မိမိအိမ်မှာလုပ်စရာလေးတွေ....

မိမိအိမ်မှာလုပ်စရာလေးတွေ.... - Property Knowledge in Myanmar from iMyanmarHouse.com
4 Sep 2020 11:02 am တွင် တင်ခဲ့သည်
2220 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ငှားပြီးနေနေ၊ တိုက်ခန်းမှာနေနေ၊ လုံးချင်းအိမ်နဲ့နေနေ လောလောဆယ်ဆယ် ကိုယ်နေထိုင်တဲ့နေရာလေးဟာ ကိုယ့်ရဲ့အိမ်ဂေဟာလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။

ပြောချင်တာက ငှားနေလို့ဆိုပြီး ကိုယ်နေထိုင်တဲ့နေရာ၊ အိမ်ဂေဟာကို အပြုအပြင်မရှိဘဲထားလို့မရဘူးဆိုတာကို ပြောချင်တာပါ။ ကိုယ်နဲ့ ဆက်နွယ်ပတ်သက်ရာ နေရာလေးတွေကို ကိုယ့်ရဲ့ကိုယ်ပိုင်ဥစ္စာလေးတွေလို တန်ဖိုးထားကြဖို့ပါ။

အချိန်တန်ရင် ကိုယ့်ဟာမဟုတ်လို့ပြန် ပေးရမှာပဲ၊ ဘာလုပ်စရာလိုလို့လည်းဆိုပြီး နေချင်သလိုနေ၊ ထားချင်သလိုထားမယ်ဆိုရင် အဲဒီစိတ်ကြောင့်ဘဲ ကိုယ်ရဲ့စိတ်မှာ အရိပ်လာ ထင်ပါလိမ့်မယ်။ မကောင်းတဲ့ အရိပ်တွေပေါ့။

နေစရာလေး ရလာပြီဆိုရင် အိမ်နဲ့တူအောင်လုပ်ရပါလိမ့်မယ်။ အခန်းတွေဖွဲ့ပြီး မထားနိုင်ရင်တောင် ဘုရားကျောင်းဆောင် နေရာလေးကို ရှင်းလင်းပြီးကြည်ညိုဖွယ်ဖြစ်အောင်ထားပါ။ အခြားဘာသာကိုးကွယ်သူတွေ အနေနဲ့လည်း ဒီသဘောပါပဲ။

နေ့စဉ်ပြုလုပ်ကြရမယ့်ဝတ္တရားတွေ မလုပ်ဆောင်ခင် ယုံကြည်ရာဘာသာအလိုက် ဝတ်ပြုခြင်းတွေကိုလုပ်ဆောင်လိုက်ပါ။ စိတ်မှာ ကြည်နူးမှုနှင့်အတူ တစ်နေကုန်ဖြတ် သန်းရမယ့် အချိန်တွေမှာ ကောင်းကျိုးတွေရလာဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ညအိပ်ရာဝင်ခါနီးနဲ့၊ ဒါမှမဟုတ် ညပိုင်း ကိုယ်နဲ့သင့်မယ့် အချိန်လေးတစ်ခုကို ရယူပြီး ဘုရားရှိခိုးခြင်း၊ ဝတ်ပြုဆုတောင်းခြင်းတွေကို မပြတ်လုပ်ဆောင်ပေးပါ။ ကိုယ်မမြင်နိုင်တဲ့ အထောက်အပံ့ ကောင်းတွေက ကိုယ့်ကိုယ်အကျိုးပြုလာပါလိမ့်မယ်။ လိုချင်တာသာရှိပြီး လုပ်ဆောင်ချက်ကောင်း မရှိရင် ဘာမှမမျှော်လင့်ပါနဲ့။ ရလာမှာလည်း မဟုတ်ပါဘူး။

စကားအပြောအဆိုတွေကိုလည်း အိမ်မှာဆင်ခြင်ရပါလိမ့်မယ်။ ကိုယ်နေတဲ့အိမ်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေက သူတစ်ပါးနဲ့ တယ်ပြီး သက်ဆိုင်လှတယ် မရှိပါဘူး။ ကောင်းတဲ့စိတ်ထားနဲ့ ကောင်းတဲ့စကားတွေကို တွေးကြံပြောဆိုမယ်ရင် အဲဒီလို လုပ်ဆောင်တဲ့အိမ်တိုင်း ကောင်းကျိုးတွေ ရရလာတယ်ဆိုတာ တွေ့တွေ့နေရလို့ပါ။ ဒါတွေဟာ ဟုတ်ပါ့မလားလို့ သံသယဖြစ်စရာမလိုပါဘူး။ ဆဲဆိုနေတဲ့အိမ်မှာ ဘယ်သူနေချင်လဲ။ ထိုအတူ ဆဲဆိုနေတဲ့အိမ်မှာ ဘယ်နတ်ကောင်း နတ်မြတ်တွေက လာမလဲ။ ကိုယ့်အိမ်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းက ကိုယ်နဲ့သာသက်ဆိုင်ပါတယ်။

အမှောင်ကိုဖြစ်စေတဲ့ အရောင်နဲ့အထားအသိုတွေကို ရှောင်ကြဉ်ပေးပါ။ပြတင်းပေါက်တွေကနေ သဘာဝအလင်းရောင်တွေ ကောင်း ကောင်းရအောင် အလင်းရောင်ကိုပိတ်စေတဲ့ အဝတ်တွေကို မထားပါနဲ့။ အိမ်ထဲအလင်းရောင်အားနည်းလာတာနဲ့အမျှ လူဟာလုပ်ချင် ကိုင်ချင်စိတ်တွေ နည်းပါလာတတ်ပါတယ်။ ထိနမိဒ္ဓတွေများပြီး ငိုက်မှေးလာတတ်တာကြောင်း ကောင်းတဲ့ အတွေးအကြံတို့လည်း ဖြစ် ပေါ်လာမှာ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းနိုင်ပါဘူး။ ပိုးဟပ်၊ခြင်၊ယင်တို့ ခိုအောင်းမှုများလာပြီး အဲဒီသတ္တဝါလေး တွေကြောင့်ပဲ ကူးစက်ရောဂါနဲ့ အခြားရောဂါတွေလည်းဝင်ရောက်လာပါလိမ့်မယ်။

အနံ့ဆိုးတွေကိုလည်း ဂရုစိုက်ပါ။ စားသောက်ဖို့ဝယ်လာတာမှန်သော်လည်း အနံ့ဆိုးတွေက လူကိုအတော် ဒုက္ခပေးပါတယ်။ ငါးခြောက် ငါးခြမ်း၊မျှစ်စတဲ့ စားစရာတွေရဲ့ အနံ့က အိမ်ရဲ့ကောင်းတဲ့ အငွေ့အသက်တွေကို လွင့်ပါးစေပြီး မကောင်းတဲ့အငွေ့အသက်တွေကို စွဲကျန် ရစ်စေပါတယ်။ ဒါတွေကိုဝယ်လာပြီဆိုရင် မချက်မပြုတ်သေးခင် လုံအောင်ထုပ်ပိုးသိမ်းဆည်းထားဖို့ပါ။ ချက်ပြုတ်မယ်ဆိုရင်လည်း တန်းပေါ်မှာရှိတဲ့ အဝတ်အစားတွေကို ဟင်းချက်ရာကထွက်လာမယ့် အငွေ့အသက်နဲ့ဝေးတဲ့နေရာမှာထားပေးပါ။

အဲဒီဟင်းတွေရဲ့ အငွေ့ က အဝတ်အစားတွေမှာ စွဲကျန်နေခဲ့လို့ဖြစ်ပါတယ်။ အဲဒီအနံ့ဆိုးတွေမပျောက်ဘဲရှိနေသ၍ လူ့ရဲ့စိတ်ကို အနှောင့်အယှက်ပေးနေပါလိမ့်မယ်။

ကိုယ်နေထိုင်ရာ အိမ်ဂေဟာလေးမှာ အထက်ပါ သတိထားစရာလေးတွေကို သတိထားပြီးလုပ်ဆောင်လိုက် တာနဲ့ ကောင်းကျိုးတွေရလာ ပါလိမ့်မယ်လို့ ဆိုပါရစေ။

 

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]










 



နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service