ထိုင်းနိုင်ငံက အောက်တိုဘာလတွင် ကမ္ဘာလှည့်ခရီးသည်များ ပြန်လည်ဝင်ခွင့်ပြုမည်

ထိုင်းနိုင်ငံက အောက်တိုဘာလတွင် ကမ္ဘာလှည့်ခရီးသည်များ ပြန်လည်ဝင်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
27 Aug 2020 1:26 pm တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့်ဆောင်းအားလပ်ရက်များတွင် ထိုင်းနိုင်ငံသို့ သွားရောက်အပန်းဖြေလိုသည့် ခရီးသွားများအတွက် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာပြီ ဖြစ်သည်။

ထိုင်း ကမ္ဘာလှည့် ခရီးသွားဆိုင်ရာဝန်ကြီး Phiphat Ratchakitprakarn က ပြီးခဲ့သော ရက်သတ္တပတ်က ပြောကြားခဲ့ရာတွင် ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည်များကို Safe and Sealed ဟု အမည်ပေးထားသည့် အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ရည်မှန်းထားကြောင်း ပြောကြားသည်။

“အောက်တိုဘာ ၁ ရက်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ပြန်လည်ဝင်ရောက်ခွင့်ပြုဖို့ အတည်ပြုချက်ရရေးအတွက် ဝန်ကြီးချုပ်ကို ကျွန်တော် တောင်းဆိုထားပါတယ်။ စမ်းသပ်နေရာအဖြစ် ဖူးခက်ကို အသုံးပြုခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါကိုတော့ စီးပွားရေး အခြေအနေအုပ်ချုပ်ရေးဌာနရဲ့ ခွင့်ပြုချက် ရရှိပြီး ဖြစ်ပါတယ်” ဟု Phiphat က ပြောကြားသည်။

ယခုအစီအစဉ်အောင်မြင်ပါက အခြားနေရာများလည်း တိုးချဲ့ပေးသွားမည် ဖြစ်သည်။

ကနဦးတွင် ကမ္ဘာလှည့်ခရီးသည်တို့ကို ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အပန်းဖြေကျွန်းဖြစ်သော ဖူးခက်သို့ လေယာဉ်ဖြင့် သွားခွင့်ပြုမည် ဖြစ်သည်။ ယင်းနောက် ဖူးခက်ရှိ သတ်မှတ်ထားသည့် အပန်းဖြေစခန်းတစ်ခုတွင် quarantine အဖြစ် ၁၄ ရက်နေထိုင်ရမည်ဟု ဆိုသည်။

ဖူးခက်ကျွန်းမှ Patong ကမ်းခြေသည် ယခုစီမံကိန်း လုပ်ဆောင်နိုင်မည့် နေရာတစ်ခုဖြစ်ကြောင်း Phiphat က ပြောကြားသည်။

အပန်းဖြေစခန်း ၃ ခုမှ ၄ ခုအထိ ပါဝင်မည့် နယ်မြေတစ်ခုကို အထူးဇုန်တစ်ခုအဖြစ် သတ်မှတ်ကာ ထို ပင်လယ်ကမ်းခြေနယ်ပယ်အတွင်း quarantine ဝင်မည့် ကမ္ဘာလှည့်ခရီးသည်များ သွားလာခွင့်ပြုမည်ဖြစ်သည်။

ခရီးသွားများသည် ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်ချိန်နှင့် quarantine ကာလပြီးဆုံးချိန်များတွင် Covid 19 စမ်းသပ်စစ်ဆေးမှု ခံယူရမည် ဖြစ်သည်။ ထိုနောက်တွင်ကား ဖူးခက်ကျွန်းတစ်ခွင်တွင် လွတ်လပ်စွာ သွားလာခွင့် ရရှိမည် ဖြစ်သည်။

ဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ဖူးခက်ကျွန်းသာမက အခြားနေရာများသို့လည်း လည်ပတ်လိုသူများအနေဖြင့်မူ ၇ ရက် ပိုမိုပြီး quarantine နေထိုင်ရမည်ဖြစ်ကာ ၂၁ ရက်ပြီးဆုံးလျှင် တတိယအကြိမ်မြောက် Covid 19 စစ်ဆေးမှု ခံယူရမည် ဖြစ်သည်။

အဆိုပါ ဇုန်နယ်မြေတွင် အလုပ်လုပ်မည့် ဟိုတယ်ဝန်ထမ်းများသည် quarantine ဝင်ပြီးမှသာ ထိုနေရာမှ ပြန်လည်ထွက်ခွာခွင့်ပေးမည် ဖြစ်သည့်အပြင် covid 19 စစ်ဆေးမှုကိုလည်း ပုံမှန်ပြုလုပ်နေရမည် ဖြစ်သည်။

အဆိုပါစီမံကိန်းကို အတည်ပြုပြီးဖြစ်ကာ နောက်တစ်ဆင့်အနေဖြင့် ဒေသခံများ၏ အတည်ပြုခွင့်ပြုချက်ရယူရန် ပြည်သူ့အသံ ကြားနာမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အကြီးအကဲ Yuthasak Supasorn က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thailand floats plan to welcome back international tourists in October (CNN)

[Zawgyi]

ထိုင္းႏိုင္ငံက ေအာက္တိုဘာလတြင္ ကမၻာလွည့္ခရီးသည္မ်ား ျပန္လည္ဝင္ခြင့္ျပဳမည္

လာမည့္ေဆာင္းအားလပ္ရက္မ်ားတြင္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အပန္းေျဖလိုသည့္ ခရီးသြားမ်ားအတြက္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္မ်ား သန္းလာျပီ ျဖစ္သည္။

ထိုင္း ကမၻာလွည့္ ခရီးသြားဆိုင္ရာဝန္ၾကီး Phiphat Ratchakitprakarn က ျပီးခဲ့ေသာ ရက္သတၱပတ္က ေျပာၾကားခဲ့ရာတြင္ ထိုင္းႏိုင္ငံသည္ ကမၻာလွည့္ခရီးသည္မ်ားကို Safe and Sealed ဟု အမည္ေပးထားသည့္ အစီအစဥ္ျဖင့္ ျပန္လည္ဝင္ေရာက္ခြင့္ျပဳရန္ ရည္မွန္းထားေၾကာင္း ေျပာၾကားသည္။

“ေအာက္တိုဘာ ၁ ရက္မွာ ကမၻာလွည့္ခရီးသည္ေတြကို ျပန္လည္ဝင္ေရာက္ခြင့္ျပဳဖို႔ အတည္ျပဳခ်က္ရေရးအတြက္ ဝန္ၾကီးခ်ဳပ္ကို ကၽြန္ေတာ္ ေတာင္းဆိုထားပါတယ္။ စမ္းသပ္ေနရာအျဖစ္ ဖူးခက္ကို အသံုးျပဳခြင့္ေပးဖုိ႔လည္း ေတာင္းဆိုထားပါတယ္။ ဒါကိုေတာ့ စီးပြားေရး အေျခအေနအုပ္ခ်ဳပ္ေရးဌာနရဲ ႔ ခြင့္ျပဳခ်က္ ရရွိျပီး ျဖစ္ပါတယ္” ဟု Phiphat က ေျပာၾကားသည္။

ယခုအစီအစဥ္ေအာင္ျမင္ပါက အျခားေနရာမ်ားလည္း တိုးခ်ဲ ႔ေပးသြားမည္ ျဖစ္သည္။

ကနဦးတြင္ ကမၻာလွည့္ခရီးသည္တို႔ကို ထိုင္းႏိုင္ငံ၏ အၾကီးမားဆံုး အပန္းေျဖကၽြန္းျဖစ္ေသာ ဖူးခက္သို႔ ေလယာဥ္ျဖင့္ သြားခြင့္ျပဳမည္ ျဖစ္သည္။ ယင္းေနာက္ ဖူးခက္ရွိ သတ္မွတ္ထားသည့္ အပန္းေျဖစခန္းတစ္ခုတြင္ quarantine အျဖစ္ ၁၄ ရက္ေနထိုင္ရမည္ဟု ဆိုသည္။

ဖူးခက္ကၽြန္းမွ Patong ကမ္းေျခသည္ ယခုစီမံကိန္း လုပ္ေဆာင္ႏိုင္မည့္ ေနရာတစ္ခုျဖစ္ေၾကာင္း Phiphat က ေျပာၾကားသည္။

အပန္းေျဖစခန္း ၃ ခုမွ ၄ ခုအထိ ပါဝင္မည့္ နယ္ေျမတစ္ခုကို အထူးဇုန္တစ္ခုအျဖစ္ သတ္မွတ္ကာ ထို ပင္လယ္ကမ္းေျခနယ္ပယ္အတြင္း quarantine ဝင္မည့္ ကမၻာလွည့္ခရီးသည္မ်ား သြားလာခြင့္ျပဳမည္ျဖစ္သည္။

ခရီးသြားမ်ားသည္ ထိုင္းႏိုင္ငံသို႔ စတင္ဝင္ေရာက္ခ်ိန္ႏွင့္ quarantine ကာလျပီးဆံုးခ်ိန္မ်ားတြင္ Covid 19 စမ္းသပ္စစ္ေဆးမႈ ခံယူရမည္ ျဖစ္သည္။ ထိုေနာက္တြင္ကား ဖူးခက္ကၽြန္းတစ္ခြင္တြင္ လြတ္လပ္စြာ သြားလာခြင့္ ရရွိမည္ ျဖစ္သည္။

ဝန္ၾကီးက ဆက္လက္ေျပာၾကားရာတြင္ ဖူးခက္ကၽြန္းသာမက အျခားေနရာမ်ားသို႔လည္း လည္ပတ္လိုသူမ်ားအေနျဖင့္မူ ၇ ရက္ ပိုမိုျပီး quarantine ေနထိုင္ရမည္ျဖစ္ကာ ၂၁ ရက္ျပီးဆံုးလွ်င္ တတိယအၾကိမ္ေျမာက္ Covid 19 စစ္ေဆးမႈ ခံယူရမည္ ျဖစ္သည္။

အဆိုပါ ဇုန္နယ္ေျမတြင္ အလုပ္လုပ္မည့္ ဟိုတယ္ဝန္ထမ္းမ်ားသည္ quarantine ဝင္ျပီးမွသာ ထိုေနရာမွ ျပန္လည္ထြက္ခြာခြင့္ေပးမည္ ျဖစ္သည့္အျပင္ covid 19 စစ္ေဆးမႈကိုလည္း ပံုမွန္ျပဳလုပ္ေနရမည္ ျဖစ္သည္။

အဆိုပါစီမံကိန္းကို အတည္ျပဳျပီးျဖစ္ကာ ေနာက္တစ္ဆင့္အေနျဖင့္ ေဒသခံမ်ား၏ အတည္ျပဳခြင့္ျပဳခ်က္ရယူရန္ ျပည္သူ႔အသံ ၾကားနာမႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ ကမၻာလွည့္ခရီးသြားလုပ္ငန္းအာဏာပိုင္အဖြဲ႔ အၾကီးအကဲ Yuthasak Supasorn က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thailand floats plan to welcome back international tourists in October (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service