Covid-19 တို့ဖတ်စမ်းသပ်တံတို့၏ အန္တရာယ်

Covid-19 တို့ဖတ်စမ်းသပ်တံတို့၏ အန္တရာယ် - Property News in Myanmar from iMyanmarHouse.com
12 Sep 2020 11:45 am တွင် တင်ခဲ့သည်
1429 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံအရှေ့ပိုင်း Hull မြို့တွင် အမျိုးသားတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု ခံယူနေစဉ် တို့ဖတ်နမူနာယူသည့်အတံ တစ်ခုလုံးကို မတော်တဆ မြိုချမိခဲ့ရာမှ ဆေးရုံတင်လိုက်ရသည်။

အမည်မသိရသည့် အမျိုးသားသည် ဂွမ်းတို့ဖတ်ပါသည့် ၆ လက်မအရှည် တို့ဖတ်စမ်းသပ်တံကို ရှိုက်သွင်းလိုက်မိရာမှ Hull Royal ဆေးရုံသို့ တင်လိုက်ရသည်။

Hull မြို့သည် အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း၊ အရှေ့ယော့ခ်ရှိုင်းယားပြည်နယ်တွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည်။

Covid-19 ရောဂါရှိနိုင်သူတို့၏ နှာခေါင်းနှင့် လည်ချောင်းတွင်းမှ အရည်နမူနာတို့ကို ရယူရန်အတွက် တို့ဖတ်တံတို့ကို အသုံးပြုသည်။

အဆိုပါလူနာသည် တို့ဖတ်နမူနာကို မိမိဘာသာရယူခြင်းလော (သို့မဟုတ်) စမ်းသပ်ရေးဌာနတစ်ခုတွင် ရယူခြင်းလောဆိုသည်ကိုမူ မသိရချေ။

လူနာ၏ အခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် Hull Royal ဆေးရုံက ငြင်းဆိုထားသည်။ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်သည့် တို့ဖတ်တံများနှင့်စပ်လျဉ်းပြီး အခြားသော မတော်တဆ ဖြစ်ရပ်များလည်း ရှိနေသေးသည်။

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ်၊ အဲလ်ဘာခါကီ(Albuquerque) မြို့မှ အမျိုးသားတစ်ဦးကို သူနာပြုတစ်ဦးမှ တို့ဖတ်နမူနာ ယူနေစဉ် တို့ဖတ်တံကျိုးကာ မြိုချလိုက်မိဖူးသည်။

ထိုအမျိုးသား၏ အမည်မှာ အော်လန်ဒို စကစ်မိုးဟု အမည်ရသည်။ စကစ်မိုးက ပြောကြားရာတွင် “ဆရာမက တို့ဖတ်တံကို ကျွန်တော့်ရဲ့ ဝဲဘက် နှာခေါင်းပေါက်ထဲ ထိုးထည့်ပြီး ၁ ကနေ ၁၀ အထိ ရေတွက်ပါတယ်။ ၆ နဲ့ ၈ ကြားလောက် အရောက်မှာ တို့ဖတ်တံ ကျိုးသွားတဲ့ အသံ ကြားလိုက်ရတယ်။ ကျွန်တော်တွေးခဲ့တာက ဒီပစ္စည်းကိုက အနေအထားတစ်မျိုးမျိုးပြောင်းအောင်လုပ်ထားတာလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ဆရာမက တို့ဖတ်တံကို ဆွဲထုတ်လိုက်ချိန်မှာ ကျန်တဲ့တစ်ပိုင်းက ပါမလာခဲ့ပါဘူး” ဟု ပြောကြားသည်။

စကစ်မိုးလည်း ဒေသတွင်း ဆေးရုံသို့ တက်ရောက်ခဲ့ရသည်။ သူနာပြုဝန်ထမ်းတို့က ပြောကြားရာတွင် စကစ်မိုးသည် တို့ဖတ်တံကို မြိုချလိုက်မိသည်ဟု ယူဆကြောင်း ပြောကြားသည်။ အင်္ဂလန်တွင် တို့ဖတ်တံများကို မြိုချမိခြင်းမှာ ပထမဆုံးဖြစ်ရပ် ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာ၌ ပြဿနာပေါင်းများစွာ ရင်ဆိုင်ရလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာမပြလျှင် စစ်ဆေးမှု မခံယူနိုင်ကြောင်း ပြည်သူများစွာက ကန့်ကွက်လျက်ရှိကြသည်။

စစ်ဆေးမှုကို လိုလားလက်ခံသူများအနက် အချို့မှာ အနီးဆုံးစစ်ဆေးပေးမည့်နေရာသို့ ရောက်ရန် မိုင်ပေါင်းရာနှင့်ချီ၍ သွားကြရသည်။

အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကမူ Operation Moonshot အမည်ရှိ စီမံကိန်းဖြင့် အောက်တိုဘာလကုန်တွင် တစ်ရက်လျှင် လူပေါင်း ၅၀၀၀၀၀ ခန့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man ‘went to hospital after swallowing entire coronavirus swab stick’ (Metro)

 

[Zawgyi]

Covid-19 တို႔ဖတ္စမ္းသပ္တံတုိ႔၏ အႏၱရာယ္

အဂၤလန္ႏိုင္ငံအေရွ႕ပိုင္း Hull ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးသည္ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးမႈ ခံယူေနစဥ္ တို႔ဖတ္နမူနာယူသည့္အတံ တစ္ခုလုံးကို မေတာ္တဆ ၿမိဳခ်မိခဲ့ရာမွ ေဆး႐ုံတင္လိုက္ရသည္။

အမည္မသိရသည့္ အမ်ိဳးသားသည္ ဂြမ္းတို႔ဖတ္ပါသည့္ ၆ လက္မအရွည္ တို႔ဖတ္စမ္းသပ္တံကို ရႈိက္သြင္းလိုက္မိရာမွ Hull Royal ေဆး႐ုံသို႔ တင္လိုက္ရသည္။

Hull ၿမိဳ႕သည္ အဂၤလန္ႏိုင္ငံ အေရွ႕ပိုင္း၊ အေရွ႕ေယာ့ခ္ရႈိင္းယားျပည္နယ္တြင္ တည္ရွိေသာ ပင္လယ္ဆိပ္ကမ္းၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။

Covid-19 ေရာဂါရွိႏိုင္သူတို႔၏ ႏွာေခါင္းႏွင့္ လည္ေခ်ာင္းတြင္းမွ အရည္နမူနာတို႔ကို ရယူရန္အတြက္ တို႔ဖတ္တံတို႔ကို အသုံးျပဳသည္။

အဆိုပါလူနာသည္ တို႔ဖတ္နမူနာကို မိမိဘာသာရယူျခင္းေလာ (သို႔မဟုတ္) စမ္းသပ္ေရးဌာနတစ္ခုတြင္ ရယူျခင္းေလာဆိုသည္ကိုမူ မသိရေခ်။

လူနာ၏ အေျခအေနႏွင့္ ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ Hull Royal ေဆး႐ုံက ျငင္းဆိုထားသည္။ ကို႐ိုနာဗိုင္းရပ္စ္စမ္းသပ္သည့္ တို႔ဖတ္တံမ်ားႏွင့္စပ္လ်ဥ္းၿပီး အျခားေသာ မေတာ္တဆ ျဖစ္ရပ္မ်ားလည္း ရွိေနေသးသည္။

အေမရိကန္ႏိုင္ငံ၊ နယူးမကၠဆီကိုျပည္နယ္၊ အဲလ္ဘာခါကီ(Albuquerque) ၿမိဳ႕မွ အမ်ိဳးသားတစ္ဦးကို သူနာျပဳတစ္ဦးမွ တို႔ဖတ္နမူနာ ယူေနစဥ္ တို႔ဖတ္တံက်ိဳးကာ ၿမိဳခ်လိုက္မိဖူးသည္။

ထိုအမ်ိဳးသား၏ အမည္မွာ ေအာ္လန္ဒို စကစ္မိုးဟု အမည္ရသည္။ စကစ္မိုးက ေျပာၾကားရာတြင္ “ဆရာမက တို႔ဖတ္တံကို ကြၽန္ေတာ့္ရဲ႕ ဝဲဘက္ ႏွာေခါင္းေပါက္ထဲ ထိုးထည့္ၿပီး ၁ ကေန ၁၀ အထိ ေရတြက္ပါတယ္။ ၆ နဲ႔ ၈ ၾကားေလာက္ အေရာက္မွာ တို႔ဖတ္တံ က်ိဳးသြားတဲ့ အသံ ၾကားလိုက္ရတယ္။ ကြၽန္ေတာ္ေတြးခဲ့တာက ဒီပစၥည္းကိုက အေနအထားတစ္မ်ိဳးမ်ိဳးေျပာင္းေအာင္လုပ္ထားတာလို႔ ထင္ခဲ့မိတယ္။ ဒါေပမယ့္ ဆရာမက တို႔ဖတ္တံကို ဆြဲထုတ္လိုက္ခ်ိန္မွာ က်န္တဲ့တစ္ပိုင္းက ပါမလာခဲ့ပါဘူး” ဟု ေျပာၾကားသည္။

စကစ္မိုးလည္း ေဒသတြင္း ေဆး႐ုံသို႔ တက္ေရာက္ခဲ့ရသည္။ သူနာျပဳဝန္ထမ္းတို႔က ေျပာၾကားရာတြင္ စကစ္မိုးသည္ တို႔ဖတ္တံကို ၿမိဳခ်လိုက္မိသည္ဟု ယူဆေၾကာင္း ေျပာၾကားသည္။ အဂၤလန္တြင္ တို႔ဖတ္တံမ်ားကို ၿမိဳခ်မိျခင္းမွာ ပထမဆုံးျဖစ္ရပ္ ျဖစ္ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးရာ၌ ျပႆနာေပါင္းမ်ားစြာ ရင္ဆိုင္ရလ်က္ရွိသည္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာမျပလွ်င္ စစ္ေဆးမႈ မခံယူႏိုင္ေၾကာင္း ျပည္သူမ်ားစြာက ကန႔္ကြက္လ်က္ရွိၾကသည္။

စစ္ေဆးမႈကို လိုလားလက္ခံသူမ်ားအနက္ အခ်ိဳ႕မွာ အနီးဆုံးစစ္ေဆးေပးမည့္ေနရာသို႔ ေရာက္ရန္ မိုင္ေပါင္းရာႏွင့္ခ်ီ၍ သြားၾကရသည္။

အဂၤလန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ကမူ Operation Moonshot အမည္ရွိ စီမံကိန္းျဖင့္ ေအာက္တိုဘာလကုန္တြင္ တစ္ရက္လွ်င္ လူေပါင္း ၅၀၀၀၀၀ ခန႔္ စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း ကတိျပဳထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man ‘went to hospital after swallowing entire coronavirus swab stick’ (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service