အိမ်မှာစိုက်တဲ့ ရှား‌စောင်းလက်ပတ်ရဲ့ အကျိုးကျေးဇူးများနဲ့ စိုက်ပျိုးနည်းများ

အိမ်မှာစိုက်တဲ့ ရှား‌စောင်းလက်ပတ်ရဲ့ အကျိုးကျေးဇူးများနဲ့ စိုက်ပျိုးနည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2020 3:47 pm တွင် တင်ခဲ့သည်
26406 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ယနေ့ခေတ်မှာ အိမ်တိုင်းလိုလိုမှာ ရှားစောင်းလက်ပတ်ကို စိုက်ပျိုးလားတာ တွေ့ရပါတယ်။ ရှားစောင်းလက်ပတ် စိုက်ပျိုးခြင်းက နေရာအများကြီး မကုန်ဘဲ မိမိနေအိမ်အတွင်း စိုက်ပျိုးထားခြင်းဖြင့် အလှအပ နဲ့ ကျန်းမာရေးအတွက် အလွန်ပဲ အထောက်အကူ ဖြစ်စေပါတယ်။

ရှားစောင်းလက်ပတ်ကို ဘယ်လို စိုက်မလဲ?

မြေကို အတတ်နိုင်ဆုံး ဖွ၍ မွနေလေ အပင်ပိုကောင်းလေဖြစ်ပါတယ်။ သဲဆန်တဲ့ မြေမှ နုံးမြေတွေထိ စိုက်ပျိုးဖြစ်ထွန်းစေပါတယ်။ ရှားစောင်းလက်ပတ်ကို အပင်လိုက်ဖြစ်စေ၊ အမြစ်၊ အတတ်၊ အသေးတွေကို ဖဲ့ယူပြီး စိုက်ပျိုးနိုင်ပါတယ်။

သဲ၊ မီးသွေးခဲ စတာတွေကို မြေကြီးထဲရောပြီး စိုက်ပျိုးပေးပါ။ ရှားစောင်းလက်ပက်က နေရောင်ခြည်ကို အနှစ်သက်ဆုံးဖြစ်ပြီး အရွက်ထဲမှာ အသားတွေနဲ့ ပြည့်ဖောင်းနေတဲ့အကြောင်းရင်းဟာ နေရောင်ခြည်လုံလုံလောက်လောက် ရရှိလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပျိုးပင်ဘဝအစမှာတော့ ပြင်းထန်တဲ့ နေရောင်ခြည် ရဲ့ဒဏ်ကို မခံနိုင်သေးပါဘူး။ နွေရာသီတွင်လည်း ရေ မကြာခဏ လောင်းပေးဖို့ မလိုပါ။

အိုးလေးများထဲတွင် စိုက်ပြီး စင်္ကြန်၊ ဝရံတာ နှင့် အေးတဲ့အခန်းတွေထဲမှာ စိုက်ပျိုးထားရှိနိုင်ပါတယ်။ မိမိ အိပ်ခန်းထဲတွင် ထားရှိပေးပါက အခန်းထဲရှိ အပူများကို စုပ်ထုပ်ပေးခြင်း၊ ပြင်ပမှလာတဲ့ အညှော်များကို ဖယ်ရှာပေးပြီး လေထုကို သန့်စင်ပေးပါတယ်။ ရှားစောင်းလက်ပက်ဟာ နေရာအများကြီး ပေးစရာမလိုဘဲ မိမိနေအိမ်အတွင်း စိုက်ပျိုးနိုင်တဲ့အပင်တွေထဲမှ တစ်မျိုးဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ရှားစောင်းလက်ပတ်ဟာ အမိုက်နို အက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ် နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကို ကောင်းမွန်စေပြီး အဆိပ်အတောက် ပြေစေပါတယ်။ အရေပြားဆိုင်ရာ ကုထုံးများအတွက် အသုံးတည့်ပြီး အလှကုန်ပစ္စည်းတွေမှာ အသုံးပြုတဲ့ အသုံးဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိတ်ပျောက်၍ ဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေပြီး ကျန်းမာ လှပစေပါတယ်။

ရှားစောင်းလက်ပတ်ကို ရှားစောင်းလက်ပတ်ယိုစုံ၊ အုန်းတစ်လုံးဆေး၊ ဆီးဆေး၊ ဝမ်းမှန်ဆေး၊ ပန်းနာရင်ကြပ် သမားများ၊ အစာအိမ်နာခြင်း အောင့်ခြင်းများအတွက် အထူးသက်သာ ပျောက်ကင်း စေတဲ့ဆေး ဆီပူခြင်း၊ မျက်စိပူခြင်း၊ အပူကန်ခြင်းအတွက်လည်း တကယ့်ဆေးစွမ်း ကောင်းတလက်ဖြစ်သလို ရှားစောင်း လက်ပတ်ချိုရည်၊ ခေါင်းလျှော်ရည်၊စနိုး၊ ဂျယ်စသည့် ကျန်းမာရေးနှင့် ကိုက်ညီသော လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်များစသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ အမျိုးမျိုးပြုလုပ်၍ ထုတ်လုပ်လာကြပါတယ်။

ပျောက်ကင်းနိုင်သော ရောဂါများ

မည်သည့်အပင်မှာမှ မပါတဲ့ B12 ကို ရှားစောင်းလက်ပတ်တွင် တွေ့ရှိရပြီး ကျန်းမာရေးအတွက် အလွန်ပင် အထောက်အကူ ဖြစ်စေပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကို အသုံးပြုခြင်းကြောင့် အောက်ပါ ရောဂါများကို သက်သာပျောက်ကင်းစေပါသည်။

(၁)ဂျယ်လီအနှစ်ကို မျက်ခွံပေါ် အုပ်ပေးခြင်းဖြင့် မျက်စိနာ/ကိုက်၊ ပူ၊ စပ်၊ ယားယံခြင်းများကို သက်သာစေခြင်း။

(၂)ဖျော်ရည်(သို့)ပါးပါးလှီး၍ ဟင်းချက်စားခြင်းဖြင့် ဓမ္မတာမှန်စေပြီး သားအိမ်သန့်စင်စေခြင်း။

(၃)ရေယုန်နာများကို ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ခြင်း။

(၄)ပွေး၊ ညှင်း စတဲ့ အရေပြားရောဂါများကို သက်သားပျောက်ကင်းစေခြင်း။

(၅)အစာအိမ်နာခြင်း၊ အစာမကြေခြင်းများကို သက်သာစေခြင်း။

(၆)အူမကြီးကင်ဆာအပါအဝင်၊ ကင်ဆာအကျိတ်များ ကြီးထွားမှုကို ရပ်တန့်စေခြင်း။

(၇)အစာအိမ်ပြည်တည်နာခြင်း၊ အသည်းယောင်ခြင်း ၊ အူယောင်ခြင်း စတဲ့ရောဂါများကို လျော့ကျစေခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးများအပြင် တခြား ဆီးချိုရောဂါများကိုပါ သက်သာပျောက်ကင်းစေပါတယ်။

ရှားစောင်းလက်ပတ်ကို သဘာဝပစ္စည်းများဖြစ်သော ပျားရည်တို့ဖြင့် ကျိုချက်စားပါက အမျိုးသမီးများအတွက် အသားအရည် လှပကာ ကျန်းမာဝဖြိုးအလှတိုးစေသည့်အပြင် နေရာအများကြီး ပေးစရာမလိုတာကြောင့် အိမ်တိုင်း စိုက်ပျိုးထားသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္မွာစိုက္တဲ့ ႐ွား‌ေစာင္းလက္ပတ္ရဲ႕ အက်ိဳးေက်းဇူးမ်ားနဲ႔ စိုက္ပ်ိဳးနည္းမ်ား

ယေန႔ေခတ္မွာ အိမ္တိုင္းလိုလိုမွာ ႐ွားေစာင္းလက္ပတ္ကို စိုက္ပ်ိဳးလားတာ ေတြ႕ရပါတယ္။ ႐ွားေစာင္းလက္ပတ္ စိုက္ပ်ိဳးျခင္းက ေနရာအမ်ားႀကီး မကုန္ဘဲ မိမိေနအိမ္အတြင္း စိုက္ပ်ိဳးထားျခင္းျဖင့္ အလွအပ နဲ႔ က်န္းမာေရးအတြက္ အလြန္ပဲ အေထာက္အကူ ျဖစ္ေစပါတယ္။

႐ွားေစာင္းလက္ပတ္ကို ဘယ္လို စိုက္မလဲ?

ေျမကို အတတ္ႏိုင္ဆုံး ဖြ၍ မြေနေလ အပင္ပိုေကာင္းေလျဖစ္ပါတယ္။ သဲဆန္တဲ့ ေျမမွ ႏုံးေျမေတြထိ စိုက္ပ်ိဳးျဖစ္ထြန္းေစပါတယ္။ ႐ွားေစာင္းလက္ပတ္ကို အပင္လိုက္ျဖစ္ေစ၊ အျမစ္၊ အတတ္၊ အေသးေတြကို ဖဲ့ယူၿပီး စိုက္ပ်ိဳးႏိုင္ပါတယ္။

သဲ၊ မီးေသြးခဲ စတာေတြကို ေျမႀကီးထဲေရာၿပီး စိုက္ပ်ိဳးေပးပါ။ ႐ွားေစာင္းလက္ပက္က ေနေရာင္ျခည္ကို အႏွစ္သက္ဆုံးျဖစ္ၿပီး အ႐ြက္ထဲမွာ အသားေတြနဲ႔ ျပည့္ေဖာင္းေနတဲ့အေၾကာင္းရင္းဟာ ေနေရာင္ျခည္လုံလုံေလာက္ေလာက္ ရ႐ွိလို႔ပဲျဖစ္ပါတယ္။ ဒါေပမယ့္ ပ်ိဳးပင္ဘဝအစမွာေတာ့ ျပင္းထန္တဲ့ ေနေရာင္ျခည္ ရဲ႕ဒဏ္ကို မခံႏိုင္ေသးပါဘူး။ ေႏြရာသီတြင္လည္း ေရ မၾကာခဏ ေလာင္းေပးဖို႔ မလိုပါ။

အိုးေလးမ်ားထဲတြင္ စိုက္ၿပီး စႀကၤန္၊ ဝရံတာ ႏွင့္ ေအးတဲ့အခန္းေတြထဲမွာ စိုက္ပ်ိဳးထား႐ွိႏိုင္ပါတယ္။ မိမိ အိပ္ခန္းထဲတြင္ ထား႐ွိေပးပါက အခန္းထဲ႐ွိ အပူမ်ားကို စုပ္ထုပ္ေပးျခင္း၊ ျပင္ပမွလာတဲ့ အေညႇာ္မ်ားကို ဖယ္႐ွာေပးၿပီး ေလထုကို သန္႔စင္ေပးပါတယ္။ ႐ွားေစာင္းလက္ပက္ဟာ ေနရာအမ်ားႀကီး ေပးစရာမလိုဘဲ မိမိေနအိမ္အတြင္း စိုက္ပ်ိဳးႏိုင္တဲ့အပင္ေတြထဲမွ တစ္မ်ိဳးျဖစ္ပါတယ္။

က်န္းမာေရးဆိုင္ရာ ေကာင္းက်ိဳးမ်ား

႐ွားေစာင္းလက္ပတ္ဟာ အမိုက္ႏို အက္စစ္၊ အဆီဓာတ္၊ သက္ေစာင့္ဓာတ္ ႏွင့္ ကိုယ္ခံအားေကာင္းေစၿပီး ႏွလုံးကို ေကာင္းမြန္ေစၿပီး အဆိပ္အေတာက္ ေျပေစပါတယ္။ အေရျပားဆိုင္ရာ ကုထုံးမ်ားအတြက္ အသုံးတည့္ၿပီး အလွကုန္ပစၥည္းေတြမွာ အသုံးျပဳတဲ့ အသုံးဝင္ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။ ဝက္ျခံ၊ တင္းတိတ္ေပ်ာက္၍ ဆီး၊ ဝမ္း၊ ေသြး၊ ေလမွန္ေစၿပီး က်န္းမာ လွပေစပါတယ္။

႐ွားေစာင္းလက္ပတ္ကို ႐ွားေစာင္းလက္ပတ္ယိုစုံ၊ အုန္းတစ္လုံးေဆး၊ ဆီးေဆး၊ ဝမ္းမွန္ေဆး၊ ပန္းနာရင္ၾကပ္ သမားမ်ား၊ အစာအိမ္နာျခင္း ေအာင့္ျခင္းမ်ားအတြက္ အထူးသက္သာ ေပ်ာက္ကင္း ေစတဲ့ေဆး ဆီပူျခင္း၊ မ်က္စိပူျခင္း၊ အပူကန္ျခင္းအတြက္လည္း တကယ့္ေဆးစြမ္း ေကာင္းတလက္ျဖစ္သလို ႐ွားေစာင္း လက္ပတ္ခ်ိဳရည္၊ ေခါင္းေလွ်ာ္ရည္၊စႏိုး၊ ဂ်ယ္စသည့္ က်န္းမာေရးႏွင့္ ကိုက္ညီေသာ လူသုံးကုန္၊ အလွကုန္၊ စားေသာက္ကုန္မ်ားစသည့္ တန္ဖိုးျမႇင့္ထုတ္ကုန္ပစၥည္းမ်ား အမ်ိဳးမ်ိဳးျပဳလုပ္၍ ထုတ္လုပ္လာၾကပါတယ္။

ေပ်ာက္ကင္းႏိုင္ေသာ ေရာဂါမ်ား

မည္သည့္အပင္မွာမွ မပါတဲ့ B12 ကို ႐ွားေစာင္းလက္ပတ္တြင္ ေတြ႕႐ွိရၿပီး က်န္းမာေရးအတြက္ အလြန္ပင္ အေထာက္အကူ ျဖစ္ေစပါတယ္။ ႐ွားေစာင္းလက္ပတ္ရဲ႕ အႏွစ္ကို အသုံးျပဳျခင္းေၾကာင့္ ေအာက္ပါ ေရာဂါမ်ားကို သက္သာေပ်ာက္ကင္းေစပါသည္။

(၁)ဂ်ယ္လီအႏွစ္ကို မ်က္ခြံေပၚ အုပ္ေပးျခင္းျဖင့္ မ်က္စိနာ/ကိုက္၊ ပူ၊ စပ္၊ ယားယံျခင္းမ်ားကို သက္သာေစျခင္း။

(၂)ေဖ်ာ္ရည္(သို႔)ပါးပါးလွီး၍ ဟင္းခ်က္စားျခင္းျဖင့္ ဓမၼတာမွန္ေစၿပီး သားအိမ္သန္႔စင္ေစျခင္း။

(၃)ေရယုန္နာမ်ားကို ဂ်ယ္လီအႏွစ္လိမ္းေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းႏိုင္ျခင္း။

(၄)ေပြး၊ ညႇင္း စတဲ့ အေရျပားေရာဂါမ်ားကို သက္သားေပ်ာက္ကင္းေစျခင္း။

(၅)အစာအိမ္နာျခင္း၊ အစာမေၾကျခင္းမ်ားကို သက္သာေစျခင္း။

(၆)အူမႀကီးကင္ဆာအပါအဝင္၊ ကင္ဆာအက်ိတ္မ်ား ႀကီးထြားမႈကို ရပ္တန္႔ေစျခင္း။

(၇)အစာအိမ္ျပည္တည္နာျခင္း၊ အသည္းေယာင္ျခင္း ၊ အူေယာင္ျခင္း စတဲ့ေရာဂါမ်ားကို ေလ်ာ့က်ေစျခင္း စတဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ားအျပင္ တျခား ဆီးခ်ိဳေရာဂါမ်ားကိုပါ သက္သာေပ်ာက္ကင္းေစပါတယ္။

႐ွားေစာင္းလက္ပတ္ကို သဘာဝပစၥည္းမ်ားျဖစ္ေသာ ပ်ားရည္တို႔ျဖင့္ က်ိဳခ်က္စားပါက အမ်ိဳးသမီးမ်ားအတြက္ အသားအရည္ လွပကာ က်န္းမာဝၿဖိဳးအလွတိုးေစသည့္အျပင္ ေနရာအမ်ားႀကီး ေပးစရာမလိုတာေၾကာင့္ အိမ္တိုင္း စိုက္ပ်ိဳးထားသင့္ေၾကာင္း တိုက္တြန္းႏိႈးေဆာ္လိုက္ပါတယ္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service