ဗန္ဓုလတန်ဖိုးနည်းအိမ်ရာစီမံကိန်း နေထိုင်ခွင့်ပြုမည့် အစီအစဉ်

ဗန္ဓုလတန်ဖိုးနည်းအိမ်ရာစီမံကိန်း နေထိုင်ခွင့်ပြုမည့် အစီအစဉ် - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 12:08 pm တွင် တင်ခဲ့သည်
2165 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗန္ဓုလတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာ မဲပေါက်၍နေထိုင်ခွင့်ရရှိသူများကိုအစဉ်အလိုက် စတင်နေထိုင်ခွင့်ပြုမယ်လို့ သိရပါတယ်။

မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဗန္ဓုလတန်ဖိုးနည်းအိမ်ရာတွင် စည်းကမ်းနှင့်အညီ စာရင်းပေးသွင်း၍ မဲပေါက်ထားသော်လည်း ယခုအချိန်ထိ နေထိုင်ခွင့်မရသေးသည့် မိသားစုများအား အမြန်ဆုံးနေထိုင်ခွင့်ရစေရန် သက်ဆိုင်ရာက အမြန်ဆုံးဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ ” မေးမြန်းရာ

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဗန္ဓုလတန်ဖိုးနည်း အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က (၂၃.၁၂.၂၀၁၅) ရက်နေ့တွင် ကန်ထရိုက်တာများနှင့် သဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ(၆)ခန်းတွဲ (၄)ထပ် အဆောက်အဦ(၅၀)လုံး (RC Structure (၃၅)လုံးနှင့် Steel Structure (၁၅)လုံး) အခန်းပေါင်း (၁၂၀၀) ခန်းပါဝင်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းပြီးစီး၍ နေထိုင်ခွင့် ရရှိသူများနေရာချထားရန်အတွက် စစ်ဆေးခဲ့ရာ Steel Structure (၁၅) လုံးမှာ Joint Connection များ ကြံ့ခိုင်မှုအားနည်းနေကြောင်းတွေ့ရှိရပါသဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Myanmar Engineering Society (MES)နှင့် Myanmar International Consulting Engineers Group (MICEG)သို့ ကြံ့ခိုင်မှုအား ပြန်လည်စိစစ်ပေးရန် တာဝန်ပေးအပ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ရန် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ပြီးစီးမှုအရ MICEG မှ တည်ဆောက်ရေးကုမ္ပဏီ (၅)ခုက တာဝန်ယူပြင်ဆင်ပြီး လိုအပ်သည့် ကြံ့ခိုင်မှုများကို ထပ်မံဆောင်ရွက်ပါကြောင်း၊ ပြည်သူများနေထိုင်မည့်အဆောက်အဦ ဖြစ်သည့်အတွက် ကြံ့ခိုင်မှုမရှိသေးလျှင်နေထိုင်ခွင့်မပြုနိုင်သောကြောင့် အကြိမ်ကြိမ်စစ်ဆေးပြီး (MICEG) ကုမ္ပဏီ(၅)ခုက ပြင်ဆင်ထားသည့် စာရွက်စာတမ်း အထောက်အထားများကို စိစစ်ရပါကြောင်း၊မြေပြင်ကွင်းဆင်းစိစစ်ပြီး အဆောက်အဦများ ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု စာရွက်စာတမ်းများ ပြည့်စုံပါကြောင်းနှင့် ဗန္ဓုလအငှားအိမ်ရာ Steel Structure အဆောက်အဦ (၁၅)လုံးအား ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများအားလုံး ပြီးစီးသွားပြီ ဖြစ်ပါကြောင်းနှင့်

Welding ပိုင်းနှင့် Structure ပိုင်းတို့သည် လက်ခံနိုင်သည့် အခြေအနေရှိပါကြောင်း(MICEG)မှ ထောက်ခံတင်ပြလာပါသဖြင့် အဆိုပါတိုက် (၁၅)လုံးရှိ အိမ်ခန်းငှားရမ်း နေထိုင်ခွင့်မဲပေါက်သူများအား အခန်းငှားချထားနိုင်ရေး၊ ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ လမ်းညွှန်မှုခံယူခဲ့ရာ မဲပေါက်နေထိုင်ခွင့်ရရှိသူများကိုနေရာချထားရန် သဘောတူညီချက်အရ (၆.၂.၂၀၂၀) ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာခဲ့ပြီး (၁.၃.၂၀၂၀) ရက်နေ့မှစ၍ လာရောက်ဆက်သွယ်သူများကို အိမ်ငှားနေထိုင်ခွင့်ပြုပြီး ဖြစ်ပါကြောင်း၊တိုက်အမှတ်(၁၅)တွင် နေထိုင်ခွင့်ပြုသည်ဆိုသည်မှာ အဆောက်အဦ(၁၅)လုံးတွင် ကြံ့ခိုင်မှုအစဉ်အလိုက် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အစဉ်အလိုက်အပ်နှံသည့်လုပ်ငန်းများအား နေထိုင်ခွင့်ပြုခဲ့ခြင်းသာဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဗႏၶဳလတန္ဖိုးနည္းအိမ္ရာစီမံကိန္း ေနထိုင္ခြင့္ျပဳမည့္ အစီအစဥ္

ဗႏၶဳလတန္ဖိုးနည္းအိမ္ရာစီမံကိန္းမွာ မဲေပါက္၍ေနထိုင္ခြင့္ရ႐ွိသူမ်ားကိုအစဥ္အလိုက္ စတင္ေနထိုင္ခြင့္ျပဳမယ္လို႔ သိရပါတယ္။

မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက “ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဗႏၶဳလတန္ဖိုးနည္းအိမ္ရာတြင္ စည္းကမ္းႏွင့္အညီ စာရင္းေပးသြင္း၍ မဲေပါက္ထားေသာ္လည္း ယခုအခ်ိန္ထိ ေနထိုင္ခြင့္မရေသးသည့္ မိသားစုမ်ားအား အျမန္ဆုံးေနထိုင္ခြင့္ရေစရန္ သက္ဆိုင္ရာက အျမန္ဆုံးေဆာင္႐ြက္ေပးႏိုင္မည့္ အစီအစဥ္ ႐ွိ/မ႐ွိ ” ေမးျမန္းရာ

လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က “ရန္ကုန္တိုင္း ေဒသႀကီး ၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဗႏၶဳလတန္ဖိုးနည္း အငွားအိမ္ရာစီမံကိန္းကို ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕က (၂၃.၁၂.၂၀၁၅) ရက္ေန႔တြင္ ကန္ထ႐ိုက္တာမ်ားႏွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုၿပီး လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ(၆)ခန္းတြဲ (၄)ထပ္ အေဆာက္အဦ(၅၀)လုံး (RC Structure (၃၅)လုံးႏွင့္ Steel Structure (၁၅)လုံး) အခန္းေပါင္း (၁၂၀၀) ခန္းပါဝင္ပါေၾကာင္း၊ တည္ေဆာက္ေရးလုပ္ငန္းၿပီးစီး၍ ေနထိုင္ခြင့္ ရ႐ွိသူမ်ားေနရာခ်ထားရန္အတြက္ စစ္ေဆးခဲ့ရာ Steel Structure (၁၅) လုံးမွာ Joint Connection မ်ား ၾကံ့ခိုင္မႈအားနည္းေနေၾကာင္းေတြ႕႐ွိရပါသျဖင့္ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က Myanmar Engineering Society (MES)ႏွင့္ Myanmar International Consulting Engineers Group (MICEG)သို႔ ၾကံ့ခိုင္မႈအား ျပန္လည္စိစစ္ေပးရန္ တာဝန္ေပးအပ္ခဲ့ၿပီး ျပန္လည္ျပင္ဆင္ရန္ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ေဆာင္႐ြက္ၿပီးစီးမႈအရ MICEG မွ တည္ေဆာက္ေရးကုမၸဏီ (၅)ခုက တာဝန္ယူျပင္ဆင္ၿပီး လိုအပ္သည့္ ၾကံ့ခိုင္မႈမ်ားကို ထပ္မံေဆာင္႐ြက္ပါေၾကာင္း၊ ျပည္သူမ်ားေနထိုင္မည့္အေဆာက္အဦ ျဖစ္သည့္အတြက္ ၾကံ့ခိုင္မႈမ႐ွိေသးလွ်င္ေနထိုင္ခြင့္မျပဳႏိုင္ေသာေၾကာင့္ အႀကိမ္ႀကိမ္စစ္ေဆးၿပီး (MICEG) ကုမၸဏီ(၅)ခုက ျပင္ဆင္ထားသည့္ စာ႐ြက္စာတမ္း အေထာက္အထားမ်ားကို စိစစ္ရပါေၾကာင္း၊ေျမျပင္ကြင္းဆင္းစိစစ္ၿပီး အေဆာက္အဦမ်ား ျပင္ဆင္ျခင္း လုပ္ငန္းမ်ားကိုလည္း တာဝန္ယူမႈ၊ တာဝန္ခံမႈ စာ႐ြက္စာတမ္းမ်ား ျပည့္စုံပါေၾကာင္းႏွင့္ ဗႏၶဳလအငွားအိမ္ရာ Steel Structure အေဆာက္အဦ (၁၅)လုံးအား ျပန္လည္ျပင္ဆင္ျခင္း လုပ္ငန္းမ်ားအားလုံး ၿပီးစီးသြားၿပီ ျဖစ္ပါေၾကာင္းႏွင့္ Welding ပိုင္းႏွင့္ Structure ပိုင္းတို႔သည္ လက္ခံႏိုင္သည့္ အေျခအေန႐ွိပါေၾကာင္း(MICEG)မွ ေထာက္ခံတင္ျပလာပါသျဖင့္ အဆိုပါတိုက္ (၁၅)လုံး႐ွိ အိမ္ခန္းငွားရမ္း ေနထိုင္ခြင့္မဲေပါက္သူမ်ားအား အခန္းငွားခ်ထားႏိုင္ေရး၊ ေဆာင္႐ြက္ခြင့္ျပဳႏိုင္ေရးအတြက္ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ထံ လမ္းၫႊန္မႈခံယူခဲ့ရာ မဲေပါက္ေနထိုင္ခြင့္ရ႐ွိသူမ်ားကိုေနရာခ်ထားရန္ သေဘာတူညီခ်က္အရ (၆.၂.၂၀၂၀) ရက္ေန႔ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ထည့္သြင္းေၾကာ္ျငာခဲ့ၿပီး (၁.၃.၂၀၂၀) ရက္ေန႔မွစ၍ လာေရာက္ဆက္သြယ္သူမ်ားကို အိမ္ငွားေနထိုင္ခြင့္ျပဳၿပီး ျဖစ္ပါေၾကာင္း၊တိုက္အမွတ္(၁၅)တြင္ ေနထိုင္ခြင့္ျပဳသည္ဆိုသည္မွာ အေဆာက္အဦ(၁၅)လုံးတြင္ ၾကံ့ခိုင္မႈအစဥ္အလိုက္ ျပဳျပင္ေဆာင္႐ြက္ၿပီးစီးမႈ အစဥ္အလိုက္အပ္ႏွံသည့္လုပ္ငန္းမ်ားအား ေနထိုင္ခြင့္ျပဳခဲ့ျခင္းသာျဖစ္ပါေၾကာင္း’’ ျပန္လည္ ေျဖၾကားခဲ့ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service