ဦးသန့်ကျွန်း (ကမ္ဘာကျော်အထင်ကရ အိမ်ခြံမြေများ)
ဦးသန့်ကျွန်း (ကမ္ဘာကျော်အထင်ကရ အိမ်ခြံမြေများ) - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2020 2:33 pm တွင် တင်ခဲ့သည်
1197 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဆောက်အအုံနှင့် လောင်းအိုင်းလန်းမြို့အကြားတွင် ပေ ၁၀၀ x ၂၀၀ ရှိသော ကျွန်းငယ်ကလေးတစ်ခု တည်ရှိပြီး ဦးသန့်ကျွန်းဟု အမည်ပေးထားသည်။
ရုစဗဲ့ကျွန်း၏ တောင်ဘက်တွင်တည်ရှိပြီး တရားဝင်အားဖြင့် မန်ဟက်တန် ပိုင်နက်တွင် ပါဝင်သည်။
အဆိုပါ ကျွန်းသည် လူဖန်တီးသည့် ကျွန်းတစ်ခုဖြစ်ပြီး ၁၈၀၀ ပြည့်လွန်ကာလများအထိ တည်ရှိသေးခြင်းမရှိချေ။
ယခုနောက်ပိုင်းတွင် ဦးသန့်ကျွန်းကို ငှက်ဘေးမဲ့တောအဖြစ်သတ်မှတ်ထားပြီး အများပြည်သူတို့အား ဝင်ရောက်ကြည့်ရှုခွင့်မပြုချေ။
၁၈၉၀ ပြည့်လွန်ကာလများတွင် East မြစ်၏ အောက်ဘက်မှနေ့၍ မန်ဟက်တန် နှင့် ကွင်းစ်တို့ကို ဆက်သွယ်ပေးမည့် မြေအောက်ဥမင် နှစ်ခု ဖောက်လုပ်ခဲ့ရာ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှ မြေစာများကို ရေအောက်ကျောက်တန်းတစ်ခုပေါ်သို့ စွန့်ပစ်ခဲ့ရာမှ အဆိုပါကျွန်းပေါ်ပေါက်လာခြင်းဖြစ်သည်။
မြေအောက်ဥမင်လမ်းကို ဦးဆောင် ဖောက်လုပ်ခဲ့သူမှာ ဝီလျံစတိန်းဝေးဖြစ်ပြီး စီမံကိန်းမပြီးစီးမီတွင်ပင် ကွယ်လွန်သွားခဲ့ရာ သြဂတ်စ် ဘဲလ်မောင့်ဂျူနီယာက ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ ၎င်းကို အစွဲပြု၍ ဘဲလ်မောင့်ကျွန်းဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ဗုဒ္ဓဘာသာ အကြီးအကဲ သီရိချင်မွိုင်းတို့ ပါဝင်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော Peace Meditation သည် ၁၉၇၇ ခုနှစ်တွင် အဆိုပါ ကျွန်းကို နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးအဖွွှဲ့ထံမှ ငှားရမ်းကာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ အမည်ကို ပြောင်းလဲခဲ့သည်။
သီရိချင်မွိုင်း သည် ဦးသန့်၏ မိတ်ဆွေရင်းဖြစ်၏။ တရားဝင်အမည်မှာ ဘဲလ်မောင့်ကျွန်းဖြစ်သော်လည်း အများခေါ်ဆိုကြသည်မှာ ဦးသန့်ကျွန်းဟုသာ ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ဒေသတွင်း အနုပညာရှင်တစ်ဦးဖြစ်သူ ဂျုဒ် ရီလေက ဦးသန့်ကျွန်းသို့ မိတ်ဆွေတစ်ဦးနှင့်အတူ လှေငယ်ကလေးတစ်ခုဖြင့် သွားရောက်ကြည့်ရှုကာ ဦးသန့်ကျွန်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။
ရီလေတို့နှစ်ဦးက ကျွန်းပေါ်တွင် အလျား ၂၁ ပေရှိသည့် အလံတစ်ခု စိုက်ထူခဲ့ပြီးနောက် အမေရိကန်ကမ်းရိုးစောင့် တပ်ဖွဲ့က သင်္ကာမကင်းဖြစ်သောကြောင့် စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသော်လည်း ဖမ်းဆီးခြင်းမခံခဲ့ကြရ။
ကျွန်းပေါ်ရှိ ကျေးငှက်များနှင့် ကျွန်းဝန်းကျင်ရှိ ရေတိမ်ကျောက်တန်းများကို အကာအကွယ်ပေးရန်အတွက် ကျွန်းပေါ်သို့ အများပြည်သူသွားရောက်ခွင့်ပိတ်ပင်ထားရာ ဦးသန့်ကျွန်းမှာ ငါးဖမ်းသမားတို့ အကြိုက်တွေ့သည့်နေရာတစ်ခု ဖြစ်လာသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ပိုင်းတွင် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ဗုဒ္ဓဘာသာ အကြီးအကဲ သီရိချင်မွိုင်းတို့ ပါဝင်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော Peace Meditation သည် ၁၉၇၇ ခုနှစ်တွင် အဆိုပါ ကျွန်းကို နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးအဖွှဲ့ထံမှ ငှားရမ်းကာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ အမည်ကို ပြောင်းလဲခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service