ကျောင်းမပြီးခဲ့သော်လည်း အသက် ၃၀ မပြည့်မီ အိမ်ခြံမြေလုပ်ငန်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာသူ
ကျောင်းမပြီးခဲ့သော်လည်း အသက် ၃၀ မပြည့်မီ အိမ်ခြံမြေလုပ်ငန်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာသူ - Property Knowledge in Myanmar from iMyanmarHouse.com
1 Sep 2020 4:15 pm တွင် တင်ခဲ့သည်
1573 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ဘလိတ်ခ် စလိုအန်သည် ကောလိပ်အောက်တန်းရောက် ချိန်တွင် ကျောင်းဆက်တက်တော့မည်မဟုတ်ကြောင်း မိဘများကို အသိပေးခဲ့၏။ သူက အိမ်ခြံမြေအကျိုးဆောင် တစ်ဦးအဖြစ် လုပ်ကိုင်ရန် စိတ်အားအလွန်ထက်သန်နေခဲ့သည်။ “ကျွန်တော့်ရဲ့ မိသားစုတစ်ခုလုံးက အိမ်ခြံမြေလုပ်ငန်းထဲမှာ။ ဒါပေမယ့် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အိမ်ခြံမြေလောကထဲ လုံးဝမဝင်စေချင်ဘူး”ဟု စလိုအန်က ဆိုသည်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာတွင် စလိုအန်သည် တောင်ကယ်ရိုလိုင်းနားရှိ မာတယ်ဘိချ်အမည်ရှိ ကမ်းခြေမြို့ကလေးတွင် Sloan Realty Group အမည်ဖြင့် ကုမ္ပဏီငယ်ကလေးတစ်ခု ဖွင့်ကာ အိမ်ခြံမြေပွဲစားလောကသို့ စတင်ခြေချခဲ့သည်။
ယင်းကာလက အမေရိက၏ စီးပွားရေးထိုးကျနေချိန်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အိမ်ခြံမြေဈေးကွက် အခြေအနေမလှချေ။
လေမန်းဘရားသားကဲ့သို့ ကုမ္ပဏီကြီးများပင် ဒေဝါလီခံသွားရချိန်လည်း ဖြစ်သည်။
“အဲဒီတုန်းက ကျွန်တော့်မှာ အိပ်မပျော်တဲ့ ရက်တွေများခဲ့ရတယ်။ ဝန်ထမ်းတွေကို ဘယ်အချိန်ထိ လစာဆက်ပေးနိုင်မလဲ။ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ တွေးပြီး ရတက်မအေးဖြစ်နေခဲ့ရတယ်”ဟု စလိုအန်က ပြန်ပြောင်းပြောကြားသည်။
“ငွေသုံးစွဲရာမှာ တစ်ဒေါ်လာချင်း၊ တစ်ပြားချင်းကအစ စစ်စစ်စီစီလုပ်ခဲ့ရတယ်။ ရုံးအတွက် လိုအပ်တဲ့ပစ္စည်းတွေကအစ ဈေးအပေါဆုံးကို ရှာရတယ်” Sloan Realty သည် လက်ရှိတွင် ဝန်ထမ်း ၁၀ ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာ စလိုအန်၏ မိခင်လည်း အပါအဝင်ဖြစ်သည်။
ကုမ္ပဏီ၏ အဓိကဦးတည်ချက်ပစ်မှတ်မှာ အပန်းဖြေလုပ်ငန်းဗဟိုပြု ကမ်းခြေမြို့ကလေး၏ လူနေအိမ်ရောင်းဝယ်မှုများဖြစ်သည်။ ယခုအချိန်တွင် စလိုအန်သည် နိုင်ငံတကာအိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်များအသင်း International Association of Real Estate Experts ကို တည်ထောင်ထားပြီး အဆိုပါအသင်းမှတစ်ဆင့် အိမ်ခြံမြေလုပ်ငန်းနှင့်စပ်လျဉ်းသည့် အကြံဉာဏ်များနှင့် နည်းပညာများကို မျှဝေနိုင်မည် ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီးက စလိုအန်ကို အသက် ၃၀ အောက် အတုယူဖွယ် သန်းကြွယ်သူဌေး ၃၀ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။
အဆိုပါစာရင်းတွင် နည်းပညာ၊ ဘဏ္ဍာရေးနှင့် ဖျော်ဖြေရေး အစရှိသည်တို့ အပါအဝင် ကဏ္ဍ ၁၂ ခုမှ အောင်မြင်မှု ရရှိလျက်ရှိသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။ ယင်းစာရင်းတွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နှစ်စဉ်ဝင်ငွေ ဂဏန်း ၇ လုံး ဝန်းကျင်ရှိသူများဖြစ်ပြီး စလိုအန်သည်လည်း အသက် ၂၇ နှစ်အရွယ်တွင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်းဂဏန်းရှိ သူတစ်ဦး ဖြစ်သည်။ စလိုအန်သည် နေ့စဉ် နံနက် ၅ နာရီတွင် အိပ်ယာထလေ့ရှိ၏။ အိပ်ယာမှနိုးလျှင် သူ၏ လုပ်ငန်းနှင့် သက်ဆိုင်သော အိမ်ခြံမြေစာစောင်များအမြဲဖတ်ရှုလေ့ရှိသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
၂၀၀၈ ခုနှစ်၊ စက်တင်ဘာတွင် စလိုအန်သည် တောင်ကယ်ရိုလိုင်းနားရှိ မာတယ်ဘိခ်ျအမည်ရှိ ကမ်းခြေမြို့ ကလေးတွင် Sloan Realty Group အမည်ဖြင့် ကုမ္ပဏီငယ်ကလေးတစ်ခု ဖွင့်ကာ အိမ်ခြံမြေပွဲစားလောကသို့ စတင်ခြေချခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
MIngalardon Garden City
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service