မလေးရှားက covid-19 ဖြစ်ပွားသူ ၁၅၀,၀၀၀ အထက်ရှိသော နိုင်ငံများမှ နိုင်ငံသားများကို ဝင်ခွင့်ပိတ်

မလေးရှားက covid-19 ဖြစ်ပွားသူ ၁၅၀,၀၀၀ အထက်ရှိသော နိုင်ငံများမှ နိုင်ငံသားများကို ဝင်ခွင့်ပိတ် - Property News in Myanmar from iMyanmarHouse.com
5 Sep 2020 11:26 am တွင် တင်ခဲ့သည်
711 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 ရောဂါကူးစက်ပျံ့ပွားမှု ၁၅၀,၀၀၀ အထက်ရှိသည့်နိုင်ငံများမှ နိုင်ငံသားများကို မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး အစ္စမေး ဆာဘရီ ယာကော့ဘ်က ပြောကြားသည်။

ယခုပိတ်ပင်မှုသည် စက်တင်ဘာလ ၇ ရက်မှ စတင်အသက်ဝင်မည် ဖြစ်သည်။

အန္တရာယ်များသည့်နိုင်ငံများအဖြစ် သတ်မှတ်ကာ မူလက ပိတ်ပင်ထားသည့် နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီတလီ၊ ဆော်ဒီအာရေးဗီးယား၊ ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်သည်။ ယခုသတ်မှတ်ချက်အရ မလေးရှားသို့ ဝင်ခွင့်ပိတ်ပင်ခံရသည့်နိုင်ငံ ၃ ခုရှိပြီး အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

အထက်ပါ ၃ နိုင်ငံကို အန္တရာယ်များသည့်နိုင်ငံများစာရင်းတွင် ဖြည့်သွင်းမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ယခုပိတ်ပင်မှုတွင် နိုင်ငံကူးလက်မှတ် ၆ မျိုး ပါဝင်ရာ အမြဲတမ်းနေထိုင်ခွင့်ရသူ၊ မလေးရှားအစိုးရ အထူးအစီအစဉ်ဖြစ်သော Malaysia My Second Home တွင် နေအိမ်ဝယ်ယူထားသူ၊ ပြည်ပမှ ခိုလှုံလာသူများ၊ ပညာရှင်အလည်အပတ်လက်မှတ်ကိုင်ဆောင်သူများနှင့် resident pass ကိုင်ဆောင်သူများ ပါဝင်သည်။

ထို့အပြင် မလေးရှားနိုင်ငံသားတို့၏ အိမ်ထောင်ဖက်များနှင့် ၎င်းတို့၏ သားသမီးများ၊ မလေးရှားသို့ ပြန်ဝင်လိုသည့် အဆိုပါ ၃ နိုင်ငံမှ ကျောင်းသားများလည်း ပါဝင်သည်။

အန္တရာယ်များသော နိုင်ငံများတွင် ရောက်ရှိနေသည့် မလေးရှားနိုင်ငံသားများအနေဖြင့် ပြန်လာလိုပါက လက်ခံသွားမည်ဖြစ်သော်လည်း ၁၄ ရက် မဖြစ်မနေ quarantine ဝင်ရမည်ဖြစ်ကြောင်း မစ္စတာ အစ္စမေးက ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Malaysia bars citizens from countries with more than 150,000 Covid-19 cases (Todayonline)

[Zawgyi]

မေလးရွားက covid-19 ျဖစ္ပြားသူ ၁၅၀,၀၀၀ အထက္ရွိေသာ ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားကို ဝင္ခြင့္ပိတ္

Covid-19 ေရာဂါကူးစက္ပ်ံ႕ပြားမႈ ၁၅၀,၀၀၀ အထက္ရွိသည့္ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားကို မေလးရွားႏိုင္ငံသို႔ ဝင္ေရာက္ခြင့္ ပိတ္ပင္လိုက္ေၾကာင္း မေလးရွားကာကြယ္ေရးဝန္ႀကီး အစၥေမး ဆာဘရီ ယာေကာ့ဘ္က ေျပာၾကားသည္။

ယခုပိတ္ပင္မႈသည္ စက္တင္ဘာလ ၇ ရက္မွ စတင္အသက္ဝင္မည္ ျဖစ္သည္။

အႏၲရာယ္မ်ားသည့္ႏိုင္ငံမ်ားအျဖစ္ သတ္မွတ္ကာ မူလက ပိတ္ပင္ထားသည့္ ႏိုင္ငံမ်ားမွာ အေမရိကန္ျပည္ေထာင္စု၊ ဘရာဇီး၊ ျပင္သစ္၊ ၿဗိတိန္၊ စပိန္၊ အီတလီ၊ ေဆာ္ဒီအာေရးဗီးယား၊ ႐ုရွားႏွင့္ ဘဂၤလားေဒ့ရွ္တို႔ ျဖစ္သည္။ ယခုသတ္မွတ္ခ်က္အရ မေလးရွားသို႔ ဝင္ခြင့္ပိတ္ပင္ခံရသည့္ႏိုင္ငံ ၃ ခုရွိၿပီး အိႏၵိယ၊ အင္ဒိုနီးရွားႏွင့္ ဖိလစ္ပိုင္တို႔ျဖစ္သည္။

အထက္ပါ ၃ ႏိုင္ငံကို အႏၲရာယ္မ်ားသည့္ႏိုင္ငံမ်ားစာရင္းတြင္ ျဖည့္သြင္းမည္ျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားသည္။

ယခုပိတ္ပင္မႈတြင္ ႏိုင္ငံကူးလက္မွတ္ ၆ မ်ိဳး ပါဝင္ရာ အၿမဲတမ္းေနထိုင္ခြင့္ရသူ၊ မေလးရွားအစိုးရ အထူးအစီအစဥ္ျဖစ္ေသာ Malaysia My Second Home တြင္ ေနအိမ္ဝယ္ယူထားသူ၊ ျပည္ပမွ ခိုလႈံလာသူမ်ား၊ ပညာရွင္အလည္အပတ္လက္မွတ္ကိုင္ေဆာင္သူမ်ားႏွင့္ resident pass ကိုင္ေဆာင္သူမ်ား ပါဝင္သည္။

ထို႔အျပင္ မေလးရွားႏိုင္ငံသားတို႔၏ အိမ္ေထာင္ဖက္မ်ားႏွင့္ ၎တို႔၏ သားသမီးမ်ား၊ မေလးရွားသို႔ ျပန္ဝင္လိုသည့္ အဆိုပါ ၃ ႏိုင္ငံမွ ေက်ာင္းသားမ်ားလည္း ပါဝင္သည္။

အႏၲရာယ္မ်ားေသာ ႏိုင္ငံမ်ားတြင္ ေရာက္ရွိေနသည့္ မေလးရွားႏိုင္ငံသားမ်ားအေနျဖင့္ ျပန္လာလိုပါက လက္ခံသြားမည္ျဖစ္ေသာ္လည္း ၁၄ ရက္ မျဖစ္မေန quarantine ဝင္ရမည္ျဖစ္ေၾကာင္း မစၥတာ အစၥေမးက ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Malaysia bars citizens from countries with more than 150,000 Covid-19 cases (Todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service