ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနယ်စပ်မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ဖောက်လုပ်မည့် နှစ်လမ်းသွားလမ်းကို အမြန်တည်ဆောက်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဒေါက်တာသန်းမြင့်က ပြောသည်။
အထက်ပါနှစ်လမ်းသွား ကားလမ်းစီမံကိန်းနှင့်စပ်လျဉ်းပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတွင်ကျင်းပခဲ့၌ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုလမ်းသည် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ NEDA - Neighbouring Countries Economic Development Cooperation Agency တို့အကြား ဆောင်ရွက်မည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်ပထမအဆင့်ဖြစ်သည့် ကန်ဒေါ်လာ သန်း ၁၃၀ ကျော်ကုန်ကျမည့် နှစ်လမ်းသွားလမ်းမတည်ဆောက်မည်ဖြစ်သည်။
အဆိုပါလမ်းတည်ဆောက်ရေး စီမံကိန်းသည် တနင်္သာရီကမ်းမြောင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရ၏ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၃၃ သန်း) ကို ထိုင်းအစိုးရက ချေးရန် သဘောတူပြီးဖြစ်သည်။
ထိုင်းက ယင်းချေးငွေကိုပေးရန် ကမ်းလှမ်းခဲ့ပြီး ယင်းချေးငွေသည် ၈၂ မိုင် (၁၃၂ ကီလိုမီတာ)ရှည် လျားသော ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ ထားဝယ်အထူး စီးပွားရေးဇုန်သို့သွားသည့် လမ်းမကြီးဖောက်လုပ်ရန် ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ခဲ့သည့်အချိန်က ၎င်းထားဝယ်-ထီးခီး မြေသားလမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍ မြေယာလျော်ကြေးပေးချေမှုနှင့် တစ်နေရာနှင့်တစ်နေရာ မတူညီခြင်းနှင့် လျော်ကြေးငွေ နည်းပါးခြင်းစသည့် ပြဿနာများကြောင့် ဒေသခံများနှင့် စီမံကိန်း အကောင်အထည်ဖော်သူများအကြား မကြာခဏ ပြဿနာများ ဖြစ်ပွားခဲ့ဖူးသည်။
ထားဝယ်အထူးစီးပွားရေးဇုန် ကို ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံ ထိုင်းကုမ္ပဏီက စတင်အကောင်အထည်ဖော်ခဲ့သည်။
၂၀၁၃ တွင် ဘဏ္ဍာရေးအ ခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့ပြီး ၂၀၁၅ ဇူလိုင်က စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံ အစိုးရချင်းဆွေးနွေးခဲ့သည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်စတင်ရန် အစိုးရက ဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ တစုံတရာပေါ်ပေါက်လာခြင်းမရှိသေးပေ။
စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ထားဝယ္အထူးစီးပြားေရးဇုန္အတြက္ ထိုင္းနယ္စပ္မွ ထားဝယ္ထိ ႏွစ္လမ္းသြားလမ္းကို အျမန္ေဖာက္လုပ္ေရး ဝန္ႀကီးတိုက္တြန္း
ထားဝယ္အထူးစီးပြားေရးဇုန္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ထိုင္းနယ္စပ္မွ ထားဝယ္အထူးစီးပြားေရးဇုန္သို႔ ဆက္သြယ္ေဖာက္လုပ္မည့္ ႏွစ္လမ္းသြားလမ္းကို အျမန္တည္ေဆာက္ရန္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးေဒါက္တာသန္းျမင့္က ေျပာသည္။
အထက္ပါႏွစ္လမ္းသြား ကားလမ္းစီမံကိန္းႏွင့္စပ္လ်ဥ္းၿပီးလုပ္ငန္းညႇိႏိႈင္းအစည္းအေဝးကို ေနျပည္ေတာ္႐ွိ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာနတြင္က်င္းပခဲ့၌ ျမန္မာအထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕ဥကၠ႒၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုလမ္းသည္ ထားဝယ္အထူးစီးပြားေရးဇုန္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံ NEDA - Neighbouring Countries Economic Development Cooperation Agency တို႔အၾကား ေဆာင္႐ြက္မည္ျဖစ္သည္။
ထားဝယ္အထူးစီးပြားေရးဇုန္ပထမအဆင့္ျဖစ္သည့္ ကန္ေဒၚလာ သန္း ၁၃၀ ေက်ာ္ကုန္က်မည့္ ႏွစ္လမ္းသြားလမ္းမတည္ေဆာက္မည္ျဖစ္သည္။
အဆိုပါလမ္းတည္ေဆာက္ေရး စီမံကိန္းသည္ တနသၤာရီကမ္းေျမာင္ေဒသ ဖြံ႕ၿဖိဳးေရးစီမံကိန္း၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ထိုင္းႏိုင္ငံအစိုးရ၏ေခ်းေငြျဖင့္ တည္ေဆာက္မည္ျဖစ္သည္။
အဆိုပါ စီမံကိန္းအတြက္ ထိုင္းဘတ္ေငြ ၄ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၁၃၃ သန္း) ကို ထိုင္းအစိုးရက ေခ်းရန္ သေဘာတူၿပီးျဖစ္သည္။
ထိုင္းက ယင္းေခ်းေငြကိုေပးရန္ ကမ္းလွမ္းခဲ့ၿပီး ယင္းေခ်းေငြသည္ ၈၂ မိုင္ (၁၃၂ ကီလိုမီတာ)႐ွည္ လ်ားေသာ ထိုင္းႏိုင္ငံနယ္စပ္ ကန္ခ်နာဘူရီမွ ထားဝယ္အထူး စီးပြားေရးဇုန္သို႔သြားသည့္ လမ္းမႀကီးေဖာက္လုပ္ရန္ ျဖစ္သည္။
ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္း စတင္ခဲ့သည့္အခ်ိန္က ၎ထားဝယ္-ထီးခီး ေျမသားလမ္းေဖာက္လုပ္မႈႏွင့္ ပတ္သက္၍ ေျမယာေလ်ာ္ေၾကးေပးေခ်မႈႏွင့္ တစ္ေနရာႏွင့္တစ္ေနရာ မတူညီျခင္းႏွင့္ ေလ်ာ္ေၾကးေငြ နည္းပါးျခင္းစသည့္ ျပႆနာမ်ားေၾကာင့္ ေဒသခံမ်ားႏွင့္ စီမံကိန္း အေကာင္အထည္ေဖာ္သူမ်ားအၾကား မၾကာခဏ ျပႆနာမ်ား ျဖစ္ပြားခဲ့ဖူးသည္။
ထားဝယ္အထူးစီးပြားေရးဇုန္ ကို ၂၀၀၈ တြင္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံအစိုးရတို႔ လက္မွတ္ေရးထိုးခဲ့ၿပီး ထိုင္းႏိုင္ငံဘက္မွ အီတာလ်ံ ထိုင္းကုမၸဏီက စတင္အေကာင္အထည္ေဖာ္ခဲ့သည္။
၂၀၁၃ တြင္ ဘ႑ာေရးအ ခက္အခဲေၾကာင့္ စီမံကိန္းရပ္ဆိုင္းခဲ့ၿပီး ၂၀၁၅ ဇူလိုင္က စီမံကိန္း ျပန္လည္စတင္ရန္ ျမန္မာ-ထိုင္း -ဂ်ပန္ သုံးႏိုင္ငံ အစိုးရခ်င္းေဆြးေႏြးခဲ့သည္။
လက္႐ွိတြင္ ထားဝယ္အထူးစီးပြားေရးဇုန္ကို ျပန္လည္စတင္ရန္ အစိုးရက ေဆာင္႐ြက္ေနၿပီး လက္႐ွိအခ်ိန္အထိ ေျမျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ား တစုံတရာေပၚေပါက္လာျခင္းမ႐ွိေသးေပ။
စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com