Covid 19 ပျောက်ကင်းပြီးမှ ပြန်လည်ကူးစက်ခံရသူ ၃ ဦး ဟောင်ကောင်၊ဘယ်လ်ဂျီယံနှင့် နယ်သာလန်တွင် ပေါ်ပေါက်လာ

Covid 19 ပျောက်ကင်းပြီးမှ ပြန်လည်ကူးစက်ခံရသူ ၃ ဦး ဟောင်ကောင်၊ဘယ်လ်ဂျီယံနှင့် နယ်သာလန်တွင် ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
27 Aug 2020 12:59 pm တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid 19 ရောဂါ ပျောက်ကင်းသွားပြီးနောက်ပိုင်း ပြန်လည်ကူးစက်ခံရသူများ ဟောင်ကောင်၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန် နိုင်ငံများတွင် ပေါ်ပေါက်လာကြောင်း သိပ္ပံပညာရှင်တို့ ကြေညာလိုက်ရာ ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ဗိုင်းရပ်စ်အပေါ် သဘာဝအလျောက် ရောဂါပြီးနိုင်မှု မျှော်လင့်ချက်များနှင့် စပ်လျဉ်းပြီး ကြီးမားသည့်ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည်။

ဟောင်ကောင်တက္ကသိုလ်၊ အဏုဇီဝဗေဒဌာနမှ သုတေသနပညာရှင်များ၏ ပြောကြားချက်အရ ဟောင်ကောင်အမျိုးသားတစ်ဦးသည် လပေါင်းအတန်ကြာ ခြားကာ Covid 19 ဗိုင်းရပ်စ် ကွဲပြားခြားနားသောပုံသဏ္ဍာန် ၂ မျိုးဖြင့် ၂ ကြိမ် ကူးစက်ခံခဲ့ရကြောင်း ပြောကြားသည်။

အဆိုပါပညာရှင်တို့တင်သွင်းသော လေ့လာချက်စာတမ်းအရ ကူးစက်ခံရသည့်လူနာသည် အသက် ၃၃ နှစ်အရွယ်ရှိပြီး ကျန်းမာရေး ကောင်းမွန်သူဖြစ်သည်ဟု ဆိုသည်။

ပထမအကြိမ်ကူးစက်ခံရစဉ်က ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကို ၃ ရက်ခံစားခဲ့ရသည်။ ယင်းနောက် Covid 19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိကာ မတ်လ ၂၉ ရက်တွင် ဆေးရုံတက်ခဲ့ရသည်။

ဆေးရုံတွင် negative ၂ ကြိမ် စမ်းသပ်တွေ့ရှိပြီးနောက် ဧပြီလ ၁၄ ရက်တွင် ဆေးရုံဆင်းခွင့် ရရှိခဲ့သည်။

ယင်းနောက်ပိုင်း ၄ လခွဲခန့်အကြာတွင် ထိုသူသည် စပိန်မှ ဟောင်ကောင်သို့ ပြန်လာခဲ့ရာ ဟောင်ကောင်လေဆိပ်သို့ သြဂုတ်လ ၁၅ ရက်တွင် ရောက်ရှိလာသည်။

ဟောင်ကောင်လေဆိပ်တွင် ရောဂါစစ်ဆေးရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီး ဆေးရုံတက်ခဲ့ရပြန်သည်။

ယခုတစ်ကြိမ်တွင်ကား မည်သည့်ရောဂါလက္ခဏာမျှ ခံစားရခြင်းမရှိဟု ဆိုသည်။

ကျွမ်းကျင်ပညာရှင်များကမူ ယခုကဲ့သို့ ပြန်လည်ကူးစက်ခံရမှု ဖြစ်ရပ်တစ်ခုတည်းကိုကြည့်ပြီး ကောက်ချက်မဆွဲသင့်ကြောင်း သတိပေးကြသည်။ သို့သော် ယခုကဲ့သို့ တွေ့ရှိချက်မှာ ရတက်မအေးဖွယ်ရာဖြစ်ကြောင်း ၎င်းတို့က ဝန်ခံကြသည်။

ယခုဖြစ်ရပ်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် လအနည်းငယ်အကြာတွင် ပြန်လည်ကူးစက်နိုင်ကြောင်း ပြသနေသည်။ သို့ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်သည် သာမန်တုပ်ကွေးဖျားကဲ့သို့ ကမ္ဘာပေါ်တွင် ထာဝရတည်ရှိနေတော့မည့်သဘောဖြစ်လာသည်။

ယခင်က covid 19 ကူးစက်ခံခဲ့ရဖူးသူတို့သည်လည်း mask တပ်ခြင်းနှင့် လူမှုအလှမ်းခွာခြင်းတို့ကဲ့သို့သော ကပ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းများကို လိုက်နာသင့်ကြောင်း အကြံပြုထားသည်။

ဆေးပညာဂျာနယ်တစ်ခုဖြစ်သော Clinical Infectious Diseases တွင် ပုံနှိပ်ဖော်ပြခဲ့သော အဆိုပါသုတေသနအရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည်လည်း ရောဂါကို ထာဝရအကာအကွယ်မပေးနိုင်ချေ။ ရောဂါပျောက်ကင်းလာသူတို့သည်လည်း ၎င်းတို့ အလိုအလျောက် ရရှိလာသော ရောဂါပြီးမှုကို အချိန်ကြာရှည်စွာ ရရှိနေနိုင်ခြင်းမရှိဟု ညွှန်ပြနေသည်။

University of Exeter မှ ဒေါက်တာ ဒေးဗစ် စထရိန်းက ပြောကြားရာတွင် အထက်ပါသုတေသနတွေ့ရှိချက်အရ ကာကွယ်ဆေးများသည် ကျွန်ုပ်တို့ မျှော်လင့်နေသည့် မျှော်လင့်ချက်အတိုင်းဖြစ်မလာနိုင်တော့ကြောင်း၊ ကာကွယ်ဆေးအလုပ်လုပ်ပုံမှာ လူတို့၏ ကိုယ်ခန္ဓာကို ရောဂါကူးစက်ခံရသည့်သဖွယ် ပြုလုပ်ပေးလိုက်ကာ ပဋိပစ္စည်းများ ထုတ်လုပ်စေခြင်းဖြစ်ကြောင်း၊ ပဋိပစ္စည်းတို့သည် တာရှည်စွာ အကာအကွယ်မပေးနိုင်ဟုဆိုပါက လူတို့ကို ပုံမှန်လူနေမှုဘဝသို့ ပြန်ရောက်ရေးမှာ ဗိုင်းရပ်စ်ကို အမြစ်ပြတ် သုတ်သင်ရေးမဟာဗျူဟာသို့သာ ပြောင်းလဲရန် လိုအပ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဟောင်ကောင်တွင် ပြန်လည်ကူးစက်ခံရမှုပေါ်ပေါက်ပြီး မကြာမီတွင် ဘယ်လ်ဂျီယံနှင့် နယ်သာလန်နိုင်ငံများတွင်လည်း ရောဂါပျောက်ကင်းပြီးမှ ပြန်လည်ကူးစက်ခံရသူ ၂ ဦး ပေါ်ပေါက်လာသည်။

ဘယ်လ်ဂျီယံ ဗိုင်းရပ်စ်ပညာရှင် Marc Van Ranst က ပြောကြားရာတွင် ဘယ်လ်ဂျီယံမှ ပြန်လည်ကူးစက်ခံရသူမှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုနှစ် မတ်လတွင် Covid-19 ပထမအကြိမ် ကူးစက်ခံခဲ့ရကြောင်း၊ ယင်းနောက်တဖန် ကွဲပြားခြားနားသော ကိုရိုနာဗိုင်းရပ်စ်မျိုးတစ်ခုဖြင့် ဇွန်လတွင် ထပ်မံကူးစက်ခံခဲ့ရပြန်ကြောင်း၊ ဆက်လက်၍လည်း ပြန်လည်ကူးစက်ခံရသူများ ပေါ်ပေါက်လာဖွယ်ရှိနေကြောင်း ပြောကြားသည်။

နယ်သာလန်မှ ပြန်လည်ကူးစက်ခံရသူမှာလည်း အသက်ကြီးပိုင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scientists claim first human reinfected with Covid-19 (Independent, Reuters)

[Zawgyi]

Covid 19 ေပ်ာက္ကင္းျပီးမွ ျပန္လည္ကူးစက္ခံရသူ ၃ ဦး ေဟာင္ေကာင္၊ဘယ္လ္ဂ်ီယံႏွင့္ နယ္သာလန္တြင္ ေပၚေပါက္လာ

Covid 19 ေရာဂါ ေပ်ာက္ကင္းသြားျပီးေနာက္ပိုင္း ျပန္လည္ကူးစက္ခံရသူမ်ား ေဟာင္ေကာင္၊ ဘယ္လ္ဂ်ီယံႏွင့္ နယ္သာလန္ ႏိုင္ငံမ်ားတြင္ ေပၚေပါက္လာေၾကာင္း သိပၸံပညာရွင္တို႔ ေၾကညာလိုက္ရာ ကာကြယ္ေဆးထုတ္လုပ္မႈႏွင့္ ဗိုင္းရပ္စ္အေပၚ သဘာဝအေလ်ာက္ ေရာဂါျပီးႏိုင္မႈ ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ စပ္လ်ဥ္းျပီး ၾကီးမားသည့္ရႈပ္ေထြးမႈမ်ား ေပၚေပါက္လာသည္။

ေဟာင္ေကာင္တကၠသိုလ္၊ အဏုဇီဝေဗဒဌာနမွ သုေတသနပညာရွင္မ်ား၏ ေျပာၾကားခ်က္အရ ေဟာင္ေကာင္အမ်ဳိးသားတစ္ဦးသည္ လေပါင္းအတန္ၾကာ ျခားကာ Covid 19 ဗိုင္းရပ္စ္ ကြဲျပားျခားနားေသာပံုသ႑ာန္ ၂ မ်ဳိးျဖင့္ ၂ ၾကိမ္ ကူးစက္ခံခဲ့ရေၾကာင္း ေျပာၾကားသည္။

အဆိုပါပညာရွင္တို႔တင္သြင္းေသာ ေလ့လာခ်က္စာတမ္းအရ ကူးစက္ခံရသည့္လူနာသည္ အသက္ ၃၃ ႏွစ္အရြယ္ရွိျပီး က်န္းမာေရး ေကာင္းမြန္သူျဖစ္သည္ဟု ဆိုသည္။

ပထမအၾကိမ္ကူးစက္ခံရစဥ္က ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ဖ်ားနာျခင္းႏွင့္ ေခါင္းကိုက္ျခင္းတို႔ကို ၃ ရက္ခံစားခဲ့ရသည္။ ယင္းေနာက္ Covid 19 ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႔ရွိကာ မတ္လ ၂၉ ရက္တြင္ ေဆးရံုတက္ခဲ့ရသည္။

ေဆးရံုတြင္ negative ၂ ၾကိမ္ စမ္းသပ္ေတြ႔ရွိျပီးေနာက္ ဧျပီလ ၁၄ ရက္တြင္ ေဆးရံုဆင္းခြင့္ ရရွိခဲ့သည္။

ယင္းေနာက္ပိုင္း ၄ လခြဲခန္႔အၾကာတြင္ ထိုသူသည္ စပိန္မွ ေဟာင္ေကာင္သို႔ ျပန္လာခဲ့ရာ ေဟာင္ေကာင္ေလဆိပ္သို႔ ၾသဂုတ္လ ၁၅ ရက္တြင္ ေရာက္ရွိလာသည္။

ေဟာင္ေကာင္ေလဆိပ္တြင္ ေရာဂါစစ္ေဆးရာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႔ရိွျပီး ေဆးရံုတက္ခဲ့ရျပန္သည္။

ယခုတစ္ၾကိမ္တြင္ကား မည္သည့္ေရာဂါလကၡဏာမွ် ခံစားရျခင္းမရွိဟု ဆိုသည္။

ကၽြမ္းက်င္ပညာရွင္မ်ားကမူ ယခုကဲ့သို႔ ျပန္လည္ကူးစက္ခံရမႈ ျဖစ္ရပ္တစ္ခုတည္းကိုၾကည့္ျပီး ေကာက္ခ်က္မဆြဲသင့္ေၾကာင္း သတိေပးၾကသည္။ သို႔ေသာ္ ယခုကဲ့သို႔ ေတြ႔ရွိခ်က္မွာ ရတက္မေအးဖြယ္ရာျဖစ္ေၾကာင္း ၎တို႔က ဝန္ခံၾကသည္။

ယခုျဖစ္ရပ္အရ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရျပီးေနာက္ လအနည္းငယ္အၾကာတြင္ ျပန္လည္ကူးစက္ႏိုင္ေၾကာင္း ျပသေနသည္။ သို႔ျဖစ္ရာ ကိုရိုနာဗိုင္းရပ္စ္သည္ သာမန္တုပ္ေကြးဖ်ားကဲ့သို႔ ကမၻာေပၚတြင္ ထာဝရတည္ရွိေနေတာ့မည့္သေဘာျဖစ္လာသည္။

ယခင္က covid 19 ကူးစက္ခံခဲ့ရဖူးသူတို႔သည္လည္း mask တပ္ျခင္းႏွင့္ လူမႈအလွမ္းခြာျခင္းတို႔ကဲ့သို႔ေသာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး စည္းမ်ဥ္းမ်ားကို လိုက္နာသင့္ေၾကာင္း အၾကံျပဳထားသည္။

ေဆးပညာဂ်ာနယ္တစ္ခုျဖစ္ေသာ Clinical Infectious Diseases တြင္ ပံုႏွိပ္ေဖာ္ျပခဲ့ေသာ အဆိုပါသုေတသနအရ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားသည္လည္း ေရာဂါကို ထာဝရအကာအကြယ္မေပးႏိုင္ေခ်။ ေရာဂါေပ်ာက္ကင္းလာသူတို႔သည္လည္း ၎တို႔ အလိုအေလ်ာက္ ရရွိလာေသာ ေရာဂါျပီးမႈကို အခ်ိန္ၾကာရွည္စြာ ရရွိေနႏိုင္ျခင္းမရွိဟု ညႊန္ျပေနသည္။

University of Exeter မွ ေဒါက္တာ ေဒးဗစ္ စထရိန္းက ေျပာၾကားရာတြင္ အထက္ပါသုေတသနေတြ႔ရွိခ်က္အရ ကာကြယ္ေဆးမ်ားသည္ ကၽြႏု္ပ္တို႔ ေမွ်ာ္လင့္ေနသည့္ ေမွ်ာ္လင့္ခ်က္အတိုင္းျဖစ္မလာႏိုင္ေတာ့ေၾကာင္း၊ ကာကြယ္ေဆးအလုပ္လုပ္ပံုမွာ လူတို႔၏ ကိုယ္ခႏၶာကို ေရာဂါကူးစက္ခံရသည့္သဖြယ္ ျပဳလုပ္ေပးလိုက္ကာ ပဋိပစၥည္းမ်ား ထုတ္လုပ္ေစျခင္းျဖစ္ေၾကာင္း၊ ပဋိပစၥည္းတို႔သည္ တာရွည္စြာ အကာအကြယ္မေပးႏိုင္ဟုဆိုပါက လူတို႔ကို ပံုမွန္လူေနမႈဘဝသို႔ ျပန္ေရာက္ေရးမွာ ဗိုင္းရပ္စ္ကို အျမစ္ျပတ္ သုတ္သင္ေရးမဟာဗ်ဴဟာသို႔သာ ေျပာင္းလဲရန္ လိုအပ္လာမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေဟာင္ေကာင္တြင္ ျပန္လည္ကူးစက္ခံရမႈေပၚေပါက္ျပီး မၾကာမီတြင္ ဘယ္လ္ဂ်ီယံႏွင့္ နယ္သာလန္ႏိုင္ငံမ်ားတြင္လည္း ေရာဂါေပ်ာက္ကင္းျပီးမွ ျပန္လည္ကူးစက္ခံရသူ ၂ ဦး ေပၚေပါက္လာသည္။

ဘယ္လ္ဂ်ီယံ ဗိုင္းရပ္စ္ပညာရွင္ Marc Van Ranst က ေျပာၾကားရာတြင္ ဘယ္လ္ဂ်ီယံမွ ျပန္လည္ကူးစက္ခံရသူမွာ အသက္ ၅၀ အရြယ္ အမ်ဳိးသမီးတစ္ဦးျဖစ္ျပီး ယခုႏွစ္ မတ္လတြင္ Covid-19 ပထမအၾကိမ္ ကူးစက္ခံခဲ့ရေၾကာင္း၊ ယင္းေနာက္တဖန္ ကြဲျပားျခားနားေသာ ကိုရိုနာဗိုင္းရပ္စ္မ်ဳိးတစ္ခုျဖင့္ ဇြန္လတြင္ ထပ္မံကူးစက္ခံခဲ့ရျပန္ေၾကာင္း၊ ဆက္လက္၍လည္း ျပန္လည္ကူးစက္ခံရသူမ်ား ေပၚေပါက္လာဖြယ္ရွိေနေၾကာင္း ေျပာၾကားသည္။

နယ္သာလန္မွ ျပန္လည္ကူးစက္ခံရသူမွာလည္း အသက္ၾကီးပိုင္းတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Scientists claim first human reinfected with Covid-19 (Independent, Reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service