နေ့စဉ်သုံးပစ္စည်းများကို သန့်သန့်ရှင်းရှင်း ထားကြရအောင်

နေ့စဉ်သုံးပစ္စည်းများကို သန့်သန့်ရှင်းရှင်း ထားကြရအောင် - Property Knowledge in Myanmar from iMyanmarHouse.com
26 Aug 2020 1:10 pm တွင် တင်ခဲ့သည်
858 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျွန်တော်တို့ နေစဉ်အသုံးပြုနေကြသော်လည်း တစ်ခါတစ်ရံ သန့်ရှင်းအောင်လုပ်ဖို့ မေ့နေတတ်ကြသည်။ အလွယ်တကူ သန့်ရှင်းရေး လုပ်ဆောင်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို လုပ်ဆောင်ကြည့်ကြရအောင်ဗျာ။

ကျွန်တော်တို့ အမြဲအသုံးပြုနေရတဲ့ သွားတိုက်တံလေးများဟာ သွားကိုသန့်ရှင်းအောင် လုပ်ပေးရင်းနှင့် သူကိုယ်တိုင်က ညစ်ပေလာတတ်ပါတယ်။ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် ခံတွင်းကို သန့်ရှင်းအောင်လုပ်တဲ့ (mouthwash) အရည်ထဲကို သွားတိုက်တံကိုထည်ပြီး စိမ်ထားလိုက်ပါ။ သွားတိုက်တံမှာ ကပ်ငြိနေသည့် ဗက်တီးရီးယားတွေသေဆုံးပြီး သန့်ရှင်းသွားပါလိမ့်မည်။

ပန်းကန်ဆေးဖက် ဖော့တုန်းတွေဟာ အမြဲတမ်း စိုစွတ်နေတတ်တာကြောင့် ကြာလာသည့်အခါ မသန့်မရှင်းဖြစ်လာပါလိမ့်မည်။ ဒါကို ဖြေရှင်းဖို့ဆိုလျှင် မိုက်ခရိုဝေ့ဖ်ထဲကိုထည့်ပြီး ၂ မိနှစ်လောက် အပူပေးလိုက်ပါက သွေ့ခြောက်ပြီး ဗက်တီးရီးယားတွေ ကင်းစင်သွားပါလိမ့်မည်။

အိမ်မှာ မီးဖိုချောင်သုံးဓားတွေကို ပါကင်လိုက်(သို့) ဆက်လိုက်ဝယ်ထားပြီး အသုံးပြုသည့်အခါတွင် တစ်ချောင်းလောက်သာ အမြဲတမ်း အသုံးပြုတတ်ကြသည်။ တစ်ခါတစ်ရံသာ အသုံးပြုသည့်ဓားများကို ဆိုက်စုံထည့်သည့်ဘူးအတွင်း ထိုးစိုက်ထည့်ထားရာ ကြာသည့်အခါ အစက်အပြောက်နှင့် အညစ်အကြေးများ စွန်းထင်လာကြသည်။

ထိုသို့ ဖြစ်လာပြီဆိုလျှင် သံပယိုသီးထက်ခြမ်းခွဲပြီး ဓားကို ၎င်းသံပယို သီးဖြင့် ပွတ်တိုက်ပေးလိုက်ခြင်းအားဖြင့် သန့်ရှင်းပြီး လင်းလက်တောက်ပြောင်သွားပါလိမ့်မည်။

သားသမီးတွေကို ပန်းချီဆွဲသည့် ရောင်စုံခဲတံနှင့် အခြားပန်းချီဆွဲစရာများကို ပေးထားလိုက်ပြီဆိုလျှင် ကြမ်းပြင်နှင့် နံရံတို့တွင် လိုက်လံ ရေးခြစ်တတ်ကြသည်။ ထိုကဲ့သို့အစွန်းအထေးများကို ပြန်ဖျက်မည်ဆိုလျှင် သခွားသီးကိုပိုင်းလိုက်ပြီးထွက်လာသည့် အစေးဖြင့် အဆိုပါ နေရာများကို ပွတ်တိုက်လိုက်ပါက ပျောက်ကင်းစင်ကြယ်သွားပါလိမ့်မည်။

ပြတင်းပေါက်တွင်တပ်ဆင်ထားသည့် အလင်းကာ တရုပ်ကပ်ပလတ်စတစ်ပစ္စည်းများတွင် ကြာလာလျှင်အမှုန်အမွှားများကပ်ငြိလာပြီး ကြည့်ရဆိုးလာပါလိမ့်မည်။ ကြက်မွှေးအပါအဝင် ဖုန်သုတ်တံတို့ဖြင့် ရှင်းလင်းသော်လည်း မပြောင်မစင်ဖြစ်တတ်သည်။ ဒါကိုဖြေရှင်းဖို့ဆိုလျှင် ခြေအိတ်အသစ်တစ်ခုကို လက်မှာစွပ်ပြီး အလင်းကာ တရုပ်ကပ်ပလတ်စတစ်ပြားလေးတွေကို လက်မလက်ညှိုးကြားကိုထားပြီး တစ်ဖက်ခြင်း ပွတ်ဆွဲလိုက်ပါက သန့်ရှင်းသွားပါလိမ့်မည်။

ယခုကာလ လူတိုင်းအတွက် လက်စွဲအဆောင်ပစ္စည်းတစ်ခုလိုဖြစ်နေသည့် လက်ကိုင်ဖုန်းနှင့်ပတ်သက်ပြီး မဖြစ်မနေသန့်ရှင်းရေးလုပ်ဖို့ ဖြစ်သည်။ လက်သည် အလိုလိုနေရင်း ချွေးနှင့်အဆီတို့ထွက်နေတတ်သည်။ ထိုအပြင် အစားအသောက်နှင့် အရာဝတ္ထုများကို ကိုင်တွယ် ပြီး လက်ကိုင်ဖုန်းတို့ကို ကိုင်လိုက်သည့်အခါ လက်ရှိအညစ်အကြေးများသည် ဖုန်းအားကူးစက်ပေညစ်သွားသည်။ ထိုသို့ဖြစ်လာပြီဆိုလျှင် ရှာလကာရည်နှင့်ရေကို ဆတူနီးပါးရောထားသည်အရည်ကို ဝက်ပ်တစ်ရှူးတွင်ဆွတ်ပြီးသုတ်လိုက်ပါက ပိုးမွှားနှင့်အညစ်အကြေးများ ကင်းစင်သွားပါလိမ့်မည်။

ကျွန်တော်တို့ နေ့စဉ်ကြော်လှော်ချက်ပြုတ်နေသော ဒယ်အိုးများတွင် ဟင်းချက်ရင်း၊ ကြော်လှော်ရင်း ချိုးကပ်မည်းတူးသွားတတ်သည်။ ထိုသို့ဖြစ်၍ ခွာချွတ်ဆေးကြောမရဘူးဖြစ်နေပါက ၎င်းဒယ်အိုးထဲသို့ စပါကလင်အချိုရေကိုထည့်ပြီး ဆူပွက်အောင်မီးအပူပေးလိုက်ပါက ချိုးကပ်နေသောအရာများကို အလွယ်တကူ ဆေးကြော၍ရသွားပါလိမ့်မည်။

ကွန်ပျူတာကိုနေ့စဉ်အသုံးပြုနေသော်လည်း သန့်ရှင်းရေးကိုမူနေ့စဉ်မလုပ်ဖြစ်သည်ကများသည်။ သန့်ရှင်းရေးမလုပ်ဖြစ်သည့်အချိန်ကြာ လာပါက ကွန်ပျူတာမျက်နှာပြင်နှင့် အခြားနေရာများပါ ညစ်ပေလာပါလိမ့်မည်။ နူးညံ့သည့်ကော်ဖီစစ်အသစ်တစ်ခုကိုယူပြီး ကွန်ပျူတာ မျက်နှာပြင်ကို ပွတ်တိုက်လိုက်ပါက အမှုန်အမွှားနှင့် အညစ်အကြေးများ ကင်းစင်သွားပါလိမ့်မည်။

ထိုအတူ ကီးဘုတ်များသည်လည်း လက်မှအဆီနှင့် အညစ်အကြေးတို့ကြောင့်လည်းကောင်း ပြင်ပလေကြောင့်ရောက်ရှိလာသော အမှုန်အမွှားလေးများကြောင့်လည်းကောင်း ကြာလာသည့်အခါ လက်ကွက်နှိပ်သည့် ခလုတ်လေးများအကြားတွင် တဖြည်းဖြည်း ပေညစ်လာကြသည်။ ကြာလျှင်ရှင်းရခတ်လာသည်။ ထိုအခါမျိုးတွင် ကော် (Glue) ၊ ပေါင်မုန့်ဖုတ်ရာတွင်သုံးသည့် (Baking Soda) ၊ (Liquid Starch) တို့ကို ခွက်တစ်ခုအတွင်း အနည်းငယ်စီထည့်ပြီး ရောနှယ်လိုက်ပါ ရရှိလာသည့် ကော်နယ်ဖက်ကို ကီးဘုတ်ပေါ် ကိုဖြန့်တင်လိုက်ပါ။ အဆိုပါ ကော်နယ်ဖက်သည် ကီးဘုတ်ရှိ လက်ကွက်ခလုတ်လေးများအကြားပြော့ဝင်သွားပြီး အကြိုအကြားရှိ အမှုန် နှင့်အညစ်အကြေးများကို ကပ်ငြိစုပ်ယူလိုက်ပါလိမ့်မည်။ ပြီးမှပြန်ခွာလိုက်ပါ။ သန့်ရှင်းသွားပါလိမ့်မည်။

ထို့အတူ ရေစိုဖြင့် အချိန်ကြာကြာ သိမ်းထားမိသည့်ဓားများတွင် ကပ်ငြိလာသည့်သံချေးများကို သံပရာသီး ထက်ခြမ်းကွဲဖြင့် ပွတ်တိုက် လိုက်ပါက သံချေးများကင်းစင်သွားပါလိမ့်မည်။

ရေချိုးခန်းရှိ ရေဖြန်းပိုက်ခေါင်းတို့သည် ရေတွင်ပါဝင်လာသည့် အနည်အနှစ်အမှုန်အမွှားတို့ကြောင့်လည်းကောင်း၊ သံချေးတို့ကြောင့် လည်းကောင်း ရေကောင်းစွာမထွက်သည့်အခါတွင် ပလတ်စတစ်အိတ်ပျော့တစ်ခုအတွင်း ရှာလကာရည်ကို ရေဖြန်းခေါင်းမြုပ်နိုင်သည် အထိထည့်ပြီး အဆိုပါအိတ်အတွင်း ရေဖြန်းခေါင်းကိုထည့်စွပ်ပြီး သားရေကွင်းဖြင့်စည်းနှောင်ထားလိုက်ပါ။ ရေဖြန်းခေါင်းအတွင်းရှိ သံချေးနှင့် အနယ်အမှုန်တို့သည် ရှာလကာရည်ကြောင့် ကွာကျကုန်သည့်အခါ အိတ်ကိုပြန်ဖြုတ်ပြီး ရေဘားကိုဖွင့်ကြည့်လိုက်ပါက ရေဖြန်းပိုက်ခေါင်းမှ ရေများကောင်းစွာကျလာပါလိမ့်မည်။

အိမ်တိုင်းကြုံကြရမည့် အခက်အခဲလေးများကို လိုလျှင်ကြံဆနည်းလမ်းကလေးများဖြင့် ဖြေရှင်းနိုင်ကြမည်ဆိုလျှင် တင်ပြရကျိုးနပ်ပါပြီ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















 



 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service