ဘဏ်ချေးငွေနဲ့ တိုက်ခန်းဝယ်ယူချင်သူများအတွက်

ဘဏ်ချေးငွေနဲ့ တိုက်ခန်းဝယ်ယူချင်သူများအတွက် - Property Knowledge in Myanmar from iMyanmarHouse.com
7 Sep 2020 2:26 pm တွင် တင်ခဲ့သည်
4219 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ခြံမြေတိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဝယ်လိုသူတွေအနေနဲ့ အမြဲစိတ်လှုပ်ရှားနေတတ်ကြပါတယ်။ ဝယ်လိုသူတွေနေရာမှာ မိမိကိုယ်တိုင် အစားထိုးခံစားကြည့်လိုက်တဲ့အခါမှာလည်း တကယ်ရင်ခုန်ရပါတယ်။ မြေရောင်းသူတွေ၊ တိုက်ခန်းရောင်းသူတွေရဲ့ ရာဇဝင်ကိုလည်း ကြိုတင်သိထားရတာမဟုတ်တော့။ အရောင်းအဝယ်ဖြစ်ခဲ့ရင် ရောင်းသူဘက်က ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ၊ ဂရန်တွေ၊ ပါမစ်တွေက အမှန်အကန် မှ ဟုတ်ပါ့မလားလို့ စိုးရိမ်ပူပန်တတ်ကြတယ်။

အခုခေတ်ကြီးမှာ စာရွက်စာတမ်းတွေကိုအတုပြုလုပ်ပြီး ရောင်းချကြတဲ့ သတင်းတွေကိုလည်း ဖေ့စ်ဘွတ်မှာဖတ်ရတော့ အတုကိုဝယ်မိမှာ အကြောက်ဆုံးပါပဲ။ ဒီလိုအဖြစ်မျိုးတွေ မကြုံချင်ကြသူတွေကတော့ အိမ်ခြံမြေကျွမ်းကျင်သူတွေကို အားကိုးတတ်ကြတယ်။

မကြာသေးခင်ကရက်ပိုင်းအတွင်းက တောင်ဥက္ကလာမှ မိတ်ဆွေအမျိုးသမီးတစ်ဦးက ကျွန်ုပ်ထံသို့ ဖုန်းဆက်လာပါတယ်။ သူ့ရဲ့တူတော်မောင် တစ်ယောက် တိုက်ခန်းဝယ်ချင်လို့ ဆရာလိုက်ပါဆောင်ရွက်ပေးပါလို့ ပြောပါတယ်။ မောင်ကောင်းဖေလည်း ဒီလိုမိတ်ဟောင်းမိတ်သစ်တွေရဲ့ ဖုန်းသံကိုအမြဲနားထောင်နေသူဆိုတော့ ဟန်ဆောင်မနေတော့ပါဘူး၊ ချိန်းတဲ့ရက်မှာ ဝယ်ယူမဲ့တိုက်ခန်းတည်နေရာ လိပ်စာမေးပြီး အရောက်လှမ်းခဲ့ပါတယ်။ ဝယ်ယူမယ့်သူတွေနဲ့တွေ့ဖို့ စံပြေဈေးအနီးက ရွှေကံကော် လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေလိုက်ပါတယ်။ တိုက်ခန်းအေရာင်းအဝယ် တစ်ခုလုပ်တော့မယ်ဆိုရင် ရောင်းသူ၊ ဝယ်သူနဲ့ အကျိုးဆောင်၊ ပွဲစားတွေအားလုံး လူစုံမှဈေးညှိကြရတာဆိုတော့ ရှေ့နေက စိတ့ရှည်ရှည်စောင့်ပေးရတာပေါ့။ သိပ်မကြာပါဘူး။ လူငယ် ၁ ဦး နဲ့ အမျိုးသမီးငယ်တစ်ဦးတို့ ရောက်လာကြပါတယ်။ 

"ဆရာဦးကောင်းဖေလားခင်ဗျ။ နည်းနည်းနောက်ကျသွားတာကို သည်းခံခွင့်လွှတ်ပေးပါဆရာ" "အို...ရပါတယ်။ အိမ်ခြံမြေစာချုပ်စာတမ်းရှေ့နေဆိုတာ ဒီလိုစောင့်ရတာတွေက အထူးအဆန်းမဟုတ်တော့ပါဘူး။ ဝယ်ယူမယ့် အစီအစဉ် လေးကိုသာ ပြောပါဦး" လို့စကားလမ်းကြောင်းပေးလိုက်တဲ့အခါ "ကျွန်တော်တို့က ဘဏ်ချေးငွေနဲ့ ဝယ်မှာပါ။ ဒီနေ့ ဈေးညှိလို့အဆင်ပြေတယ်ဆိုရင် ၁၀သိန်းပေးတဲ့ စရန်စာချုပ်ချုပ်ပါ့မယ်။ ဘဏ်ချေးငွေရရင် တစ်ပတ်အတွင်း ကျန်ငွေကိုအပြီးချေပါ့မယ်။ အပြီးငွေချေတဲ့အခါ ဆရာလိုက်စရာမလိုတော့ပါဘူး"

"ဟင်၊ ဟုတ်လား။ ဘယ်လိုစီစဉ်ထားလို့လဲ ညီလေးရ" "ကျွန်တော်တို့က ဒီနေ့စရန်ငွေ ၁၀သိန်းပေးပြီးရင် အဲ့ဒီစရန်ပေးစာချုပ်မူရင်းရယ်၊ ပိုင်ဆိုင်မှု အဆင့်ဆင့်ပြောင်းလာတဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်တွေရယ်၊ လူနေထိုင်ခွင့်လက်မှတ် (BCC)ရယ်၊ မြေရှင်နဲ့ ကန်ထရိုက်နှစ်ဦး သဘောတူချုပ်ဆိုထားတဲ့စာချုပ်ရယ်၊ မြေကွက်အမည်ပေါက်သူရဲ့ အနှစ်၆၀ဂရန်တွေရယ် ယူသွားပြီးတော့ ကမ္ဘောဇဘဏ်၊ CBဘဏ်၊ ရိုးမဘဏ် စသဖြင့် ဘဏ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး ငွေချေးပေးဖို့ လျှောက်ထားရယူမှာ ဖြစ်ပါတယ်"

"ဘဏ်က ငွေထုတ်ချေးတာနဲ့ တိုက်ခန်းရောင်းသူကို အပြီးငွေချေလိုက်ပါ့မယ်။ ကျွန်တော်တို့ကတော့ လင်မယား ၂ဦး ရလာတဲ့ ဝန်ထမ်းလစာထဲကနေ ၈ နှစ်တိတိ လစဉ်ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါတယ်" "တော်တော်ကောင်းတဲ့အစီအစဉ်ပဲနော်။ ဆရာတောင် အားကျလာပြီ။ ဒါထက်နေပါဥွီး။ ဒီလိုဘဏ်ချေးငွေရဖို့အတွက် အာမခံချက်တွေ မလိုဘူးလား" "ဟုတ်ကဲ့၊ ဒီလိုငွေချေးဖို့ သွားတဲ့အခါ ရောင်းသူနဲ့ မြေရှင်ကိုလည်း ခေါ်သွားရပါမယ်။ ရောင်းသူကတော့ ဝယ်ယူပိုင်ဆိုင်ထားတဲ့ စာချုပ်စာတမ်းတွေ ဘဏ်မန်နေဂျာထံမှာ ပြရမယ်။ ထို့အတူမြေရှင်ကလည်း သူ့ရဲ့ အမည်ပေါက် အနှစ်၆၀ ဂရန်မူရင်းပြရမယ်။ ပြီးတော့ မြေရှင်နဲ့ ကန်ထရိုက် အခန်းပေးအခန်းယူ နှစ်ဦးသဘောတူချုပ်ဆိုထားတဲ့ စာချုပ်မူရင်းတွေပြရမယ်။ ပြီးတော့ အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း (BCC) လူနေထိုင်ခွင့်လက်မှတ် တွေပြရမယ်။ မြေရှင်နဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပြရမယ်။ ရောင်းသူရဲ့ မှတ်ပုံတင်မူရင်း ပြရမယ်လေ။

သြော်၊ ဒီလိုလား ။ မြေရှင်နဲ့ ရောင်းသူတွေဘက်က သဘောကောင်းဖို့တော့ လိုတာပေါ့နော်။ ဒါဆိုရောင်းဖို့ တိုက်ခန်းဆီသွားကြစို့ဟု ပြောပြီး တိုက်ခန်းရှိရာသို့ ခရီးဆက်ခဲ့ကြပါတယ်။ စံပြဈေးအနောက်ဘက် ၃ လမ်းမြောက်ရောက်တော့ အပေါ်ထပ် ၃ လွှာပါ" ဆို၍ ၃လွှာအထိတက်ခဲ့ကြတယ်။ ရောင်းသူနဲ့ ပွဲစားတွေက အသင့်စောင့်နေကြတယ်။ 

ကျွန်ုပ်တို့ ရောက်သွားတာနဲ့ အိမ်ခြံမြေအကျိုးဆောင် "မသီတာအောင်"က အထက်မှာပြောပြခဲ့တဲ့ စာရွက်စာတမ်း မူရင်းနဲ့ မိတ္တူတွေကို အဆင်သင့်ထုတ်ပြပါတယ်။ မူရင်းနဲ့လိုအပ်ချက်တွေကိုတော့ မြေရှင်ဆီမှာ အကျိုးအကြောင်းပြောပြီး ချက်ချင်းအကြောင်းပြန်ပါတယ်။ ခက်တာက အနှစ်၆၀ ဂရန်အမည်ပေါက်သူ ဇနီးက သေသွားပြီ။ ဒီထက်ဆိုးတာက လင်မယား နှစ်ယောက် (၂)အိမ်ပိုင်လို့ အိမ်ထောင်စုလူဦးရေစာရင်း ၂ခု ခွဲထားတယ်။ အခု အိမ်ထောင်စု စာရင်းက ဂရန်အမည်ပေါက်သူရဲ့ အိမ်ထောင်စုစာရင်းစာရွက်ဖြစ်နေတယ်။ ဘဏ်သွားရင် တစ်ခုခုတော့ အထစ်အငေါ့ ရှိနိုင်တယ်လို့ စာရေးသူတွေးမိတယ်။ ဒါပေမဲ့ ဈေးကလည်းဝယ်နိုင်တဲ့ဈေးဖြစ်တယ်။ ရောင်းသူကလည်း သဘောထားကောင်းတယ်ဆိုတော့ စရန်ပေးစာချုပ်ချုပ်လိုက်ကြပါတယ်။ အဆင်မပြေရင် ရောင်းသူကငွေပြန်အမ်းမယ်။ ပွဲစားတွေကလည်း ဘဏ်ချေးငွေရမှ ပွဲစားခပေးပါဆိုတော့ ပိုအဆင်ပြေသွားတာပေါ့။ 

ဒါနဲ့ နောက်တစ်နေ့ပဲ ဘဏ်သို့သွားဖြစ်ပါတယ်။ ဘဏ်က ငွေထုတ်ချေးရန် အဆင်သင့်ပါ။ ဒါပေမဲ့ မြေရှင်ကွယ်လွန်သွားတဲ့အတွက် ခင်ပွန်းဖြစ်သူက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်လုပ်ပေးဖို့ရယ်၊ အိမ်ထောင်စုလူဦးရေစာရင်းမှာ ခင်ပွန်းအမည်မပါတဲ့အတွက် လင်မယားနှစ်ဦးပိုင်ဆိုင်ကြောင်း ကျမ်းကျိန် ခိုင်းတယ်။ ပြီးတော့ ဘဏ်ငွေချေးရန် မြေပုံ၊ မြေရာဇဝင် ကူးပေးဆိုတာနဲ့ ချက်ချင်း ငွေချးလို့ မရခဲ့ပါဘူး။

အခုပြောခဲ့တဲ့ ဘဏ်ချေးမြေပုံ၊ လင်မယား ဖြစ်ကြောင်းကျမ်းကျိန်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ၊ စာချုပ်တွေယူခဲ့ဖို့ဆိုတာ တစ်လခွဲလောက်ကြာမှာ ဖြစ်တဲ့အတွက် အပြီးအပိုင်ငွေချေမယ့်ရက်ကို ဘဏ်ကငွေထုတ်ချေးမယ့်ရက်မှာ စာချုပ်ကြဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ယူပြီး ပြန်ခဲ့ကြရပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဘဏ္ေခ်းေငြနဲ႔ တိုက္ခန္းဝယ္ယူခ်င္သူမ်ားအတြက္

အိမ္ၿခံေျမတိုက္ခန္းဝယ္ယူေတာ့မယ္ဆိုရင္ ဝယ္လိုသူေတြအေနနဲ႔ အၿမဲစိတ္လႈပ္ရွားေနတတ္ၾကပါတယ္။ ဝယ္လိုသူေတြေနရာမွာ မိမိကိုယ္တိုင္ အစားထိုးခံစားၾကည့္လိုက္တဲ့အခါမွာလည္း တကယ္ရင္ခုန္ရပါတယ္။ ေျမေရာင္းသူေတြ၊ တိုက္ခန္းေရာင္းသူေတြရဲ႕ ရာဇဝင္ကိုလည္း ႀကိဳတင္သိထားရတာမဟုတ္ေတာ့။ အေရာင္းအဝယ္ျဖစ္ခဲ့ရင္ ေရာင္းသူဘက္က ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းေတြ၊ ဂရန္ေတြ၊ ပါမစ္ေတြက အမွန္အကန္ မွ ဟုတ္ပါ့မလားလို႔ စိုးရိမ္ပူပန္တတ္ၾကတယ္။

အခုေခတ္ႀကီးမွာ စာ႐ြက္စာတမ္းေတြကိုအတုျပဳလုပ္ၿပီး ေရာင္းခ်ၾကတဲ့ သတင္းေတြကိုလည္း ေဖ့စ္ဘြတ္မွာဖတ္ရေတာ့ အတုကိုဝယ္မိမွာ အေၾကာက္ဆုံးပါပဲ။ ဒီလိုအျဖစ္မ်ိဳးေတြ မႀကဳံခ်င္ၾကသူေတြကေတာ့ အိမ္ၿခံေျမကြၽမ္းက်င္သူေတြကို အားကိုးတတ္ၾကတယ္။

မၾကာေသးခင္ကရက္ပိုင္းအတြင္းက ေတာင္ဥကၠလာမွ မိတ္ေဆြအမ်ိဳးသမီးတစ္ဦးက ကြၽႏ္ုပ္ထံသို႔ ဖုန္းဆက္လာပါတယ္။ သူ႔ရဲ႕တူေတာ္ေမာင္ တစ္ေယာက္ တိုက္ခန္းဝယ္ခ်င္လို႔ ဆရာလိုက္ပါေဆာင္႐ြက္ေပးပါလို႔ ေျပာပါတယ္။ ေမာင္ေကာင္းေဖလည္း ဒီလိုမိတ္ေဟာင္းမိတ္သစ္ေတြရဲ႕ ဖုန္းသံကိုအၿမဲနားေထာင္ေနသူဆိုေတာ့ ဟန္ေဆာင္မေနေတာ့ပါဘူး၊ ခ်ိန္းတဲ့ရက္မွာ ဝယ္ယူမဲ့တိုက္ခန္းတည္ေနရာ လိပ္စာေမးၿပီး အေရာက္လွမ္းခဲ့ပါတယ္။ ဝယ္ယူမယ့္သူေတြနဲ႔ေတြ႕ဖို႔ စံေျပေစ်းအနီးက ေ႐ႊကံေကာ္ လက္ဖက္ရည္ဆိုင္မွာ ထိုင္ေစာင့္ေနလိုက္ပါတယ္။ တိုက္ခန္းေအရာင္းအဝယ္ တစ္ခုလုပ္ေတာ့မယ္ဆိုရင္ ေရာင္းသူ၊ ဝယ္သူနဲ႔ အက်ိဳးေဆာင္၊ ပြဲစားေတြအားလုံး လူစုံမွေစ်းညႇိၾကရတာဆိုေတာ့ ေရွ႕ေနက စိတ့ရွည္ရွည္ေစာင့္ေပးရတာေပါ့။ သိပ္မၾကာပါဘူး။ လူငယ္ ၁ ဦး နဲ႔ အမ်ိဳးသမီးငယ္တစ္ဦးတို႔ ေရာက္လာၾကပါတယ္။ 

"ဆရာဦးေကာင္းေဖလားခင္ဗ်။ နည္းနည္းေနာက္က်သြားတာကို သည္းခံခြင့္လႊတ္ေပးပါဆရာ" "အို...ရပါတယ္။ အိမ္ၿခံေျမစာခ်ဳပ္စာတမ္းေရွ႕ေနဆိုတာ ဒီလိုေစာင့္ရတာေတြက အထူးအဆန္းမဟုတ္ေတာ့ပါဘူး။ ဝယ္ယူမယ့္ အစီအစဥ္ ေလးကိုသာ ေျပာပါဦး" လို႔စကားလမ္းေၾကာင္းေပးလိုက္တဲ့အခါ "ကြၽန္ေတာ္တို႔က ဘဏ္ေခ်းေငြနဲ႔ ဝယ္မွာပါ။ ဒီေန႔ ေစ်းညႇိလို႔အဆင္ေျပတယ္ဆိုရင္ ၁၀သိန္းေပးတဲ့ စရန္စာခ်ဳပ္ခ်ဳပ္ပါ့မယ္။ ဘဏ္ေခ်းေငြရရင္ တစ္ပတ္အတြင္း က်န္ေငြကိုအၿပီးေခ်ပါ့မယ္။ အၿပီးေငြေခ်တဲ့အခါ ဆရာလိုက္စရာမလိုေတာ့ပါဘူး"

"ဟင္၊ ဟုတ္လား။ ဘယ္လိုစီစဥ္ထားလို႔လဲ ညီေလးရ" "ကြၽန္ေတာ္တို႔က ဒီေန႔စရန္ေငြ ၁၀သိန္းေပးၿပီးရင္ အဲ့ဒီစရန္ေပးစာခ်ဳပ္မူရင္းရယ္၊ ပိုင္ဆိုင္မႈ အဆင့္ဆင့္ေျပာင္းလာတဲ့ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္ေတြရယ္၊ လူေနထိုင္ခြင့္လက္မွတ္ (BCC)ရယ္၊ ေျမရွင္နဲ႔ ကန္ထ႐ိုက္ႏွစ္ဦး သေဘာတူခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ရယ္၊ ေျမကြက္အမည္ေပါက္သူရဲ႕ အႏွစ္၆၀ဂရန္ေတြရယ္ ယူသြားၿပီးေတာ့ ကေမာၻဇဘဏ္၊ CBဘဏ္၊ ႐ိုးမဘဏ္ စသျဖင့္ ဘဏ္တစ္ခုခုနဲ႔ ခ်ိတ္ဆက္ၿပီး ေငြေခ်းေပးဖို႔ ေလွ်ာက္ထားရယူမွာ ျဖစ္ပါတယ္"

"ဘဏ္က ေငြထုတ္ေခ်းတာနဲ႔ တိုက္ခန္းေရာင္းသူကို အၿပီးေငြေခ်လိုက္ပါ့မယ္။ ကြၽန္ေတာ္တို႔ကေတာ့ လင္မယား ၂ဦး ရလာတဲ့ ဝန္ထမ္းလစာထဲကေန ၈ ႏွစ္တိတိ လစဥ္ျပန္လည္ေပးဆပ္သြားမွာ ျဖစ္ပါတယ္" "ေတာ္ေတာ္ေကာင္းတဲ့အစီအစဥ္ပဲေနာ္။ ဆရာေတာင္ အားက်လာၿပီ။ ဒါထက္ေနပါဥြီး။ ဒီလိုဘဏ္ေခ်းေငြရဖို႔အတြက္ အာမခံခ်က္ေတြ မလိုဘူးလား" "ဟုတ္ကဲ့၊ ဒီလိုေငြေခ်းဖို႔ သြားတဲ့အခါ ေရာင္းသူနဲ႔ ေျမရွင္ကိုလည္း ေခၚသြားရပါမယ္။ ေရာင္းသူကေတာ့ ဝယ္ယူပိုင္ဆိုင္ထားတဲ့ စာခ်ဳပ္စာတမ္းေတြ ဘဏ္မန္ေနဂ်ာထံမွာ ျပရမယ္။ ထို႔အတူေျမရွင္ကလည္း သူ႔ရဲ႕ အမည္ေပါက္ အႏွစ္၆၀ ဂရန္မူရင္းျပရမယ္။ ၿပီးေတာ့ ေျမရွင္နဲ႔ ကန္ထ႐ိုက္ အခန္းေပးအခန္းယူ ႏွစ္ဦးသေဘာတူခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မူရင္းေတြျပရမယ္။ ၿပီးေတာ့ အေဆာက္အအုံ ေဆာက္လုပ္ၿပီးစီးေၾကာင္း (BCC) လူေနထိုင္ခြင့္လက္မွတ္ ေတြျပရမယ္။ ေျမရွင္နဲ႔ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုလူဦးေရစာရင္း ျပရမယ္။ ေရာင္းသူရဲ႕ မွတ္ပုံတင္မူရင္း ျပရမယ္ေလ။

ေၾသာ္၊ ဒီလိုလား ။ ေျမရွင္နဲ႔ ေရာင္းသူေတြဘက္က သေဘာေကာင္းဖို႔ေတာ့ လိုတာေပါ့ေနာ္။ ဒါဆိုေရာင္းဖို႔ တိုက္ခန္းဆီသြားၾကစို႔ဟု ေျပာၿပီး တိုက္ခန္းရွိရာသို႔ ခရီးဆက္ခဲ့ၾကပါတယ္။ စံျပေစ်းအေနာက္ဘက္ ၃ လမ္းေျမာက္ေရာက္ေတာ့ အေပၚထပ္ ၃ လႊာပါ" ဆို၍ ၃လႊာအထိတက္ခဲ့ၾကတယ္။ ေရာင္းသူနဲ႔ ပြဲစားေတြက အသင့္ေစာင့္ေနၾကတယ္။ 

ကြၽႏ္ုပ္တို႔ ေရာက္သြားတာနဲ႔ အိမ္ၿခံေျမအက်ိဳးေဆာင္ "မသီတာေအာင္"က အထက္မွာေျပာျပခဲ့တဲ့ စာ႐ြက္စာတမ္း မူရင္းနဲ႔ မိတၱဴေတြကို အဆင္သင့္ထုတ္ျပပါတယ္။ မူရင္းနဲ႔လိုအပ္ခ်က္ေတြကိုေတာ့ ေျမရွင္ဆီမွာ အက်ိဳးအေၾကာင္းေျပာၿပီး ခ်က္ခ်င္းအေၾကာင္းျပန္ပါတယ္။ ခက္တာက အႏွစ္၆၀ ဂရန္အမည္ေပါက္သူ ဇနီးက ေသသြားၿပီ။ ဒီထက္ဆိုးတာက လင္မယား ႏွစ္ေယာက္ (၂)အိမ္ပိုင္လို႔ အိမ္ေထာင္စုလူဦးေရစာရင္း ၂ခု ခြဲထားတယ္။ အခု အိမ္ေထာင္စု စာရင္းက ဂရန္အမည္ေပါက္သူရဲ႕ အိမ္ေထာင္စုစာရင္းစာ႐ြက္ျဖစ္ေနတယ္။ ဘဏ္သြားရင္ တစ္ခုခုေတာ့ အထစ္အေငါ့ ရွိႏိုင္တယ္လို႔ စာေရးသူေတြးမိတယ္။ ဒါေပမဲ့ ေစ်းကလည္းဝယ္ႏိုင္တဲ့ေစ်းျဖစ္တယ္။ ေရာင္းသူကလည္း သေဘာထားေကာင္းတယ္ဆိုေတာ့ စရန္ေပးစာခ်ဳပ္ခ်ဳပ္လိုက္ၾကပါတယ္။ အဆင္မေျပရင္ ေရာင္းသူကေငြျပန္အမ္းမယ္။ ပြဲစားေတြကလည္း ဘဏ္ေခ်းေငြရမွ ပြဲစားခေပးပါဆိုေတာ့ ပိုအဆင္ေျပသြားတာေပါ့။ 

ဒါနဲ႔ ေနာက္တစ္ေန႔ပဲ ဘဏ္သို႔သြားျဖစ္ပါတယ္။ ဘဏ္က ေငြထုတ္ေခ်းရန္ အဆင္သင့္ပါ။ ဒါေပမဲ့ ေျမရွင္ကြယ္လြန္သြားတဲ့အတြက္ ခင္ပြန္းျဖစ္သူက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္လုပ္ေပးဖို႔ရယ္၊ အိမ္ေထာင္စုလူဦးေရစာရင္းမွာ ခင္ပြန္းအမည္မပါတဲ့အတြက္ လင္မယားႏွစ္ဦးပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္ ခိုင္းတယ္။ ၿပီးေတာ့ ဘဏ္ေငြေခ်းရန္ ေျမပုံ၊ ေျမရာဇဝင္ ကူးေပးဆိုတာနဲ႔ ခ်က္ခ်င္း ေငြခ်းလို႔ မရခဲ့ပါဘူး။

အခုေျပာခဲ့တဲ့ ဘဏ္ေခ်းေျမပုံ၊ လင္မယား ျဖစ္ေၾကာင္းက်မ္းက်ိန္၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ၊ စာခ်ဳပ္ေတြယူခဲ့ဖို႔ဆိုတာ တစ္လခြဲေလာက္ၾကာမွာ ျဖစ္တဲ့အတြက္ အၿပီးအပိုင္ေငြေခ်မယ့္ရက္ကို ဘဏ္ကေငြထုတ္ေခ်းမယ့္ရက္မွာ စာခ်ဳပ္ၾကဖို႔ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခ်က္ယူၿပီး ျပန္ခဲ့ၾကရပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

အိမ္ဝယ္ဖို႔အတြက္ ေငြလိုေနပါသလား? ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ခ်င္ပါသလား? အိမ္ရာေခ်းေငြ ရွိတယ္ေလ။ အိမ္ရာေခ်းေငြ (Home Loan Application) ေလွ်ာက္ထားရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service