ဘဝဆိုသည်မှာ မသေချာဘူးဆိုဦးတော့
ဘဝဆိုသည်မှာ မသေချာဘူးဆိုဦးတော့ - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2020 11:42 am တွင် တင်ခဲ့သည်
966 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ဘဝအတွက် အသေအချာ စီမံကိန်း(Plan) ကြီးတွေချထားပေမယ့်လည်း ဘယ်သူမှ မခန့်မှန်းနိုင်ကြသည်က သဘာဝတရားကြီးနှင့် ကံကြမ္မာတရားတို့ပင် ဖြစ်သည်။ ရေရာသေချာမှုများနှင့် ကျွန်တော်တို့ဘဝတွေကို ဖန်တီးဖို့ကြိုးစားကြသည်။ ဒါပေမယ့် ဘဝက တကယ် ရော သေချာမှုရှိရဲ့လား ဆိုတာပြောရခက်သည်။
သဘာဝတရားနှင့်ကံကြမ္မာများကြောင့် သေချာမှုမရှိသည့် ဘဝမှာ ကျွန်တော်တို့ ဒီတိုင်းလက်လျှော့ပြီး ဘာမှ မကြံမစည် မတွေးတောဘဲ နေကြရတော့မည်လော။ မလုပ်နိုင်ပါ။ မလုပ်သင့်ပါ၊ ရှင်သန်ဖို့အတွက်ဆိုလျှင် ကျွန်တော်တို့ ကြံစည်ရမည်။ တွေးတောရမည်။ လုပ် ဆောင်ရမည်။ လူရယ်လို့ ဖြစ်လာပြီဆိုမှဖြင့် လက်လျှော့ပြီးနေရသည့် ဘဝကို ဘယ်သူလိုချင်မည်နည်း။
တကယ်တော့ လူမှမဟုတ်ပါဘူး။ သက်ရှိသတ္တဝါမှန်သမျှ ဖြစ်တည်လာကြပြီဆိုသည်နှင့် ရှင်သန်ဖို့ကြိုးစားကြသည်။ ကြိုးစားရမည်။ မသေချာဘူးဆိုပြီး လက်လျှော့ပြီး အရှူံးပေးကြစတမ်းဆိုပါလျှင် မနက်ဖြန်ဆိုတာတွေ ဖြစ်မလာပါဘူး။ ကျွန်တော်တို့လည်း လူဖြစ်လာ စရာမရှိပါဘူး။
လူဖြစ်လာပြီးဆိုမှဖြင့် လူ့ဝတ္တရားတို့ကို ကျွန်တော်တို့ ရင်ဆိုင်ကြရပါလိမ့်မည်။ ရင်မဆိုင်ဘဲ ရှောင်ပြေးခဲ့ပါလျှင် ထပ်ပြီးရင်မဆိုင်ချင်စရာ များက ရှေ့ဆက်သွားမည့်လမ်းတစ်လျှောက် ပိုပြီးတွေ့ကြုံကြရမည်မှာ အမှန်ပင်ဖြစ်သည်။ လောကဓံကြီးက ဒူးထောက်လက်လျှော့သူကို ပိုပြီးဖိနင်းဖို့ စောင့်နေပါလိမ့်မည်။
ဖြစ်လာမှတော့ ရှင်သန်ဝံ့ကြရမည်။ ဘဝမှာယှဉ်တွဲကြည့်စရာတွေက အများအပြားရှိသည်။ ခြေလက်အင်္ဂါပြည့်ပြည့်စုံစုံနှင့် မွေးခဲ့ရသည် ကပင် ကျွန်တော်တို့ “အရထူး”နေပါပြီ။ ဘဝမှာကိုယ်လက်အင်္ဂါ မပြည့်မစုံဘဲမွေးဖွားလာပြီး ဆက်လက်ရှင်သန်ဖို့ကြိုစားနေကြသည့် လူများ ကိုယ့်မျက်စိရှေ့တွင် အများအပြားတွေ့နိုင်ပါသည်။ အမြင်အင်္ဂါချို့ယွင်းနေသော်လည်း အချို့သော ကိုယ်လက်အင်္ဂါ ပြည့်စုံသူများ ထက်ပင် အရာရောက်နေသူများရှိကြသည်။
“ဘဝဆိုတာ မသေချာဘူးဆိုတာတောင်မှ ရဲရဲဝံ့ဝံ့ ရှင်သန်ဝံ့ကြသည်။”
သတ္တဝါတွေအပြင် မသေချာသောဘဝမှာ ရှင်သန်နိူင်ဖို့ လေနှင်ရာလွင့်ကြရသည့် သစ်စေ့လေးများကလည်း အတုယူစရာ ရှိပါသည်။ မြေဆီမြေလွှာ နည်းပါးလှသည့် ကျောက်ကမ်းပါးယံများထံ လေသယ်ဆောင်၍ ရောက်လာခဲ့ကြသည့် အစေ့ကလေးများသည်လည်း ရသည့် မြေရေလေနှင့် နေထို့မှ ရနိုင်သမျှ အာဟာရလေးများကို ရယူကြပြီး အစို့အညှောင့်လေးထွက်နိုင်အောင်ကြိုးစားသည်။ ဆက် လက်ရှင်သန်နိုင်ဖို့ ကြိုးစားသည်။ ကုတ်ကပ်တွယ်တက်လို့ အမြင့်ကိုရောက်ဖို့ ထပ်ကြိုးစားသည်။ သဘာဝတရားကြီးက ဖျက်စီးဦးမည်။ လက်လျှော့သွားသည်လား။ မလျှော့ပါ။ ရှင်သန်ဖို့ အခွင့်အရေးရှိသမျှ သူထပ်ကြိုးစားသည်။
ကမ်းမမြင်လမ်းမမြင်လို့ ပင်လယ်ပြင်ကြီးကို မဖြတ်သန်းခဲ့ကြလျှင် ကျွန်တော်တို့ နိုင်ငံစုံလူမျိုးစုံကိုတွေ့ခဲ့ကြရမည်မဟုတ်ပေ။ ဘဝဆိုတာ မရေရာဘူးဆိုပြီး မကြိုးမစားမနေခဲ့ကြပါဘူး။ ရှင်သန်ဖို့အပြင်ကို တွေ့သိလိုမှုတွေ၊ ဖန်တီးလိုမှုတွေ၊ လက်ရှိဘဝရဲ့ ဟိုမှာဘက်တွေမှာ ဘာတွေ ဘယ်လိုတွေဆိုပြီး ရှာဖွေခဲ့ကြသည်။
တွေ့သိလိုမှုကြောင့် သေရမည်ဆိုဦးတော့ သေဝံ့ခဲ့ကြသည်။ ဖန်တီးလိုမှုကြောင့် သေရမည်ဆိုဦးတော့ သေဝံ့ခဲ့ကြသည်။
ဘဝကိုရလာပြီးဆိုမှတော့ သက်သေကြဖို့ မလိုပါ။ သက်မသေလည်း သဘာဝအရကိုက တစ်နေ့သေကြရပါမည်။ သူ့အလိုလို သေဖို့ရာ သေချာနေမှတော့ သက်သေစရာမလိုပါဘူး။ ရှင်သန်ဝံ့ဖို့သာ ကြိုးစားရပါမည်။
တတ်ကျိုးလျှင် လက်နှင့်လှော်ရမည်။ လက်ကျိုးလျှင် ခြေနှင့်လှော်ရမည်။ ရှင်သန်နိုင်ဖို့ဆိုလျှင် ကြံစည်နိုင်သမျှ အခွင့်အရေးကို ကြံစည်ရပါမည်။ စိတ်ပျက်လက်လျှော့နေစရာမရှိပါ။
ဘဝမှာရှင်သန်နိုင်ဖို့အပြင် ပန်းတိုင်ဆိုသည့် မျှော်မှန်းချက်က လူတကာတို့ထက်ထူးသည့် လူရည်ချွန်တို့အတွက်ရှိနေပါသေးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service