အောင်မြင်သူတစ်ဦးဖြစ်လာစေမည့် နည်းလမ်း ၁၀ ရပ် ဟောင်ကောင်အချမ်းသာဆုံး သူဌေးကြီးလီကာရှင်း ဖွင့်ဟပြောကြား

အောင်မြင်သူတစ်ဦးဖြစ်လာစေမည့် နည်းလမ်း ၁၀ ရပ် ဟောင်ကောင်အချမ်းသာဆုံး သူဌေးကြီးလီကာရှင်း ဖွင့်ဟပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2020 5:09 pm တွင် တင်ခဲ့သည်
2501 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဟောင်ကောင်၏ အချမ်းသာဆုံးဖြစ်သော လီကာရှင်းက ၎င်းကို အောင်မြင်သူတစ်ဦးဖြစ်လာစေသည့် နည်းလမ်း ၁၀ ရပ်ကို ထုတ်ဖော်ပြောကြားလိုက်ရာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မေးမြန်းသူ။ ။ “မစ္စတာလီခင်ဗျာ၊ လူကြီးမင်းရဲ့ အောင်မြင်မှုမှာ ကံကောင်းမှု ဘယ်လောက်ပါပါသလဲ”

နည်းလမ်း-၁။ အလုပ်မှာ အာရုံစိုက်ပါ

“၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော်ဟာ Man of the year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဟောင်ကောင်က ရုပ်သံသတင်းသမားတစ်ယောက်က ကျွန်တော့်ကို တွေ့ဆုံမေးမြန်းခဲ့ဖူးတာလေးတစ်ခု ကျွန်တော်မှတ်မိနေသေးတယ်”

“အချိန်ကာလက သူရဲကောင်းများကို မွေးဖွားပေးသည်ဟူသည့်အချက်ကို ကျွန်တော်မငြင်းလိုပါ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောလိုပါတယ်။ ကျွန်တော်လုပ်ငန်းတွေ စလုပ်ခဲ့တုန်းက ကံကောင်းမှုအပေါ်မှာ လုံးဝအားမကိုးခဲ့ပါဘူး။ ကျွန်တော်အားကိုးခဲ့တာက အလုပ်ကြိုးစားမှုနဲ့ ငွေရှာနိုင်စွမ်း အရည်အချင်းတွေအပေါ်မှာပဲ အားကိုးခဲ့တယ်။ လုပ်ငန်းအပေါ် အာရုံစိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ အကောင်းဆုံးလုပ်နိုင်လာမှာ မလွဲပါဘူး”

နည်းလမ်း-၂။ ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ ခံစားချက် ဝန်ထမ်းတွေကို ပေးပါ

“မိသားစုလုပ်ငန်းနဲ့ လုပ်ငန်းသေးလေးတွေမှာတော့ ခင်ဗျားအနေနဲ့ အရာရာကို ကိုယ်ကြိုက်သလို လုပ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ကြီးလာပြီဆိုရင်တော့ ခင်ဗျားရဲ့ ဝန်ထမ်းတွေကို ငါတိို့လည်း ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ ခံစားချက်ပေးဖို့ လိုလာပါပြီ။ ဒါက အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ ထိပ်တန်းဝန်ထမ်းတွေဆိုရင် ဒီအချက်ကြောင့်ပဲ ကျွန်တော်နဲ့ တစ်သားတည်းလို ဖြစ်နေကြတယ်။”

နည်းလမ်း-၃။ ငွေကို အချည်းနှီးမဖြစ်ပါစေနှင့်

“မနက်ခင်း တစ်ခုမှာပေါ့။ ကျွန်တော့်အိပ်ကပ်ထဲက ကားသော့ကို ထုတ်လိုက်တုန်း မတော်တဆ ၂ ဒေါ်လာတန် အကြွေစေ့ ပြုတ်ကျသွားပြီး ကားအောက်ကို လိမ့်ဝင်သွားတယ်။ ကားထွက်သွားတာနဲ့ ဒီအကြွေစေ့က မြေအောက်ရေပိုက်လိုင်းထဲ လိမ့်ဝင်သွားတော့မှာပါ။ ဒါနဲ့ ဒီအကြွေစေ့ မဆုံးချင်တာနဲ့ ကားအောက်ကို တွားဝင်ပြီး အကြွေစေ့ကို ပြန်ယူဖို့ လုပ်ပါတယ်။ အစောင့်က ဒါကိုမြင်တော့ ကျွန်တော့်ဆီလာပြီး မေးပါတယ်…မစ္စတာလီ ဘာဖြစ်လို့လဲခင်ဗျ..တဲ့။ ကျွန်တော်က အကြွေစေ့ကျသွားတာပြောတော့ သူက ကားအောက်ဝင်ယူပေးပါတယ်။ အကြွေစေ့ ပြန်ရတော့ ကျွန်တော်သူ့ကို ဒေါ်လာတစ်ရာ ဆုချလိုက်တယ်။ ဘာလို့ ကျွန်တော် ဒီလိုလုပ်ခဲ့လဲ။ အကြွေစေ့ကို ကျွန်တော် မကောက်ခဲ့ဘူးဆိုရင် ဒီပိုက်ဆံကို မြေအောက်ပိုက်လိုင်းထဲကျပြီး ထာဝရဆုံးရှုံးသွားတော့မှာပါ။ အစောင့်ကို ပေးလိုက်တဲ့ ဒေါ်လာ ၁၀၀ ကတော့ မဆုံးရှုံးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီငွေကို သူအသုံးပြုလို့ ရပါတယ်။ ဒီကမ္ဘာကြီးမှာ ငွေဆိုတာ အသုံးပြုဖို့ပါ။ အချည်းနှီးဖြစ်သွားဖို့ မဟုတ်ပါဘူး”

နည်းလမ်း-၄။ ဗဟုသုတ ရှာမှီးပါ

“အသက် ၁၂ နှစ်အရွယ်မှာ ကျွန်တော် အလုပ်သင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၅ နှစ်သားမှာ မိသားစုတစ်ခုလုံးကို ပံ့ပိုးပေးနိုင်နေပါပြီ။ အတန်းပညာရေးမရှိခဲ့တော့ အလုပ်ကို အပြင်းအထန်ကြိုးစားပြီး ဗဟုသုတရှာမှီးရမယ်ဆိုတာ ကျွန်တော် အလေးအနက် သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော့်မှာ ငွေပိုငွေလျှံရှိတဲ့အခါတိုင်း စာအုပ်ဟောင်းတွေ ဝယ်ပါတယ်။ ပြီးရင် ကြေညက်တဲ့အထိ ဖတ်ပြီး ပြန်ရောင်းပါတယ်။ ပြန်ရောင်းလို့ရတဲ့ငွေနဲ့ စာအုပ်တွေ ပြန်ဝယ်ပါတယ်။ ဒီနေ့အထိ ညတိုင်း အိပ်ယာမဝင်မီမှာ ကျွန်တော် စာတွေဖတ်နေဆဲပါ။ ဗဟုသုတများတာက လူတစ်ယောက်ချမ်းသာကြွယ်ဝလာစေမယ်လို့ အာမခံချက်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဗဟုသုတရှိတဲ့သူအတွက် အခွင့်အလမ်းတွေ ပိုပြီးလမ်းပွင့်လာတယ်။ အခွင့်အလမ်းတွေ မြင်လာစေပါတယ်”

နည်းလမ်း-၅။ မဟာဗျူဟာချပါ

“ကျွန်တော်ဟာ အလုပ်လုပ်ရာမှာ ထိရောက်မှုကို လိုလားတယ်ဆိုတာ ကျွန်တော့်ရဲ့ ထိပ်ပိုင်းဝန်ထမ်းတွေအားလုံး သိကြပါတယ်။ အစည်းအဝေးတစ်ခု မစမီမှာပဲ ဘာတွေလာမယ်ဆိုတာ သူတို့သိနေသလို ကျွန်တော်ကလည်း သူတို့ဘာတွေလုပ်ပြီးပြီဆိုတာ သိပါတယ်။ တချို့သူတွေကတော့ ဘယ်လိုဆင်ခြေပေးရမလဲဆိုတာပဲ သိကြပြီး သူတို့ရဲ့ ပြဿနာတွေကို ခင်ဗျားကပဲ ကူညီဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်နေလေ့ရှိကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့သာ အားလုံးပြင်ဆင်ပြီး ဖြစ်မယ်ဆိုရင် အကောင်းဆုံးအကြံပေးချက်ကို သူတို့ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ခင်ဗျားဟာ လက်နက်ကိုင်တပ်ဖွဲ့မှာဆိုရင် ကာကွယ်ရေးဦးစီးချုပ်ပါပဲ။ စက်သေနတ်ပစ် စစ်သည်ထက် ခင်ဗျားပိုကောင်းအောင် မပစ်နိုင်သလို လက်နက်ကြီးတပ်ဖွဲ့က စစ်သည်လောက်လည်း အမြှောက်ပစ် မကျွမ်းနိုင်ဘူး။ ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ခင်ဗျားအလုပ်က ဒါတွေလုပ်ဖို့မဟုတ်ပါဘူး။ ခင်ဗျားအလုပ်က မဟာဗျူဟာချဖို့ပါ။ အဖွဲ့အစည်းတစ်ခုအတွက် မဟာဗျူဟာက သိပ်အရေးကြီးပါတယ်”

နည်းလမ်း-၆။ အကျပ်ဆိုက်နိုင်သည့် ကာလများအတွက် ကြိုတင်ပြင်ဆင်ထားပါ

“အခက်အခဲ၊ အကျပ်အတည်းကြုံနိုင်တဲ့ ကာလတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက စတော့ဈေးကွက်၊ အိမ်ခြံမြေဈေးကွက်နဲ့ အထွေထွေစီးပွားရေးတွေ တန့်နေချိန်မှာ ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ခဲ့တဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိခဲ့လို့ပါပဲ”

နည်းလမ်း-၇။ တိုးတက်ဖို့ ဝီရိယစိုက်ပါ

“ကျွန်တော် ငယ်စဉ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ ဘဝင်တစ်မျိုးရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းအပေါင်းအဖော်တွေ ဆော့ကစားချိန်မှာ ကျွန်တော်က ဗဟုသုတပဲ ရှာမှီးချင်နေခဲ့တယ်။ ကျွန်တော်အပါအဝင် သူငယ်ချင်းတွေဟာ အတန်းပညာနိမ့်ပါးကြပါတယ်။ အချိန်ကာလတွေကြာမြင့်လာတာနဲ့အမျှ သူတို့တွေဟာ မပြောင်းမလဲရှိနေပြီး ကျွန်တော်ကတော့ ဗဟုသုတတွေ အရမ်းတိုးပွားလာခဲ့တယ်။ လုပ်တာကတော့ ဒီအလုပ်ပဲ။ ဒါပေမယ့် ကျွန်တော်က တိုးတက်ဖို့အတွက် တစ်ချိန်လုံး ဝီရိယစိုက်နေခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်စီးပွားရေးလုပ်မယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်ရှိနေရင် တစ်နေ့ကျ ကျရှုံးလိမ့်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကုမ္ပဏီနာမည်ကို ချုံကောင်းလို့ အမည်ပေးခဲ့ပါတယ်။ ယန်စီမြစ်လို့ အမည်မပေးဘဲ သူ့ရဲ့မြစ်လက်တက်အမည်ပဲ ပေးခဲ့တာပါ။ မြစ်ငယ်၊ ချောင်းငယ်တွေက ရေတွေစီးဝင်မှုမရှိဘဲ ယန်စီမြစ်ကြီး ဖြစ်မလာနိုင်ပါဘူး ”

နည်းလမ်း-၈။ ငွေတစ်မျက်နှာတည်း မကြည့်ပါနဲ့

ငွေတွေ အများကြီးရမယ့်အလုပ်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ငွေရဲ့ ဟိုဘက်မှာကို ကျော်လွန်ပြီးကြည့်နိုင်စွမ်းရှိရပါမယ်။ ကျွန်တော်တို့ရဲ့ သိက္ခာတရားကို ထိန်းထားနိုင်သမျှကာလပတ်လုံး ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာပါ။

နည်းလမ်း-၉။ မူဝါဒအတွက် တိုက်ပွဲဝင်ပါ

“စီးပွားရေးအပြင် ကျွန်တော်ဘာတွေလုပ်သေးလဲ။ ဟောင်ကောင်သားတစ်ယောက်အနေနဲ့ ဟောင်ကောင်အတွက် လုပ်စရာတွေ အများကြီး ကျွန်တော့်မှာရှိနေပါတယ်။ ကျွန်တော့်မှာ မူဝါဒတွေ အများကြီးရှိပါတယ်။ နံပါတ် ၁- တရားဝင်အတည်ပြုဖို့ မလိုအပ်တဲ့ ဓနနဲ့ ငွေပေးချေမှုဆိုင်ရာ လွတ်လွတ်လပ်လပ် လွှဲပြောင်းမှုတွေကို ခွင့်ပြုတဲ့ လွတ်လပ်တဲ့စီးပွားရေးပုံစံရှိဖို့။ နံပါတ် ၂- လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့်ရှိဖို့၊ (ဒီအချက်အပေါ် ကျွန်တော်အထူးအလေးအနက်ထားပါတယ်)။ နံပါတ် ၃ - အမြဲတမ်းနေထိုင်ခွင့်ပေးတဲ့ပုံစံ

နည်းလမ်း- ၁၀။ ကမ္ဘာကြီးကို ကောင်းကျိုးပြုပါ

“ကျွန်တော့်ဘဝဟာ အခြားသူအများစုရဲ့ ဘဝတွေနဲ့ တစ်မျိုးတစ်ဖုံ ကွဲပြားပါတယ်။ ကျွန်တော့်မှာ ကလေးဘဝဆိုတာ မရှိခဲ့ဘူး။ အသက် ၁၀ နှစ်အရွယ်မှာ စစ်ကြီးဖြစ်တော့ တစ်ချိန်လုံး ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ ရောက်သွားတယ်။ အရင်ဆုံးကြိုးစားရတာက နေစရာရှိဖို့၊ ပြီးတော့ အလုပ်အကိုင်အတွက်ပေါ့။ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက် အမြဲတွေးမိတာက ကလေးဘဝမှာ ဆုံးရှုံးခဲ့ရမှုမျိုးတွေကို (တခြားသူတွေ မကြုံရအောင်) ကြိုးစားပေးဖို့ပါ။ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုးတွေလို နယ်ပယ်တွေမှာ ကျွန်တော်ဘာလုပ်ပေးနိုင်မလဲဆိုတာ အမြဲတွေးပါတယ်။ ကျွန်တော်ကြီးပြင်းခဲ့ရာဒေသကို သားတွေနဲ့အတူ နွေရာသီတစ်ခုမှာ ရောက်သွားပါတယ်။ အရာရာအရင်အတိုင်း မပြောင်းမလဲတည်ရှိနေပါတယ်။ နောင်နှစ်ပေါင်း ရာထောင်ကြာရင်လည်း ဒီဝန်းကျင်တောတောင်ရေမြေတွေက ဒီအတိုင်းရှိနေဦးမှာပါ။ အခုရှင်သန်နေတဲ့သူတွေက အဲဒီအချိန်ကျရင် ရှိမှာ မဟုတ်တော့ပါဘူး။ ဘဝဆိုတာ အလွန်တိုတောင်းတဲ့ ခရီးတစ်ခုမျှသာဖြစ်ပါတယ်။ ကမ္ဘာမြေကြီးအတွက် မျိုးစေ့ကောင်းတွေချပေးတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပါပဲ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

[Zawgyi]

ေအာင္ျမင္သူတစ္ဦးျဖစ္လာေစမည့္ နည္းလမ္း ၁၀ ရပ္ ေဟာင္ေကာင္အခ်မ္းသာဆံုး သူေဌးၾကီးလီကာရွင္း ဖြင့္ဟေျပာၾကား

ေဟာင္ေကာင္၏ အခ်မ္းသာဆံုးျဖစ္ေသာ လီကာရွင္းက ၎ကို ေအာင္ျမင္သူတစ္ဦးျဖစ္လာေစသည့္ နည္းလမ္း ၁၀ ရပ္ကို ထုတ္ေဖာ္ေျပာၾကားလိုက္ရာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

ေမးျမန္းသူ။ ။ “မစၥတာလီခင္ဗ်ာ၊ လူၾကီးမင္းရဲ႕ ေအာင္ျမင္မႈမွာ ကံေကာင္းမႈ ဘယ္ေလာက္ပါပါသလဲ”

နည္းလမ္း-၁။ အလုပ္မွာ အာရံုစိုက္ပါ

“၁၉၈၀ ျပည့္လြန္ႏွစ္ေတြတုန္းက ကၽြန္ေတာ္ဟာ Man of the year အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ေဟာင္ေကာင္က ရုပ္သံသတင္းသမားတစ္ေယာက္က ကၽြန္ေတာ့္ကို ေတြ႔ဆံုေမးျမန္းခဲ့ဖူးတာေလးတစ္ခု ကၽြန္ေတာ္မွတ္မိေနေသးတယ္”

“အခ်ိန္ကာလက သူရဲေကာင္းမ်ားကို ေမြးဖြားေပးသည္ဟူသည့္အခ်က္ကို ကၽြန္ေတာ္မျငင္းလိုပါ။ ဒါေပမယ့္ ပြင့္ပြင့္လင္းလင္းေျပာလိုပါတယ္။ ကၽြန္ေတာ္လုပ္ငန္းေတြ စလုပ္ခဲ့တုန္းက ကံေကာင္းမႈအေပၚမွာ လံုးဝအားမကိုးခဲ့ပါဘူး။ ကၽြန္ေတာ္အားကိုးခဲ့တာက အလုပ္ၾကိဳးစားမႈနဲ႔ ေငြရွာႏိုင္စြမ္း အရည္အခ်င္းေတြအေပၚမွာပဲ အားကိုးခဲ့တယ္။ လုပ္ငန္းအေပၚ အာရံုစိုက္မယ္ဆိုရင္ တျဖည္းျဖည္းနဲ႔ အေကာင္းဆံုးလုပ္ႏိုင္လာမွာ မလြဲပါဘူး”

နည္းလမ္း-၂။ ပိုင္ဆိုင္မႈရွိတယ္ဆိုတဲ့ ခံစားခ်က္ ဝန္ထမ္းေတြကို ေပးပါ

“မိသားစုလုပ္ငန္းနဲ႔ လုပ္ငန္းေသးေလးေတြမွာေတာ့ ခင္ဗ်ားအေနနဲ႔ အရာရာကို ကိုယ္ၾကိဳက္သလို လုပ္လို႔ရႏိုင္ပါတယ္။ ဒါေပမယ့္ ကုမၸဏီ ၾကီးလာျပီဆိုရင္ေတာ့ ခင္ဗ်ားရဲ႕ ဝန္ထမ္းေတြကို ငါတိုိ႔လည္း ပိုင္ဆိုင္မႈရွိတယ္ဆိုတဲ့ ခံစားခ်က္ေပးဖို႔ လိုလာပါျပီ။ ဒါက အရမ္းအေရးၾကီးပါတယ္။ ကၽြန္ေတာ့္ရဲ႕ ထိပ္တန္းဝန္ထမ္းေတြဆိုရင္ ဒီအခ်က္ေၾကာင့္ပဲ ကၽြန္ေတာ္နဲ႔ တစ္သားတည္းလို ျဖစ္ေနၾကတယ္။”

နည္းလမ္း-၃။ ေငြကို အခ်ည္းႏွီးမျဖစ္ပါေစႏွင့္

“မနက္ခင္း တစ္ခုမွာေပါ့။ ကၽြန္ေတာ့္အိပ္ကပ္ထဲက ကားေသာ့ကို ထုတ္လုိက္တုန္း မေတာ္တဆ ၂ ေဒၚလာတန္ အေၾကြေစ့ ျပဳတ္က်သြားျပီး ကားေအာက္ကို လိမ့္ဝင္သြားတယ္။ ကားထြက္သြားတာနဲ႔ ဒီအေၾကြေစ့က ေျမေအာက္ေရပိုက္လိုင္းထဲ လိမ့္ဝင္သြားေတာ့မွာပါ။ ဒါနဲ႔ ဒီအေၾကြေစ့ မဆံုးခ်င္တာနဲ႔ ကားေအာက္ကို တြားဝင္ျပီး အေၾကြေစ့ကို ျပန္ယူဖို႔ လုပ္ပါတယ္။ အေစာင့္က ဒါကိုျမင္ေတာ့ ကၽြန္ေတာ့္ဆီလာျပီး ေမးပါတယ္…မစၥတာလီ ဘာျဖစ္လို႔လဲခင္ဗ်..တဲ့။ ကၽြန္ေတာ္က အေၾကြေစ့က်သြားတာေျပာေတာ့ သူက ကားေအာက္ဝင္ယူေပးပါတယ္။ အေၾကြေစ့ ျပန္ရေတာ့ ကၽြန္ေတာ္သူ႔ကို ေဒၚလာတစ္ရာ ဆုခ်လိုက္တယ္။ ဘာလို႔ ကၽြန္ေတာ္ ဒီလိုလုပ္ခဲ့လဲ။ အေၾကြေစ့ကို ကၽြန္ေတာ္ မေကာက္ခဲ့ဘူးဆိုရင္ ဒီပိုက္ဆံကို ေျမေအာက္ပိုက္လိုင္းထဲက်ျပီး ထာဝရဆံုးရံႈးသြားေတာ့မွာပါ။ အေစာင့္ကို ေပးလိုက္တဲ့ ေဒၚလာ ၁၀၀ ကေတာ့ မဆံုးရံႈးႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေငြကို သူအသံုးျပဳလို႔ ရပါတယ္။ ဒီကမၻာၾကီးမွာ ေငြဆိုတာ အသံုးျပဳဖို႔ပါ။ အခ်ည္းႏွီးျဖစ္သြားဖို႔ မဟုတ္ပါဘူး”

နည္းလမ္း-၄။ ဗဟုသုတ ရွာမွီးပါ

“အသက္ ၁၂ ႏွစ္အရြယ္မွာ ကၽြန္ေတာ္ အလုပ္သင္တစ္ဦး ျဖစ္ခဲ့ပါတယ္။ ၁၅ ႏွစ္သားမွာ မိသားစုတစ္ခုလံုးကို ပံ့ပိုးေပးႏိုင္ေနပါျပီ။ အတန္းပညာေရးမရွိခဲ့ေတာ့ အလုပ္ကို အျပင္းအထန္ၾကိဳးစားျပီး ဗဟုသုတရွာမွီးရမယ္ဆိုတာ ကၽြန္ေတာ္ အေလးအနက္ သေဘာေပါက္ခဲ့ပါတယ္။ ကၽြန္ေတာ့္မွာ ေငြပိုေငြလွ်ံရွိတဲ့အခါတိုင္း စာအုပ္ေဟာင္းေတြ ဝယ္ပါတယ္။ ျပီးရင္ ေၾကညက္တဲ့အထိ ဖတ္ျပီး ျပန္ေရာင္းပါတယ္။ ျပန္ေရာင္းလို႔ရတဲ့ေငြနဲ႔ စာအုပ္ေတြ ျပန္ဝယ္ပါတယ္။ ဒီေန႔အထိ ညတိုင္း အိပ္ယာမဝင္မီမွာ ကၽြန္ေတာ္ စာေတြဖတ္ေနဆဲပါ။ ဗဟုသုတမ်ားတာက လူတစ္ေယာက္ခ်မ္းသာၾကြယ္ဝလာေစမယ္လို႔ အာမခံခ်က္ေပးတာမ်ဳိးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဗဟုသုတရွိတဲ့သူအတြက္ အခြင့္အလမ္းေတြ ပိုျပီးလမ္းပြင့္လာတယ္။ အခြင့္အလမ္းေတြ ျမင္လာေစပါတယ္”

နည္းလမ္း-၅။ မဟာဗ်ဴဟာခ်ပါ

“ကၽြန္ေတာ္ဟာ အလုပ္လုပ္ရာမွာ ထိေရာက္မႈကို လိုလားတယ္ဆိုတာ ကၽြန္ေတာ့္ရဲ႕ ထိပ္ပိုင္းဝန္ထမ္းေတြအားလံုး သိၾကပါတယ္။ အစည္းအေဝးတစ္ခု မစမီမွာပဲ ဘာေတြလာမယ္ဆိုတာ သူတို႔သိေနသလို ကၽြန္ေတာ္ကလည္း သူတို႔ဘာေတြလုပ္ျပီးျပီဆိုတာ သိပါတယ္။ တခ်ဳိ႕သူေတြကေတာ့ ဘယ္လိုဆင္ေျခေပးရမလဲဆိုတာပဲ သိၾကျပီး သူတို႔ရဲ႕ ျပႆနာေတြကို ခင္ဗ်ားကပဲ ကူညီေျဖရွင္းေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေလ့ရွိၾကတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ သူတို႔သာ အားလံုးျပင္ဆင္ျပီး ျဖစ္မယ္ဆိုရင္ အေကာင္းဆံုးအၾကံေပးခ်က္ကို သူတို႔ေပးႏိုင္ၾကမွာ ျဖစ္ပါတယ္။ ရွင္းေအာင္ေျပာရရင္ ခင္ဗ်ားဟာ လက္နက္ကိုင္တပ္ဖြဲ႔မွာဆိုရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ပါပဲ။ စက္ေသနတ္ပစ္ စစ္သည္ထက္ ခင္ဗ်ားပိုေကာင္းေအာင္ မပစ္ႏိုင္သလို လက္နက္ၾကီးတပ္ဖြဲ႔က စစ္သည္ေလာက္လည္း အေျမွာက္ပစ္ မကၽြမ္းႏိုင္ဘူး။ ဒါေပမယ့္ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တဲ့ခင္ဗ်ားအလုပ္က ဒါေတြလုပ္ဖို႔မဟုတ္ပါဘူး။ ခင္ဗ်ားအလုပ္က မဟာဗ်ဴဟာခ်ဖို႔ပါ။ အဖြဲ႔အစည္းတစ္ခုအတြက္ မဟာဗ်ဴဟာက သိပ္အေရးၾကီးပါတယ္”

နည္းလမ္း-၆။ အက်ပ္ဆိုက္ႏိုင္သည့္ ကာလမ်ားအတြက္ ၾကိဳတင္ျပင္ဆင္ထားပါ

“အခက္အခဲ၊ အက်ပ္အတည္းၾကံဳႏိုင္တဲ့ ကာလေတြအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားရမွာ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက စေတာ့ေစ်းကြက္၊ အိမ္ျခံေျမေစ်းကြက္နဲ႔ အေထြေထြစီးပြားေရးေတြ တန္႔ေနခ်ိန္မွာ ကၽြန္ေတာ္တို႔ဟာ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ျမွင့္တင္ခဲ့ပါတယ္။ ဒီလိုလုပ္ႏိုင္ခဲ့တဲ့ အေၾကာင္းရင္းတစ္ခုက ကၽြန္ေတာ္တို႔မွာ ၾကိဳတင္ျပင္ဆင္ထားမႈေတြ ရွိခဲ့လို႔ပါပဲ”

နည္းလမ္း-၇။ တိုးတက္ဖို႔ ဝီရိယစိုက္ပါ

“ကၽြန္ေတာ္ ငယ္စဥ္က ကိုယ့္ကိုယ္ကိုယ္ အထင္ၾကီးတဲ့ ဘဝင္တစ္မ်ဳိးရွိခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူငယ္ခ်င္းအေပါင္းအေဖာ္ေတြ ေဆာ့ကစားခ်ိန္မွာ ကၽြန္ေတာ္က ဗဟုသုတပဲ ရွာမွီးခ်င္ေနခဲ့တယ္။ ကၽြန္ေတာ္အပါအဝင္ သူငယ္ခ်င္းေတြဟာ အတန္းပညာနိမ့္ပါးၾကပါတယ္။ အခ်ိန္ကာလေတြၾကာျမင့္လာတာနဲ႔အမွ် သူတို႔ေတြဟာ မေျပာင္းမလဲရွိေနျပီး ကၽြန္ေတာ္ကေတာ့ ဗဟုသုတေတြ အရမ္းတိုးပြားလာခဲ့တယ္။ လုပ္တာကေတာ့ ဒီအလုပ္ပဲ။ ဒါေပမယ့္ ကၽြန္ေတာ္က တိုးတက္ဖို႔အတြက္ တစ္ခ်ိန္လံုး ဝီရိယစိုက္ေနခဲ့တယ္။ ဒီလိုနဲ႔ ကၽြန္ေတာ္စီးပြားေရးလုပ္မယ္ဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ အထင္ၾကီးစိတ္ရွိေနရင္ တစ္ေန႔က် က်ရံႈးလိမ့္မယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္သတိေပးခဲ့ပါတယ္။ ျပီးေတာ့ ကၽြန္ေတာ့္ကုမၸဏီနာမည္ကို ခ်ံဳေကာင္းလို႔ အမည္ေပးခဲ့ပါတယ္။ ယန္စီျမစ္လို႔ အမည္မေပးဘဲ သူ႔ရဲ႕ျမစ္လက္တက္အမည္ပဲ ေပးခဲ့တာပါ။ ျမစ္ငယ္၊ ေခ်ာင္းငယ္ေတြက ေရေတြစီးဝင္မႈမရွိဘဲ ယန္စီျမစ္ၾကီး ျဖစ္မလာႏိုင္ပါဘူး ”

နည္းလမ္း-၈။ ေငြတစ္မ်က္ႏွာတည္း မၾကည့္ပါနဲ႔

ေငြေတြ အမ်ားၾကီးရမယ့္အလုပ္ေတြ အမ်ားအျပားရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္လုပ္မွာ မဟုတ္ပါဘူး။ လူတစ္ေယာက္ဟာ ေငြရဲ႕ ဟိုဘက္မွာကို ေက်ာ္လြန္ျပီးၾကည့္ႏိုင္စြမ္းရွိရပါမယ္။ ကၽြန္ေတာ္တို႔ရဲ႕ သိကၡာတရားကို ထိန္းထားႏိုင္သမွ်ကာလပတ္လံုး ဘဝဟာ ပိုျပီးအဓိပၸာယ္ရွိလာမွာပါ။

နည္းလမ္း-၉။ မူဝါဒအတြက္ တိုက္ပြဲဝင္ပါ

“စီးပြားေရးအျပင္ ကၽြန္ေတာ္ဘာေတြလုပ္ေသးလဲ။ ေဟာင္ေကာင္သားတစ္ေယာက္အေနနဲ႔ ေဟာင္ေကာင္အတြက္ လုပ္စရာေတြ အမ်ားၾကီး ကၽြန္ေတာ့္မွာရွိေနပါတယ္။ ကၽြန္ေတာ့္မွာ မူဝါဒေတြ အမ်ားၾကီးရွိပါတယ္။ နံပါတ္ ၁- တရားဝင္အတည္ျပဳဖို႔ မလိုအပ္တဲ့ ဓနနဲ႔ ေငြေပးေခ်မႈဆိုင္ရာ လြတ္လြတ္လပ္လပ္ လႊဲေျပာင္းမႈေတြကို ခြင့္ျပဳတဲ့ လြတ္လပ္တဲ့စီးပြားေရးပံုစံရွိဖို႔။ နံပါတ္ ၂- လြတ္လပ္စြာ ေရႊ႕ေျပာင္းသြားလာႏိုင္ခြင့္ရွိဖို႔၊ (ဒီအခ်က္အေပၚ ကၽြန္ေတာ္အထူးအေလးအနက္ထားပါတယ္)။ နံပါတ္ ၃ - အျမဲတမ္းေနထိုင္ခြင့္ေပးတဲ့ပံုစံ

နည္းလမ္း- ၁၀။ ကမၻာၾကီးကို ေကာင္းက်ဳိးျပဳပါ

“ကၽြန္ေတာ့္ဘဝဟာ အျခားသူအမ်ားစုရဲ႕ ဘဝေတြနဲ႔ တစ္မ်ဳိးတစ္ဖံု ကြဲျပားပါတယ္။ ကၽြန္ေတာ့္မွာ ကေလးဘဝဆိုတာ မရွိခဲ့ဘူး။ အသက္ ၁၀ ႏွစ္အရြယ္မွာ စစ္ၾကီးျဖစ္ေတာ့ တစ္ခ်ိန္လံုး ေျပးေနရတဲ့ စစ္ေျပးဒုကၡသည္ဘဝ ေရာက္သြားတယ္။ အရင္ဆံုးၾကိဳးစားရတာက ေနစရာရွိဖို႔၊ ျပီးေတာ့ အလုပ္အကုိင္အတြက္ေပါ့။ ကၽြန္ေတာ့္ရဲ႕ ဘဝတစ္ေလွ်ာက္ အျမဲေတြးမိတာက ကေလးဘဝမွာ ဆံုးရံႈးခဲ့ရမႈမ်ဳိးေတြကို (တျခားသူေတြ မၾကံဳရေအာင္) ၾကိဳးစားေပးဖို႔ပါ။ ပညာေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈမ်ဳိးေတြလို နယ္ပယ္ေတြမွာ ကၽြန္ေတာ္ဘာလုပ္ေပးႏိုင္မလဲဆိုတာ အျမဲေတြးပါတယ္။ ကၽြန္ေတာ္ၾကီးျပင္းခဲ့ရာေဒသကို သားေတြနဲ႔အတူ ေႏြရာသီတစ္ခုမွာ ေရာက္သြားပါတယ္။ အရာရာအရင္အတိုင္း မေျပာင္းမလဲတည္ရွိေနပါတယ္။ ေနာင္ႏွစ္ေပါင္း ရာေထာင္ၾကာရင္လည္း ဒီဝန္းက်င္ေတာေတာင္ေရေျမေတြက ဒီအတိုင္းရွိေနဦးမွာပါ။ အခုရွင္သန္ေနတဲ့သူေတြက အဲဒီအခ်ိန္က်ရင္ ရွိမွာ မဟုတ္ေတာ့ပါဘူး။ ဘဝဆိုတာ အလြန္တိုေတာင္းတဲ့ ခရီးတစ္ခုမွ်သာျဖစ္ပါတယ္။ ကမၻာေျမၾကီးအတြက္ မ်ဳိးေစ့ေကာင္းေတြခ်ေပးတာဟာ လုပ္သင့္လုပ္ထိုက္တဲ့ အလုပ္တစ္ခုပါပဲ”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service