာဆရာ”

“ပုိင္ရွင္အစစ္အမွန္ဆီက ၀ယ္တာ မဟုတ္တဲ့အတြက္ ထပ္ဆင့္ေရာင္းခ်မႈကို ၀ယ္ရင္ပုိင္ဆုိင္မႈ အခက္အခဲရွိလာႏုိင္ပါတယ္”

“အကြက္႐ုိက္ခြဲစိတ္ထားတဲ့ ေျမကြက္ကို မူလပုံစံ (၇) ရထားသူထံကေန တုိက္႐ုိက္၀ယ္ယူမွတ္ပုံတင္ျပဳ လုပ္ရင္ မျဖစ္ဘူးလား ဆရာ”

“လယ္ယာေျမဥပေဒ ပုဒ္မ - ၁၂ (ဇ) မွာ လယ္ယာေျမကုိ မူလစုိက္ ပ်ဳိးလ်က္ရွိေသာ သီးႏွံအမ်ဳိးအစားမွ အျခားသီးႏွံအမ်ဳိးအစားသုိ႔ ခြင့္ျပဳ ခ်က္မရွိဘဲ ေျပာင္းလဲစုိက္ပ်ဳိးျခင္းမျပဳရလုိ႔ သတ္မွတ္ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ မိတ္ေဆြေျပာသလုိ ပုံစံ (၇) ရွိသူထံမွ လယ္ယာေျမကို ၀ယ္ရင္ သတ္မွတ္ထားတဲ့ သီးႏွံအမ်ဳိး အစားကို ဆက္လက္စုိက္ပ်ဳိးလုပ္ကုိင္ရမွာျဖစ္ပါတယ္။ ေနာက္ပုိင္းမွ အျခားနည္းအသုံးျပဳခြင့္ကုိ ေလွ်ာက္ ထား ရယူရမွာျဖစ္တယ္”

“အျခားနည္း အသုံးျပဳခြင့္ဆုိတာက အိမ္ေဆာက္ခြင့္ေလွ်ာက္တဲ့ သေဘာေပါ့”

“ဟုတ္ပါတယ္။ လယ္ယာေျမ ဥပေဒပုဒ္မ -၃၀ မွာ အမ်ားျပည္သူ အက်ဳိးငွာ လယ္ယာေျမကုိ အျခား နည္းအသုံးျပဳရန္ ေလွ်ာက္ထားရာတြင္ တုိင္းေဒသႀကီး သုိ႔မဟုတ္ ျပည္နယ္ လယ္ယာေျမ စီမံခန္႔ခဲြမႈအဖြဲ႕၏ စိစစ္ေထာက္ခံခ်က္ျဖင့္ သက္ဆုိင္ရာ တုိင္းေဒသႀကီး သုိ႔မဟုတ္ ျပည္နယ္ အစုိးရအဖဲြ႕က ခြင့္ျပဳႏိုင္တယ္လုိ႔ ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္ မိမိတစ္ဦးတည္းအတြက္ မဟုတ္ဘဲ အမ်ားျပည္သူအက်ဳိးအတြက္ ရည္ရြယ္၍ လယ္ယာေျမကို အျခားနည္း ေဆာင္ရြက္ခြင့္ျပဳရန္ ေလွ်ာက္ထားရမွာ ျဖစ္တယ္”

ဆရာေျပာတဲ့ ဥပေဒအရ သက္ဆုိင္ရာတုိင္း၊ ျပည္နယ္အစုိးရအဖဲြ႕က ခြင့္ျပဳခ်က္ရမွ အျခားနည္းအသုံးျပဳ ခြင့္ရွိမွာ ျဖစ္ေနတာေပါ့။ ဒီလုိဆုိရင္ အခုအကြက္႐ုိက္ၿပီးေရာင္းခ်ေနမႈေတြက သက္ဆုိင္ရာအစိုးရရဲ႕ ခြင့္ျပဳ ခ်က္မရေသးဘဲ အျခားနည္းသုံးစြဲခြင့္ဆုိၿပီး လူေနလုိ႔ရတယ္ဆုိကာ ခဲြစိတ္ေရာင္းေနတဲ့ သေဘာျဖစ္ေနၿပီ”

“ဒါေၾကာင့္မုိ႔လည္း ဥပေဒကို ျပင္ဆင္ျဖည့္စြက္ျပ႒ာန္းလုိက္တာ ျဖစ္ပါတယ္”

“ဟုတ္ကဲ့ ရွင္းျပပါဦး ဆရာ”

“လယ္ယာေျမဥပေဒပုဒ္မ -၁၂ (ဆ) မွာ လယ္ယာေျမကုိ ခြင့္ျပဳမိန္႔ မရဘဲ အျခားနည္းသုံးစြဲျခင္းမျပဳရလုိ႔ ပိတ္ပင္တားျမစ္ထားပါတယ္။ ယင္း တားျမစ္ခ်က္ကုိ မလုိက္နာရင္ ပုဒ္မ - ၁၉ အရ (က) သတ္မွတ္သည့္ ဒဏ္ေၾကးေငြေပးေဆာင္ေစျခင္း၊ (ခ) သတ္မွတ္သည့္ နည္းလမ္းအတုိင္း လယ္ယာေျမကုိ ေဆာင္ရြက္ေစျခင္း၊ (ဂ) လယ္ယာေျမေပၚမွ ႏွင္ထုတ္ ထုိက္သူမ်ားကို ႏွင္ထုတ္ျခင္း (ဃ) လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မရွိ ဘဲ ေဆာက္လုပ္ထားေသာ အ ေဆာက္အအုံမ်ားကို ဖယ္ရွားျခင္းကို သက္ဆုိင္ရာမွ တရားစြဲဆုိေဆာင္ ရြက္ႏုိင္ခြင့္ ရွိပါတယ္”

“ဒါက ပုံစံ (၇) ရရွိၿပီးသားသူက အျခားနည္းႏွင့္ ေလွ်ာက္ထားျခင္းမရွိဘဲ ေဆာင္ရြက္တဲ့ ကိစၥမဟုတ္လား”

“မွန္ပါတယ္။ အခုျဖစ္ေနတဲ့ မိတ္ေဆြႀကီးေျပာသလုိ မွတ္ပုံတင္ျပဳလုပ္ ၀ယ္ထားျခင္း မဟုတ္ပဲ ပုံစံ (၇) လက္၀ယ္မရွိသူက ေျမကြက္ကိုအ ကြက္႐ုိက္ေရာင္းခ်တဲ့ကိစ္ၥရပ္နဲ႔ ပတ္သက္လုိ႔က ျပင္ဆင္တဲ့ဥပေဒပုဒ္မ -၃၇ (က) မွာ မည္သူမဆုိ ဤဥပေဒအရ လယ္ယာေျမလုပ္ပုိင္ခြင့္မရွိဘဲ လယ္ယာေျမကို က်ဴးေက်ာ္လုပ္ကုိင္ ေၾကာင္း ျပစ္မႈထင္ရွားစီရင္ခံရလွ်င္ ထုိသူကုိ အနည္းဆုံး ေျခာက္လမွအမ်ားဆုံး ႏွစ္ႏွစ္အထိ ေထာင္ဒဏ္ျဖစ္ ေစ၊ အနည္းဆုံးက်ပ္သုံးသိန္းမွ ငါးသိန္း ထိေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္လုိ႔ ျပ႒ာန္းထားတဲ့ အတြက္ ပုံစံ (၇) မရေသးသူထံမွ အကြက္႐ုိက္ေျမကြက္ကို မ၀ယ္သင့္ပါ သူငယ္ခ်င္း”ဟု အႀကံျပဳေဆြးေႏြး လုိက္ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service