COVID-19 ကာလအတွင်း လုပ်ဆောင်ရန် ဘေးမကင်းသည့်အရာ (၇)မျိုး

COVID-19 ကာလအတွင်း လုပ်ဆောင်ရန် ဘေးမကင်းသည့်အရာ (၇)မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2020 12:57 pm တွင် တင်ခဲ့သည်
5895 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကူးစက်မှုဒုတိယလှိုင်း စတင်ရိုက်ခတ်နေသည့် မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့သည် COVID-19 နှင့်ပတ်သက်၍ ယခင်ကထက်ပို၍ပင် သတိကြီးစွာ နေထိုင်ကြရမည်ဖြစ်သည်။

အောက်ပါတို့မှာ COVID-19 ကာလအတွင်း လုပ်ဆောင်ရန် အန္တရာယ်ရှိသည်ဟု ယူဆရဆဲ အရာခုနစ်မျိုးပင် ဖြစ်သည်။

သင်နှင့် သင့်ပတ်ဝန်းကျင်မှ အခြားသူများ၏ ကျန်းမာရေးအတွက် အောက်ပါခုနစ်ချက်အား ဖတ်ရှုလိုက်နာလိုက်ပါ။ 

၁။ အားကစားရုံတွင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း

- အားကစားရုံသည် COVID-19 ကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား သေချာစွာ လိုက်နာသည့်တိုင် သင်လေ့ကျင့်ခန်းပြုလုပ်စဉ်အတွင်း COVID-19 ကူးစက်ခံရနိုင်ပါသည်။

- အားကစားရုံတွင် စက်ကိရိယာများနှင့် မျက်နှာပြင်များကို မကြာခဏထိတွေ့ကိုင်တွယ်ရသဖြင့် ထိုမှတစ်ဆင့် သင့်ပါးစပ်၊ နှာခေါင်း သို့မဟုတ် မျက်လုံးများကို ထိတွေ့ရာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြင်းဖြစ်ပါသည်။ 

၂။ ဘုရားကျောင်းတက်ခြင်း

- ယခုအခါ ဘုရားကျောင်းအများပြားတွင် စု‌‌ဝေးမှု၊ ဝတ်ပြုမှုများလည်း ရပ်ဆိုင်းထားကြပြီဖြစ်သည်။ နှာခေါင်းစည်းတပ်၍ ခပ်ခွါခွါနေကာ လူနည်းစုစုဝေးဝတ်ပြုမှုများလည်း မလုပ်ဆောင်တော့ဘဲ အွန်လိုင်းတွင် စုဝေးဝတ်ပြုကြခြင်းနည်းလမ်းကို ပြောင်းလဲစဉ်းစားကြသင့်ပါသည်။

၃။ လူစည်ကားသည့် ဘားတွင် သောက်ခြင်း

- လူဦးရေအကန့်အသတ်ဖြင့် လက်ခံပြီး ပိုးသတ်မှုအဆင့်မြင့်ကာ social distancing (တစ်ဦးနှင့်တစ်ဦးကြား အကွာအဝေးတစ်ခုခြား၍ ပြောဆိုဆက်ဆံနေထိုင်ခြင်း) စံချိန်များလည်း ကောင်းမွန်သည့်တိုင် ဘားများတွင် အရက်ဘီယာသွားသောက်သောအခါ ကိုရိုနာဗိုင်းရပ်စ်ရန်မှ ဘေးကင်းနိုင်မည်မဟုတ်ပေ။

၄။ ကစားကွင်းတွင် ကစားခြင်း

- ဘေးကင်းသည်ဟု ထင်ရသည့် ကစားကွင်းဖြစ်နေပါစေ ဆော့ကစားသူများ ရှိပါက COVID-19 စည်းမျဉ်းများလိုက်နာ၍ကစားသည့်တိုင် ရောဂါကူးစက်နိုင်ခြေ ရှိဆဲဖြစ်သည်။ 

၅။ နေမကောင်းသည့် မိသားစုဝင်၊ မိတ်ဆွေကို ပွေ့ဖက်ခြင်း

- မိမိနှင့်ရင်းနှီးသူတစ်ဦး နေထိုင်မကောင်းဖြစ်လျှင် ပွေ့ဖက်နှစ်သိမ့်ပေးချင်ကောင်း ပေးချင်နိုင်ပါသည်။

- COVID-19 လက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး မတူကွဲပြားနိုင်ပါသည်။ ထို့ကြောင့် ထိုသူက တုပ်ကွေးလက္ခဏာမျိုး ခံစားရသည်မဟုတ်ဘဲ ဗိုက်အောင့်ဗိုက်နာဖြစ်သည်ပဲဖြစ်ဖြစ် ယင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

- ပွေ့ဖက်ခြင်း သို့မဟုတ် အခြားပုံစံဖြင့် နီးနီးကပ်ကပ်ထိတွေ့ခြင်းက သင့်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေနိုင်ပါသည်။

၆။ ဆံပင်ညှပ်ခြင်း

- ဆံသဆရာက နှာခေါင်းစည်း Mask များ၊ face shield များ တပ်ပြီး ဆိုင်တွင်လည်း တကြိမ်လျှင် လက်ခံသည့် ဧည်သည်အရေအတွက်ကို အနည်းဆုံးကန့်သတ်ထားသည့်တိုင် ဆံသဆရာနှင့် သင့်အကြား အနည်းဆုံး ၆ ပေခွါ၍ social distance ရှိရန်မှာ မည်သို့မျှမဖြစ်နိုင်ပေ။

၇။ အိမ်တွင်းပါတီပွဲများသို့ တက်ရောက်ခြင်း

- လူအနည်းအကျဉ်းပဲ ပါဝင်သည့်တိုင် လေလုံနေသည့် အိမ်တွင်းပါတီသည် ဘေးကင်းလုံခြုံမှု မရှိဆဲဖြစ်ပါသည်။

သို့ပါသောကြောင့် iMyanmarHouse.com ကို ယုံကြည်အားပေးကြသည့် မိတ်ဆွေများအားလုံးပဲ လက်ကို မကြာခဏဆေးကြောခြင်း၊ Mask တပ်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာမှ စကားပြော၍ ခပ်ခွာခွာနေခြင်း၊ အတတ်နိုင်ဆုံးအိမ်မှာနေခြင်းတို့ဖြင့် COVID-19 ကူးစက်မှုမှ ကာကွယ်ကြပါရန် တိုက်တွန်းလျက် COVID-19 ရန်မှ ကင်းဝေးကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကာလအတြင္း လုပ္ေဆာင္ရန္ ေဘးမကင္းသည့္အရာ (၇)မ်ိဳး

ကူးစက္မႈဒုတိယလႈိင္း စတင္႐ိုက္ခတ္ေနသည့္ ျမန္မာႏိုင္ငံတြင္ ကြၽႏ္ုပ္တို႔သည္ COVID-19 ႏွင့္ပတ္သက္၍ ယခင္ကထက္ပို၍ပင္ သတိႀကီးစြာ ေနထိုင္ၾကရမည္ျဖစ္သည္။

ေအာက္ပါတို႔မွာ COVID-19 ကာလအတြင္း လုပ္ေဆာင္ရန္ အႏၲရာယ္ရွိသည္ဟု ယူဆရဆဲ အရာခုနစ္မ်ိဳးပင္ ျဖစ္သည္။

သင္ႏွင့္ သင့္ပတ္ဝန္းက်င္မွ အျခားသူမ်ား၏ က်န္းမာေရးအတြက္ ေအာက္ပါခုနစ္ခ်က္အား ဖတ္ရႈလိုက္နာလိုက္ပါ။

၁။ အားကစား႐ုံတြင္ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ျခင္း

- အားကစား႐ုံသည္ COVID-19 ကူးစက္မႈထိန္းခ်ဳပ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားအား ေသခ်ာစြာ လိုက္နာသည့္တိုင္ သင္ေလ့က်င့္ခန္းျပဳလုပ္စဥ္အတြင္း COVID-19 ကူးစက္ခံရႏိုင္ပါသည္။

- အားကစား႐ုံတြင္ စက္ကိရိယာမ်ားႏွင့္ မ်က္ႏွာျပင္မ်ားကို မၾကာခဏထိေတြ႕ကိုင္တြယ္ရသျဖင့္ ထိုမွတစ္ဆင့္ သင့္ပါးစပ္၊ ႏွာေခါင္း သို႔မဟုတ္ မ်က္လုံးမ်ားကို ထိေတြ႕ရာမွ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရႏိုင္ျခင္းျဖစ္ပါသည္။

၂။ ဘုရားေက်ာင္းတက္ျခင္း

- ယခုအခါ ဘုရားေက်ာင္းအမ်ားျပားတြင္ စု‌‌ေဝးမႈ၊ ဝတ္ျပဳမႈမ်ားလည္း ရပ္ဆိုင္းထားၾကၿပီျဖစ္သည္။ ႏွာေခါင္းစည္းတပ္၍ ခပ္ခြါခြါေနကာ လူနည္းစုစုေဝးဝတ္ျပဳမႈမ်ားလည္း မလုပ္ေဆာင္ေတာ့ဘဲ အြန္လိုင္းတြင္ စုေဝးဝတ္ျပဳၾကျခင္းနည္းလမ္းကို ေျပာင္းလဲစဥ္းစားၾကသင့္ပါသည္။

၃။ လူစည္ကားသည့္ ဘားတြင္ ေသာက္ျခင္း

- လူဦးေရအကန႔္အသတ္ျဖင့္ လက္ခံၿပီး ပိုးသတ္မႈအဆင့္ျမင့္ကာ social distancing (တစ္ဦးႏွင့္တစ္ဦးၾကား အကြာအေဝးတစ္ခုျခား၍ ေျပာဆိုဆက္ဆံေနထိုင္ျခင္း) စံခ်ိန္မ်ားလည္း ေကာင္းမြန္သည့္တိုင္ ဘားမ်ားတြင္ အရက္ဘီယာသြားေသာက္ေသာအခါ ကို႐ိုနာဗိုင္းရပ္စ္ရန္မွ ေဘးကင္းႏိုင္မည္မဟုတ္ေပ။

၄။ ကစားကြင္းတြင္ ကစားျခင္း

- ေဘးကင္းသည္ဟု ထင္ရသည့္ ကစားကြင္းျဖစ္ေနပါေစ ေဆာ့ကစားသူမ်ား ရွိပါက COVID-19 စည္းမ်ဥ္းမ်ားလိုက္နာ၍ကစားသည့္တိုင္ ေရာဂါကူးစက္ႏိုင္ေျခ ရွိဆဲျဖစ္သည္။

၅။ ေနမေကာင္းသည့္ မိသားစုဝင္၊ မိတ္ေဆြကို ေပြ႕ဖက္ျခင္း

- မိမိႏွင့္ရင္းႏွီးသူတစ္ဦး ေနထိုင္မေကာင္းျဖစ္လွ်င္ ေပြ႕ဖက္ႏွစ္သိမ့္ေပးခ်င္ေကာင္း ေပးခ်င္ႏိုင္ပါသည္။

- COVID-19 လကၡဏာမ်ားသည္ လူတစ္ဦးႏွင့္တစ္ဦး မတူကြဲျပားႏိုင္ပါသည္။ ထို႔ေၾကာင့္ ထိုသူက တုပ္ေကြးလကၡဏာမ်ိဳး ခံစားရသည္မဟုတ္ဘဲ ဗိုက္ေအာင့္ဗိုက္နာျဖစ္သည္ပဲျဖစ္ျဖစ္ ယင္းသည္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရျခင္းေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါသည္။

- ေပြ႕ဖက္ျခင္း သို႔မဟုတ္ အျခားပုံစံျဖင့္ နီးနီးကပ္ကပ္ထိေတြ႕ျခင္းက သင့္ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေစႏိုင္ပါသည္။

၆။ ဆံပင္ညႇပ္ျခင္း

- ဆံသဆရာက ႏွာေခါင္းစည္း Mask မ်ား၊ face shield မ်ား တပ္ၿပီး ဆိုင္တြင္လည္း တႀကိမ္လွ်င္ လက္ခံသည့္ ဧည္သည္အေရအတြက္ကို အနည္းဆုံးကန႔္သတ္ထားသည့္တိုင္ ဆံသဆရာႏွင့္ သင့္အၾကား အနည္းဆုံး ၆ ေပခြါ၍ social distance ရွိရန္မွာ မည္သို႔မွ်မျဖစ္ႏိုင္ေပ။

၇။ အိမ္တြင္းပါတီပြဲမ်ားသို႔ တက္ေရာက္ျခင္း

- လူအနည္းအက်ဥ္းပဲ ပါဝင္သည့္တိုင္ ေလလုံေနသည့္ အိမ္တြင္းပါတီသည္ ေဘးကင္းလုံၿခဳံမႈ မရွိဆဲျဖစ္ပါသည္။

သို႔ပါေသာေၾကာင့္ iMyanmarHouse.com ကို ယုံၾကည္အားေပးၾကသည့္ မိတ္ေဆြမ်ားအားလုံးပဲ လက္ကို မၾကာခဏေဆးေၾကာျခင္း၊ Mask တပ္ျခင္းႏွင့္ တစ္ဦးႏွင့္တစ္ဦး အနည္းဆုံး ၆ ေပအကြာမွ စကားေျပာ၍ ခပ္ခြာခြာေနျခင္း၊ အတတ္ႏိုင္ဆုံးအိမ္မွာေနျခင္းတို႔ျဖင့္ COVID-19 ကူးစက္မႈမွ ကာကြယ္ၾကပါရန္ တိုက္တြန္းလ်က္ COVID-19 ရန္မွ ကင္းေဝးၾကပါေစဟု ဆုမြန္ေကာင္းေတာင္းအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service