တောင်ကိုရီးယားက လိင်ဆက်ဆံနေသည့် နှံကောင်စုံတွဲ ကော်ဖီဆိုင်
တောင်ကိုရီးယားက လိင်ဆက်ဆံနေသည့် နှံကောင်စုံတွဲ ကော်ဖီဆိုင် - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 1:59 pm တွင် တင်ခဲ့သည်
11808 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တောင်ကိုရီးယားနိုင်ငံ၊ ချုံးဆန်းခရိုင် (Jeongseon ) ဂူကျဲအိုရီ ဘူတာရုံတွင် နှံကောင်၏ အိပ်မက်အမည်ရှိ ကော်ဖီဆိုင်တစ်ဆိုင် တည်ရှိလေသည်။
ကော်ဖီဆိုင်ကို နှံကောင်တစ်ကောင်အသွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ နှံကောင် ဖိုမ စုံတွဲ နှစ်ကောင်ထပ်နေသည့်အသွင် အဆောက်အအုံ ၂ လုံးဖြစ်ပြီး နှံကောင်အမတွင်လည်း ကော်ဖီဆိုင်တစ်ဆိုင်ရှိသေးသည်။
ဂူကျဲအိုရီ ဘူတာသည် ချုံးဆန်းခရိုင်အနီးရှိ နာမည်ကျော် rail bike (မြန်မာအခေါ် ထရော်လီ) လမ်းဖြစ်သော Auraji ရထားလမ်းပေါ်တွင် တည်ရှိသည်။
နှံကောင် ၂ ကောင်၏ ခန္ဓာကိုယ်အဖြစ် ရထားတွဲဟောင်း ၂ ခုကို အသုံးပြုကာ ပြန်လည်မွမ်းမံဆောက်လုပ်ထားခြင်းဖြစ်ပြီး နှံကောင်ခြေထောက်များအသွင် ပုံဖော်ထားသည့် သံတိုင်ကြီးများက နှံကောင်များကို ထောက်မပေးထားသည်။ နှံကောင်များ၏ ဦးခေါင်းပိုင်းတွင် အာရုံခံနှာမောင်းတံသဖွယ် တပ်ဆင်ပေးထားသည်ကိုလည်း တွေ့ရသည်။
ညအချိန်များတွင် နှံကောင်ကော်ဖီဆိုင်ကို အောက်ဘက်ဆီမှ မီးအလင်းပေးထားရာ နေ့ရောညပါ ထူးခြားသည့်မြင်ကွင်းတစ်မျိုးစီ ပေးစွမ်းနိုင်သည့် နေရာတစ်ခုဖြစ်နေသည်။
လိင်ဆက်ဆံနေသည့် နှံကောင်များအသွင်ပုံဖော်ထားသည့် ကော်ဖီဆိုင်တွင် ညစားစားရသည်မှာ တမူဆန်းပြားသည့် အတွေ့အကြုံပင် ဖြစ်လေသည်။
အစိမ်းရောင်သဏ္ဍာန် အဆောက်အအုံများ၊ နှံကောင်၏ နှာမောင်းတံများ၊ သံမဏိခြေထောက်ကြီးများနှင့် အနက်ရောင် မျက်လုံးများ တွေ့ရမည် ဖြစ်သည်။
နှံကောင်နှစ်ကောင်အနက် အပေါ်ဘက်တွင်ရှိသည်မှာ အမဖြစ်ပြီး အောက်ဘက်တွင်ရှိသည်မှာ အထီးဖြစ်သည်။
(မှတ်ချက်- နှံကောင်များ မိတ်လိုက်ရာတွင် အမသည် အပေါ်တွင်နေလေ့ရှိပြီး အထီးမှာ အောက်တွင် နေလေ့ရှိသည်။ သို့အတွက်ကြောင့် ကော်ဖီဆိုင်တွင် အမကို အပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ နှံကောင်အဖိုတို့သည် မိတ်လိုက်ရန်အတွက် အမကောင်များကို သီချင်းဆိုကာ ဆွဲဆောင်ခေါ်ယူလေ့ရှိသည်ဟု ဆိုသည်။
အချို့သော နှံကောင်မများသည်လည်း သီချင်းသံများ ထုတ်လွှင့်လေ့ရှိသည်။ သို့သော် တွေ့ရခဲပြီး အသံမှာ ညင်သာတိုးတိတ်လွန်း သည်။ နှံကောင်အဖို၊ အမနှစ်မျိုးလုံး၏ ဝမ်းဗိုက်များတွင် လူတို့၏ နားစည်သဖွယ် Tympana ပါဝင်ပြီး အသံထုတ်လွှင့်မှုများကို ဖမ်းယူသည်။ သီချင်းသံများမှာ မျိုးစိတ်ချင်းတူမှသာ ကြားရသောကြောင့် နှံကောင်မများသည် အဖိုကောင်၏ သီချင်းသံကို ကောင်းစွာခွဲခြားနိုင်ကြသည်။ နှံကောင်အဖိုနှင့်အမတွင် အဖိုကောင်သည် ကိုယ်လုံးကိုယ်ထည်သေးပြီး အမကောင်မှာ ကိုယ်လုံးကြီးသည်။ မိတ်လိုက်သည့် ကြာချိန်မှာ မျိုးစိတ်အပေါ်မူတည်ပြီး ၄၅ မိနစ်မှ အချို့မျိုးစိတ်ဆိုလျှင် တစ်ရက်ခန့်အထိ ကြာမြင့်လေ့ရှိသည်။)
အထီးရှိရာအောက်ထပ်တွင် ခေါက်ဆွဲဆိုင်ဖွင့်လှစ်ထားပြီး အမကောင်ရှိရာ အပေါ်ထပ်တွင်မူ ကော်ဖီဆိုင် တည်ရှိသည်။
ဂူကျဲအိုရီ ဘူတာရုံတည်ရှိရာ ရထားလမ်းပိုင်းတွင် ကိုရီးယားနိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များပါ ရထားလမ်းပေါ်တွင် ပြေးသည့် အပျော်စီးယာဉ်ငယ်များ စီးရန် လာရောက်ကြလေ့ရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Grasshopper’s Dream, A Cafe With Two Giant Grasshoppers At The Train Station In South Korea (arch2o.com, naturallycuriouswithmaryholland.wordpress.com )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
MIngalardon Garden City
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service