အိမ်ငှါးစာချုပ်ချုပ်တဲ့အခါ သတိပြုဆင်ခြင်စရာ

အိမ်ငှါးစာချုပ်ချုပ်တဲ့အခါ သတိပြုဆင်ခြင်စရာ - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2020 11:36 am တွင် တင်ခဲ့သည်
944 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဒီမိုကရေစီစနစ်ရဲ့ အသီးအမှည့်တွေလို့ ဆိုရမလား၊ ဒါမှမဟုတ် အိမ်ခြံမြေအရောင်းအဝယ်တွေကောင်းခဲ့တဲ့ အကျိုးဆက်ကြောင့်လာတော့ မပြောတတ်ပါဘူး၊ အခုအခါမှာ အိမ်ခြံမြေတိုက်ခန်းရောင်းကြဝယ်ကြရင်ဘဲ ဖြစ်ဖြစ် တိုက်ခန်းငှါးဖို့၊ ဆိုင်ခန်းငှါးဖို့ဘဲဖြစ်ဖြစ် အရင်ကလို ရောင်းသူနဲ့ဝယ်သူ၊ အိမ်ရှင်နဲ့ အိမ်ငှါးစာချုပ်ကြရင် ပေါ့ပေါ့ဆဆပြီးစလွယ် စာချုပ်မချုပ်ကြတော့ဘဲ တတ်ကျွမ်းနားလည်တဲ့အကျိုးဆောင်ဖြစ်စေ၊ ရှေ့နေဖြစ်စေ ခေါ်ပြီး စာချုပ်လာတာကိုတွေ့ရပါတယ်။

ရက်ကောင်းရက်မြတ်မှာ စာချုပ်ချင်သူများ

ဒီနေ့လည်း တနင်္ဂနွေနေ့ရုံးပိတ်ထားတာနဲ့ အိမ်မှာ အေးအေးဆေးဆေး စာရေးလိုက်ဦးမယ်လို့ စိတ်ကူးထားပေမဲ့၊ နံရက်(၇)နာရီလောက်မှာ ဖုန်းခေါ်သံကြားလို့ အပြေးအလွှားသွားပြီး ဖုန်းကိုုင်လိုက်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်း “ ကိုကျော်ဆွေဦး” ဖြစ်နေတယ်။

“ မင်္ဂလာပါ ကိုကျော်ဆွေဦးရေ “ “ ဟုတ်ကဲ့ ….မင်္ဂလာပါဆရာ။ ” စောစောစီးစီး ဖုန်းဆက်လိုက်ရတာခွင့်လွှတ်ပါ။ ဟိုတစ်နေ့က ဆိုင်ခန်းငှါးဖို့ပြောထားတဲ့ သူတွေက ဒီနေ့ တနင်္ဂနွေနေ့၊ ရက်ရာဇာဖြစ်လို့ နေ့ကောင်းရက်မြတ်မှာ တိုက်ခန်းအငှါးစာချုပ်ချုပ်ချင်တယ်ပြောတာနဲ့ ဒီမနက် (၈) နာရီခွဲမှာ ငှါးမယ့်တိုက်အိမ်မှာဘဲ ချိန်းထားတယ်ဆရာ။ အဲ့ဒါ ငှါးရမ်းမယ့် ဇနီးမောင်နှံက မြို့ထဲကလာနေပြီပြောတယ်။ မကြာခင်မှာ ဆရာကို ဆိုင်ကယ်ရဲ့ လာခေါ်မယ်ဆရာ” “ ဟင် ဟုတ်လား မင်းပြောတော့၊ ရုံးဖွင့်ရက်တစ်ရက်မှာလုပ်မယ်ဆိုလို့ ခပ်အေးအေးဘဲလုပ်နေတာ” “ အေးကွာ (၈) နာရီခွဲဆိုတော့လည်း အမြန်ဆုံးပြင်ရတော့မှာပေါ့ အချိန်ကျရင်လာသာခေါ်လိုက်တော့ဆရာ စောင့်နေလိုက်မယ် ” “ ဟုတ်ကဲ့ပါ …. ဆရာ ” ဟု ပြောကာ ဖုန်းချသွားတယ်လေ။

“ အလျင်မလို လုပ်တတ်ကြတဲ့ အိမ် ခြံ မြေ လောက ”

ကျွန်ုပ်လည်း လွန်ခဲ့တဲ့ (၂) ရက်လောက်က “ ကျော်ဆွေဦး ” Viber က တဆင့်ပို့ထားတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မှတ်ပုံတင်တွေ ကြည့်ပြီး တိုက်အိမ်အငှါးစာချုပ်ကိုပြင်ဆင်ထားပြီးဖြစ်နေပါတယ်။ အိမ်ခြံမြေအရောင်းအဝယ်အငှါးလောကမှာ ဒီလိုပဲ ရောင်းသူဝယ်သူငှါးသူတွေဟာ ဖုတ်ပူမီးတိုက် အလျင်စလို လုပ်တတ်ကြလို့အခုလို ကြိုတင်ပြင်ဆင်ထားမှ တန်ကာကျပါတယ်။ အဲဒီလိုသာမဟုတ်ရင် အားလုံးစိတ်ညစ်ရပါတယ်။မျှော်တလင့်လင့်နဲ့ စောင့်ဆိုင်းပြီးနေတတ်ကြတယ်။ ဒီလိုအပူတပြင်းလုပ်ပေးရတဲ့အခါမျိုးဆိုရင် ရှေ့နေလည်း ဘယ်လောက်ပဲ ကျွမ်းကျင်ပါတယ်ဆိုနေဦးတော့ အမှားအယွင်းမဖြစ်ရအောင် အထူးသတိထားပြင်ဆင်ရပါတယ်။

အပြုံးမေတ္တာကိုသာ လိုချင်သူ

မိမိ ချုပ်ပေးလိုက်တဲ့စာချုပ်က အချက်အလက်ပြည့်စုံရင်တော့ ကျေးဇူးတင်ပါတယ်ဆရာလို့ ပြုံးပြီးနှုတ်ဆက်တာကိုခံယူရပါတယ်။ တကယ်လို့ အလွဲလွဲအချော်ချော်ဖြစ်ခဲ့တယ်ဆိုရင်တော့ သူတို့ရဲ့ မျက်နှာတွေက “ လ ငပုပ်ဖမ်း ” သလို ညိုမဲပြီး မျက်နှာတွေမသာမယာဖြစ်နေကြတော့တာဘဲ။ စိတ်ထဲမှာလည်း ဒီရှေ့နေကိုက အတုံးမကျပါဘူး ” ကျိန်ဆဲချင်လည်းကျိန်ဆဲနေမှာဘဲ “ အို…..လွဲပါစေ….ဖယ်ပါစေ ”

အဲဒီလို Customer တွေမျက်နှာ မပျက်ရအောင် ရှေ့နေဖြစ်သူက ကြိုတင်ပြင်ဆင်ထားမှ တန်ကာကျပါတယ်။ အခုလည်း ကြည့်လေ “ ကျော်ဆွေဦး ” က အငှါးစာချုပ်ပေးဖို့ ဆိုင်ကယ်နဲ့လာခေါ်နေပြီလေ။ အဲဒီအချိန်မှာစာချုပ်မပြီးသေးဘူးလို့ သာပြောလိုက်ရင် “ စိတ်မဆိုးဘူး။ ကျွဲမြီးတိုသွားနိုင်တယ် ” ပေါ့ မဟုတ်ဘူးလား။ အခုတော့ အဲဒီလိုမဖြစ်ရအောင် ကြိုတင်ပြင်ဆင်ထားတော့ “ ကိုကျော်ဆွေဦး ” လွှတ်လိုက်တဲ့ ဆိုင်ကယ်ရောက်တာနဲ့အဆင်သင့်လိုက်သွားပြီး စာချုပ်ချုပ်ပေးလိုက်နိုင်တယ်။ အင်း…. တခုကောင်းတာက အင်တာနက် ခေတ်ဆိုတော့၊ ကျွန်ုပ်ကစာချုပ်ရေးပြီး စာချုပ်မူကြမ်းကို “ ကိုကျော်ဆွေဦး” ကို Viber နဲ့ပို့လိုက်တယ်။ “ အိုကေတယ်ဆိုပြီး ငှါးရမ်းအသုံးပြုလိုသူထံသို့ ကျော်ဆွေဦးက Viber ကတဆင့် ထပ်ဆင့် ပို့လိုက်ပြန်တယ်။ အိမ်ရှင် အိမ်ငှါး စိတ်တိုင်းကျပြီဆိုတော့မှ ကျွန်ုပ်က အိမ်ရှင်အိမ်ငှါးကို (၃၀၀ိ/- တန်) အခွန်စာချုပ်တံဆိပ်ခေါင်းနဲ့ စာချုပ်ထုတ်ယူလာခဲ့ပါတယ်။

အဲဒီစာချုပ်ပါအတိုင်း အိမ်ရှင်ကဆောင်ရွက်ပေးရမယ့်၊ တာဝန်၊ အိမ်ငှါးက လိုက်နာရမယ့် စည်းကမ်းတွေကို ဖတ်ရှုပြီး နှစ်လက်တူညီကြရင် လက်မှတ်ထိုး/လက်ဗွေနှိပ် / သက်သေနှစ်ယောက်ကို တိုင်တည်ပြီး (၁) နှစ်အငှါးစာချုပ်ချုပ်လိုက်ကြပါတယ်။ အိမ်ရှင်အိမ်ငှါး စာချုပ်ချုပ်တဲ့အခါမှာ အထူးသတိထားစေချင်တာက (၁၂) လ တစ်နှစ်အထိသာ အငှါးစာချုပ်ဖို့ အိမ်ရှင်များကို သတိပေးလိုပါတယ်။

အငှါးစာချုပ်မှာလား၊ ၁၂ လထက်မပိုစေနဲ့

တစ်နှစ် (၁၂) လပိုရင်၊ အိမ်ရှင်အိမ်ငှါးစာချုပ်ကို မှတ်ပုံတင်ရပါတယ်။ အဲဒါဆိုရင် အလုပ်ရှုပ်ကုန်ပြီး မြေပိုင်ရှင်က အိမ်ငှါးရန်မြေပုံစည်ပင်မှာ ကူးရပါတယ်။ ကျသင့်တဲ့ အခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ရတယ်။ အဲဒါမှ နှစ်ရှည်ငှါးလို့ရတယ်။ အဲဒါကြောင့် ယနေ့ခေတ်အခါမှာတော့ အခွန်လည်းမဆောင်ရအောင် (၃) နှစ် (၅) နှစ် စသဖြင့် နှစ်ရှည်ငှါးရမ်းမယ်ဆိုရင် တစ်နှစ်တစ်ကြိမ်အငှါးစာချုပ်ကို အသစ်ချုပ်ဆိုကြလေ့ရှိပါတယ်။ ဒါလည်း ဗဟုသုတရတာပေါ့ (အမှန်တော့ ဒီလူတွေကိုဆက်ထားရင် (၁၂) လ အထက်ချုပ်သလိုပါဘဲ၊ သတိပြုစရာပါ)

ဒီနည်းကိုသိသွားတဲ့ ကျော်ဆွေဦး ကတော့ ယခင်က သူတိုက်အိမ်ကို(၃) နှစ်ဆက်တိုက်ငှါးရမ်းခယူဖို့ဆုံးဖြတ်ထားပေမဲ့ တစ်နှစ်တစ်ကြိမ်ချုပ်ဆိုတဲ့ စာချုပ်ကိုပိုမိုသဘောကျသွားပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ငွါးစာခ်ဳပ္ခ်ဳပ္တဲ့အခါ သတိျပဳဆင္ျခင္စရာ

ဒီမိုကေရစီစနစ္ရဲ႕ အသီးအမွည့္ေတြလုိ႕ ဆိုရမလား၊ ဒါမွမဟုတ္ အိမ္ျခံေျမအေရာင္းအဝယ္ေတြေကာင္းခဲ့တဲ့ အက်ိဳးဆက္ေၾကာင့္လာေတာ့ မေျပာတတ္ပါဘူး၊ အခုအခါမွာ အိမ္ျခံေျမတိုက္ခန္းေရာင္းၾကဝယ္ၾကရင္ဘဲ ျဖစ္ျဖစ္ တိုက္ခန္းငွါးဖို႕၊ ဆိုင္ခန္းငွါးဖို႕ဘဲျဖစ္ျဖစ္ အရင္ကလို ေရာင္းသူနဲ႕ဝယ္သူ၊ အိမ္ရွင္နဲ႕ အိမ္ငွါးစာခ်ဳပ္ၾကရင္ ေပါ့ေပါ့ဆဆျပီးစလြယ္ စာခ်ဳပ္မခ်ဳပ္ၾကေတာ့ဘဲ တတ္ကၽြမ္းနားလည္တဲ့အက်ိဳးေဆာင္ျဖစ္ေစ၊ ေရွ႕ေနျဖစ္ေစ ေခၚျပီး စာခ်ဳပ္လာတာကိုေတြ႕ရပါတယ္။

ရက္ေကာင္းရက္ျမတ္မွာ စာခ်ဳပ္ခ်င္သူမ်ား

ဒီေန႕လည္း တနဂၤေႏြေန႕ရုံးပိတ္ထားတာနဲ႕ အိမ္မွာ ေအးေအးေဆးေဆး စာေရးလိုက္ဦးမယ္လို႕ စိတ္ကူးထားေပမဲ့၊ နံရက္(၇)နာရီေလာက္မွာ ဖုန္းေခၚသံၾကားလို႕ အေျပးအလႊားသြားျပီး ဖုန္းကုိုင္လိုက္တဲ့အခါမွာ စီးပြားေရးလုပ္ငန္းရွင္း “ ကိုေက်ာ္ေဆြဦး” ျဖစ္ေနတယ္။

“ မဂၤလာပါ ကိုေက်ာ္ေဆြဦးေရ “ “ ဟုတ္ကဲ့ ….မဂၤလာပါဆရာ။ ” ေစာေစာစီးစီး ဖုန္းဆက္လိုက္ရတာခြင့္လႊတ္ပါ။ ဟိုတစ္ေန႕က ဆိုင္ခန္းငွါးဖို႕ေျပာထားတဲ့ သူေတြက ဒီေန႕ တနဂၤေႏြေန႕၊ ရက္ရာဇာျဖစ္လို႕ ေန႔ေကာင္းရက္ျမတ္မွာ တိုက္ခန္းအငွါးစာခ်ဳပ္ခ်ဳပ္ခ်င္တယ္ေျပာတာနဲ႕ ဒီမနက္ (၈) နာရီခြဲမွာ ငွါးမယ့္တိုက္အိမ္မွာဘဲ ခ်ိန္းထားတယ္ဆရာ။ အဲ့ဒါ ငွါးရမ္းမယ့္ ဇနီးေမာင္နွံက ျမိဳ႕ထဲကလာေနျပီေျပာတယ္။ မၾကာခင္မွာ ဆရာကို ဆိုင္ကယ္ရဲ႕ လာေခၚမယ္ဆရာ” “ ဟင္ ဟုတ္လား မင္းေျပာေတာ့၊ ရုံးဖြင့္ရက္တစ္ရက္မွာလုပ္မယ္ဆိုလို႕ ခပ္ေအးေအးဘဲလုပ္ေနတာ” “ ေအးကြာ (၈) နာရီခြဲဆိုေတာ့လည္း အျမန္ဆံုးျပင္ရေတာ့မွာေပါ့ အခ်ိန္က်ရင္လာသာေခၚလိုက္ေတာ့ဆရာ ေစာင့္ေနလိုက္မယ္ ” “ ဟုတ္ကဲ့ပါ …. ဆရာ ” ဟု ေျပာကာ ဖုန္းခ်သြားတယ္ေလ။

“ အလ်င္မလို လုပ္တတ္ၾကတဲ့ အိမ္ ျခံ ေျမ ေလာက ”

ကၽြႏ္ုပ္လည္း လြန္ခဲ့တဲ့ (၂) ရက္ေလာက္က “ ေက်ာ္ေဆြဦး ” Viber က တဆင့္ပို႕ထားတဲ့ လိုအပ္တဲ့ စာရြက္စာတမ္းေတြ မွတ္ပံုတင္ေတြ ၾကည့္ျပီး တိုက္အိမ္အငွါးစာခ်ဳပ္ကိုျပင္ဆင္ထားျပီးျဖစ္ေနပါတယ္။ အိမ္ျခံေျမအေရာင္းအဝယ္အငွါးေလာကမွာ ဒီလိုပဲ ေရာင္းသူဝယ္သူငွါးသူေတြဟာ ဖုတ္ပူမီးတိုက္ အလ်င္စလို လုပ္တတ္ၾကလို႕အခုလို ၾကိဳတင္ျပင္ဆင္ထားမွ တန္ကာက်ပါတယ္။ အဲဒီလိုသာမဟုတ္ရင္ အားလံုးစိတ္ညစ္ရပါတယ္။ေမွ်ာ္တလင့္လင့္နဲ႕ ေစာင့္ဆိုင္းျပီးေနတတ္ၾကတယ္။ ဒီလိုအပူတျပင္းလုပ္ေပးရတဲ့အခါမ်ိဳးဆိုရင္ ေရွ႕ေနလည္း ဘယ္ေလာက္ပဲ ကၽြမ္းက်င္ပါတယ္ဆိုေနဦးေတာ့ အမွားအယြင္းမျဖစ္ရေအာင္ အထူးသတိထားျပင္ဆင္ရပါတယ္။

အျပံဳးေမတၱာကိုသာ လိုခ်င္သူ

မိမိ ခ်ဳပ္ေပးလိုက္တဲ့စာခ်ဳပ္က အခ်က္အလက္ျပည့္စံုရင္ေတာ့ ေက်းဇူးတင္ပါတယ္ဆရာလို႕ ျပံဳးျပီးႏႈတ္ဆက္တာကိုခံယူရပါတယ္။ တကယ္လို႕ အလြဲလြဲဲဲအေခ်ာ္ေခ်ာ္ျဖစ္ခဲ့တယ္ဆိုရင္ေတာ့ သူတို႕ရဲ႕ မ်က္နွာေတြက “ လ ငပုပ္ဖမ္း ” သလို ညိဳမဲျပီး မ်က္နွာေတြမသာမယာျဖစ္ေနၾကေတာ့တာဘဲ။ စိတ္ထဲမွာလည္း ဒီေရွ႕ေနကိုက အတံုးမက်ပါဘူး ” ကိ်န္ဆဲခ်င္လည္းက်ိန္ဆဲေနမွာဘဲ “ အို…..လြဲပါေစ….ဖယ္ပါေစ ”

အဲဒီလို Customer ေတြမ်က္နွာ မပ်က္ရေအာင္ ေရွ႕ေနျဖစ္သူက ၾကိဳတင္ျပင္ဆင္ထားမွ တန္ကာက်ပါတယ္။ အခုလည္း ၾကည့္ေလ “ ေက်ာ္ေဆြဦး ” က အငွါးစာခ်ဳပ္ေပးဖို႕ ဆိုင္ကယ္နဲ႕လာေခၚေနျပီေလ။ အဲဒီအခ်ိန္မွာစာခ်ဳပ္မျပီးေသးဘူးလို႕ သာေျပာလိုက္ရင္ “ စိတ္မဆိုးဘူး။ ကၽြဲျမီးတိုသြားႏိုင္တယ္ ” ေပါ့ မဟုတ္ဘူးလား။ အခုေတာ့ အဲဒီလိုမျဖစ္ရေအာင္ ၾကိဳတင္ျပင္ဆင္ထားေတာ့ “ ကိုေက်ာ္ေဆြဦး ” လႊတ္လုိက္တဲ့ ဆိုင္ကယ္ေရာက္တာနဲ႕အဆင္သင့္လိုက္သြားျပီး စာခ်ဳပ္ခ်ဳပ္ေပးလိုက္ႏိုင္တယ္။ အင္း…. တခုေကာင္းတာက အင္တာနက္ ေခတ္ဆိုေတာ့၊ ကၽြႏ္ုပ္ကစာခ်ဳပ္ေရးျပီး စာခ်ဳပ္မူၾကမ္းကို “ ကိုေက်ာ္ေဆြဦး” ကို Viber နဲ႕ပို႔လိုက္တယ္။ “ အိုေကတယ္ဆိုျပီး ငွါးရမ္းအသံုးျပဳလိုသူထံသို႕ ေက်ာ္ေဆြဦးက Viber ကတဆင့္ ထပ္ဆင့္ ပို႕လိုက္ျပန္တယ္။ အိမ္ရွင္ အိမ္ငွါး စိတ္တိုင္းက်ျပီဆိုေတာ့မွ ကၽြႏ္ုပ္က အိမ္ရွင္အိမ္ငွါးကို (၃၀၀ိ/- တန္) အခြန္စာခ်ဳပ္တံဆိပ္ေခါင္းနဲ႕ စာခ်ဳပ္ထုတ္ယူလာခဲ့ပါတယ္။

အဲဒီစာခ်ဳပ္ပါအတိုင္း အိမ္ရွင္ကေဆာင္ရြက္ေပးရမယ့္၊ တာဝန္၊ အိမ္ငွါးက လိုက္နာရမယ့္ စည္းကမ္းေတြကို ဖတ္ရႈျပီး နွစ္လက္တူညီၾကရင္ လက္မွတ္ထိုး/လက္ေဗြနွိပ္ / သက္ေသနွစ္ေယာက္ကို တိုင္တည္ျပီး (၁) နွစ္အငွါးစာခ်ဳပ္ခ်ဳပ္လိုက္ၾကပါတယ္။ အိမ္ရွင္အိမ္ငွါး စာခ်ဳပ္ခ်ဳပ္တဲ့အခါမွာ အထူးသတိထားေစခ်င္တာက (၁၂) လ တစ္နွစ္အထိသာ အငွါးစာခ်ဳပ္ဖို႕ အိမ္ရွင္မ်ားကို သတိေပးလိုပါတယ္။

အငွါးစာခ်ဳပ္မွာလား၊ ၁၂ လထက္မပိုေစနဲ႕

တစ္နွစ္ (၁၂) လပိုရင္၊ အိမ္ရွင္အိမ္ငွါးစာခ်ဳပ္ကို မွတ္ပံုတင္ရပါတယ္။ အဲဒါဆိုရင္ အလုပ္ရႈပ္ကုန္ျပီး ေျမပိုင္ရွင္က အိမ္ငွါးရန္ေျမပံုစည္ပင္မွာ ကူးရပါတယ္။ က်သင့္တဲ့ အခြန္ေဆာင္ျပီး မွတ္ပံုတင္စာခ်ဳပ္ရတယ္။ အဲဒါမွ နွစ္ရွည္ငွါးလို႕ရတယ္။ အဲဒါေၾကာင့္ ယေန႕ေခတ္အခါမွာေတာ့ အခြန္လည္းမေဆာင္ရေအာင္ (၃) နွစ္ (၅) နွစ္ စသျဖင့္ နွစ္ရွည္ငွါးရမ္းမယ္ဆိုရင္ တစ္နွစ္တစ္ၾကိမ္အငွါးစာခ်ဳပ္ကို အသစ္ခ်ဳပ္ဆိုၾကေလ့ရွိပါတယ္။ ဒါလည္း ဗဟုသုတရတာေပါ့ (အမွန္ေတာ့ ဒီလူေတြကိုဆက္ထားရင္ (၁၂) လ အထက္ခ်ဳပ္သလိုပါဘဲ၊ သတိျပဳစရာပါ)

ဒီနည္းကိုသိသြားတဲ့ ေက်ာ္ေဆြဦး ကေတ့ာ ယခင္က သူတိုက္အိမ္ကို(၃) နွစ္ဆက္တိုက္ငွါးရမ္းခယူဖို႕ဆံုးျဖတ္ထားေပမဲ့ တစ္နွစ္တစ္ၾကိမ္ခ်ဳပ္ဆိုတဲ့ စာခ်ဳပ္ကိုပိုမိုသေဘာက်သြားပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service