အမေရိကန်ပြီးလျှင် အိန္ဒိယ၌ COVID-19 ကူးစက်မှု အများဆုံးဖြစ်လာ

အမေရိကန်ပြီးလျှင် အိန္ဒိယ၌ COVID-19 ကူးစက်မှု အများဆုံးဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
8 Sep 2020 1:12 pm တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မတ်လနှောင်းပိုင်းက ကူးစက်ခံရသူ ၅၀၀ ခန့်သာ ရှိခဲ့သည့် အိန္ဒိယ၏ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေအတွက်သည် ဘရာဇီးတွင် ကူးစက်ခံရသူဦးရေကို ကျော်လွန်ကာ အိန္ဒိယအား ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ကူးစက်မှုဒုတိယအများဆုံးနိုင်ငံဖြစ်စေလိုက်ပြီဖြစ်သည်။

အိန္ဒိယအား COVID-19 ကပ်ရောဂါအတွင်း ယခုအချိန်အထိ ကမ္ဘာ့တစ်နေ့တည်း ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်စေခဲ့သည့် ကူးစက်မှုသစ် ၉၀,၈၀၂ ရှိခဲ့ပြီးနောက် ယမန်နေ့ (စက်တင်ဘာ ၇) တွင် အိန္ဒိယသည် ဘရာဇီးကို ကျော်တက်ခဲ့ပြီဖြစ်သည်။

အိန္ဒိယတွင် စုစုပေါင်းကူးစက်ခံရသူဦးရေသည် ယခုအခါ ၄ ဒသမ ၂ သန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုပမာဏသည် အမေရိကန်အောက် ကူးစက်မှုပေါင်း ၂ သန်းကျော် နည်းသော်လည်း ကူးစက်မှုနှုန်းတွင်မူ အိန္ဒိယက ထိုကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ထက်ပင် ကမ္ဘာ့အမြန်ဆုံးနှုန်းဖြင့် ကူးစက်ပျံ့နှံ့နေခြင်းဖြစ်သည်။

တစ်လခန့်အတွင်းတွင် အိန္ဒိယသည် ကူးစက်မှုသစ်အများဆုံးတွေ့ရှိရသည့် နိုင်ငံဖြစ်လာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိပြီးနောက် တစ်နေ့လျှင် အများဆုံး လူ ၁ ထောင်ခန့် သေဆုံးနေသည်။ COVID-19 ကြောင့် စုစုပေါင်းသေဆုံးသူဦးရေမှာ ၇၁,၆၄၂ ဖြင့် အိန္ဒိယသည် သေဆုံးမှုနှုန်းတွင်လည်း အမေရိကန်နှင့် ဘရာဇီးပြီးလျှင် ကမ္ဘာ့တတိယအများဆုံးနိုင်ငံဖြစ်သည်။

သို့သော်လည်း အိန္ဒိယသည် စီးပွားရေးလည်ပတ်ရန်အတွက် အများပြည်သူနေရာများကို ပြန်လည်၍ ဖွင့်လှစ်ထားဆဲဖြစ်သည်။

ဧပြီနှင့် ဇွန်အကြား ဒုတိယသုံးလပတ်တုန်းက အိန္ဒိယတွင် တင်းကျပ်သော ကိုရိုနာဗိုင်းရပ်စ် lockdown (အရေးပေါ်အခြေအနေတစ်ရပ်တွင် လူများအား သက်ဆိုင်ရာသတ်မှတ်ဧရိယာအတွင်းမှ ထွက်ခွါခွင့်မပြုခြင်း) စီမံချက်ချမှတ်ခဲ့စဉ်က အိန္ဒိယဂျီဒီပီ (ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု) သည် ယမန်နှစ်ကာလတူအောက် ၂၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယင်းသည် အိန္ဒိယတွင် ဂျီဒီပီစာရင်းစမှတ်ခဲ့သည့် ၁၉၉၆ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးစီးပွားရေးကျဆင်းမှုဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးအစီးပွားရေးဖြစ်သော အိန္ဒိယစီးပွားရေးသည် စီးပွားရေပညာရှင်များ ခန့်မှန်းခဲ့ကြသည်ထက် ပိုမိုဆိုးရွားစွာ ကျဆင်းခဲ့ခြင်းဖြစ်ကာ COVID-19 ကြောင့် စီးပွားရေးထိခိုက်သည့်နိုင်ငံများတွင် အဆိုးရွားဆိုးထိခိုက်သည့်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်နှင့်စာလျှင် အိမ်ထောင်စုများ၏ သုံးစွဲမှုသည် ၂၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုက ၄၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးသုတေသနနှင့်အတိုင်ပင်ခံအကျိုးဆောင်အဖွဲ့ Capital Economics တွင် ဖော်ပြချက်အရ သိရသည်။

အစိုးရက ၁၆ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့သော်လည်း အခြားကဏ္ဍများတွင် လုပ်ငန်းများသိသိသာသာကျဆင်းမှုကို မထေမိနိုင်ခဲ့ပေ။

ဒုတိယသုံးလပတ်သည် အိန္ဒိယစီးပွားရေးအတွက် ကျဆင်းမှတ်ကို ထင်ထင်ရှားရှားပြသခဲ့ပြီး lockdown များဖြေလျှော့လိုက်သည့်တိုင် စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရန် အလွန်ကြာမြင့်လက္ခဏာများ ရှိနေကြောင်း Capital Economics မှတာဝန်ရှိသူ ရှီလန်ရှာက ပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဇူလိုင်တွင် ပိုမိုကျဆင်းလာခဲ့ပြီး အခြေခံအဆောက်အအုံစက်မှုလုပ်ငန်းများ ဆက်လက်ကျဆင်းခဲ့သည်။

“ဆက်လက်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် လျင်လျင်မြန်မြန်ပျံ့နှံ့နေမှုက ပြည်တွင်းဝယ်လိုအားကို လျော့နည်းစေပါလိမ့်မယ်။ ပြီးတော့လည်း ဒီမဖြေရှင်းနိုင်သေးတဲ့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်တဲ့ ငွေကြေးအကျပ်အတည်းက အလုပ်လက်မဲ့တွေ ပိုများစေပြီး လုပ်ငန်းကျရှုံးမှုတွေ ပိုဖြစ်စေကာ ရင်းနှီးမြှုပ်နှံမှုနဲ့ သုံးစွဲမှုအပေါ် အဓိကတည်မှီနေတဲ့ ဘဏ်လုပ်ငန်းတွေကို ပိုမိုပျက်ပြားစေပါလိမ့်မယ်။” ဟုလည်း ရှာက ပြောကြားခဲ့သည်။

အိန္ဒိယတွင် ကူးစက်ခံရသူဦးရေသည် ၆ လခန့်အတွင်း ၁ သန်းသို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကာ နောက်ထပ်သုံးပတ်အကြာတွင် ၂ သန်းနှင့် နောက်ထပ် ၁၆ ရက်အကြာတွင် ၃ သန်းနှင့် နောက်လေးရက်အကြာတွင် ၄ သန်း ပြည့်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India Moves Into 2nd Place For COVID-19 Cases (npr)

[Zawgyi]

အေမရိကန္ၿပီးလွ်င္ အိႏၵိယ၌ COVID-19 ကူးစက္မႈ အမ်ားဆုံးျဖစ္လာ

မတ္လေႏွာင္းပိုင္းက ကူးစက္ခံရသူ ၅၀၀ ခန္႔သာ ႐ွိခဲ့သည့္ အိႏၵိယ၏ ယခုအခါ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈအေရအတြက္သည္ ဘရာဇီးတြင္ ကူးစက္ခံရသူဦးေရကို ေက်ာ္လြန္ကာ အိႏၵိယအား ကမ႓ာတြင္ အေမရိကန္ၿပီးလွ်င္ ကူးစက္မႈဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္ေစလိုက္ၿပီျဖစ္သည္။

အိႏၵိယအား COVID-19 ကပ္ေရာဂါအတြင္း ယခုအခ်ိန္အထိ ကမ႓ာ့တစ္ေန႔တည္း ကူးစက္မႈအမ်ားဆုံးႏိုင္ငံ ျဖစ္ေစခဲ့သည့္ ကူးစက္မႈသစ္ ၉၀,၈၀၂ ႐ွိခဲ့ၿပီးေနာက္ ယမန္ေန႔ (စက္တင္ဘာ ၇) တြင္ အိႏၵိယသည္ ဘရာဇီးကို ေက်ာ္တက္ခဲ့ၿပီျဖစ္သည္။

အိႏၵိယတြင္ စုစုေပါင္းကူးစက္ခံရသူဦးေရသည္ ယခုအခါ ၄ ဒသမ ၂ သန္းေက်ာ္သြားၿပီျဖစ္ေၾကာင္း သိရသည္။

ထိုပမာဏသည္ အေမရိကန္ေအာက္ ကူးစက္မႈေပါင္း ၂ သန္းေက်ာ္ နည္းေသာ္လည္း ကူးစက္မႈႏႈန္းတြင္မူ အိႏၵိယက ထိုကမ႓ာ့ကူးစက္မႈအမ်ားဆုံးႏိုင္ငံျဖစ္သည့္ အေမရိကန္ထက္ပင္ ကမ႓ာ့အျမန္ဆုံးႏႈန္းျဖင့္ ကူးစက္ပ်ံ႕ႏွံ႔ေနျခင္းျဖစ္သည္။

တစ္လခန္႔အတြင္းတြင္ အိႏၵိယသည္ ကူးစက္မႈသစ္အမ်ားဆုံးေတြ႕႐ွိရသည့္ ႏိုင္ငံျဖစ္လာခဲ့ျခင္းျဖစ္သည္။

အိႏၵိယတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ႕႐ွိၿပီးေနာက္ တစ္ေန႔လွ်င္ အမ်ားဆုံး လူ ၁ ေထာင္ခန္႔ ေသဆုံးေနသည္။ COVID-19 ေၾကာင့္ စုစုေပါင္းေသဆုံးသူဦးေရမွာ ၇၁,၆၄၂ ျဖင့္ အိႏၵိယသည္ ေသဆုံးမႈႏႈန္းတြင္လည္း အေမရိကန္ႏွင့္ ဘရာဇီးၿပီးလွ်င္ ကမ႓ာ့တတိယအမ်ားဆုံးႏိုင္ငံျဖစ္သည္။

သို႔ေသာ္လည္း အိႏၵိယသည္ စီးပြားေရးလည္ပတ္ရန္အတြက္ အမ်ားျပည္သူေနရာမ်ားကို ျပန္လည္၍ ဖြင့္လွစ္ထားဆဲျဖစ္သည္။

ဧၿပီႏွင့္ ဇြန္အၾကား ဒုတိယသုံးလပတ္တုန္းက အိႏၵိယတြင္ တင္းက်ပ္ေသာ ကို႐ိုနာဗိုင္းရပ္စ္ lockdown (အေရးေပၚအေျခအေနတစ္ရပ္တြင္ လူမ်ားအား သက္ဆိုင္ရာသတ္မွတ္ဧရိယာအတြင္းမွ ထြက္ခြါခြင့္မျပဳျခင္း) စီမံခ်က္ခ်မွတ္ခဲ့စဥ္က အိႏၵိယဂ်ီဒီပီ (ျပည္တြင္းအသားတင္ကုန္ထုတ္လုပ္မႈ) သည္ ယမန္ႏွစ္ကာလတူေအာက္ ၂၃ ဒသမ ၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။

ယင္းသည္ အိႏၵိယတြင္ ဂ်ီဒီပီစာရင္းစမွတ္ခဲ့သည့္ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း အႀကီးမားဆုံးစီးပြားေရးက်ဆင္းမႈျဖစ္ေၾကာင္း သိရသည္။

ကမ႓ာ့ပၪၥမေျမာက္အႀကီးဆုံးအစီးပြားေရးျဖစ္ေသာ အိႏၵိယစီးပြားေရးသည္ စီးပြားေရပညာ႐ွင္မ်ား ခန္႔မွန္းခဲ့ၾကသည္ထက္ ပိုမိုဆိုး႐ြားစြာ က်ဆင္းခဲ့ျခင္းျဖစ္ကာ COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္သည့္ႏိုင္ငံမ်ားတြင္ အဆိုး႐ြားဆိုးထိခိုက္သည့္ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ႏွင့္စာလွ်င္ အိမ္ေထာင္စုမ်ား၏ သုံးစြဲမႈသည္ ၂၇ ရာခိုင္ႏႈန္းနီးပါး က်ဆင္းခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈက ၄၇ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း စီးပြားေရးသုေတသနႏွင့္အတိုင္ပင္ခံအက်ိဳးေဆာင္အဖြဲ႕ Capital Economics တြင္ ေဖာ္ျပခ်က္အရ သိရသည္။

အစိုးရက ၁၆ ရာခိုင္ႏႈန္း တိုးျမႇင့္သုံးစြဲခဲ့ေသာ္လည္း အျခားက႑မ်ားတြင္ လုပ္ငန္းမ်ားသိသိသာသာက်ဆင္းမႈကို မေထမိႏိုင္ခဲ့ေပ။

ဒုတိယသုံးလပတ္သည္ အိႏၵိယစီးပြားေရးအတြက္ က်ဆင္းမွတ္ကို ထင္ထင္႐ွား႐ွားျပသခဲ့ၿပီး lockdown မ်ားေျဖေလွ်ာ့လိုက္သည့္တိုင္ စီးပြားေရးျပန္လည္ဦးေမာ့လာႏိုင္ရန္ အလြန္ၾကာျမင့္လကၡဏာမ်ား ႐ွိေနေၾကာင္း Capital Economics မွတာဝန္႐ွိသူ ႐ွီလန္႐ွာက ေျပာၾကားခဲ့သည္။

ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ဇူလိုင္တြင္ ပိုမိုက်ဆင္းလာခဲ့ၿပီး အေျခခံအေဆာက္အအုံစက္မႈလုပ္ငန္းမ်ား ဆက္လက္က်ဆင္းခဲ့သည္။

“ဆက္လက္ၿပီးေတာ့ ကို႐ိုနာဗိုင္းရပ္စ္ လ်င္လ်င္ျမန္ျမန္ပ်ံ႕ႏွံ႔ေနမႈက ျပည္တြင္းဝယ္လိုအားကို ေလ်ာ့နည္းေစပါလိမ့္မယ္။ ၿပီးေတာ့လည္း ဒီမေျဖ႐ွင္းႏိုင္ေသးတဲ့ က်န္းမာေရးျပႆနာေၾကာင့္ ျဖစ္တဲ့ ေငြေၾကးအက်ပ္အတည္းက အလုပ္လက္မဲ့ေတြ ပိုမ်ားေစၿပီး လုပ္ငန္းက်႐ႈံးမႈေတြ ပိုျဖစ္ေစကာ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ သုံးစြဲမႈအေပၚ အဓိကတည္မွီေနတဲ့ ဘဏ္လုပ္ငန္းေတြကို ပိုမိုပ်က္ျပားေစပါလိမ့္မယ္။” ဟုလည္း ႐ွာက ေျပာၾကားခဲ့သည္။

အိႏၵိယတြင္ ကူးစက္ခံရသူဦးေရသည္ ၆ လခန္႔အတြင္း ၁ သန္းသို႔ ျမင့္တက္လာခဲ့ျခင္းျဖစ္ကာ ေနာက္ထပ္သုံးပတ္အၾကာတြင္ ၂ သန္းႏွင့္ ေနာက္ထပ္ ၁၆ ရက္အၾကာတြင္ ၃ သန္းႏွင့္ ေနာက္ေလးရက္အၾကာတြင္ ၄ သန္း ျပည့္သြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India Moves Into 2nd Place For COVID-19 Cases (npr)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service