တရုတ်အစိုးရက လူမနေသည့်ကျွန်း ၆၀၀ နီးပါးကို အငှားချမည်

တရုတ်အစိုးရက လူမနေသည့်ကျွန်း ၆၀၀ နီးပါးကို အငှားချမည် - Property News in Myanmar from iMyanmarHouse.com
27 Aug 2020 1:16 pm တွင် တင်ခဲ့သည်
1139 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည် အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် လူမနေသော ကျွန်းများ ရာပေါင်းများစွာ တည်ရှိနေပြီး ယခုအခါ တရုတ်အစိုးရက အဆိုပါကျွန်းများကို အငှားချထားတော့မည်ဟု ဆိုသည်။

လျောင်နင်းပြည်နယ် ဘဏ္ဍာရေးနှင့် သဘာဝအရင်းအမြစ်များ ဦးစီးဌာနက ပြီးခဲ့သော ဇူလိုင်လအတွင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အဆိုပါထုတ်ပြန်ချက်မှာ ယခုရက်သတ္တပတ်အတွင်း တရုတ်လူမှုကွန်ရက်အသုံးပြုသူများအကြား များစွာပျံ့နှံ့လာလျက် ရှိသည်။

ကျွန်းများသည် ကုန်းမြေများနှင့် အခြားသဘာဝအရင်းအမြစ်များနည်းတူ အစိုးရကသာပိုင်ဆိုင်သော်လည်း ပုဂ္ဂလိကအသုံးပြုလိုသူများကို အငှားချထားနိုင်သည်။

တရုတ်နိုင်ငံပိုင်သတင်းဌာနဖြစ်သော ဆင်ဟွာသတင်းတွင် ဖော်ပြချက်အရ ငှားရမ်းခမှာ အလွန်ဈေးသက်သာပြီး မြေ ၁ ဟက်တာကို တစ်နှစ်တာ ငှားရမ်းခမှာ ယွမ်ငွေ ၃၇၀၀ (ကန်ဒေါ်လာ ၅၃၅) သာ ဖြစ်သည်ဟု ဆိုသည်။

လျောင်နင်းသည် တရုတ်ပြည်မြောက်ပိုင်းတွင် ကျွန်းစုများ အများဆုံးပါဝင်သည့် ပြည်နယ်ကြီးဖြစ်ပြီး စုစုပေါင်းအားဖြင့် ကျွန်းပေါင်း ၆၃၃ ကျွန်းအထိ တည်ရှိနေသည်။

ယင်းအနက် ၄၄ ကျွန်းမှာ လူနေသောကျွန်းများဖြစ်ပြီး ကျန် ၅၈၉ ကျွန်းတွင်မူ လူသူနေထိုင်ခြင်း မရှိချေ။

အချို့သောကျွန်းများမှာ ပင်လယ်ဝါ၏ ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိပြီး ကျွန်းပေါင်းများစွာမှာမူ အိမ်နီးချင်း မြောက်ကိုရီးယားနှင့် နယ်နိမိတ်ပိုင်းခြားထားသော ယာလူမြစ်အတွင်း ဖြန့်ကျက် တည်ရှိသည်။

လျောင်နင်းပြည်နယ်၏မြို့တော် ရှန်းယန်သည် ပေကျင်းမြို့တော်၏ အရှေ့ဘက် မိုင် ၄၃၀ ခန့် အကွာအဝေးတွင် တည်ရှိရာ ရန်ကုန်မှ ပြင်ဦးလွင်အကွာအဝေးခန့် ရှိသည်။

မကြာသေးမီနှစ်များအတွင်း ဒေသတွင်းတွင် ရေပိုင်နက် အရင်းအမြစ်များနှင့် စပ်လျဉ်းပြီး ဖိအားများ မြင့်တက်လာသည်။

ကျွန်းများနှင့် ၎င်းတို့၏ဝန်းကျင်ရေကြောင်းပိုင်နက်များကို ထိရောက်ကျယ်ပြန့်စွာ အသုံးချနိုင်ခြင်းမရှိကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ကျွန်းများ၏ အသုံးဝင်မှု မြင့်မားပါက တစ်ဟက်တာကို တစ်နှစ်လျှင် ယွမ်ငွေ ၂၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၆၂ သန်း) ခန့် ဈေးပေါက်နိုင်သည်ဟု ခန့်မှန်းကြသည်။

ဈေးနှုန်းမှာ ကျွန်းကို မည်မျှဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်သည်၊ မည်သည်အတွက်အသုံးပြုမည်ဆိုသည့်အချက်များအပေါ် မူတည်နေသည်။

လက်ရှိအားဖြင့် ဈေးအသက်သာဆုံးမှာ တစ်ဟက်တာလျှင် ၅၃၅ ဒေါ်လာဖြစ်ပြီး ကျွန်းကိုမည်သို့အသုံးချမည်ဟူသည့် အချက်ပေါ်တွင်လည်း မူတည်နေသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးဖမ်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြားသော အသုံးပြုနိုင်ဖွယ် အလားအလာရှိသည့် ကဏ္ဍ ၉ ခုရှိပြီး လုပ်ငန်းအပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားသည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China puts hundreds of uninhabited islands up for rent (CNN)

[Zawgyi]

တရုတ္အစိုးရက လူမေနသည့္ကၽြန္း ၆၀၀ နီးပါးကို အငွားခ်မည္

တရုတ္ျပည္ အေရွ ႔ေျမာက္ပိုင္း ေလ်ာင္နင္းျပည္နယ္တြင္ လူမေနေသာ ကၽြန္းမ်ား ရာေပါင္းမ်ားစြာ တည္ရွိေနျပီး ယခုအခါ တရုတ္အစိုးရက အဆိုပါကၽြန္းမ်ားကို အငွားခ်ထားေတာ့မည္ဟု ဆိုသည္။

ေလ်ာင္နင္းျပည္နယ္ ဘ႑ာေရးႏွင့္ သဘာဝအရင္းအျမစ္မ်ား ဦးစီးဌာနက ျပီးခဲ့ေသာ ဇူလိုင္လအတြင္း ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ရာ အဆိုပါထုတ္ျပန္ခ်က္မွာ ယခုရက္သတၱပတ္အတြင္း တရုတ္လူမႈကြန္ရက္အသံုးျပဳသူမ်ားအၾကား မ်ားစြာပ်ံ ႔ႏွံ႔လာလ်က္ ရွိသည္။

ကၽြန္းမ်ားသည္ ကုန္းေျမမ်ားႏွင့္ အျခားသဘာဝအရင္းအျမစ္မ်ားနည္းတူ အစိုးရကသာပိုင္ဆိုင္ေသာ္လည္း ပုဂၢလိကအသံုးျပဳလိုသူမ်ားကို အငွားခ်ထားႏိုင္သည္။

တရုတ္ႏိုင္ငံပိုင္သတင္းဌာနျဖစ္ေသာ ဆင္ဟြာသတင္းတြင္ ေဖာ္ျပခ်က္အရ ငွားရမ္းခမွာ အလြန္ေစ်းသက္သာျပီး ေျမ ၁ ဟက္တာကို တစ္ႏွစ္တာ ငွားရမ္းခမွာ ယြမ္ေငြ ၃၇၀၀ (ကန္ေဒၚလာ ၅၃၅) သာ ျဖစ္သည္ဟု ဆိုသည္။

ေလ်ာင္နင္းသည္ တရုတ္ျပည္ေျမာက္ပိုင္းတြင္ ကၽြန္းစုမ်ား အမ်ားဆံုးပါဝင္သည့္ ျပည္နယ္ၾကီးျဖစ္ျပီး စုစုေပါင္းအားျဖင့္ ကၽြန္းေပါင္း ၆၃၃ ကၽြန္းအထိ တည္ရွိေနသည္။

ယင္းအနက္ ၄၄ ကၽြန္းမွာ လူေနေသာကၽြန္းမ်ားျဖစ္ျပီး က်န္ ၅၈၉ ကၽြန္းတြင္မူ လူသူေနထုိင္ျခင္း မရွိေခ်။

အခ်ဳိ ႔ေသာကၽြန္းမ်ားမွာ ပင္လယ္ဝါ၏ ကမ္းလြန္ပင္လယ္ျပင္တြင္ တည္ရွိျပီး ကၽြန္းေပါင္းမ်ားစြာမွာမူ အိမ္နီးခ်င္း ေျမာက္ကိုရီးယားႏွင့္ နယ္နိမိတ္ပိုင္းျခားထားေသာ ယာလူျမစ္အတြင္း ျဖန္႔က်က္ တည္ရွိသည္။

ေလ်ာင္နင္းျပည္နယ္၏ျမိဳ ႔ေတာ္ ရွန္းယန္သည္ ေပက်င္းျမိဳ ႔ေတာ္၏ အေရွ ႔ဘက္ မိုင္ ၄၃၀ ခန္႔ အကြာအေဝးတြင္ တည္ရွိရာ ရန္ကုန္မွ ျပင္ဦးလြင္အကြာအေဝးခန္႔ ရွိသည္။

မၾကာေသးမီႏွစ္မ်ားအတြင္း ေဒသတြင္းတြင္ ေရပိုင္နက္ အရင္းအျမစ္မ်ားႏွင့္ စပ္လ်ဥ္းျပီး ဖိအားမ်ား ျမင့္တက္လာသည္။

ကၽြန္းမ်ားႏွင့္ ၎တို႔၏ဝန္းက်င္ေရေၾကာင္းပိုင္နက္မ်ားကို ထိေရာက္က်ယ္ျပန္႔စြာ အသံုးခ်ႏိုင္ျခင္းမရွိေၾကာင္း ဆင္ဟြာသတင္းတြင္ ေဖာ္ျပသည္။

ကၽြန္းမ်ား၏ အသံုးဝင္မႈ ျမင့္မားပါက တစ္ဟက္တာကို တစ္ႏွစ္လွ်င္ ယြမ္ေငြ ၂၅ သန္း (ကန္ေဒၚလာ ၃ ဒသမ ၆၂ သန္း) ခန္႔ ေစ်းေပါက္ႏိုင္သည္ဟု ခန္႔မွန္းၾကသည္။

ေစ်းႏႈန္းမွာ ကၽြန္းကို မည္မွ်ဖြံ႔ျဖိဳးတိုးတက္ေအာင္လုပ္ေဆာင္ႏိုင္သည္၊ မည္သည္အတြက္အသံုးျပဳမည္ဆိုသည့္အခ်က္မ်ားအေပၚ မူတည္ေနသည္

လက္ရွိအားျဖင့္ ေစ်းအသက္သာဆံုးမွာ တစ္ဟက္တာလွ်င္ ၅၃၅ ေဒၚလာျဖစ္ျပီး ကၽြန္းကိုမည္သို႔အသံုးခ်မည္ဟူသည့္ အခ်က္ေပၚတြင္လည္း မူတည္ေနသည္။

ကမၻာလွည့္ခရီးသြားလုပ္ငန္း၊ စိုက္ပ်ဳိးေရး၊ ငါးဖမ္း၊ ျပန္လည္ျပည့္ျဖိဳးျမဲစြမ္းအင္၊ ျမိဳ ႔ျပဖံြ႔ျဖိဳးေရးႏွင့္ အျခားေသာ အသံုးျပဳႏိုင္ဖြယ္ အလားအလာရွိသည့္ က႑ ၉ ခုရွိျပီး လုပ္ငန္းအေပၚမူတည္ျပီး ေစ်းႏႈန္းကြဲျပားသည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China puts hundreds of uninhabited islands up for rent (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service