ပါမစ်မြေရဲ့ ပရိယာယ်ဂရန်ထွက်နေတာလဲ ရှိတတ်တယ်
ပါမစ်မြေရဲ့ ပရိယာယ်ဂရန်ထွက်နေတာလဲ ရှိတတ်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
31 Aug 2020 2:50 pm တွင် တင်ခဲ့သည်
1723 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အိမ်ခြံမြေဝယ်ယူကြတဲ့အခါမှာ အခွန်မဆောင်ဘဲ ဂရန်အမည်ပေါက်ရတဲ့ ပါမစ်မြေကို လူတော်တော်များများက ကြိုက်ကြတယ် ။ အဲဒါကြောင့်လည်း အိမ်ခြံမြေပွဲစားတွေနဲ့ တွေ့ရင်ပါမစ်မြေကွက်ကို အရင်ပြပါလို့ တောင်းဆိုကြတယ် ။ပါမစ်မြေကို ကြိုက်တာတော့မှန်ပါရဲ့ ။ပါမစ်မြေဝယ်တော့မယ်ဆိုရင် အထူးသတိထားဝယ်ယူဖို့တော့ လိုပါတယ် ။
ဘာကြောင့်လည်းဆိုတော့ ပါမစ်မြေတော်တော်များများက ပရိယာယ်တွေ ၊ မာယာတွေများလွန်းတဲ့အတွက်ကြောင့်ပါ ။ ပါမစ်မြေများကိုများသောအားဖြင့် ၁၉၈၈ ခုနစ် ၊ အရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်မြို့ကွက်သစ်တွေမှာတွေ့ရပါတယ် ။ဥပမာ- ဒဂုံမြို့သစ်ပိုင်းမှာ(၄)မြို့နယ်နဲ့ လှိုင်သာယာ ၊ ရွှေပြည်သာမြို့နယ်တွေကို ပြောချင်တာပါ ။
ယခင်မြို့ကွက်သစ်တွေချထားပေးခဲ့တဲ့တောင်ဥက္ကလာပ ၊ မြောက်ဥက္ကလာပ ၊ သာကေတမြို့နယ် ၊ သင်္ဃန်းကျွန်းမြို့နယ် တွေမှာလည်း ဂရန်မလုပ်ဖြစ်လို့ ကျန်ရှိခဲ့တဲ့ ပါမစ်မြေအချို့လည်းရှိပါသေးတယ် ။
အဲဒါကြောင့်ပါမစ်မြေတွေဝယ်တဲ့အခါ အတော်စေ့စပ်သေချာဖို့လိုပါတယ် ။ပါမစ်အဟောင်းတွေနဲ့တွေ့ရင် အတုအစစ်ဘယ်လိုခွဲမလဲ ။ ပါမစ်အစစ်တွေကို ဝယ်ရင်ကော ၊ အတုအစစ်ဘယ်လိုခွဲမလဲ စဉ်းစားရပါတယ် ။အရင်ကတော့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှာ ပြေးစစ်ကြည့်လို့ရပါတယ် ။အခုတော့ အိုးအိမ်ဦးစီးဌာနကလည်း လက်ခံစစ်ဆေးပေးခြင်းမရှိတော့ဘူးလို့ သိရပါတယ် ။
ဘာကြောင့်စစ်ဆေးမပေးတာလည်းဆိုတော့ လုပ်ငန်းအားလုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို လွှဲပြောင်းပေးပြီးဖြစ်လို့ ဟု သိရပါတယ် ။ဒါကြောင့်အခု ပါမစ်မြေဝယ်ရင်ပဲဖြစ်ဖြစ် ၊ ဂရန်မြေဝယ်ရင်ပဲဖြစ်ဖြစ် ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကိုပဲ ပြေးကြည့်ရပါတော့တယ် ။
ပါမစ်မြေကို ဝယ်ချင်ပါတယ်ဆိုတဲ့ ကိုဝင်းကျော်သူ တစ်ယောက် ဒဂုံ (အရှေ့)(၆) ရပ်ကွက်မှာ မြေကွက်လိုက်ရှာပါတယ် ။ဒဂုံအရှေ့ကြိုက်ရခြင်းအကြောင်းကတော့ ဒဂုံအရှေ့ (၆)ရပ်ကွက်က ဒဂုံတက္ကသိုယ်တို့ ၊ ၇/၈ လမ်းဆုံတို့ ၊ ဗိုလ်မှူးဗထူးအိမ်ရာနှင့် ရန်ကုန်မြို့တွင်းသို့ သွားလာရေးလွယ်ကူသဖြင့် နှစ်သက်သဘောကျခြင်းဖြစ်တယ် ။
ကိုဝင်းကျော်သူရှာနေတဲ့ ပါမစ်မြေကွက်တစ်ကွက် ၊ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ရှာပေးတာနဲ့လည်း သဘောကျသွားတယ် ။ဈေးလည်းသင့်တာနဲ့ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ဒါနဲ့ ရောင်းသူရှိရာ လိုက်ပြပါဆိုတော့ ရန်ကုန်မြို့တွင်းမှာ မဟုတ်ဘဲ ၊ လှည်းကူးမြို့အထိလိုက်သွားရတယ်။ရောင်းသူက အိမ်ရောက်တော့ ကျန်မားရေးမကောင်းဘဲ အမျိုးသမီးဖြစ်နေတယ် ။ မြေကွက်အမည်ပေါက်က သူ့ယောက်ျားအမည်ပေါက်ဖြစ်နေတယ် ။ဒါပေမဲ့ ယောက်ျားက သေသွားပြီ ။
ရောင်းသူက မြင်တာနဲ့လူနာရဲ့ ကျန်းမာရေးကြောင့် ဝယ်ယူအားပေးချင်စိတ် ပေါ်လာတယ် ။ဒါနဲ့ ပါမစ်စာရွက်စာတမ်းတွေတောင်းယူကြည့်လိုက်တဲ့အခါ လုပ်သက်ရင့်ဌာနဆိုင်ရာက ဝန်ထမ်းတွေ ချထားပေးတဲ့ မြေကွက်ဖြစ်နေပါတယ် ။ ပါမစ်စာရွက်စာတမ်းတွေလည်း ပြည့်စုံတာကို တွေ့ရပါတယ် ။ဒါပေမဲ့ ထူးထူးခြားခြား မြန်မာ့စီးပွားရေးဘဏ်မှာ ငွေတစ်သိန်းပေးသွင်းထားတာတွေ့ရပါတယ် ။
အဲင်္ဒီစာရွက်စာတမ်းမိတ္တူကို ကျွန်ုဆီယူလာလို့ အသေအချာကြည့်လိုက်တော့ ပါမစ်မှန်တယ် ။မကြာသေးမီက ဘဏ်ကိုငွေတစ်သိန်းသွင်းထားတဲ့ စာရွက်က ထူးဆန်းနေလို့ မသင်္ကာတာနဲ့ မြေစီမံဌာနမှာ စုံးစမ်းကြည့်တဲ့အခါ အဲဒီမြေက ပါမစ်မြေ ၊ ဝယ်သူက စစ်ကြည့်တော့ ဂရန် အမည်ဖြစ်နေလို့ ဝယ်သူစိတ်လေးသွားပါတယ် ။
ဘာကြောင့် မြို့မြေစာရင်းမှာ ဂရန်ဖြစ်နေရတာလဲလို့ မေးကြည့်လိုက်တဲ့အခါ အဲဒီလို ပါမစ်မြေမျိုးဟာ အစိုးရထံမှာ ငွေချေးထားတဲ့ အတွက် ဂရန်လုပ်ထားပြီး ဘဏ်က သိမ်းထားတာဖြစ်တယ် ။ဘဏ်ကို ချေးငွေအကုန်ပေးဆပ်ပြီးမှ ဂရန်ပြန်ထုတ်ပေးတယ် ။ပါမစ် စာရွက်စာတမ်းကို ရုံးမှာ အပ်လိုက်ရတယ်လို့ သိရပါတယ် ။
ကျွန်ုပ်လည်း ရှားရှားပါးပါးတွေ့ရတဲ့ ပါမစ်မြေမျိုးဖြစ်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စတွေကို ကိုဝင်းကျော်သူအားပြောပြတဲ့အခါ ကိုဝင်ကျော်သူကလည်း “ ရောင်းသူကိုတော့ အားပေးချင်ပါရဲ့ ဆရာရယ် ။ဒါပေမဲ့ ရောင်းသူက ဂိလာနဖြစ်နေတော့ သူလိုက်ပါဆောင်ရွက်ရမယ့် တာဝန်တွေရှိတော့ ကျွန်တော်လည်း အဲဒီလောက်အချိန်ကုန်မခံနိုင်လို့ မဝယ်တော့ဘူးဆရာ ဟု ပြောတဲ့အတွက် မဝယ်ဖြစ်တော့ဘဲ ကျွန်ုပ်အား နှုတ်ဆက်ပြီး ပြန်သွားပါတော့တယ် ”
သုခိအတ္တာနံ ၊ ပရိဟရန္တု
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
The Crest
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service