ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲကွန်ဒိုမီနီယံတိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက်အအုံအဆင့်ရှိမရှိ စိစစ်နိုင်ရေး နောက်ဆုံးအဆင့်ရောက်ရှိနေပြီး အစိုးရ၏ဆုံးဖြတ်ချက်သာကျန်ရှိတော့

ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲကွန်ဒိုမီနီယံတိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက်အအုံအဆင့်ရှိမရှိ စိစစ်နိုင်ရေး နောက်ဆုံးအဆင့်ရောက်ရှိနေပြီး အစိုးရ၏ဆုံးဖြတ်ချက်သာကျန်ရှိတော့ - Property News in Myanmar from iMyanmarHouse.com
24 Aug 2020 1:54 pm တွင် တင်ခဲ့သည်
683 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲကွန်ဒိုမီနီယံတိုက်ခန်းများကို ကွန်ဒိုမီနီယံအဆောက်အအုံအဆင့်ရှိမရှိ စိစစ်ရန် အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုးတွက်ချက်သည့်ပညာရှင်မရှိ၍ ကြန့်ကြာနေသည့်အတွက် နိုင်ငံခြားပညာရှင် အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှု နောက်ဆုံးအဆင့်ရောက်ရှိနေပြီး အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်သာ ကျန်ရှိတော့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီမှသိရသည်။

“ အခုနောက်ဆုံးအဆင့်က အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုးတွက်ချက်တဲ့ပညာရှင်က ကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိဘူး။ အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားသားပညာရှင်ကို အသုံးပြုခွင့်ပေးဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနကိုတင်တယ်။ ဝန်ကြီးဌာနကမှ ရှေ့နေချုပ်ရုံးတို့ကို ဥပဒေနဲ့ကိုက်ညီမှုရှိမရှိ မေးမြန်း ဆောင်ရွက်နေတာ နဲ့အချိန်ကြာနေတာ။ အဓိကကတော့ ပညာရှင်မရှိတဲ့အတွက်ကြောင့်ကြန့်ကြာနေတာပါ။ ပိုင်ဆိုင်မှုအချိုးသင့် တန်ဖိုးကကွန်ဒိုမီနီယံကြရင် လစဉ်ပေးသွင်းရမှာတွေရှိတယ်။ တိုက်ခန်းတန်ဖိုးတွေ သတ်မှတ်တာတွေရှိ တယ်။ အဲဒီအတွက် မဖြစ်မနေဥပဒေကသတ်မှတ်ပေးရတယ်။ အဲဒီသတ်မှတ်နိုင်ဖို့ တွက်ချက်နိုင်တဲ့ပညာရှင်မရှိဘူး။ အဲဒါကိုအစိုးရအဖွဲ့ကိုတင်ပြထားတယ်။ အစိုးရအဖွဲ့ကခွင့်ပြုရင်ဆောင်ရွက်လို့ရပါပြီ” ဟု ရန်ကုန်တိုင်း ဒေသကြီးကွန်ဒိုမီနီယံကြီးကြပ် ကော်မတီဝင် ၊မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။

အဆိုပါ ကွန်ဒိုမီနီယံများကို စိစစ်ရန် စာချုပ်စာတမ်း ၊ တံဆိပ်ခေါင်းခွန် နှင့် အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုး တွက်ချက်သည့် ပညာရှင်မရှိခြင်း စသည့် အခက်အခဲအချို့ ကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး လတ်တလော တွင် ဗဟိုဘဏ် ၊ ရှေ့နေချုပ်ရုံး ၊ အမြတ်ခွန် ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတို့နှင့်လည်း နည်းဥပဒေ၌ပါရှိသည့် လုပ်ထုံးလုပ်နည်းအရ ခက်ခဲနေသည့် အဆင်မပြေမှုများကို ညှိနှိုင်းနေကြောင်း ၎င်းကဆက် လက်ပြောသည်။

“အခုအချိန်အထိကို ကွန်ဒိုလို့သတ်မှတ်ချက်မပေးနိုင်သေးဘူး။ ဥပဒေသရှိပြီးသားဖြစ်တဲ့အတွက် လွှတ်တော်ကိုမတင်ဘူး။ လိုအပ်ချက်လေးတွေရှိလို့ ပြန်လည်ဆောင်ရွက်နေတဲ့အပိုင်းတွေရှိနေတယ်။ လောလောဆယ်ဒီနှစ်အတွင်းမှာတော့ ကိုဗစ်ဖြစ်နေတာနဲ့ နောက်ပြီးတော့ ရွေးကောက်ပွဲလည်းရှိနေတော့ မဖြစ်နိုင်သေးဘူးထင်ပါတယ်။ ဒီအပိုင်းကိုသာ ဆောင်ရွက်နိုင်ရင် နိုင်ငံခြားသားတွေလည်းဝယ်လို့ရလာနိုင်တော့ တိုက်ခန်းတွေ ထိုက်သင့်သလောက် အရောင်းအဝယ်ကောင်းလာမယ်” ဟု ဦးမျိုးမြင့်ကပြောသည်။

ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုမီနီယံများမှာ အနည်းဆုံး ၆ထပ်နှင့်အထက်ရှိရမည်ဖြစ်ကာ အကျယ်အဝန်း စကွဲယားဖိ နှစ်သောင်း အထက် ကျော်လွန်သော မြေပေါ်တွင်တည်ဆောက်ထားသည့် အ ဆောက်အအုံဖြစ်ရမည် ဖြစ်ကြောင်း ကွန်ဒိုမီနီယံဥပဒေသစ်အရ ယခင်ကဲ့သို့မြေပိုင်ရှင်တစ်ဦးတည်း အမည် ပေါက်မဟုတ်တော့ ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကိုအပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင် မြေမှ အများပိုင်မြေအဖြစ်လွှဲပြောင်းရမည်သည်။

၂၀၁၆ ခုနှစ်ဇန်နဝါရီ၂၉ရက်တွင်ကွန်ဒိုမီနီယံဥပဒေထွက်ပေါ်ခဲ့ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်း ဥပဒေကိုထုတ်ပြန်ခဲ့ကြောင်း ယင်းနည်းဥပဒေထုတ်ပြန်ပြီးနောက် ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည် ဖော်နိုင်ရန် ၂၀၁၈ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၏ကွန်ဒိုမီနီယံနှင့်ပတ်သက်သောကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းပေးခဲ့ပြီး ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲကွန်ဒို မီနီယံတိုက်ခန်းများကိုကွန်ဒို မီနီယံအဆောက်အအုံအဆင့်ရှိ မရှိ စိစစ်ကာ သတ်မှတ်ချက်နှင့်မပြည့်မီပါက ကွန်ဒိုအဆောက်အအုံအဖြစ်မှ ပယ်ဖျက်မည်ဖြစ်သည်။

ထို့အပြင်ကွန်ဒိုမီနီယံအဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏ ၄၀ ရာခိုင်နှုန်းကိုနိုင်ငံခြားသားများဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီးဝယ်ယူလိုသော နိုင်ငံခြားသားများအနေဖြင့်မိမိနိုင်ငံဘဏ်မှ မြန်မာ နိုင်ငံရှိသက်ဆိုင်ရာဘဏ်သို့တရားဝင်ငွေလွှဲ ပြောင်းဝယ်ယူရမည်ဖြစ်ကြောင်းသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲကြန္ဒိုမီနီယံတိုက္ခန္းမ်ားကို ကြန္ဒိုမီနီယံအေဆာက္အအုံအဆင့္ရွိမရွိ စိစစ္ႏိုင္ေရး ေနာက္ဆုံးအဆင့္ေရာက္ရွိေနၿပီး အစိုးရ၏ဆုံးျဖတ္ခ်က္သာက်န္ရွိေတာ့

ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲကြန္ဒိုမီနီယံတိုက္ခန္းမ်ားကို ကြန္ဒိုမီနီယံအေဆာက္အအုံအဆင့္ရွိမရွိ စိစစ္ရန္ အခ်ိဳးသင့္ပိုင္ဆိုင္မႈတန္ဖိုးတြက္ခ်က္သည့္ပညာရွင္မရွိ၍ ၾကန႔္ၾကာေနသည့္အတြက္ ႏိုင္ငံျခားပညာရွင္ အသုံးျပဳႏိုင္ေရး ေဆာင္႐ြက္ေနမႈ ေနာက္ဆုံးအဆင့္ေရာက္ရွိေနၿပီး အစိုးရအဖြဲ႕၏ဆုံးျဖတ္ခ်က္သာ က်န္ရွိေတာ့ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ကြန္ဒိုမီနီယံႀကီးၾကပ္ေရးေကာ္မတီမွသိရသည္။

“ အခုေနာက္ဆုံးအဆင့္က အခ်ိဳးသင့္ပိုင္ဆိုင္မႈတန္ဖိုးတြက္ခ်က္တဲ့ပညာရွင္က ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာမရွိဘူး။ အဲဒါနဲ႔ပတ္သက္ၿပီး ႏိုင္ငံျခားသားပညာရွင္ကို အသုံးျပဳခြင့္ေပးဖို႔အတြက္ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနကိုတင္တယ္။ ဝန္ႀကီးဌာနကမွ ေရွ႕ေနခ်ဳပ္႐ုံးတို႔ကို ဥပေဒနဲ႔ကိုက္ညီမႈရွိမရွိ ေမးျမန္း ေဆာင္႐ြက္ေနတာ နဲ႔အခ်ိန္ၾကာေနတာ။ အဓိကကေတာ့ ပညာရွင္မရွိတဲ့အတြက္ေၾကာင့္ၾကန႔္ၾကာေနတာပါ။ ပိုင္ဆိုင္မႈအခ်ိဳးသင့္ တန္ဖိုးကကြန္ဒိုမီနီယံၾကရင္ လစဥ္ေပးသြင္းရမွာေတြရွိတယ္။ တိုက္ခန္းတန္ဖိုးေတြ သတ္မွတ္တာေတြရွိ တယ္။ အဲဒီအတြက္ မျဖစ္မေနဥပေဒကသတ္မွတ္ေပးရတယ္။ အဲဒီသတ္မွတ္ႏိုင္ဖို႔ တြက္ခ်က္ႏိုင္တဲ့ပညာရွင္မရွိဘူး။ အဲဒါကိုအစိုးရအဖြဲ႕ကိုတင္ျပထားတယ္။ အစိုးရအဖြဲ႕ကခြင့္ျပဳရင္ေဆာင္႐ြက္လို႔ရပါၿပီ” ဟု ရန္ကုန္တိုင္း ေဒသႀကီးကြန္ဒိုမီနီယံႀကီးၾကပ္ ေကာ္မတီဝင္ ၊ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးမ်ိဳးျမင့္က ေျပာသည္။

အဆိုပါ ကြန္ဒိုမီနီယံမ်ားကို စိစစ္ရန္ စာခ်ဳပ္စာတမ္း ၊ တံဆိပ္ေခါင္းခြန္ ႏွင့္ အခ်ိဳးသင့္ပိုင္ဆိုင္မႈတန္ဖိုး တြက္ခ်က္သည့္ ပညာရွင္မရွိျခင္း စသည့္ အခက္အခဲအခ်ိဳ႕ ေၾကာင့္ ၾကန႔္ၾကာေနျခင္းျဖစ္ၿပီး လတ္တေလာ တြင္ ဗဟိုဘဏ္ ၊ ေရွ႕ေနခ်ဳပ္႐ုံး ၊ အျမတ္ခြန္ ၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတို႔ႏွင့္လည္း နည္းဥပေဒ၌ပါရွိသည့္ လုပ္ထုံးလုပ္နည္းအရ ခက္ခဲေနသည့္ အဆင္မေျပမႈမ်ားကို ညႇိႏႈိင္းေနေၾကာင္း ၎ကဆက္ လက္ေျပာသည္။

“အခုအခ်ိန္အထိကို ကြန္ဒိုလို႔သတ္မွတ္ခ်က္မေပးႏိုင္ေသးဘူး။ ဥပေဒသရွိၿပီးသားျဖစ္တဲ့အတြက္ လႊတ္ေတာ္ကိုမတင္ဘူး။ လိုအပ္ခ်က္ေလးေတြရွိလို႔ ျပန္လည္ေဆာင္႐ြက္ေနတဲ့အပိုင္းေတြရွိေနတယ္။ ေလာေလာဆယ္ဒီႏွစ္အတြင္းမွာေတာ့ ကိုဗစ္ျဖစ္ေနတာနဲ႔ ေနာက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲလည္းရွိေနေတာ့ မျဖစ္ႏိုင္ေသးဘူးထင္ပါတယ္။ ဒီအပိုင္းကိုသာ ေဆာင္႐ြက္ႏိုင္ရင္ ႏိုင္ငံျခားသားေတြလည္းဝယ္လို႔ရလာႏိုင္ေတာ့ တိုက္ခန္းေတြ ထိုက္သင့္သေလာက္ အေရာင္းအဝယ္ေကာင္းလာမယ္” ဟု ဦးမ်ိဳးျမင့္ကေျပာသည္။

ကြန္ဒိုမီနီယံဥပေဒအရ ကြန္ဒိုမီနီယံမ်ားမွာ အနည္းဆုံး ၆ထပ္ႏွင့္အထက္ရွိရမည္ျဖစ္ကာ အက်ယ္အဝန္း စကြဲယားဖိ ႏွစ္ေသာင္း အထက္ ေက်ာ္လြန္ေသာ ေျမေပၚတြင္တည္ေဆာက္ထားသည့္ အ ေဆာက္အအုံျဖစ္ရမည္ ျဖစ္ေၾကာင္း ကြန္ဒိုမီနီယံဥပေဒသစ္အရ ယခင္ကဲ့သို႔ေျမပိုင္ရွင္တစ္ဦးတည္း အမည္ ေပါက္မဟုတ္ေတာ့ ဘဲ စီမံခန႔္ခြဲေရးေကာ္မတီထံတြင္ ယင္းေျမကိုအပ္ႏွံရမည္ျဖစ္ၿပီး တစ္ဦးတစ္ေယာက္ပိုင္ ေျမမွ အမ်ားပိုင္ေျမအျဖစ္လႊဲေျပာင္းရမည္သည္။

၂၀၁၆ ခုႏွစ္ဇန္နဝါရီ ၂၉ ရက္တြင္ကြန္ဒိုမီနီယံဥပေဒထြက္ေပၚခဲ့ကာ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ ၇ ရက္တြင္ နည္း ဥပေဒကိုထုတ္ျပန္ခဲ့ေၾကာင္း ယင္းနည္းဥပေဒထုတ္ျပန္ၿပီးေနာက္ ကြန္ဒိုမီနီယံဥပေဒကို အေကာင္အထည္ ေဖာ္ႏိုင္ရန္ ၂၀၁၈ ခုႏွစ္ဒီဇင္ဘာ ၃၁ ရက္က ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ ရန္ကုန္တိုင္းေဒသႀကီး၏ကြန္ဒိုမီနီယံႏွင့္ပတ္သက္ေသာႀကီးၾကပ္ေရး ေကာ္မတီကိုဖြဲ႕စည္းေပးခဲ့ၿပီး ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲကြန္ဒို မီနီယံတိုက္ခန္းမ်ားကိုကြန္ဒို မီနီယံအေဆာက္အအုံအဆင့္ရွိ မရွိ စိစစ္ကာ သတ္မွတ္ခ်က္ႏွင့္မျပည့္မီပါက ကြန္ဒိုအေဆာက္အအုံအျဖစ္မွ ပယ္ဖ်က္မည္ျဖစ္သည္။

ထို႔အျပင္ကြန္ဒိုမီနီယံအေဆာက္အအုံတစ္ခုတြင္ ထြက္ရွိလာမည့္ တိုက္ခန္း၏ ၄၀ ရာခိုင္ႏႈန္းကိုႏိုင္ငံျခားသားမ်ားဝယ္ယူခြင့္ရရွိမည္ျဖစ္ၿပီးဝယ္ယူလိုေသာ ႏိုင္ငံျခားသားမ်ားအေနျဖင့္မိမိႏိုင္ငံဘဏ္မွ ျမန္မာ ႏိုင္ငံရွိသက္ဆိုင္ရာဘဏ္သို႔တရားဝင္ေငြလႊဲ ေျပာင္းဝယ္ယူရမည္ျဖစ္ေၾကာင္းသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service