မန်ယူအသင်းရှိရာ မန်ချက်စတာတွင် စီရော်နယ်ဒိုက ဟိုတယ်ကြီး တည်ဆောက်မည်

မန်ယူအသင်းရှိရာ မန်ချက်စတာတွင် စီရော်နယ်ဒိုက ဟိုတယ်ကြီး တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2020 1:22 pm တွင် တင်ခဲ့သည်
1118 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မန်ချက်စတာ ယူနိုက်တက်အသင်း အခြေစိုက်ရာ မန်ချက်စတာမြို့တွင် မြို့လယ်ရှိ Piccadilly Gardens ပန်းခြံကို စီးမိုးတွေ့မြင်နေရမည့် ဇိမ်ခံဟိုတယ်ကြီးတစ်လုံးကို ခရစ္စတီယာနို ရော်နယ်ဒိုက ပေါင် ၂၇ သန်း သုံးစွဲကာ တည်ထောင်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းတွင် ကစားခဲ့ပြီး ယခုအခါ ဂျူဗင်တပ်အသင်း၏ တိုက်စစ်မှူးဖြစ်သော စီရော်နယ်ဒိုသည် ပေါ်တူဂီ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကုမ္ပဏီ Pestana နှင့် ပူးပေါင်းကာ ၁၁ ထပ်မြင့်မားသည့် ကြယ် ၄ ပွင့်အဆင့် ထိပ်တန်းဟိုတယ်တစ်လုံးကို တည်ထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

CR7 Pestana ဟု အမည်ပေးမည့် ဟိုတယ်ကို ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်။

စီရော်နယ်ဒိုသည် အာဖရိကတိုက် အနောက်မြောက်ဘက်၊ မော်ရိုကိုနိုင်ငံအနောက်ဘက် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိပြီး ပေါ်တူဂီနိုင်ငံ၏ ပိုင်ဆိုင်မှုအောက်တွင် တည်ရှိသည့် မာဒေးရားကျွန်း (Madeira) ၊ မော်ရိုကိုနိုင်ငံ မာရာကက်ရှ်မြို့ (Marrakesh) ၊ အမေရိကန်ပြည် နယူးယောက်မြို့၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့နှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တို့တွင် လည်း ဟိုတယ်များ ပိုင်ဆိုင်ထားသည်။

စီရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်၏ အိုးထရက်ဖို့ဒ်တွင် ၆ နှစ်ကစားခဲ့ပြီး ဂိုးပေါင်း ၁၁၉ ဂိုးသွင်းကာ ဖလား ၉ ခု ရယူပေးနိုင်ခဲ့သည်။

စီရော်နယ်ဒိုက သူ၏ ဟိုတယ်သစ် တည်ဆောက်မည့်နေရာကို အဘယ်ကြောင့် မန်ချက်စတာအား ရွေးချယ်ခဲ့ရခြင်း အကြောင်းနှင့် စပ်လျဉ်းပြီး Pestana ၏ ဝက်ဘ်ဆိုက်တွင် ရှင်းပြထားသည်။

“ဒီထက် ပိုမိုသင့်တော်တာ မရှိတော့ပါဘူး။ ဒီမြို့ဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နိုင်ငံတကာ ကစားသမားဘဝ စတင်ရာ နေရာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူမှာ ၂၀၀၃ ခုနှစ်က စတင်ပါဝင်ခဲ့ပြီး အဲဒီမှာစပြီး ကျောနံပါတ် ၇ ကို စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်”

မန်ချက်စတာမြို့သည် ဘောလုံးအပြင် ဂီတဖြင့်လည်း နာမည်ကျော်သည့်နေရာဖြစ်ကြောင်း၊ စက်မှုတော်လှန်ရေးကြီး မွေးဖွားရာနေရာ ဖြစ်ပြီး ဥရောပတွင် အကြီးမားဆုံး တရုတ်အသိုက်အဝန်း တည်ရှိသည့်နေရာလည်းဖြစ်ကြောင်း Pestana ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဟိုတယ်ဆောက်လုပ်မည့် စီမံကိန်းကို မန်ချက်စတာမြို့ ကောင်စီထံ တင်ပြထားပြီးဖြစ်ပြီး ပေါင် ၂၇ သန်း သုံးစွဲမည် ဖြစ်သည်။

၁၁ ထပ်အဆောက်အအုံသစ်တွင် မြေညီထပ် အရက်ဘားနှင့် ကော်ဖီဆိုင်၊ မြေအောက်ထပ် အားကစား လေ့ကျင့်ခန်းမနှင့် အမိုးပေါ် အရက်ဘားတို့ ပါဝင်မည်ဟု ဆိုသည်။

မန်ချက်စတာမြို့တွင် မန်ယူအသင်းမှ အခြားသောကစားသမားများလည်း ဟိုတယ်ပိုင်ဆိုင်ကြမှုများ ရှိသည်။

၁၉၉၂ ခုနှစ်ဝန်းကျင်က မန်ယူတွင် ကစားခဲ့သော ဂယ်ရီနဗီးလ်၊ ဖီးလ် နဗီး၊ ရိုင်ယန်ဂစ်၊ နစ်ကီဘတ်နှင့် ပေါစခိုးလ်တို့သည် ၂၀၁၅ ခုနှစ်အတွင်း အိုးထရက်ဖို့ဒ်ကွင်းဘေးတွင် Hotel Football အမည်ဖြင့် ဟိုတယ်တစ်လုံး ဖွင့်လှစ်ခဲ့ကြသည်။

ဂယ်ရီ နဗီးလ်နှင့် ရိုင်ယန်ဂစ်တို့သည် မန်ချက်စတာမြို့လယ်တွင် Stock Exchange Hotel အမည်ရှိ ဟိုတယ်တစ်လုံးကိုလည်း ပိုင်ဆိုင်ထားကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cristiano Ronaldo planning to open £27m 11-storey four-star 'high end lifestyle hotel' with a rooftop bar overlooking Piccadilly Gardens in Manchester (Dailymail)

[Zawgyi]

မန္ယူအသင္းရွိရာ မန္ခ်က္စတာတြင္ စီေရာ္နယ္ဒိုက ဟိုတယ္ၾကီး တည္ေဆာက္မည္

မန္ခ်က္စတာ ယူႏိုက္တက္အသင္း အေျခစိုက္ရာ မန္ခ်က္စတာျမိဳ ႔တြင္ ျမိဳ႕လယ္ရွိ Piccadilly Gardens ပန္းျခံကို စီးမိုးေတြ႔ျမင္ေနရမည့္ ဇိမ္ခံဟိုတယ္ၾကီးတစ္လံုးကို ခရစၥတီယာႏို ေရာ္နယ္ဒိုက ေပါင္ ၂၇ သန္း သံုးစြဲကာ တည္ေထာင္ဖြင့္လွစ္သြားရန္ စီစဥ္လ်က္ရွိသည္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းတြင္ ကစားခဲ့ျပီး ယခုအခါ ဂ်ဴဗင္တပ္အသင္း၏ တိုက္စစ္မွဴးျဖစ္ေသာ စီေရာ္နယ္ဒိုသည္ ေပၚတူဂီ ကမၻာလွည့္ခရီးသြားလုပ္ငန္း ကုမၸဏီ Pestana ႏွင့္ ပူးေပါင္းကာ ၁၁ ထပ္ျမင့္မားသည့္ ၾကယ္ ၄ ပြင့္အဆင့္ ထိပ္တန္းဟိုတယ္တစ္လံုးကို တည္ေထာင္ရန္ ၾကိဳးပမ္းေနျခင္းျဖစ္သည္။

CR7 Pestana ဟု အမည္ေပးမည့္ ဟိုတယ္ကို ၂၀၂၃ ခုႏွစ္တြင္ ဖြင့္လွစ္ႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

စီေရာ္နယ္ဒိုသည္ အာဖရိကတိုက္ အေနာက္ေျမာက္ဘက္၊ ေမာ္ရိုကိုႏိုင္ငံအေနာက္ဘက္ ေျမာက္အတၱလႏၱိတ္သမုဒၵရာအတြင္း တည္ရွိျပီး ေပၚတူဂီႏိုင္ငံ၏ ပိုင္ဆိုင္မႈေအာက္တြင္ တည္ရွိသည့္ မာေဒးရားကၽြန္း (Madeira) ၊ ေမာ္ရိုကိုႏိုင္ငံ မာရာကက္ရွ္ျမိဳ ႔ (Marrakesh) ၊ အေမရိကန္ျပည္ နယူးေယာက္ျမိဳ ႔၊ ျပင္သစ္ႏိုင္ငံ ပဲရစ္ျမိဳ ႔၊ ေပၚတူဂီႏိုင္ငံ လစၥဘြန္းျမိဳ ႔ႏွင့္ စပိန္ႏိုင္ငံ မက္ဒရစ္ျမိဳ ႔တို႔တြင္ လည္း ဟိုတယ္မ်ား ပိုင္ဆိုင္ထားသည္။

စီေရာ္နယ္ဒိုသည္ မန္ခ်က္စတာ ယူႏိုက္တက္၏ အိုးထရက္ဖို႔ဒ္တြင္ ၆ ႏွစ္ကစားခဲ့ျပီး ဂိုးေပါင္း ၁၁၉ ဂိုးသြင္းကာ ဖလား ၉ ခု ရယူေပးႏိုင္ခဲ့သည္။

စီေရာ္နယ္ဒိုက သူ၏ ဟိုတယ္သစ္ တည္ေဆာက္မည့္ေနရာကို အဘယ္ေၾကာင့္ မန္ခ်က္စတာအား ေရြးခ်ယ္ခဲ့ရျခင္း အေၾကာင္းႏွင့္ စပ္လ်ဥ္းျပီး Pestana ၏ ဝက္ဘ္ဆိုက္တြင္ ရွင္းျပထားသည္။

“ဒီထက္ ပိုမိုသင့္ေတာ္တာ မရွိေတာ့ပါဘူး။ ဒီျမိဳ ႔ဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ ႔ ႏိုင္ငံတကာ ကစားသမားဘဝ စတင္ရာ ေနရာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ မန္ယူမွာ ၂၀၀၃ ခုႏွစ္က စတင္ပါဝင္ခဲ့ျပီး အဲဒီမွာစျပီး ေက်ာနံပါတ္ ၇ ကို စတင္အသံုးျပဳခဲ့တာ ျဖစ္ပါတယ္”

မန္ခ်က္စတာျမိဳ ႔သည္ ေဘာလံုးအျပင္ ဂီတျဖင့္လည္း နာမည္ေက်ာ္သည့္ေနရာျဖစ္ေၾကာင္း၊ စက္မႈေတာ္လွန္ေရးၾကီး ေမြးဖြားရာေနရာ ျဖစ္ျပီး ဥေရာပတြင္ အၾကီးမားဆံုး တရုတ္အသိုက္အဝန္း တည္ရွိသည့္ေနရာလည္းျဖစ္ေၾကာင္း Pestana ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

ဟိုတယ္ေဆာက္လုပ္မည့္ စီမံကိန္းကို မန္ခ်က္စတာျမိဳ ႔ ေကာင္စီထံ တင္ျပထားျပီးျဖစ္ျပီး ေပါင္ ၂၇ သန္း သံုးစြဲမည္ ျဖစ္သည္။

၁၁ ထပ္အေဆာက္အအံုသစ္တြင္ ေျမညီထပ္ အရက္ဘားႏွင့္ ေကာ္ဖီဆိုင္၊ ေျမေအာက္ထပ္ အားကစား ေလ့က်င့္ခန္းမႏွင့္ အမိုးေပၚ အရက္ဘားတို႔ ပါဝင္မည္ဟု ဆိုသည္။

မန္ခ်က္စတာျမိဳ ႔တြင္ မန္ယူအသင္းမွ အျခားေသာကစားသမားမ်ားလည္း ဟိုတယ္ပိုင္ဆိုင္ၾကမႈမ်ား ရွိသည္။

၁၉၉၂ ခုႏွစ္ဝန္းက်င္က မန္ယူတြင္ ကစားခဲ့ေသာ ဂယ္ရီနဗီးလ္၊ ဖီးလ္ နဗီး၊ ရိုင္ယန္ဂစ္၊ နစ္ကီဘတ္ႏွင့္ ေပါစခိုးလ္တို႔သည္ ၂၀၁၅ ခုႏွစ္အတြင္း အိုးထရက္ဖို႔ဒ္ကြင္းေဘးတြင္ Hotel Football အမည္ျဖင့္ ဟိုတယ္တစ္လံုး ဖြင့္လွစ္ခဲ့ၾကသည္။

ဂယ္ရီ နဗီးလ္ႏွင့္ ရိုင္ယန္ဂစ္တို႔သည္ မန္ခ်က္စတာျမိဳ ႔လယ္တြင္ Stock Exchange Hotel အမည္ရွိ ဟိုတယ္တစ္လံုးကိုလည္း ပိုင္ဆိုင္ထားၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Cristiano Ronaldo planning to open £27m 11-storey four-star 'high end lifestyle hotel' with a rooftop bar overlooking Piccadilly Gardens in Manchester (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service