ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
မန္တလေးမြို့ ရန်ကင်းတောင်ခြေအနီး အခန်းပေါင်း သုံးထောင်ကျော် ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် မန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ယနေ့ သြဂုတ် ၂၈ ရက်တွင် ပန္နက်ချမင်္ဂလာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှာ မန္တလေးရှိ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း ယခုလ ၇ ရက်က ရန်ကုန်ရှိ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ပန္နက်ချပေးခဲ့သေးသည်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အခန်းပေါင်း သုံးထောင်ကျော် ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မန္တလေးတိုင်းဝန်ကြီးချုပ်ပန္နက်ချပေးခဲ့