ပါမစ်မြေကို ပိုင်ဆိုင်မှုစစ်ဆေးခြင်း၊ ဝယ်ယူခြင်းအကြောင်း

ပါမစ်မြေကို ပိုင်ဆိုင်မှုစစ်ဆေးခြင်း၊ ဝယ်ယူခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
7 Sep 2020 11:28 am တွင် တင်ခဲ့သည်
3211 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ပါမစ်မြေသည် စာရွက်စာတမ်းအတုပြုလုပ် ရောင်းချမှုအလွန်များသော မြေအမျိုးအစားတစ်မျိုး ဖြစ်သည်။ စာရွက်စာတမ်းများတွင် အတုအစစ်ရှိနိုင်သဖြင့် မြေချပါမစ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးလိုကြပေသည်။ ထို့ကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေး လိုက်သည်နှင့် ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြေယာဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတို့တွင် ပြသစစ်ဆေးခြင်းများပြုကြသည်။

မြေချပါမစ်ဝယ်သူများအနေဖြင့် ယခင်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့်စည်းတံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ်မြေဟု ပုံစံနှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။

ပါမစ်မြေကွက် (အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မြေကွက်) သည် လွှဲပြောင်းရောင်းချပိုင်ခွင့် မရှိတာကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မှတ်ပုံတင်အရောင်းစာချုပ်ကိုချုပ်ဆိုပေးခြင်းမရှိပါဘူး။ ထို့ကြောင့် အရောင်းအဝယ်ကတိစာချုပ်အဖြစ်သာချုပ်ဆိုကြပြီး မြေဂရန်သစ်တွေ လျှောက်ထားလေ့ရှိပါတယ်။ မြေဂရန်လျှောက်ထားရာတွင် အဆိုပါမြေကွက်ပေါ်မှာ အဆောက်အဦဆောက်လုပ်ထားပြီးဖြစ်ဖို့ လိုအပ်သောကြောင့် အဆောက်အဦ ဆောက်လုပ်ထားလေ့ ရှိပါတယ်။

ထို့ကြောင့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့်လက်မှတ် ပါမစ်မြေကို ဝယ်လျှင် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် မရသေးပါဘူး။ အရောင်းအဝယ် အရပ်ကတိစာချုပ်ချုပ်ဆိုပြီးတော့ ဂရန်သစ်လျှောက်ထားခွင့်ရှိပါတယ်။ ထိုသို့ လျှောက်ထားပြီး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဂရန်သစ်ထုတ်ပေးသည့်အချိန်မှသာ တရားဝင် ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ်ဒေသများတွင် အိမ်ရာဆောက်လုပ်ဖို့အတွက် စည်းကမ်းချက်တွေ သတ်မှတ်များချပေးထားခြင်းဖြစ်ပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်ပြုကြရာတွင် ပါမစ်မြေကိုအရောင်းအဝယ် အများဆုံးပြုလုပ်ကြသည်ကို တွေ့ရသည်။ ရောင်းအားကောင်းရသည့် အကြောင်းအရင်းမှာ ပါမစ်မြေရောင်းအားကောင်းရခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်းသည် အဓိကအချက်ဖြစ်သည်။ အရောင်းအဝယ်စာချုပ်ကို အရပ်ကတိစာချုပ်ဖြင့်ချုပ်ဆိုနိုင်သည်။ အဆင့်ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ အရောင်းအဝယ်အဆက်အစပ် ကွင်းဆက်မပြတ် အရောင်းအဝယ်ကတိစာချုပ်များရှိရန်သာလိုသည်။

ပါမစ်မြေကို ဝယ်ယူမည်ဆိုလျှင်တော့ ဂရန်လျှောက်ထားခြင်း ပြီးဆုံးခြင်းမရှိခင်အချိန်အထိ ပိုင်ဆိုင်မှု အထောက်အထားမခိုင်မာနိုင်ပါဘူး။ သို့ပေမဲ့ ဝယ်ယူခွန်ဆောင်ရန် မလိုအပ်သည့်အတွက် ဝယ်ယူသူများပြားပြီး အဝယ်လိုက်သည့် မြေအမျိုးအစားအဖြစ် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေခြင်းဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပါမစ္ေျမကို ပိုင္ဆိုင္မႈစစ္ေဆးျခင္း၊ ဝယ္ယူျခင္းအေၾကာင္း

ပါမစ္ေျမသည္ စာရြက္စာတမ္းအတုျပဳလုပ္ ေရာင္းခ်မႈအလြန္မ်ားေသာ ေျမအမ်ိဳးအစားတစ္မ်ိဳး ျဖစ္သည္။ စာရြက္စာတမ္းမ်ားတြင္ အတုအစစ္ရွိႏုိင္သျဖင့္ ေျမခ်ပါမစ္မွန္ကန္မႈ ရွိ/မရွိ စစ္ေဆးလုိၾကေပသည္။ ထုိ႔ေၾကာင့္ ပါမစ္ေျမကြက္ကို ဝယ္ယူရန္ စရန္ေပးလုိက္သည္ႏွင့္ ေရာင္းသူ၏ လက္ဝယ္ရွိ ေျမခ်ပါမစ္မွာ အစစ္အမွန္ျဖစ္ေၾကာင္း သက္ဆုိင္ရာ ၿမိဳ႕ျပႏွင့္အိမ္ရာဖြ႔ံၿဖိဳးေရးဦးစီးဌာန၊ ေျမယာဌာနႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန္႔ခြဲမႈဌာနတို႔တြင္ ျပသစစ္ေဆးျခင္းမ်ားျပဳၾကသည္။

ေျမခ်ပါမစ္ဝယ္သူမ်ားအေနျဖင့္ ယခင္က ၿမိဳ႕ရြာႏွင့္ အုိးအိမ္ဖြံ႔ၿဖိဳး ေရး ဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမွဴးလက္မွတ္ႏွင့္ စည္းတံဆိပ္႐ုိက္ ႏွိပ္ထုတ္ေပးေသာ ပါမစ္ေျမႏွင့္ ယခု ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴး လက္မွတ္ႏွင့္စည္းတံဆိပ္႐ုိက္ႏွိပ္ထုတ္ေပးေသာ ပါမစ္ေျမဟု ပုံစံႏွစ္မ်ဳိးရွိေနေသာေၾကာင့္ သတိျပဳဝယ္သင့္ေပသည္။

ပါမစ္ေျမကြက္ (အိမ္ရာေဆာက္လုပ္ေနထိုင္ခြင့္လက္မွတ္ေျမကြက္) သည္ လႊဲေျပာင္းေရာင္းခ်ပိုင္ခြင့္ မရွိတာေၾကာင့္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္႐ံုးက မွတ္ပံုတင္အေရာင္းစာခ်ဳပ္ကိုခ်ဳပ္ဆိုေပးျခင္းမရွိပါဘူး။ ထို႔ေၾကာင့္ အေရာင္းအဝယ္ကတိစာခ်ဳပ္အျဖစ္သာခ်ဳပ္ဆိုၾကၿပီး ေျမဂရန္သစ္ေတြ ေလွ်ာက္ထားေလ့ရွိပါတယ္။ ေျမဂရန္ေလွ်ာက္ထားရာတြင္ အဆိုပါေျမကြက္ေပၚမွာ အေဆာက္အဦေဆာက္လုပ္ထားၿပီးျဖစ္ဖို႔ လိုအပ္ေသာေၾကာင့္ အေဆာက္အဦ ေဆာက္လုပ္ထားေလ့ ရွိပါတယ္။

ထို႔ေၾကာင့္ အိမ္ရာေဆာက္လုပ္ေနထိုင္ခြင့္လက္မွတ္ ပါမစ္ေျမကို ဝယ္လွ်င္ ဥပေဒႏွင့္အညီ ပိုင္ဆိုင္ခြင့္ မရေသးပါဘူး။ အေရာင္းအဝယ္ အရပ္ကတိစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေတာ့ ဂရန္သစ္ေလွ်ာက္ထားခြင့္ရွိပါတယ္။ ထိုသို႔ ေလွ်ာက္ထားၿပီး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ဂရန္သစ္ထုတ္ေပးသည့္အခ်ိန္မွသာ တရား၀င္ ပိုင္ဆိုင္မႈခိုင္မာမွာျဖစ္ပါသည္။

ေျမခ်ပါမစ္ဆိုသည္မွာ စည္ပင္မႈမရွိသည့္ ၿမိဳ႕သစ္ေဒသမ်ားတြင္ အိမ္ရာေဆာက္လုပ္ဖို႔အတြက္ စည္းကမ္းခ်က္ေတြ သတ္မွတ္မ်ားခ်ေပးထားျခင္းျဖစ္ပါတယ္။ အိမ္ၿခံေျမ အေရာင္းအဝယ္ျပဳၾကရာတြင္ ပါမစ္ေျမကုိအေရာင္းအဝယ္ အမ်ားဆုံးျပဳလုပ္ၾကသည္ကို ေတြ႔ရသည္။ ေရာင္းအားေကာင္းရသည့္ အေၾကာင္းအရင္းမွာ ပါမစ္ေျမေရာင္းအားေကာင္းရျခင္းမွာ စရိတ္ကုန္က်မႈနည္းျခင္းသည္ အဓိကအခ်က္ျဖစ္သည္။ အေရာင္းအဝယ္စာခ်ဳပ္ကုိ အရပ္ကတိစာခ်ဳပ္ျဖင့္ခ်ဳပ္ဆုိႏုိင္သည္။ အဆင့္ဆင့္လႊဲေျပာင္း ေရာင္းခ်ႏုိင္သည္။ အေရာင္းအဝယ္အဆက္အစပ္ ကြင္းဆက္မျပတ္ အေရာင္းအဝယ္ကတိစာခ်ဳပ္မ်ားရွိရန္သာလုိသည္။

ပါမစ္ေျမကို ဝယ္ယူမည္ဆိုလွ်င္ေတာ့ ဂရန္ေလွ်ာက္ထားျခင္း ၿပီးဆံုးျခင္းမရွိခင္အခ်ိန္အထိ ပိုင္ဆိုင္မႈ အေထာက္အထားမခိုင္မာႏိုင္ပါဘူး။ သို႔ေပမဲ့ ဝယ္ယူခြန္ေဆာင္ရန္ မလိုအပ္သည့္အတြက္ ဝယ္ယူသူမ်ားျပားၿပီး အဝယ္လိုက္သည့္ ေျမအမ်ိဳးအစားအျဖစ္ အိမ္ျခံေျမေစ်းကြက္အတြင္း အေရာင္းအဝယ္ျဖစ္ေနျခင္းျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service