မက္ကဆီကိုတွင် လူတစ်ဦးမှ မနေထိုင်သည့်နေရာတွင် ဘဏ်ခွဲဖွင့်လှစ်ရာ လူမှုကွန်ရက်တွင်ဂယက်ရိုက်

မက္ကဆီကိုတွင် လူတစ်ဦးမှ မနေထိုင်သည့်နေရာတွင် ဘဏ်ခွဲဖွင့်လှစ်ရာ လူမှုကွန်ရက်တွင်ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
2 Sep 2020 12:30 pm တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မက္ကဆီကိုနိုင်ငံတွင် လူသူတစ်ဦးမှ နေထိုင်ခြင်းမရှိသည့်နေရာတွင် Banco del Bienestar ဘဏ်ခွဲကို ဖွင့်လှစ်ခဲ့ရာ မက္ကဆီကို လူမှုကွန်ရက်တွင် များစွာဂယက်ရိုက်ခဲ့သည်။

လူတို့နေထိုင်ရာနေရာနှင့် လွန်စွာ အလှမ်းကွာသည့်နေရာတွင် Banco del Bienestar ဘဏ်ခွဲကို ဖွင့်လှစ်ရာ အသုံးမဝင်သော အဆောက်အအုံတစ်ခု ဆောက်လုပ်ခဲ့ခြင်းအတွက် မက္ကဆီကို သမ္မတ အန်းဒရက်စ် မန်ညူရယ် လိုပက်ဇ် အိုဘရာဒေါကို အစိုးရငွေများ ဖြုန်းတီးမှုဖြင့် ပြစ်တင်ရှုတ်ချကြသည်။ ဘဏ်ခွဲဆောက်လုပ်ခဲ့သော နေရာမှာ မက္ကဆီကိုနိုင်ငံ၊ Chihuahua ပြည်နယ်တစ်နေရာတွင် ဖြစ်သည်။

သမ္မတ အိုဘာရာဒေါ စီစဉ်ခဲ့သည့် စတုတ္တပြုပြင်ပြောင်းလဲရေးဟူသော စီမံကိန်းအရ အဆိုပါဘဏ်ခွဲကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း တည်နေရာရွေးချယ်မှုမှာ ရှုတ်ချဖွယ်ဖြစ်လာသည်။

Banco del Bienestar ဘဏ်ခွဲ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မာရီယို ဆယ်လ်ဒါနာက RID Noticias သတင်းဌာနသို့ ပြောကြားရာ တွင် မူလက ဘဏ်ခွဲကို Chihuahua ပြည်နယ်၊ Nuevo Casas Grandes ဒေသ၏ အချက်အခြာကျသော နေရာတစ်ခုတွင် ဖွင့်လှစ်ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော် မြို့တော်ဝန် ဟက်တာ မာရီယို ဂါလက်ဇ်က ဘဏ်ခွဲဆောက်လုပ်ရန် မြေကွက်နေရာမပေးနိုင်ဟု ငြင်းဆန်ခဲ့ ကြောင်း၊ သို့အတွက် မက္ကဆီကို စစ်တပ်က လှူဒါန်းသည့် မြေနေရာကို လက်ခံရန်မှအပ ရွေးချယ်စရာ မရှိခဲ့ကြောင်း ပြောကြားသည်။

မိမိတို့အနေဖြင့် အဆောတလျင်စီမံဆောင်ရွက်ခြင်းမရှိပါက ဘဏ်ခွဲဆောက်လုပ်ရေးမှာ စတုတ္ထပြုပြင်ပြောင်းလဲရေး စီမံကိန်း၏ တတိယ (သို့မဟုတ်) စတုတ္ထဆင့်ကာလအထိ စောင့်ဆိုင်းရတော့မည်ဖြစ်ကြောင်း၊ သို့ဆိုလျှင် Nuevo Casas Grandes ဒေသတွင်းမှ ပြည်သူများသည် ဘဏ်ခွဲတစ်ခု၏ ဝန်ဆောင်မှုရရန် လာမည့်နှစ်အထိ စောင့်ဆိုင်းရတော့မည်ဖြစ်ကြောင်းလည်း ဆယ်လ်ဒါနာက ဆက်လက်ပြောကြားသည်။

ယခုဆောက်လုပ်ခဲ့သည့်ဘဏ်ခွဲနေရာမှာ လူတို့နေထိုင်သည့်နေရာမှ မိနစ် ၂၀ ခန့် မော်တော်ကားဖြင့်သွားမှ ရောက်ရှိနိုင်သည့် နေရာတွင် တည်ရှိသည်။

ဘဏ်ခွဲအဆောက်အအုံနှင့် ဘဏ်ရှေ့ရှိ ကားပါကင်နေရာတို့ကို ယခုနှစ်နွေရာသီကတည်းက ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သော်လည်း ပရိဘောဂ၊ ကွန်ပြူတာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ မတွေ့ရရာ ဘဏ်လုပ်ငန်း လည်ပတ်ခြင်းမရှိသေးဟု သုံးသပ်ရသည်။

ဆယ်လ်ဒါနာက ပြောကြားရာတွင် လာမည့် အောက်တိုဘာလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းအပြည့်အဝလည်ပတ်နိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

မော်တော်ကားမရှိသူများအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးလိုင်းဖြင့် လာမည်ဆိုပါက ဘဏ်နှင့် မီတာ ၁၀၀ အကွာအထိ ရောက်ရှိနိုင်ကြောင်းလည်း ဆယ်လ်ဒါနာက ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Popular Bank builds branch in the middle of nowhere (correctng)

[Zawgyi]

မကၠဆီကိုတြင္ လူတစ္ဦးမွ မေနထိုင္သည့္ေနရာတြင္ ဘဏ္ခြဲဖြင့္လွစ္ရာ လူမႈကြန္ရက္တြင္ဂယက္ရိုက္

မကၠဆီကိုႏိုင္ငံတြင္ လူသူတစ္ဦးမွ ေနထုိင္ျခင္းမရွိသည့္ေနရာတြင္ Banco del Bienestar ဘဏ္ခြဲကို ဖြင့္လွစ္ခဲ့ရာ မကၠဆီကို လူမႈကြန္ရက္တြင္ မ်ားစြာဂယက္ရိုက္ခဲ့သည္။

လူတို႔ေနထိုင္ရာေနရာႏွင့္ လြန္စြာ အလွမ္းကြာသည့္ေနရာတြင္ Banco del Bienestar ဘဏ္ခြဲကို ဖြင့္လွစ္ရာ အသံုးမဝင္ေသာ အေဆာက္အအံုတစ္ခု ေဆာက္လုပ္ခဲ့ျခင္းအတြက္ မကၠဆီကို သမၼတ အန္းဒရက္စ္ မန္ညဴရယ္ လိုပက္ဇ္ အိုဘရာေဒါကို အစိုးရေငြမ်ား ျဖဳန္းတီးမႈျဖင့္ ျပစ္တင္ရႈတ္ခ်ၾကသည္။ ဘဏ္ခြဲေဆာက္လုပ္ခဲ့ေသာ ေနရာမွာ မကၠဆီကိုႏိုင္ငံ၊ Chihuahua ျပည္နယ္တစ္ေနရာတြင္ ျဖစ္သည္။

သမၼတ အိုဘာရာေဒါ စီစဥ္ခဲ့သည့္ စတုတၱျပဳျပင္ေျပာင္းလဲေရးဟူေသာ စီမံကိန္းအရ အဆိုပါဘဏ္ခြဲကို ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ေသာ္လည္း တည္ေနရာေရြးခ်ယ္မႈမွာ ရႈတ္ခ်ဖြယ္ျဖစ္လာသည္။

Banco del Bienestar ဘဏ္ခြဲ၏ ကိုယ္စားလွယ္တစ္ဦးျဖစ္သူ မာရီယို ဆယ္လ္ဒါနာက RID Noticias သတင္းဌာနသို႔ ေျပာၾကားရာ တြင္ မူလက ဘဏ္ခြဲကို Chihuahua ျပည္နယ္၊ Nuevo Casas Grandes ေဒသ၏ အခ်က္အျခာက်ေသာ ေနရာတစ္ခုတြင္ ဖြင့္လွစ္ရန္ စီစဥ္ခဲ့ေၾကာင္း၊ သို႔ေသာ္ ျမိဳ ႔ေတာ္ဝန္ ဟက္တာ မာရီယို ဂါလက္ဇ္က ဘဏ္ခြဲေဆာက္လုပ္ရန္ ေျမကြက္ေနရာမေပးႏိုင္ဟု ျငင္းဆန္ခဲ့ ေၾကာင္း၊ သို႔အတြက္ မကၠဆီကို စစ္တပ္က လွဴဒါန္းသည့္ ေျမေနရာကို လက္ခံရန္မွအပ ေရြးခ်ယ္စရာ မရွိခဲ့ေၾကာင္း ေျပာၾကားသည္။

မိမိတို႔အေနျဖင့္ အေဆာတလ်င္စီမံေဆာင္ရြက္ျခင္းမရွိပါက ဘဏ္ခြဲေဆာက္လုပ္ေရးမွာ စတုတၳျပဳျပင္ေျပာင္းလဲေရး စီမံကိန္း၏ တတိယ (သို႔မဟုတ္) စတုတၳဆင့္ကာလအထိ ေစာင့္ဆိုင္းရေတာ့မည္ျဖစ္ေၾကာင္း၊ သို႔ဆိုလွ်င္ Nuevo Casas Grandes ေဒသတြင္းမွ ျပည္သူမ်ားသည္ ဘဏ္ခြဲတစ္ခု၏ ဝန္ေဆာင္မႈရရန္ လာမည့္ႏွစ္အထိ ေစာင့္ဆိုင္းရေတာ့မည္ျဖစ္ေၾကာင္းလည္း ဆယ္လ္ဒါနာက ဆက္လက္ေျပာၾကားသည္။

ယခုေဆာက္လုပ္ခဲ့သည့္ဘဏ္ခြဲေနရာမွာ လူတို႔ေနထုိင္သည့္ေနရာမွ မိနစ္ ၂၀ ခန္႔ ေမာ္ေတာ္ကားျဖင့္သြားမွ ေရာက္ရွိႏိုင္သည့္ ေနရာတြင္ တည္ရွိသည္။

ဘဏ္ခြဲအေဆာက္အအံုႏွင့္ ဘဏ္ေရွ ႔ရွိ ကားပါကင္ေနရာတို႔ကို ယခုႏွစ္ေႏြရာသီကတည္းက ေဆာက္လုပ္ျပီးစီးခဲ့ျပီျဖစ္ေသာ္လည္း ပရိေဘာဂ၊ ကြန္ျပဴတာမ်ားႏွင့္ အျခားအသံုးအေဆာင္ပစၥည္းမ်ား မေတြ႔ရရာ ဘဏ္လုပ္ငန္း လည္ပတ္ျခင္းမရွိေသးဟု သံုးသပ္ရသည္။

ဆယ္လ္ဒါနာက ေျပာၾကားရာတြင္ လာမည့္ ေအာက္တိုဘာလဆန္းပိုင္းတြင္ ဘဏ္လုပ္ငန္းအျပည့္အဝလည္ပတ္ႏိုင္ဖြယ္ရွိသည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားသည္။

ေမာ္ေတာ္ကားမရွိသူမ်ားအေနျဖင့္လည္း အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလိုင္းျဖင့္ လာမည္ဆိုပါက ဘဏ္ႏွင့္ မီတာ ၁၀၀ အကြာအထိ ေရာက္ရွိႏိုင္ေၾကာင္းလည္း ဆယ္လ္ဒါနာက ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Popular Bank builds branch in the middle of nowhere (correctng)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service