မြန်မာနိုင်ငံထုတ် ထန်းလျက်၊မြေပဲ စသည့် စားသောက်ကုန်များကို တရုတ်ဈေးကွက်သို့ ပို့ကုန်အမယ်အသစ်ပို့ရန် စီစဉ်ထားဟုဆို

မြန်မာနိုင်ငံထုတ် ထန်းလျက်၊မြေပဲ စသည့် စားသောက်ကုန်များကို တရုတ်ဈေးကွက်သို့ ပို့ကုန်အမယ်အသစ်ပို့ရန် စီစဉ်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Aug 2020 12:09 pm တွင် တင်ခဲ့သည်
2863 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံထုတ် မုန့်ပဲသရေစာများအပါအဝင် စားသောက်ကုန်များကို တရုတ်ဈေးကွက်သို့ ပို့ကုန်အမယ်သစ်များအဖြစ် ဈေးကွက်ချဲ့ထွင်တင် ပို့နိုင်ရန် ဆောင်ရွက်ထားကြောင်း ဘေဂျင်းမြို့ရှိမြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံထုတ် ထန်းလျက်၊ မြေပဲယိုကဲ့သို့ သရေစာများ၊ ယိုမျိုးစုံ၊ ဘီစကစ်အမျိုးမျိုး အပါအဝင် ကြာရှည်ခံအစားအစာများ၊ ကော်ဖီစေ့၊ ကော်ဖီမှုန့် အပါအဝင် အသင့်ဖျော် သောက်သုံးစရာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အဖျော်ယမကာများကို တရုတ်နိုင်ငံရှိ လက်လီဈေး ကွက်များသို့ တင်ပို့ရောင်းချနိုင်မည်ဟု ဆိုသည်။

COVID-19 ကပ်ရောဂါဖြစ် နေချိန်တွင် တရုတ်နိုင်ငံမှ စားသောက်ကုန်တင်သွင်းလိုသူများနှင့် မြန်မာနိုင်ငံမှ တင်ပို့လိုသူများ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေး နွေးပွဲတစ်ခုပြုလုပ်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော စားသောက်ကုန်များကို ဘေဂျင်း၊ စန်းယ၊ ချန်ဒူး၊ ထရန့် ကျင်း၊ ကူမင်းနှင့် ကျန်းရှမြို့တွင် အခမဲ့ မိတ်ဆက်ပြပွဲများ ခင်းကျင်းပြသရန်စီစဉ်ထားသည်ဟု သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ တရုတ်ဈေးကွက်တွင် ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံ မှ အသင့်ထုတ်ပြီး စားသောက်ကုန်များ နေရာယူထားသည်။ ၎င်းနိုင်ငံများက နှစ်စဉ် ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိသော အသင့်စားထုတ်ကုန်များ တရုတ်ဈေးကွက်သို့ တင်ပို့နေသည်။ ဥရောပ၊ အမေရိကန်၊ တောင်အမေရိ ကန်နှင့် ကနေဒါနိုင်ငံတို့မှ စား သောက်ကုန်များလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ လက်ရှိတွင် လယ်ယာ စိုက်ပျိုးရေးထုတ်ကုန်များ၊ သစ်သီးဝလံအချို့၊ ရေထွက်ကုန်အချို့နှင့် သယံဇာတ ကုန်ကြမ်း ပစ္စည်းများ တင်ပို့နေသည်။

ယခုဘဏ္ဍာနှစ် ၁၀ လအ တွင်း မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်တွင် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ပမာဏ ဒေါ်လာ လေးဘီလီယံကျော် တင်ပို့ထားသည်။

နိုင်ငံခြားပို့ကုန်စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်က တရုတ် ဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်သည်။ ထိုကဲ့သို့ မြန်မာပို့ကုန် ကဏ္ဍတွင် အရေးပါသော တရုတ် ဈေးကွက်ကို ပြည်တွင်းထုတ် စားသောက်ကုန်များ တိုးချဲ့တင်ပို့နိုင်ရန် နိုင်ငံခြားသံရုံးများ၊ စီးပွား ရေးသံမှူးများမှတစ်ဆင့် ဈေးကွက်သစ်များ ရှာဖွေနေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ပြောသည်။

တရုတ်ဈေးကွက်သို့ မြန်မာ့ စားသောက်ကုန်များ တင်ပို့ရန် ပါကင်ထုပ်ပိုးမှုပုံစံသာမက စား သောက်ကုန်၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးကို စနစ်တကျ စစ်ဆေးမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးရဲမြင့်မောင်က ပြောသည်။

‘‘အထဲမှာပါတဲ့ ပစ္စည်းက အရည်အသွေးမမီဘူးဆိုရင် ပို့တဲ့လူကြောင့်လို့ သတ်မှတ်မှာ မဟုတ်ဘူး၊ မြန်မာ့ပို့ကုန်အနေနဲ့ သတ်မှတ်မှာ။ ဈေးကွက်မှာ မြန်မာ့ပို့ကုန်နာမည်ပါ ထိခိုက်သွားနိုင်လို့ အကြံပြုတာပါ’’ ဟု ဦးရဲမြင့်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအ ဖြစ်သာ လုပ်ကိုင်မှုများပြီး စက်ရုံ၊ အလုပ်ရုံကြီးများဖြင့် ထုတ်လုပ်မှု အလွန်နည်းပါးသည်။ ထို့ကြောင့် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်မှုတွင် နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်မှုက ၃၀ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း ဦးရဲမြင့်မောင်က ပြောသည်။

နိုင်ငံတကာဈေးကွက်တွင် စားသောက်ကုန်များနှင့် ပတ်သက်၍ (GMP Guide Line) ကောင်းမွန်သော ထုတ်လုပ်မှု လမ်းညွှန်ချက်များ အပါအဝင် ကုန်စည်ထုတ်လုပ်ရေးကွင်း ဆက်စစ်ဆေးမှုများနှင့် အသိအမှတ်ပြုလက်မှတ်များလည်း လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ နှမ်းဆီ၊ နှမ်းလှော်မှုန့် ၊ အေးခဲထားသော ဟင်းသီးဟင်း ရွက်၊ သရက်ပြားခြောက်များ၊ လက်ဖက်၊ ကော်ဖီ စသည့် စား သောက်ကုန်များ တင်ပို့နေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျမန္မာႏိုင္ငံထုတ္ ထန္းလ်က္၊ေျမပဲ စသည့္ စားေသာက္ကုန္မ်ားကို တ႐ုတ္ေဈးကြက္သို႔ ပို႔ကုန္အမယ္အသစ္ပို႔ရန္ စီစဥ္ထားဟုဆို

ျမန္မာႏိုင္ငံထုတ္ မုန္႔ပဲသေရစာမ်ားအပါအဝင္ စားေသာက္ကုန္မ်ားကို တ႐ုတ္ေစ်းကြက္သို႔ ပို႔ကုန္အမယ္သစ္မ်ားအျဖစ္ ေဈးကြက္ခ်ဲ႕ထြင္တင္ ပို႔ႏိုင္ရန္ ေဆာင္႐ြက္ထားေၾကာင္း ေဘဂ်င္းၿမိဳ႕႐ွိျမန္မာသံ႐ုံးက သတင္းထုတ္ျပန္သည္။

ျမန္မာႏိုင္ငံထုတ္ ထန္းလ်က္၊ ေျမပဲယိုကဲ့သို႔ သေရစာမ်ား၊ ယိုမ်ိဳးစုံ၊ ဘီစကစ္အမ်ိဳးမ်ိဳး အပါအဝင္ ၾကာ႐ွည္ခံအစားအစာမ်ား၊ ေကာ္ဖီေစ့၊ ေကာ္ဖီမႈန္႔ အပါအဝင္ အသင့္ေဖ်ာ္ ေသာက္သုံးစရာမ်ား၊ ဟင္းခတ္အေမႊးအႀကိဳင္မ်ား၊ အေဖ်ာ္ယမကာမ်ားကို တ႐ုတ္ႏိုင္ငံ႐ွိ လက္လီေဈး ကြက္မ်ားသို႔ တင္ပို႔ေရာင္းခ်ႏိုင္မည္ဟု ဆိုသည္။

COVID-19 ကပ္ေရာဂါျဖစ္ ေနခ်ိန္တြင္ တ႐ုတ္ႏိုင္ငံမွ စားေသာက္ကုန္တင္သြင္းလိုသူမ်ားႏွင့္ ျမန္မာႏိုင္ငံမွ တင္ပို႔လိုသူမ်ား အြန္လိုင္းမွတစ္ဆင့္ ေတြ႕ဆုံေဆြး ေႏြးပြဲတစ္ခုျပဳလုပ္ရန္ စီစဥ္ထားသည္။

ျမန္မာႏိုင္ငံမွ ထုတ္လုပ္ေသာ စားေသာက္ကုန္မ်ားကို ေဘဂ်င္း၊ စန္းယ၊ ခ်န္ဒူး၊ ထရန္႔ က်င္း၊ ကူမင္းႏွင့္ က်န္း႐ွၿမိဳ႕တြင္ အခမဲ့ မိတ္ဆက္ျပပြဲမ်ား ခင္းက်င္းျပသရန္စီစဥ္ထားသည္ဟု သံ႐ုံးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္႐ွိ တ႐ုတ္ေဈးကြက္တြင္ ဗီယက္နမ္၊ မေလး႐ွား၊ ထိုင္း၊ စင္ကာပူႏွင့္ ဖိလစ္ပိုင္ႏိုင္ငံ မွ အသင့္ထုတ္ၿပီး စားေသာက္ကုန္မ်ား ေနရာယူထားသည္။ ၎ႏိုင္ငံမ်ားက ႏွစ္စဥ္ ေဒၚလာ ဘီလီယံခ်ီတန္ဖိုး႐ွိေသာ အသင့္စားထုတ္ကုန္မ်ား တ႐ုတ္ေဈးကြက္သို႔ တင္ပို႔ေနသည္။ ဥေရာပ၊ အေမရိကန္၊ ေတာင္အေမရိ ကန္ႏွင့္ ကေနဒါႏိုင္ငံတို႔မွ စား ေသာက္ကုန္မ်ားလည္း ပါဝင္သည္။

ျမန္မာႏိုင္ငံ၏ အဓိက ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ေသာ တ႐ုတ္ႏိုင္ငံသို႔ လက္႐ွိတြင္ လယ္ယာ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ား၊ သစ္သီးဝလံအခ်ိဳ႕၊ ေရထြက္ကုန္အခ်ိဳ႕ႏွင့္ သယံဇာတ ကုန္ၾကမ္း ပစၥည္းမ်ား တင္ပို႔ေနသည္။

ယခုဘ႑ာႏွစ္ ၁၀ လအ တြင္း ျမန္မာႏိုင္ငံမွ ျပည္ပပို႔ကုန္ ပမာဏ အေမရိကန္ေဒၚလာ ၁၃ ဘီလီယံေက်ာ္တြင္ တ႐ုတ္ႏိုင္ငံသို႔ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ကုန္သြယ္ေရးမွ ပို႔ကုန္ပမာဏ ေဒၚလာ ေလးဘီလီယံေက်ာ္ တင္ပို႔ထားသည္။

ႏိုင္ငံျခားပို႔ကုန္စုစုေပါင္း၏ ၃၀ ရာခိုင္ႏႈန္းေက်ာ္က တ႐ုတ္ ေဈးကြက္သို႔ တင္ပို႔ေနျခင္းျဖစ္သည္။ ထိုကဲ့သို႔ ျမန္မာပို႔ကုန္ က႑တြင္ အေရးပါေသာ တ႐ုတ္ ေဈးကြက္ကို ျပည္တြင္းထုတ္ စားေသာက္ကုန္မ်ား တိုးခ်ဲ႕တင္ပို႔ႏိုင္ရန္ ႏိုင္ငံျခားသံ႐ုံးမ်ား၊ စီးပြား ေရးသံမႉးမ်ားမွတစ္ဆင့္ ေဈးကြက္သစ္မ်ား ႐ွာေဖြေနေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာန ေျပာေရးဆိုခြင့္႐ွိသူ ဦးခင္ေမာင္လြင္က ေျပာသည္။

တ႐ုတ္ေဈးကြက္သို႔ ျမန္မာ့ စားေသာက္ကုန္မ်ား တင္ပို႔ရန္ ပါကင္ထုပ္ပိုးမႈပုံစံသာမက စား ေသာက္ကုန္၏ အရည္အေသြးႏွင့္ ေဘးကင္းလုံျခဳံေရးကို စနစ္တက် စစ္ေဆးမႈမ်ား လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံစားေသာက္ကုန္ ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္း အတြင္းေရးမႉး ဦးရဲျမင့္ေမာင္က ေျပာသည္။

‘‘အထဲမွာပါတဲ့ ပစၥည္းက အရည္အေသြးမမီဘူးဆိုရင္ ပို႔တဲ့လူေၾကာင့္လို႔ သတ္မွတ္မွာ မဟုတ္ဘူး၊ ျမန္မာ့ပို႔ကုန္အေနနဲ႔ သတ္မွတ္မွာ။ ေဈးကြက္မွာ ျမန္မာ့ပို႔ကုန္နာမည္ပါ ထိခိုက္သြားႏိုင္လို႔ အၾကံျပဳတာပါ’’ ဟု ဦးရဲျမင့္ေမာင္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ စားေသာက္ကုန္ထုတ္လုပ္ေရးလုပ္ငန္းမ်ားကို အေသးစားႏွင့္ အလတ္စားစီးပြားေရးလုပ္ငန္းအ ျဖစ္သာ လုပ္ကိုင္မႈမ်ားၿပီး စက္႐ုံ၊ အလုပ္႐ုံႀကီးမ်ားျဖင့္ ထုတ္လုပ္မႈ အလြန္နည္းပါးသည္။ ထို႔ေၾကာင့္ ျပည္တြင္းစားေသာက္ကုန္ထုတ္လုပ္မႈတြင္ ႏိုင္ငံတကာသတ္မွတ္ခ်က္ႏွင့္အညီ ထုတ္လုပ္မႈက ၃၀ ရာခိုင္ႏႈန္းဝန္းက်င္သာ႐ွိေၾကာင္း ဦးရဲျမင့္ေမာင္က ေျပာသည္။

ႏိုင္ငံတကာေဈးကြက္တြင္ စားေသာက္ကုန္မ်ားႏွင့္ ပတ္သက္၍ (GMP Guide Line) ေကာင္းမြန္ေသာ ထုတ္လုပ္မႈ လမ္းၫႊန္ခ်က္မ်ား အပါအဝင္ ကုန္စည္ထုတ္လုပ္ေရးကြင္း ဆက္စစ္ေဆးမႈမ်ားႏွင့္ အသိအမွတ္ျပဳလက္မွတ္မ်ားလည္း လိုအပ္ေၾကာင္း ၎ကေျပာၾကားသည္။

လက္႐ွိတြင္ ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ႏွမ္းဆီ၊ ႏွမ္းေလွာ္မႈန္႔ ၊ ေအးခဲထားေသာ ဟင္းသီးဟင္း ႐ြက္၊ သရက္ျပားေျခာက္မ်ား၊ လက္ဖက္၊ ေကာ္ဖီ စသည့္ စား ေသာက္ကုန္မ်ား တင္ပို႔ေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service