အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်ရှိသလား ?

အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်ရှိသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
11 Sep 2020 3:21 pm တွင် တင်ခဲ့သည်
1038 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဟောင်းဖျက်ခွင့်မရှိပါဘူး။ အဆောက်အဦ ဖြိုဖျက်ရာတွင် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီ၌ အဆောက်အအုံ ဖျက်သိမ်းခွင့် ဦးစွာလျှောက်ထားရမှာဖြစ်ပါတယ်။

အဆောက်အအုံဖျက်သိမ်းခွင့် ခွင့်ပြုချက်ရမှသာ အဆောက်အဦကို တရားဝင် ဖျက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အဆောက်အဦဖျက်သိမ်းပြီးမှသာ အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ၃ထပ်နှင့်အောက် အထပ်နိမ့်ဆိုလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရမှာဖြစ်ပြီး ၄ထပ်နှင့်အထက် အထပ်မြှင့်ဆိုလျှင် မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)တွင် ဆက်လက်လျှောက်ထားရမှာ ဖြစ်ပါသည်။

လိုအပ်သည့်စာရွက်စာတမ်းများ....

၁။ အဆောက်အအုံဖျက်သိမ်းခြင်းအတွက် တာဝန်ယူကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

၂။ အဆောက်အအုံ ဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

၃။ အိမ်ရှင်/အိမ်ငှား ပြဿနာကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တင်ပြရန်

၄။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ

၅။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

၆။ ဖျက်သိမ်းမည့်အဆောက်အအုံ၏ ဓာတ်ပုံနှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓာတ်ပုံ စသည့်စာရွက်စာတမ်းများဖြင့် လျှောက်ထားရမှာဖြစ်ပြီး အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်အတွက် ပုံစံစစ်ဆေးခမှာ တိုက်/Steel ၁စတုရမ်းပေ ၃၀ကျပ်၊ အုတ်ညှပ် ၁စတုရမ်းပေ ၂၅ကျပ်၊ ပျဉ် ၁စတုရမ်းပေ ၂၀ကျပ်ဖြင့် ပေးသွင်းရမှာဖြစ်ပါတယ်။

ဖျက်သိမ်းခွင့်မတင်ဘဲ ကြိုတင်ဖျက်သိမ်းတယ်ဆိုလျှင် ကြိုတင်ဖျက်သိမ်းဒဏ်ကြေးအဖြစ် တိုက်/Steel ၁စတုရမ်းပေ ၆၅ ကျပ်၊ အုတ်ညှပ် ၁စတုရမ်းပေ ၅၅ကျပ်၊ ပျဉ် ၁စတုရမ်းပေ ၃၅ ကျပ်ဖြင့် ဒဏ်ကြေး ပေးသွင်းရမှာ ဖြစ်ပါတယ်။

ထို့ကြောင့် အဆောက်အအုံဖျက်သိမ်းခွင့် လျှောက်ထားပြီးမှ အဆောက်အအုံဖျက်သိမ်းကြရန် သတိပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမရွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္ရိွသလား ?

အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားျခင္းမရွိဘဲ အိမ္ေဟာင္းဖ်က္ခြင့္မရွိပါဘူး။ အေဆာက္အဦ ၿဖိဳဖ်က္ရာတြင္ သက္ဆုိင္ရာစည္ပင္သာယာေရးေကာ္မတီ၌ အေဆာက္အအံု ဖ်က္သိမ္းခြင့္ ဦးစြာေလွ်ာက္ထားရမွာျဖစ္ပါတယ္။

အေဆာက္အအံုဖ်က္သိမ္းခြင့္ ခြင့္ျပဳခ်က္ရမွသာ အေဆာက္အဦကို တရား၀င္ ဖ်က္ခြင့္ရွိမွာ ျဖစ္ပါတယ္။ အေဆာက္အဦဖ်က္သိမ္းၿပီးမွသာ အေဆာက္အအံု ေဆာက္လုပ္ခြင့္ကို ၃ထပ္ႏွင့္ေအာက္ အထပ္နိမ့္ဆိုလွ်င္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတြင္ ေလွ်ာက္ထားရမွာျဖစ္ၿပီး ၄ထပ္ႏွင့္အထက္ အထပ္ျမွင့္ဆိုလွ်င္ ၿမိဳ႕ေတာ္ခန္းမ၊ အင္ဂ်င္နီယာဌာန (အေဆာက္အအံု)တြင္ ဆက္လက္ေလွ်ာက္ထားရမွာ ျဖစ္ပါသည္။

လိုအပ္သည့္စာရြက္စာတမ္းမ်ား....

၁။ အေဆာက္အအံုဖ်က္သိမ္းျခင္းအတြက္ တာ၀န္ယူေၾကာင္း ေျမရွင္မွ ခံ၀န္ကတိတင္ျပရန္

၂။ အေဆာက္အအံု ဖ်က္သိမ္းရာတြင္ ေဘးကပ္လ်က္ရွိေသာ အေဆာက္အအံု ပ်က္စီးမႈမရွိေစရန္ ဖ်က္သိမ္းပါမည့္အေၾကာင္း မွတ္ပံုတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာႏွင့္ေျမရွင္တို႔မွ ခံ၀န္ကတိတင္ျပရန္

၃။ အိမ္ရွင္/အိမ္ငွား ျပႆနာကင္းရွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္တင္ျပရန္

၄။ ေျမပိုင္ဆိုင္မႈအေထာက္အထားမိတၱဴ

၅။ ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမိတၱဴ

၆။ ဖ်က္သိမ္းမည့္အေဆာက္အအံု၏ ဓာတ္ပံုႏွင့္ေဘးႏွစ္ဖက္ရွိ အေဆာက္အအံုမ်ား၏ ဓာတ္ပံု စသည့္စာရြက္စာတမ္းမ်ားျဖင့္ ေလွ်ာက္ထားရမွာျဖစ္ၿပီး အေဆာက္အအံုေဟာင္းဖ်က္သိမ္းခြင့္အတြက္ ပံုစံစစ္ေဆးခမွာ တိုက္/Steel ၁စတုရမ္းေပ ၃၀က်ပ္၊ အုတ္ၫွပ္ ၁စတုရမ္းေပ ၂၅က်ပ္၊ ပ်ဥ္ ၁စတုရမ္းေပ ၂၀က်ပ္ျဖင့္ ေပးသြင္းရမွာျဖစ္ပါတယ္။

ဖ်က္သိမ္းခြင့္မတင္ဘဲ ႀကိဳတင္ဖ်က္သိမ္းတယ္ဆိုလွ်င္ ႀကိဳတင္ဖ်က္သိမ္းဒဏ္ေၾကးအျဖစ္ တိုက္/Steel ၁စတုရမ္းေပ ၆၅ က်ပ္၊ အုတ္ၫွပ္ ၁စတုရမ္းေပ ၅၅က်ပ္၊ ပ်ဥ္ ၁စတုရမ္းေပ ၃၅ က်ပ္ျဖင့္ ဒဏ္ေၾကး ေပးသြင္းရမွာ ျဖစ္ပါတယ္။

ထုိ႔ေၾကာင့္ အေဆာက္အအံုဖ်က္သိမ္းခြင့္ ေလွ်ာက္ထားၿပီးမွ အေဆာက္အအံုဖ်က္သိမ္းၾကရန္ သတိေပးအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service