အမွေပုံပစ္စည်း ဖြစ်လာတတ်သည့် မိဘများ မကွယ်လွန်မီ ပေးကမ်းခဲ့သော အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

အမွေပုံပစ္စည်း ဖြစ်လာတတ်သည့် မိဘများ မကွယ်လွန်မီ ပေးကမ်းခဲ့သော အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2020 3:24 pm တွင် တင်ခဲ့သည်
1275 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“ မိဘများကွယ်လွန်ရင် ခွဲဝေဖို့ အမွေပစ္စည်းကျန်ခဲ့ရမယ်ဆိုတာ ဟုတ်ပါသလား ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်၊

“တရားသေပြောလို့တော့ မရဘူး။ ငွေကြေးပြည့်စုံတဲ့ မိသားစုဆို ရင်တော့ မိဘပိုင်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရှိနိုင်တယ်။  လက်လုပ်လက်စား အခြေခံ လူတန်းစားမှာတော့ ခွဲဝေမယ့် အမွေပစ္စည်းကျန်ရစ်ဖို့ ကိစ္စက၊ ခဲယဉ်းမှုတစ်ခုဖြစ်လာနိုင်တယ်”

“ဟုတ်ပါတယ်ဆရာ။ ဒါပေမယ့် ဥပဒေအရ၊ အမွေပစ္စည်းအဖြစ်ထား ရှိရမယ်ဆိုတာရှိတယ်လို့ တချို့က ပြောကြလို့ပါ ဆရာ။ အဲဒါအခုမှ ပြဋ္ဌာန်းတာလား ဆရာ”

“မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရတော့၊ ကင်းဝန်မင်းကြီးဦးကောင်း ပြုစုတဲ့ ဓမ္မသတ်-၃၆ စောင်တွဲ၊ အခန်း (၈) ပုဒ်မ ၇၅ မှာ-မြန်မာဗုဒ္ဓဘာသာဝင်သားချင်းတို့အနက် တစ်စုံတစ်ယောက်သော သားသမီးတို့အား မိဘတို့သည်ပေးကမ်းခဲ့၍ လက်သို့ ရောက်သော်လည်း ထိုမိဘတို့ သေဆုံးပြီးနောက် သားချင်းတို့မှာ ဝေခြမ်း စရာ အမွေဥစ္စာ်မရှိခဲ့မူကား မိဘတို့ ပေးကမ်းခဲ့သည့် လက်ရောက်ဥစ္စာဖြစ်သည်ဟုမဆိုသာ၊ ထိုဥစ္စာကို အမွေပုံမှာ ထည့်သွင်း၍ သားချင်းတို့ နှင့်တရားကြောင်းအလျောက်ခွဲဝေခြင်းပြုအပ်၏လို့ဖော်ပြထားတာကြောင့် ရှေးဘုရင်ကာလကပင် လက်ခံကျင့်သုံးခဲ့တယ်လို့ ယူဆရမှာဖြစ်ပါတယ်”

“မိဘဖြစ်သူက မိမိမကွယ်လွန်မီမှာ သားသမီးတွေကို မိမိပိုင်ပစ္စည်းများအပေါ် တစ်ဦးစီခွဲဝေပေးထားပြီးဆိုရင် ကွယ်လွန်တဲ့အခါ အမွေခွဲဝေဖို့ လိုပါဦးမလား ဆရာ”

အဲ့ဒါကတော့ မိဘတွေနဲ့သားသမီးတွေအားလုံး သဘောတူခွဲဝေတဲ့ မိသားစုစီမံမှုလုပ်လို့ရတယ်။ အခု ဘယ်လိုကိစ္စနဲ့ပတ်သက်နေလို့လဲ”

“ဒီလိုပါ ဆရာ။ ကျွန်တော်ဝယ် ဖို့သွားကြည့်တဲ့ အိမ်နဲ့မြေက ထူးခြားတဲ့စာချုပ်တစ်ခု ဖတ်လိုက်ရလို့ပါ”

“ကဲ - ပြောပါဦး၊ ပိုင်ရှင်မှာ ဘာပြဿနာရှိနေလို့လဲ”

“မိဘတွေကတော့ ကွယ်လွန်သွားကြပြီဆရာ။ ကျွန်တော် အခု ဝယ်မယ့်အိမ်နဲ့ မြေက မိခင်မကွယ်လွန်မီမှာ အတူနေသမီးကို ပေးကမ်း သွားတယ် ဆရာ”

“မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ပေးကမ်းသွားတာလား””

“ဟုတ်ပါတယ်ဆရာ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုထားပါတယ်”

“မြေအမည်ပေါက်က မိခင်အမည်ပေါက် အနေနဲ့ရှိသေးလား၊ သမီးဖြစ်သူက အမည်ပြောင်းပြီးပြီလား”

“အဲ့ဒါတော့ သေချာမသိဘူး ဆရာ။ အပေးစာချုပ်ထဲမှာတော့၊ ကျန်သားသမီးနှစ်ဦးကို အမွေခွဲဝေ ပေးပြီးဖြစ်တယ်။ ဒါကြောင့် အတူနေ သမီးကို ကျန်ရှိတဲ့ ယခု အိမ်နဲ့မြေကို မေတ္တာနှင့် ပေးကမ်းတယ်လို့ဖော်ပြ ထားပါတယ်”

“မောင်ရင် ပြောစကားအရတော့ အပေးစာချုပ်ကို ဥပဒေတတ် သိသူတစ်ဦးဦးနဲ့ ချုပ်ဆိုထားတယ်ဆိုရမယ်။ အခုစရန်ငွေပေးပြီးပြီ လာ...”

“စရန်တော့ မပေးရသေးဘူး ဆရာ။ စရန်ငွေပေးပြီးရင်တော့ သတင်းစာမှာ ကန့်ကွက်ရန်ရှ်ိ၊ မရှိ ထည့်သွင်းရမယ်ဆရာ။ ဒါလည်း ဆရာ ဆောင်ရွက်ပေးစေချင်ပါတယ်။ ခက်တာက အဲဒီလို ကြော်ငြာလိုက်မှ ကန့်ကွက်သူများ ပေါ်လာနိုင်သလား ဆရာ”

“ပေးကမ်းခြင်းစာချုပ်မှာကျန်တဲ့ သားသမီးနှစ်ဦးကလည်း သဘောတူကြောင်း ဖော်ပြထားမယ်။ ဒါမှမဟုတ် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားမယ်ဆိုရင်တော့ ကျန်တဲ့သားသမီးနှစ်ဦးက မိဘကွယ်လွန်ချိန်မှာ ကန့်ကွက်ဖို့ခက်ခဲသွားနိုင်တာပေါ့”

“ဆရာ ပြောသလို မိဘကွယ်လွန်ချိန်မှာ အပေးစာချုပ်အပေါ် ကန့်ကွက်ဖို့ ခက်ခဲသွားမယ်ဆိုရင် မိဘမကွယ်လွန်မီမှာ ကန့်ကွက်လို့ မရဘူးလား”

“ဥပဒေသဘောအရတော့ ပေးကမ်းသူ မိဘမကွယ်လွန်မီမှာ ပေးကမ်းစာချုပ်အပေါ် ကန့်ကွက်တောင်းဆိုခွင့်မရှိလို့ ဆိုထားတယ်”

“ဒါဆိုရင် ပေးကမ်းသူ ကွယ်လွန်မှ ပေးကမ်းခြင်းအပေါ်ကန့်ကွက်တောင်းဆိုခွင့်ရှိမယ့် သဘောလား ဆရာ”

“မှန်ပါတယ်။ ရှင်းအောင်ပြောရရင် ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်လှပိုပါ (၂) နှင့် ဦးတင်အုန်းပါ (၃) ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၁၀၄၊ အမှုမှာ အမွေရှင်မကွယ် လွန်မီ အမွေရှင်ပေးကမ်းထားသည့် ပေးကမ်းခြင်းစာချုပ်မှာ ပျက်ပြယ်ပါသည်ဟု အမွေရှင်နှင့် ပေးကမ်းခြင်း လက်ခံသူတို့အပေါ် တရားစွဲခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိဘပေးကမ်းသူ အသက်ထင်ရှားရှိစဉ်မှာ မေတ္တာနှင့် ပစ္စည်းပေးကမ်းခြင်းအပေါ် အမွေဆက်ခံမည့် ကျန်သားသမီးများက ကန့်ကွက်ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး”

“ဒါဆိုရင် ပေးကမ်းသူ မိဘကွယ်လွန်မှ ကန့်ကွက်ခွင့်ရှိတဲ့ သဘောဖြစ်သွားတာပေါ့”

“မှန်ပါတယ်။ ဒီနေရာမှာလည်း ပေးကမ်းသူ မိဘက သားသမီးအားလုံးကို အမွေသဘောခွဲဝေပြီးကြောင်း ပေါ်လွင်ရင်တော့ နောက်ဆုံးပေးကမ်း လက်ခံသူမှာ ယခုပစ္စည်းကလွဲပြီး ကျန်ပစ္စ်ည်းလုံးဝရယူထားခြင်းမရှိခဲ့ရင် အတည်ဖြစ်နိုင်ပါတယ်”

“ဒါဆိုရင် အခုကိစ္စ်မှာ မိခင်ဖြစ်သူက ကွယ်လွန်သွားပြီဆိုတော့ ကန့်ကွက်နိုင်တာပေါ့နော်”

“တစ်ခုရှိတာက ကျန်တဲ့ မောင်နှမနှစ်ဦးက ဆရာအစောကပြောသလို အပေးစာချုပ်မှာသိရှိ သဘောတူညီ ကြောင်း လက်မှတ်ရေး ထိုးထားတာမျိုးပါရှိရင်တော့ စိတ်ပူစရာမလိုဘူးပေါ့။ ဒါပေမယ့် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားတာမရှိရင်တော့ သူတို့ မသိပါဘူးဆိုပြီး အရောင်းအဝယ်ကို ကန့်ကွက်နိုင်ပါတယ်”

“ဆရာပြောမှ သတိရမိတယ်။ ရောင်းသူ အမျိုးသမီးကပြောတော့ ကျန်တဲ့ မောင်နှမတွေက အပေးစာချုပ်တရားမဝင်ဘူးဆိုပြီး တရားစွဲတာ ရှုံးသွားတယ် ပြောတယ်။ ဒါကြောင့် အမည်ပြောင်းထားလို့ စိတ်မပူနဲ့ ပြောပါတယ်”

“ဒါဆိုရင် မြေကွက်အမည်ပေါက် ပြောင်းစဉ်က ကန့်ကွက်တရားစွဲတာဖြစ်မယ်။ အဲဒီတုန်းက မိခင်ကြီးမကွယ်လွန်သေးဘူး ထင်တယ်။ တရားရုံးရဲ့ စီရင်ချက်အမိန့် မိတ္တူကူးထားသေးလား”

“ကျွန်တော်က ကြည့်ရုံပဲကြည့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဖုန်းနဲ့ ဓာတ်ပုံတော့ ရိုက်ယူထားတယ်”ဟု ပြောကာ ဖုန်းထဲရှိ ဓာတ်ပုံကိုရှာပြီး စာရေးသူအားပြပါသည်။

“ဒီ စီရင်ချက်အရဆိုရင်တော့ အထက်က ပြောခဲ့သလို မိခင်မကွယ်လွန်မီ တရားစွဲဆိုတဲ့အတွက် စွဲပိုင်ခွင့် မရှိသေးလို့ ပယ်လိုက်တာဖြစ်တယ်”

“ဒါဆိုရင် အခုပေးကမ်းသူ မိခင်ကွယ်လွန်ပြီးမှ ရောင်းတယ်ဆိုတော့ ထပ်မံတရားစွဲဆိုခွင့်ရှိနိုင်တာပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် အပေးစာချုပ်မှာ ကျန်သားသမီးနှစ်ဦးကို တိုက်ခန်းနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက မြေတစ်ကွက်စီပေးပြီးလို့ ဖော်ပြထားချက်အရ နောက်ဆုံးပစ္စည်းကို အတူနေသူထံပေးတာကတော့ တရား ဝင်နိုင်ပါတယ်”

“အမွေခွဲမယ်ဆိုရင် သုံးဦးလုံးရထားတဲ့ မြေကွက်နဲ့ အိမ်အားလုံး အပေါ် ခွဲဝေမှ တရားမျှမှာပေါ့ ဆရာ”

“ဒါကြောင့် တရားမစွဲဘူးလို့တော့ တရားသေတွက်လို့မရဘူး။ မြေတန်ဖိုးချင်းကွာတယ်ဆိုပြီး ရသလောက် အမြတ်တွက်တာ ကန့်ကွက်တာမျိုးလည်း ရှိတတ်တယ်။ အကောင်းဆုံးကတော့ သားသမီး သုံးဦးလုံးက သဘောတူရောင်းချတာမျိုးမှာ အကောင်းဆုံးပါပဲ။ ဥပဒေသဘောအရတော့ ရောင်းမယ့်သူကသာတဲ့ သဘောရှိပါတယ်”

“စွန့်စားဝယ်ရမယ့် သဘောဖြစ်နေတာပေါ့ ဆရာ”

“မှန်ပါတယ်။ စွန့်စားရမယ့် သဘောဖြစ်လို့ ပေးကမ်းခြင်းကိစ္စတွေမှာ သေချာစိစစ်ဝယ်သင့်ပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အေမြပုံပစၥည္း ျဖစ္လာတတ္သည့္ မိဘမ်ား မကြယ္လြန္မီ ေပးကမ္းခဲ့ေသာ အိမ္ႏွင့္ ေျမကို ၀ယ္မည္ဆုိလွ်င္

“ မိဘမ်ားကြယ္လြန္ရင္ ခြဲေ၀ဖို႔ အေမြပစၥည္းက်န္ခဲ့ရမယ္ဆိုတာ ဟုတ္ပါသလား ဆရာ”ဟု မိတ္ေဆြ တစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါသည္၊

“တရားေသေျပာလိ႔ုေတာ့ မရဘူး။ ေငြေၾကးျပည့္စံုတဲ့ မိသားစုဆို ရင္ေတာ့ မိဘပိုင္မေရႊ႕မေျပာင္းႏိုင္တဲ့ပစၥည္း၊ ေရႊ႕ေျပာင္းႏိုင္တဲ့ပစၥည္းေတြရွိႏုိင္တယ္။ လက္လုပ္လက္စား အေျခခံ လူတန္းစားမွာေတာ့ ခြဲေ၀မယ့္ အေမြပစၥည္းက်န္ရစ္ဖို႔ ကိစၥက၊ ခဲယဥ္းမႈတစ္ခုျဖစ္လာႏိုင္တယ္”

“ဟုတ္ပါတယ္ဆရာ။ ဒါေပမယ့္ ဥပေဒအရ၊ အေမြပစၥည္းအျဖစ္ထား ရွိရမယ္ဆိုတာရွိတယ္လို႔ တခ်ဳိ႕က ေျပာၾကလို႔ပါ ဆရာ။ အဲဒါအခုမွ ျပ႒ာန္းတာလား ဆရာ”

“ျမန္မာ့ ဓေလ့ထံုးတမ္း ဥပေဒအရေတာ့၊ ကင္း၀န္မင္းႀကီးဦးေကာင္း ျပဳစုတဲ့ ဓမၼသတ္-၃၆ ေစာင္တြဲ၊ အခန္း (၈) ပုဒ္မ ၇၅ မွာ-ျမန္မာဗုဒၶဘာသာ၀င္သားခ်င္းတို႔အနက္ တစ္စံုတစ္ေယာက္ေသာ သားသမီးတို႔အား မိဘတို႔သည္ေပးကမ္းခဲ့၍ လက္သို႔ ေရာက္ေသာ္လည္း ထိုမိဘတို႔ ေသဆံုးၿပီးေနာက္ သားခ်င္းတို႔မွာ ေ၀ျခမ္း စရာ အေမြဥစ္ၥာမရွိခဲ့မူကား မိဘတို႔ ေပးကမ္းခဲ့သည့္ လက္ေရာက္ဥစၥာျဖစ္သည္ဟုမဆိုသာ၊ ထိုဥစၥာကို အေမြပံုမွာ ထည့္သြင္း၍ သားခ်င္းတို႔ ႏွင့္တရားေၾကာင္းအေလ်ာက္ခြဲေ၀ျခင္းျပဳအပ္၏လို႔ေဖာ္ျပထားတာေၾကာင့္ ေရွးဘုရင္ကာလကပင္ လက္ခံက်င့္သံုးခဲ့တယ္လို႔ ယူဆရမွာျဖစ္ပါတယ္”

“မိဘျဖစ္သူက မိမိမကြယ္လြန္မီမွာ သားသမီးေတြကို မိမိပိုင္ပစၥည္းမ်ားအေပၚ တစ္ဦးစီခြဲေ၀ေပးထားၿပီးဆိုရင္ ကြယ္လြန္တ့ဲအခါ အေမြခြဲေ၀ဖို႔ လိုပါဦးမလား ဆရာ”

အဲ့ဒါကေတာ့ မိဘေတြနဲ႔သားသမီးေတြအားလံုး သေဘာတူခြဲေ၀တဲ့ မိသားစုစီမံမႈလုပ္လို႔ရတယ္။ အခု ဘယ္လိုကိစၥနဲ႔ပတ္သက္ေနလို႔လဲ”

“ဒီလိုပါ ဆရာ။ ကၽြန္ေတာ္၀ယ္ ဖို႔သြားၾကည့္တဲ့ အိမ္နဲ႔ေျမက ထူးျခားတဲ့စာခ်ဳပ္တစ္ခု ဖတ္လိုက္ရလို႔ပါ”

“ကဲ - ေျပာပါဦး၊ ပိုင္ရွင္မွာ ဘာျပႆနာရွိေနလို႔လဲ”

“မိဘေတြကေတာ့ ကြယ္လြန္သြားၾကၿပီဆရာ။ ကၽြန္ေတာ္ အခု ၀ယ္မယ့္အိမ္နဲ႔ ေျမက မိခင္မကြယ္လြန္မီမွာ အတူေနသမီးကို ေပးကမ္း သြားတယ္ ဆရာ”

“မွတ္ပံုတင္ စာခ်ဳပ္စာတမ္းနဲ႔ ေပးကမ္းသြားတာလား””

“ဟုတ္ပါတယ္ဆရာ၊ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ရံုးမွာ မွတ္ပံုတင္ ျပဳလုပ္ခ်ဳပ္ဆိုထားပါတယ္”

“ေျမအမည္ေပါက္က မိခင္အမည္ေပါက္ အေနနဲ႔ရွိေသးလား၊ သမီးျဖစ္သူက အမည္ေျပာင္းၿပီးၿပီလား”

“အဲ့ဒါေတာ့ ေသခ်ာမသိဘူး ဆရာ။ အေပးစာခ်ဳပ္ထဲမွာေတာ့၊ က်န္သားသမီးႏွစ္ဦးကို အေမြခြဲေ၀ ေပးၿပီးျဖစ္တယ္။ ဒါေၾကာင့္ အတူေန သမီးကို က်န္ရွိတဲ့ ယခု အိမ္နဲ႔ေျမကို ေမတၱာႏွင့္ ေပးကမ္းတယ္လို႔ေဖာ္ျပ ထားပါတယ္”

“ေမာင္ရင္ ေျပာစကားအရေတာ့ အေပးစာခ်ဳပ္ကို ဥပေဒတတ္ သိသူတစ္ဦးဦးနဲ႔ ခ်ဳပ္ဆိုထားတယ္ဆိုရမယ္။ အခုစရန္ေငြေပးၿပီးၿပီ လာ...”

“စရန္ေတာ့ မေပးရေသးဘူး ဆရာ။ စရန္ေငြေပးၿပီးရင္ေတာ့ သတင္းစာမွာ ကန္႔ကြက္ရန္ရွိ္၊ မရွိ ထည့္သြင္းရမယ္ဆရာ။ ဒါလည္း ဆရာ ေဆာင္ရြက္ေပးေစခ်င္ပါတယ္။ ခက္တာက အဲဒီလို ေၾကာ္ျငာလိုက္မွ ကန္႔ကြက္သူမ်ား ေပၚလာႏိုင္သလား ဆရာ”

“ေပးကမ္းျခင္းစာခ်ဳပ္မွာက်န္တဲ့ သားသမီးႏွစ္ဦးကလည္း သေဘာတူေၾကာင္း ေဖာ္ျပထားမယ္။ ဒါမွမဟုတ္ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးထားမယ္ဆိုရင္ေတာ့ က်န္တဲ့သားသမီးႏွစ္ဦးက မိဘကြယ္လြန္ခ်ိန္မွာ ကန္႔ကြက္ဖို႔ခက္ခဲသြားႏုိင္တာေပါ့”

“ဆရာ ေျပာသလုိ မိဘကြယ္လြန္္ခ်ိန္မွာ အေပးစာခ်ဳပ္အေပၚ ကန္႔ကြက္ဖုိ႔ ခက္ခဲသြားမယ္ဆုိရင္ မိဘမကြယ္လြန္မီမွာ ကန္႔ကြက္လုိ႔ မရဘူးလား”

“ဥပေဒသေဘာအရေတာ့ ေပးကမ္းသူ မိဘမကြယ္လြန္မီမွာ ေပးကမ္းစာခ်ဳပ္အေပၚ ကန္႔ကြက္ေတာင္းဆုိခြင့္မရွိလုိ႔ ဆုိထားတယ္”

“ဒါဆုိရင္ ေပးကမ္းသူ ကြယ္လြန္မွ ေပးကမ္းျခင္းအေပၚကန္႔ကြက္ေတာင္းဆုိခြင့္ရွိမယ့္ သေဘာလား ဆရာ”

“မွန္ပါတယ္။ ရွင္းေအာင္ေျပာရရင္ ဒါနဲ႔ ပတ္သက္လုိ႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေဒၚလွပုိပါ (၂) ႏွင့္ ဦးတင္အုန္းပါ (၃) ၁၉၉၀ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ - ၁၀၄၊ အမႈမွာ အေမြရွင္မကြယ္ လြန္မီ အေမြရွင္ေပးကမ္းထားသည့္ ေပးကမ္းျခင္းစာခ်ဳပ္မွာ ပ်က္ျပယ္ပါသည္ဟု အေမြရွင္ႏွင့္ ေပးကမ္းျခင္း လက္ခံသူတုိ႔အေပၚ တရားစြဲခြင့္မရွိလုိ႔ ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ မိဘေပးကမ္းသူ အသက္ထင္ရွားရွိစဥ္မွာ ေမတၱာႏွင့္ ပစၥည္းေပးကမ္းျခင္းအေပၚ အေမြဆက္ခံမည့္ က်န္သားသမီးမ်ားက ကန္႔ကြက္ပုိင္ခြင့္ရွိမွာ မဟုတ္ပါဘူး”

“ဒါဆုိရင္ ေပးကမ္းသူ မိဘကြယ္လြန္မွ ကန္႔ကြက္ခြင့္ရွိတဲ့ သေဘာျဖစ္သြားတာေပါ့”

“မွန္ပါတယ္။ ဒီေနရာမွာလည္း ေပးကမ္းသူ မိဘက သားသမီးအားလုံးကို အေမြသေဘာခြဲေ၀ၿပီးေၾကာင္း ေပၚလြင္ရင္ေတာ့ ေနာက္ဆုံးေပးကမ္း လက္ခံသူမွာ ယခုပစၥည္းကလြဲၿပီး က်န္ပစ္ၥည္းလုံး၀ရယူထားျခင္းမရွိခဲ့ရင္ အတည္ျဖစ္ႏုိင္ပါတယ္”

“ဒါဆုိရင္ အခုကိစ္ၥမွာ မိခင္ျဖစ္သူက ကြယ္လြန္သြားၿပီဆုိေတာ့ ကန္႔ကြက္ႏုိင္တာေပါ့ေနာ္”

“တစ္ခုရွိတာက က်န္တဲ့ ေမာင္ႏွမႏွစ္ဦးက ဆရာအေစာကေျပာသလုိ အေပးစာခ်ဳပ္မွာသိရွိ သေဘာတူညီ ေၾကာင္း လက္မွတ္ေရး ထုိးထားတာမ်ဳိးပါရွိရင္ေတာ့ စိတ္ပူစရာမလုိဘူးေပါ့။ ဒါေပမယ့္ အသိသက္ေသအျဖစ္ လက္မွတ္ေရးထုိးထားတာမရွိရင္ေတာ့ သူတုိ႔ မသိပါဘူးဆုိၿပီး အေရာင္းအ၀ယ္ကုိ ကန္႔ကြက္ႏုိင္ပါတယ္”

“ဆရာေျပာမွ သတိရမိတယ္။ ေရာင္းသူ အမ်ဳိးသမီးကေျပာေတာ့ က်န္တဲ့ ေမာင္ႏွမေတြက အေပးစာခ်ဳပ္တရားမ၀င္ဘူးဆုိၿပီး တရားစြဲတာ ႐ႈံးသြားတယ္ ေျပာတယ္။ ဒါေၾကာင့္ အမည္ေျပာင္းထားလုိ႔ စိတ္မပူနဲ႔ ေျပာပါတယ္”

“ဒါဆုိရင္ ေျမကြက္အမည္ေပါက္ ေျပာင္းစဥ္က ကန္႔ကြက္တရားစြဲတာျဖစ္မယ္။ အဲဒီတုန္းက မိခင္ႀကီးမကြယ္လြန္ေသးဘူး ထင္တယ္။ တရား႐ုံးရဲ႕ စီရင္ခ်က္အမိန္႔ မိတၱဴကူးထားေသးလား”

“ကၽြန္ေတာ္က ၾကည့္႐ုံပဲၾကည့္ခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ဖုန္းနဲ႔ ဓာတ္ပုံေတာ့ ႐ုိက္ယူထားတယ္”ဟု ေျပာကာ ဖုန္းထဲရွိ ဓာတ္ပုံကိုရွာၿပီး စာေရးသူအားျပပါသည္။

“ဒီ စီရင္ခ်က္အရဆုိရင္ေတာ့ အထက္က ေျပာခဲ့သလုိ မိခင္မကြယ္လြန္မီ တရားစြဲဆုိတဲ့အတြက္ စြဲပုိင္ခြင့္ မရွိေသးလုိ႔ ပယ္လုိက္တာျဖစ္တယ္”

“ဒါဆုိရင္ အခုေပးကမ္းသူ မိခင္ကြယ္လြန္ၿပီးမွ ေရာင္းတယ္ဆုိေတာ့ ထပ္မံတရားစြဲဆုိခြင့္ရွိႏုိင္တာေပါ့”

“မွန္ပါတယ္။ ဒါေပမယ့္ အေပးစာခ်ဳပ္မွာ က်န္သားသမီးႏွစ္ဦးကုိ တုိက္ခန္းနဲ႔ ဒဂုံၿမိဳ႕သစ္ေျမာက္ပုိင္းက ေျမတစ္ကြက္စီေပးၿပီးလုိ႔ ေဖာ္ျပထားခ်က္အရ ေနာက္ဆုံးပစၥည္းကို အတူေနသူထံေပးတာကေတာ့ တရား ၀င္ႏုိင္ပါတယ္”

“အေမြခြဲမယ္ဆုိရင္ သုံးဦးလုံးရထားတဲ့ ေျမကြက္နဲ႔ အိမ္အားလုံး အေပၚ ခြဲေ၀မွ တရားမွ်မွာေပါ့ ဆရာ”

“ဒါေၾကာင့္ တရားမစြဲဘူးလုိ႔ေတာ့ တရားေသတြက္လုိ႔မရဘူး။ ေျမတန္ဖုိးခ်င္းကြာတယ္ဆုိၿပီး ရသေလာက္ အျမတ္တြက္တာ ကန္႔ကြက္တာမ်ဳိးလည္း ရွိတတ္တယ္။ အေကာင္းဆုံးကေတာ့ သားသမီး သုံးဦးလုံးက သေဘာတူေရာင္းခ်တာမ်ဳိးမွာ အေကာင္းဆုံးပါပဲ။ ဥပေဒသေဘာအရေတာ့ ေရာင္းမယ့္သူကသာတဲ့ သေဘာရွိပါတယ္”

“စြန္႔စား၀ယ္ရမယ့္ သေဘာျဖစ္ေနတာေပါ့ ဆရာ”

“မွန္ပါတယ္။ စြန္႔စားရမယ့္ သေဘာျဖစ္လုိ႔ ေပးကမ္းျခင္းကိစၥေတြမွာ ေသခ်ာစိစစ္၀ယ္သင့္ပါတယ္”ဟု အႀကံျပဳေဆြးေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထိီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service